ကျေးရွာအားလုံး ရေရရှိရေးရည်မှန်းချက် မကြာမီ ပြီးစီးမည်ဟု ဆို
180
ချယ်ရီ (NP News) - ဇန်နဝါရီ ၁ဝ
(၂၀၂၄-၂၅) ဘဏ္ဍာရေးနှစ်၏ ကျေးရွာရေရရှိမှု ဆောင်ရွက်ရေးလုပ်ငန်းများ မကြာမီ ရာနှုန်းပြည့် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမောင်က NP News သို့ ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် (၂၀၃၀)ပြည့်နှစ်တွင် ကျေးလက် နေပြည်သူများအားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေရရှိရေး ရည်မှန်းချက်ကို ပြည့်မီရန် ဦးတည်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေခက်ခဲသော ကျေးရွာ၊ ရေလုံလောက်မှုမရှိသော ကျေးရွာ၊ ရေရရှိသော်လည်း ရေသန့်ရှင်းမှုမရှိသေးသော ကျေးရွာနှင့် ရေရရှိသည့်အပြင် သန့်ရှင်းမှုရှိသောကျေးရွာဟူ၍ အပိုင်း(၄)ပိုင်းခွဲကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ “ရွာတိုင်း၊ ရွာတိုင်းမှာကတော့ ရေသည်ရနေကြတာပဲ။ ဘာကြောင့်လဲဆိုတော့ ဟိုးယခင်ကတည်းက တောင်ပေါ်ရွာဖြစ်ဖြစ်၊ တောင်အောက်ရွာ ဖြစ်ဖြစ်၊ မြစ်ဝကျွန်းပေါ်ရွာ ဖြစ်ဖြစ်၊ ဘယ်လောက် ခေါင်တဲ့နေရာဖြစ်ဖြစ် ရေရှိလို့ ရွာဆိုတာမျိုးလေး တွေက ဖြစ်နေကြတာ။ ဒါကြောင့် ရေရရှိရေးကို ဆောင်ရွက်တဲ့အခါမှာ အပိုင်း(၄)ပိုင်းကို ခွဲပြီးတော့ စစ်တမ်းကောက်ကြတယ်။ ပထမအပိုင်းက ရေခက် ခဲတဲ့ကျေးရွာပေါ့၊ မြေအောက်ရေမရှိဘူး။ မိုးခေါင် တယ်။ နောက်တစ်ခါ ပင်လယ်ကမ်းစပ်ဖြစ်တယ်။ ဒါပေမယ့် ရေငန်နေတယ်။ သုံးလို့စွဲလို့ မရဘူး။ နောက် တစ်ခုက ရေမလုံလောက်တဲ့ ကျေးရွာ။ ရေကတော့ ရှိတယ်။ သို့သော် ရေက တစ်ကန်ပဲရှိတယ်။ ရွာကြီးက အိမ်ခြေ(၁၀ဝ)ကျော်လောက်ရှိတယ်။ ဝိုင်းသုံးလို့ မလုံလောက်ကြဘူး။ နောက်ထပ်က ရေရရှိသော် လည်း သန့်ရှင်းမှုမရရှိတဲ့ ကျေးရွာ။ ဥပမာ ရေတော့ ရတယ်။ ရေတော့ မကောင်းဘူး။ နောက်တစ်ခုက ရေလည်းရတယ် သန်းရှင်းမှုလည်း ရှိတယ်ဆိုပြီး အပိုင်း(၄)ပိုင်း ခွဲပြီးတော့ စစ်တမ်းတွေ ကောက်ခဲ့ကြတယ်။ (၂၀၁၇) ခုနှစ်လောက်ကတည်းက စစ်တမ်း တွေကောက်ပြီးတော့ အကောင် အထည် ဖော်ခဲ့ကြ တာ တစ်နိုင်ငံလုံးအနေနဲ့ဆိုလို့ရှိရင် (၈၉ ရာခိုင် နှုန်း)လောက်အထိ ရေရရှိနေတာကို တွေ့ရတယ်”ဟု ဦးစိုးမောင်က ပြောသည်။
ကျေးရွာများတွင် ရေရရှိရန်အတွက် နည်း မျိုးစုံသုံး၍ဆောင်ရွက်ပေးနေရာ လျှပ်စစ်မီးရရှိမှု လိုအပ်ချက်ကြောင့် ရေပေးခြင်းများအတွက် ခက်ခဲမှုအနည်းငယ်ဖြစ်စေခဲ့ကြောင်း သိရသည်။ (၂၀၂၄)ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း ရေရရှိရေးနှင့်ပတ်သက်၍ ထည့်သွင်းစစ်တမ်းကောက်ယူခြင်းများ ရှိခဲ့ပြီး ထိုစစ် တမ်းများကို ပြန်လည်ကိုးကားကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
“အကြမ်းဖျင်းအားဖြင့် ကြည့်မယ်ဆိုလို့ ရှိရင် ဒီအချိန်မှာဆိုရင် (၇၅ ရာခိုင်နှုန်း)လောက် အထိ ပြီးစီးနေပြီ ဖြစ်ပါတယ်။ ကျန်တဲ့ (၂၅ ရာခိုင် နှုန်း)လောက်ဆိုတာ လုပ်ငန်းလက်စသတ်ဖို့ ကျန်တာ လေးတွေ စုပေါင်းထားလို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ရုံးမပိတ်ခင်လေးမှာ စစ်တမ်းကောက်ယူ ကြည့် သလောက်ဆိုလို့ချင်ရင် (၅၀ ရာခိုင်နှုန်း)အောက်ပဲ ရှိနေသေးတဲ့ လုပ်ငန်းက နည်းပါတယ်။ တစ်နိုင်ငံလုံး အနေနဲ့ဆို (၇၅ ရာခိုင်နှုန်း)နဲ့အထက်ကို ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ညွှန်ကြားရေး မှူးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ ဒီဇန်နဝါရီလအကုန်မှာ (၁၀ဝ ရာခိုင်နှုန်း) ပြီးစီးရေးကို ကြိုးစားပြီး ဆောင်ရွက်နေကြ တာ ရှိပါတယ်။ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်ရဲ့ လုပ်ငန်းတွေကတော့ ဒီဇန်နဝါရီလလောက်မှာ အားလုံး ရာခိုင်နှုန်းပြည့် ပြီးစီးရေး ကြိုး စားဆောင်ရွက်မှာပေါ့နော်။ တချို့လုပ်ငန်းလေးတွေပဲ နည်းနည်းကျန် ကောင်းကျန်နေတယ်။ ဘာကြောင့်လဲဆိုရင်တော့ ရာဂီလိုမျိုး သဘာဝဘေးဖြစ်သွားတဲ့ အတွက်ကြောင့် တချို့က ရွာတွေပြောင်းရွှေ့ရတာတွေ ရှိတယ်။ အဲဒီလို ပြောင်းရွှေ့ရတဲ့ ရွာလေးတွေမှာလည်း ရေပေး ရေးလုပ်ငန်းတွေကို နောက်ကနေလိုက်လို့ပေးနေတာတွေ ရှိပါတယ်” ဟု ဦးစိုးမောင်က ဆိုသည်။
zawgyi version
ေက်း႐ြာအားလုံး ေရရရွိေရးရည္မွန္းခ်က္ မၾကာမီ ၿပီးစီးမည္ဟု ဆို
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၁ဝ
(၂၀၂၄-၂၅) ဘ႑ာေရးႏွစ္၏ ေက်း႐ြာေရရရွိမႈ ေဆာင္႐ြက္ေရးလုပ္ငန္းမ်ား မၾကာမီ ရာႏႈန္းျပည့္ ၿပီးစီးႏိုင္မည္ဟု ခန႔္မွန္းထားေၾကာင္း သမဝါယမ ႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးစိုးေမာင္က NP News သို႔ ေျပာသည္။
ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနအေနျဖင့္ (၂၀၃၀)ျပည့္ႏွစ္တြင္ ေက်းလက္ ေနျပည္သူမ်ားအားလုံး ေကာင္းမြန္၍ ေဘးကင္းေသာ ေသာက္သုံးေရရရွိေရး ရည္မွန္းခ်က္ကို ျပည့္မီရန္ ဦးတည္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ ေရခက္ခဲေသာ ေက်း႐ြာ၊ ေရလုံေလာက္မႈမရွိေသာ ေက်း႐ြာ၊ ေရရရွိေသာ္လည္း ေရသန႔္ရွင္းမႈမရွိေသးေသာ ေက်း႐ြာႏွင့္ ေရရရွိသည့္အျပင္ သန႔္ရွင္းမႈရွိေသာေက်း႐ြာဟူ၍ အပိုင္း(၄)ပိုင္းခြဲကာ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ “႐ြာတိုင္း၊ ႐ြာတိုင္းမွာကေတာ့ ေရသည္ရေနၾကတာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဟိုးယခင္ကတည္းက ေတာင္ေပၚ႐ြာျဖစ္ျဖစ္၊ ေတာင္ေအာက္႐ြာ ျဖစ္ျဖစ္၊ ျမစ္ဝကြၽန္းေပၚ႐ြာ ျဖစ္ျဖစ္၊ ဘယ္ေလာက္ ေခါင္တဲ့ေနရာျဖစ္ျဖစ္ ေရရွိလို႔ ႐ြာဆိုတာမ်ိဳးေလး ေတြက ျဖစ္ေနၾကတာ။ ဒါေၾကာင့္ ေရရရွိေရးကို ေဆာင္႐ြက္တဲ့အခါမွာ အပိုင္း(၄)ပိုင္းကို ခြဲၿပီးေတာ့ စစ္တမ္းေကာက္ၾကတယ္။ ပထမအပိုင္းက ေရခက္ ခဲတဲ့ေက်း႐ြာေပါ့၊ ေျမေအာက္ေရမရွိဘူး။ မိုးေခါင္ တယ္။ ေနာက္တစ္ခါ ပင္လယ္ကမ္းစပ္ျဖစ္တယ္။ ဒါေပမယ့္ ေရငန္ေနတယ္။ သုံးလို႔စြဲလို႔ မရဘူး။ ေနာက္ တစ္ခုက ေရမလုံေလာက္တဲ့ ေက်း႐ြာ။ ေရကေတာ့ ရွိတယ္။ သို႔ေသာ္ ေရက တစ္ကန္ပဲရွိတယ္။ ႐ြာႀကီးက အိမ္ေျခ(၁၀ဝ)ေက်ာ္ေလာက္ရွိတယ္။ ဝိုင္းသုံးလို႔ မလုံေလာက္ၾကဘူး။ ေနာက္ထပ္က ေရရရွိေသာ္ လည္း သန႔္ရွင္းမႈမရရွိတဲ့ ေက်း႐ြာ။ ဥပမာ ေရေတာ့ ရတယ္။ ေရေတာ့ မေကာင္းဘူး။ ေနာက္တစ္ခုက ေရလည္းရတယ္ သန္းရွင္းမႈလည္း ရွိတယ္ဆိုၿပီး အပိုင္း(၄)ပိုင္း ခြဲၿပီးေတာ့ စစ္တမ္းေတြ ေကာက္ခဲ့ၾကတယ္။ (၂၀၁၇) ခုႏွစ္ေလာက္ကတည္းက စစ္တမ္း ေတြေကာက္ၿပီးေတာ့ အေကာင္ အထည္ ေဖာ္ခဲ့ၾက တာ တစ္ႏိုင္ငံလုံးအေနနဲ႔ဆိုလို႔ရွိရင္ (၈၉ ရာခိုင္ ႏႈန္း)ေလာက္အထိ ေရရရွိေနတာကို ေတြ႕ရတယ္”ဟု ဦးစိုးေမာင္က ေျပာသည္။
ေက်း႐ြာမ်ားတြင္ ေရရရွိရန္အတြက္ နည္း မ်ိဳးစုံသုံး၍ေဆာင္႐ြက္ေပးေနရာ လွ်ပ္စစ္မီးရရွိမႈ လိုအပ္ခ်က္ေၾကာင့္ ေရေပးျခင္းမ်ားအတြက္ ခက္ခဲမႈအနည္းငယ္ျဖစ္ေစခဲ့ေၾကာင္း သိရသည္။ (၂၀၂၄)ခုႏွစ္ လူဦးေရသန္းေခါင္စာရင္း ေကာက္ယူရာတြင္လည္း ေရရရွိေရးႏွင့္ပတ္သက္၍ ထည့္သြင္းစစ္တမ္းေကာက္ယူျခင္းမ်ား ရွိခဲ့ၿပီး ထိုစစ္ တမ္းမ်ားကို ျပန္လည္ကိုးကားကာ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေရရွိေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။
“အၾကမ္းဖ်င္းအားျဖင့္ ၾကည့္မယ္ဆိုလို႔ ရွိရင္ ဒီအခ်ိန္မွာဆိုရင္ (၇၅ ရာခိုင္ႏႈန္း)ေလာက္ အထိ ၿပီးစီးေနၿပီ ျဖစ္ပါတယ္။ က်န္တဲ့ (၂၅ ရာခိုင္ ႏႈန္း)ေလာက္ဆိုတာ လုပ္ငန္းလက္စသတ္ဖို႔ က်န္တာ ေလးေတြ စုေပါင္းထားလို႔ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္း ႐ုံးမပိတ္ခင္ေလးမွာ စစ္တမ္းေကာက္ယူ ၾကည့္ သေလာက္ဆိုလို႔ခ်င္ရင္ (၅၀ ရာခိုင္ႏႈန္း)ေအာက္ပဲ ရွိေနေသးတဲ့ လုပ္ငန္းက နည္းပါတယ္။ တစ္ႏိုင္ငံလုံး အေနနဲ႔ဆို (၇၅ ရာခိုင္ႏႈန္း)နဲ႔အထက္ကို ၿပီးစီးေနၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ၫႊန္ၾကားေရး မႉးခ်ဳပ္ရဲ႕ လမ္းၫႊန္ခ်က္နဲ႔ ဒီဇန္နဝါရီလအကုန္မွာ (၁၀ဝ ရာခိုင္ႏႈန္း) ၿပီးစီးေရးကို ႀကိဳးစားၿပီး ေဆာင္႐ြက္ေနၾက တာ ရွိပါတယ္။ (၂၀၂၄-၂၀၂၅) ဘ႑ာေရးႏွစ္ရဲ႕ လုပ္ငန္းေတြကေတာ့ ဒီဇန္နဝါရီလေလာက္မွာ အားလုံး ရာခိုင္ႏႈန္းျပည့္ ၿပီးစီးေရး ႀကိဳး စားေဆာင္႐ြက္မွာေပါ့ေနာ္။ တခ်ိဳ႕လုပ္ငန္းေလးေတြပဲ နည္းနည္းက်န္ ေကာင္းက်န္ေနတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ ရာဂီလိုမ်ိဳး သဘာဝေဘးျဖစ္သြားတဲ့ အတြက္ေၾကာင့္ တခ်ိဳ႕က ႐ြာေတြေျပာင္းေ႐ႊ႕ရတာေတြ ရွိတယ္။ အဲဒီလို ေျပာင္းေ႐ႊ႕ရတဲ့ ႐ြာေလးေတြမွာလည္း ေရေပး ေရးလုပ္ငန္းေတြကို ေနာက္ကေနလိုက္လို႔ေပးေနတာေတြ ရွိပါတယ္” ဟု ဦးစိုးေမာင္က ဆိုသည္။