အာဆတ်အစိုးရ ဘာ‌ကြောင့် ပြုတ်ကျခဲ့ရသလဲ (ဘာသာပြန်ဆောင်းပါး)

 671

တင်ဇာ (NP News) - ဇန်နဝါရီ ၁ဝ

ဒီဇင်ဘာလအစောပိုင်းက အာဆတ်အစိုးရ ရုတ်တရက် ပြိုလဲသွားခြင်းကြောင့် ရာစုနှစ်ဝက် ကျော်ကြာ အာဆတ်အစိုးရ၏စိုးမိုးခြယ်လှယ်မှုကိုခံစား ခဲ့ရသော ဆီးရီးယားပြည်သူများအတွက် သမိုင်း ဝင်အောင်ပွဲတစ်ခုဖြစ်ကြောင်း မီဒီယာအများစုက ဖော်ပြနေကြသည်။ ထိုကဲ့သို့ အာဆတ်အစိုးရ ပြုတ် ကျခြင်းသည် အရှေ့အလယ်ပိုင်းနှင့် အခြားနိုင်ငံအချို့အတွက် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေသကဲ့သို့ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးမည်မှာ သေချာနေသည်။

ရုရှား၊ အီရန်နှင့် အီရန်ကျောထောက် နောက်ခံပြု စစ်သွေးကြွအုပ်စုများသည် စစ်တပ်ကို ကျော ထောက်နောက်ခံပြုပေးခဲ့ခြင်းကြောင့် အာဆတ်အစိုးရ တည်မြဲခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်း ပဋိပက္ခအဆုံးသတ်ရေး နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးရန် ဖိတ်ခေါ်မှုများကို အာဆတ်အစိုးရက ပယ်ချခဲ့ ခြင်းကြောင့် ပဋိပက္ခမှာ အဆုံးမသတ်နိုင်ဘဲ လူတစ်သန်းခွဲကျော်သေဆုံးခဲ့ရသည်။ သို့သော် အစ္စ လာမ္မစ် စစ်သွေးကြွအဖွဲ့ Hayat Tahrir al-Sham ဦးဆောင်သည့် ပြင်းထန်သောထိုးစစ်သည် အာဆတ် အစိုးရ ၏အားနည်းမှုကို ပေါ်လွင်စေခဲ့သည်။ ထို အချိန်တွင် အာဆတ်၏ ပြည်ပမဟာမိတ်များသည် အခြား သော စစ်ပွဲများတွင် နစ်မွန်းနေပြီး ၎င်းတို့ကို ကူညီဖို့ အားနည်းယုတ်လျော့ခဲ့သောကြောင့် သူပုန်များ သည် မြို့တော်ဒမတ်စကတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ အစိုးရစစ်တပ်မှာ (၁၂) ရက်အတွင်း ပြိုလဲသွားခဲ့ရ သည်။

စွမ်းဆောင်ရည်ညံ့ဖျင်းသော စစ်တပ်
လူပေါင်း တစ်သန်းခွဲကျော် သေဆုံးစေခဲ့သော (၁၄) နှစ်ကြာ စစ်ပွဲအပြီးတွင် အာဆတ်စစ်တပ် ၏ စွမ်းဆောင်ရည်မှာ အခွံသက်သက်သာရှိတော့ကြောင်း တွေ့မြင်နိုင်သည်။ အစိုးရစစ်တပ်၏ မအောင် မြင်သော တိုက်ရည်ခိုက်ရည်များကြောင့် လူဦးရေ (၁၃) သန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရကာ နိုင်ငံ၏ စီးပွား ရေးနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်ပွဲ၏အစောပိုင်းနှစ်များတွင်အသေအပျောက်များ၊ ဘက်ပြောင်းမှုများနှင့် ထွက်ပြေး တိမ်းရှောင်မှုများကြောင့် အင်အား (၃၀ဝယဝဝဝ) ခန့်ရှိ သောစစ်တပ်သည် ထက်ဝက်ခန့် ပြုန်းတီးခဲ့ သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ အကျင့်ပျက်ခြစားမှုများ၊ စိတ်ဓာတ်ရေးရာပျက်ပြားမှု များဖြင့် စစ်တပ်သည် နိုဝင်ဘာ (၂၇) ရက်က Idlib ပြည်နယ်တွင် သူပုန်များ ရုတ်ချည်းတိုက်ခိုက် လာမှုကိုလည်း ခုခံနိုင်စွမ်းမရှိတော့ပေ။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ဖော်ပြချက် အရ သူပုန်များက မြို့တစ်ခုပြီးတစ်ခု သိမ်းပိုက်လိုက် စဉ် စစ်တပ်သည် နိုင်ငံတစ်ဝန်းရှိ စစ်အခြေစိုက်စခန်း များ တစ်ခုပြီးတစ်ခုမှ ဆုတ်ခွာခဲ့ကြောင်းသိရသည်။ (၂၀၁၁) ခုနှစ်ကတည်းက ဆီးရီးယားစစ်တပ်သည် လူအင်အား၊ စစ်လက်နက်နှင့် စိတ်ဓာတ်ရေးရာ ပျက်ပြားမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း နိုင်ငံတကာနှင့် မဟာဗျူဟာရေးရာ ပြင်သစ်အင်စတီကျုမှ ဆီးရီးယား ရေးရာကျွမ်းကျင်သူ David Rigoulet-Roze က ပြောကြားခဲ့သည်။ လစာနည်းပါးသော စစ်သားများ သည် အသက်ရှင်သန်ရန် ခိုးဝှက် လုယက်သည့် လုပ်ရပ်များရှိခဲ့ကြောင်း သတင်းရရှိပြီး လူငယ်အများအပြားသည် စစ်မှုထမ်းရန် ရှောင်ပြေးခဲ့ကြောင်း ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

နိုင်ငံရေး မငြိမ်မသက်အခြေအနေများ ဖြစ်နေသည့် ဒီဇင်ဘာလအစောပိုင်းတွင် အာဆတ် သည် ၎င်း၏ ပြိုလဲပျက်စီးနေသော စစ်တပ်ကို အားကောင်းလာစေရန် ကြိုးပမ်းရာတွင် စစ်သည်များ ကို လစာ (၅၀) ရာခိုင်နှုန်းတိုးပေးရန် အမိန့်ပေးခဲ့သည်။ သို့သော် ဆီးရီးယားနိုင်ငံ၏ စီးပွားရေးက ဆုတ်ယုတ်နေ ခြင်းကြောင့် တိုးပေးသောလစာ ပမာဏကလည်း တန်ဖိုးမရှိသလောက်ဖြစ်သည့်အတွက် သက်ရောက်မှု အနည်းငယ်သာရှိခဲ့သည်။

အကြီးတန်းရာထူးအများစုကို ဆီးရီးယား ၏ Alawite အသိုက်အဝန်းမှ အဖွဲ့ဝင်များအတွက် မကြာခဏ သီးသန့်ထားလေ့ရှိပြီး ယင်းမှာ ရှီအာ အစ္စလမ်ဘာသာ၏ မျိုးရိုးကွဲအကိုင်းအခက်ဖြစ်သည်။ အာဆတ်ကိုယ်တိုင်လည်း အနွယ်ဝင်ဖြစ်သည်။ အဆိုပါ အသိုက်အဝန်းအများစုသည် ကြီးမားသော မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် အခြားသော အကျိုးအမြတ်ရှာ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြ ကြောင်းလည်း သိရသည်။

လွန်ခဲ့သောဆယ်စုနှစ်တစ်ခုနီးပါးက ဆီးရီးယားတွင် သူပုန်များ အောင်ပွဲရရန် နီးကပ်လာချိန် တွင် အီရန်၏ တောင်းဆိုမှုကြောင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah က အာဆတ်ထံသို့ စစ်ကူများပေးပို့ခဲ့သည်။ ထို့ပြင် အီရန် က အထူးစုဆောင်းထားသော ရှီယိုက်ပြည်သူ့စစ်မှ တိုက်ခိုက်ရေး သမား ထောင်ပေါင်းများစွာကိုလည်း စေလွှတ်ခဲ့သည်။ ရုရှားကလည်း ၎င်း၏ လေတပ်၊ ခြေလျင်တပ်များ နှင့် ဝဂ္ဂနာကြေးစားစစ်သည်များကိုပါ ဆီးရီးယားတွင် ဖြန့်ကြက်ချထားသောကြောင့် ထိုအချိန်က ဆီးရီးယားအစိုးရစစ်တပ်သည် ခံစစ်တွင် အသာစီးရခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ ထိုကဲ့သို့အခြေအနေမျိုးမရှိခဲ့ပါ။ ရုရှားသည် ယူကရိန်းနှင့် ပဋိပက္ခ အတွင်း နစ်မြုပ်နေပြီး ဟစ်ဇ်ဘိုလာအဖွဲ့သည်လည်း အစ္စရေးနှင့်တိုက်ခိုက်နေရကာ အီရန်သည်လည်း ယင်းစစ်ပွဲအတွင်း တစ်စိတ်တစ်ပိုင်းပါဝင်နေရခြင်း ကြောင့် ဆီးရီးယားဆီ အာရုံစိုက်မှုနည်းပါးခဲ့သည်ဟု ဆိုရမည်။ သို့ဖြစ်ပါ၍ အာဆတ်၏ လေ့ကျင့်ရေး အားနည်းသော၊ စိတ်ဓာတ်ကျဆင်းနေသော တပ်ဖွဲ့ဝင် များသည် မဟာမိတ်များ၏ ပံ့ပိုးမှုမပါဘဲ သူပုန်များ ကို တွန်းလှန်ရန်တွန့်ဆုတ်နေကြသည်။ ထို့ကြောင့် လည်း သူပုန်များက (၁၂) ရက်တာကာလအတွင်း နိုင်ငံကို အလျင်အမြန်သိမ်းပိုက်နိုင်ပြီး အာဆတ်အစိုး ရကို ပြုတ်ကျစေခဲ့ခြင်းဖြစ်သည်။

ကြိုတင်စီမံထားခြင်းမရှိသော သမ္မတအာဆတ်
(၁၉၆၅) ခုနှစ် စက်တင်ဘာလ (၁၁) ရက်တွင် မွေးဖွားခဲ့သော ဘာရှားအယ်လ်အာဆတ် သည် ၎င်းအနေဖြင့် ထိုကဲ့သို့ မြင့်မားသော ရာထူးနေရာကို ရရှိလိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ပေ။ သမ္မတ ဟာဖာအယ်အာဆတ်၏ ဒုတိယ သားအနေဖြင့် ၎င်းစိတ်ပါဝင်စားရာကိုသာ လိုက်စားဖို့ ကနဦး က ဆုံးဖြတ်ခဲ့ပုံရသည်။ ၎င်းသည် (၁၉၈၈) ခုနှစ်တွင် ဒမတ်စကတ်တက္ကသိုလ် ဆေးပညာကောလိပ်မှ မျက်စိဆေးပညာ အထူးပြုဖြင့် ဘွဲ့ရခဲ့သည်။ (၁၉၉၂) ခုနှစ်တွင် ၎င်းသည် လန်ဒန်သို့ ပညာသင်သွားရောက်ခဲ့သည်။

(၁၉၉၄) ခုနှစ်တွင် ၎င်း၏အစ်ကိုဖြစ်သူ Basil သေဆုံးပြီးနောက်တွင် အာဆတ်ကို ဗြိတိန်မှ အမြန်ပြန်ခေါ်လာပြီး နိုင်ငံရေးလောကထဲကို ဆွဲသွင်း ခဲ့သည်။ မကြာမီ ၎င်းသည် Homs ရှိ ဆီးရီးယား စစ်သင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့ပြီး (၁၉၉၉) ခုနှစ်တွင် ဗိုလ်မှူးကြီး ဖြစ်လာခဲ့သည်။ ဖခင်ဖြစ်သူ၏ ဘဝနောက်ဆုံးနေ့ရက်များတွင် အာဆတ်သည် ခေတ်မီတိုးတက်ရေးနှင့် အင်တာနက်ကို ထောက်ခံ သူအဖြစ် နိုင်ငံရေးဇာတ်ခုံပေါ်တွင် ပေါ်ထွက်လာခဲ့ သည်။ ထို့ပြင် ၎င်းသည် ပြည်တွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ရာစုနှစ်တစ်ခု၏လေးပုံတစ်ပုံကျော်အထိ အာဏာရယူခဲ့သော ၎င်း၏ဖခင် သေဆုံးသွားပြီး နောက် (၂၀ဝဝ) ပြည့်နှစ် ဇွန်လတွင် လုံခြုံရေး တပ် ဖွဲ့များ၊ စစ်တပ်၊ အာဏာရ Baath ပါတီနှင့် ၎င်း၏ သစ္စာခံ Alawite ဂိုဏ်းမှ လူများက ၎င်းကို သမ္မတ ရာထူးလမ်းကြောင်းပေါ်သို့တွန်းပို့ခဲ့ကြသည်။ စီးပွား ရေး ခေတ်မီအောင်သာမက အကျင့်ပျက်ခြစားမှုများ ကို တိုက်ဖျက်ခြင်းအပါအဝင် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်သွားမည်ဟု ကနဦး ပိုင်းတွင် အာဆတ်က ကတိပြုခဲ့သည်။ ထို့နောက် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို အာဏာပိုင်များက လွှတ်ပေးခဲ့ပြီး ဆယ်စုနှစ် သုံးခု ကျော်ကြာမှ ပထမဆုံးသော လွတ်လပ်သည့် သတင်းစာများကို စတင် ထုတ်ဝေခွင့်ရခဲ့သည်။ ထို့ပြင် ပြုပြင်ပြောင်းလဲရေးများ စတင်နိုင်ရန် ပညာတတ်များပါဝင်သည့် လူထု နိုင်ငံရေးတွေ့ဆုံပွဲ များကိုပင် ကျင်းပခွင့်ပေးခဲ့သည်။ သို့သော် ဆီးရီးယား၏ အာရပ်နွေဦးမှာ အချိန်ခဏသာ ကြာမြင့်ခဲ့သည်။

(၂၀ဝ၁) ခုနှစ်အစောပိုင်းတွင် ပညာတတ် များပါဝင်သောဆွေးနွေးပွဲများကို စတင်ပိတ်ပစ်ခဲ့ပြီး ထိပ်တန်း အတိုက်အခံပုဂ္ဂိုလ်အများအပြားကိုဖမ်းဆီး ကာ သတင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက် များ ပြန်လည်ထားရှိခဲ့သည်။ ဤသို့ဖြင့် ၎င်းသည် သက်တမ်းတစ်လျှောက် အာဏာရှင်ဆန်ဆန် ဖိနှိပ်အုပ်ချုပ်ခဲ့သည်ဟုဆိုရမည်။

ထိုကဲ့သို့ နိုင်ငံရေးရေချိန်နည်းပါးသော သမ္မတအာဆတ်သည် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန်လည်း ၎င်း၏သက်တမ်းတစ်လျှောက် မစဉ်းစားခဲ့ဘဲ မသိကျိုးကျွန်ပြုကာ ဖြစ်သလိုအုပ်ချုပ် ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် နိုင်ငံကို လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟုဆိုရမည်။

စီးပွားရေးပြဿနာများ
(၂၀၂၁) ခုနှစ် ရွေးကောက်ပွဲ၌လည်း အာဆတ်သည် မဲ (၉၅) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းသည် စတုတ္ထသက်တမ်းအတွက် ပြန်လည် အရွေးခံခဲ့ပြန် သည်။ သို့သော် အတိုက်အခံများက ရွေးကောက်ပွဲရ လဒ်ကိုပယ်ချခဲ့ပြီး အနောက်အင်အားကြီးနိုင်ငံများ ကလည်း လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း ရှုတ် ချခဲ့သည်။ ထို့နောက်တွင် သမ္မတသည် စီးပွားရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်ဖို့ ကြိုးစားသော်လည်း မှောင်ခိုဈေးကွက်တွင် ဆီးရီး ယားပေါင်တန်ဖိုးများကျဆင်းနေပြီး အခြေခံကုန် ပစ္စည်းဈေးနှုန်းများ အဆမတန်မြင့်မားစေခဲ့သည်။

ထိုကဲ့သို့ စီးပွား‌ရေးအကျပ်အတည်းများ ကြောင့် လူထုအုံကြွမှုများ စတင်လာခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် အစိုးရထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင်ပါ ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်လာခဲ့သည်။ (၂၀၂၃) ခုနှစ်တွင် တောင် ပိုင်း Suweida ပြည်နယ်မှ လူအုပ်ကြီးသည် အာ ဆတ်ကိုဖြုတ်ချရန် ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့ကြပြီး အာဆတ်၏ လုပ်ဖော်ကိုင်ဖက် Alawites များကပင် ဝေဖန်မှုများပြုလုပ်ခဲ့သည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ အစိုးရက လက်ဘနွန်တွင် ဘဏ်လုပ်ငန်းများပြိုလဲခြင်းအ ပါအဝင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု များကို အပြစ်တင်ခဲ့သော်လည်း နိုင်ငံတွင်းမှာပင် အကျင့်ပျက်ခြစားမှုများပြားသဖြင့် နပန်းလုံးနေခဲ့ရ သည်။ အာဆတ်၏ မိသားစုနှင့် အာဏာရ အထက် တန်းလွှာရှိ အဖွဲ့ဝင်များသည် အကျင့်ပျက် ခြစားခြင်း ဖြင့် ကိုယ်ကျိုးရှာကြပြီး အချို့မှာ မူးယစ်ဆေး ရောင်းဝယ်ခြင်းများတွင်ပါ ပါဝင်ပတ်သက်နေသည်ဟု သိရသည်။ ထိုကဲ့သို့ ပြည်သူတစ်ရပ်လုံး ကြုံ တွေ့ခံစားနေရသော စီးပွားရေးအကျပ်အတည်းများသည် လည်း အာဆတ် အစိုးရကို ပြုတ်ကျစေရေး အတွက် အကြောင်းအချက်တစ်ခုဖြစ်ခဲ့ပုံရသည်။

အာဆတ်အနေဖြင့် နိုင်ငံတော်အာဏာကို ဆယ်စုနှစ်နှစ်ခုကျော်ကာလအထိ ဆုပ်ကိုင်ထားနိုင် ခဲ့သော်လည်း ပြည်တွင်းစစ်ကို မတားဆီးနိုင်ခဲ့သလို နိုင်ငံတော်တိုးတက်ရေးအပါအဝင် အခြားသော ပြုပြင်ပြောင်းလဲမှုတစ်ခုကိုမျှ ရေရေရာရာ အကောင် အထည်မဖော်နိုင်ခဲ့ပေ။ ထို့ပြင် ထိုကဲ့သို့ ပြိုလဲနေ သော နိုင်ငံ၏အနေအထားကိုလျစ်လျူရှုကာ အာဏာကို မရမက ဆက်လက်ဆုပ်ကိုင်ထားခြင်းကြောင့် လည်း အဆုံးသတ်တွင် နိုင်ငံမှ ထွက်ပြေးခဲ့ရသည် အထိ ဆိုးဆိုးရွားရွား ပြိုလဲသွားခဲ့ခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရသည်။

zawgyi version
အာဆတ္အစိုးရ ဘာ‌ေၾကာင့္ ျပဳတ္က်ခဲ့ရသလဲ (ဘာသာျပန္ေဆာင္းပါး)
တင္ဇာ (NP News) - ဇန္နဝါရီ ၁ဝ

ဒီဇင္ဘာလအေစာပိုင္းက အာဆတ္အစိုးရ ႐ုတ္တရက္ ၿပိဳလဲသြားျခင္းေၾကာင့္ ရာစုႏွစ္ဝက္ ေက်ာ္ၾကာ အာဆတ္အစိုးရ၏စိုးမိုးျခယ္လွယ္မႈကိုခံစား ခဲ့ရေသာ ဆီးရီးယားျပည္သူမ်ားအတြက္ သမိုင္း ဝင္ေအာင္ပြဲတစ္ခုျဖစ္ေၾကာင္း မီဒီယာအမ်ားစုက ေဖာ္ျပေနၾကသည္။ ထိုကဲ့သို႔ အာဆတ္အစိုးရ ျပဳတ္ က်ျခင္းသည္ အေရွ႕အလယ္ပိုင္းႏွင့္ အျခားႏိုင္ငံအခ်ိဳ႕အတြက္ စိန္ေခၚမႈမ်ားကိုျဖစ္ေပၚေစသကဲ့သို႔ အေမရိကန္ႏွင့္ ၎၏မဟာမိတ္မ်ားအတြက္ အခြင့္အလမ္းမ်ား ဖန္တီးေပးမည္မွာ ေသခ်ာေနသည္။

႐ုရွား၊ အီရန္ႏွင့္ အီရန္ေက်ာေထာက္ ေနာက္ခံျပဳ စစ္ေသြးႂကြအုပ္စုမ်ားသည္ စစ္တပ္ကို ေက်ာ ေထာက္ေနာက္ခံျပဳေပးခဲ့ျခင္းေၾကာင့္ အာဆတ္အစိုးရ တည္ၿမဲခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ျပည္တြင္း ပဋိပကၡအဆုံးသတ္ေရး ႏိုင္ငံေရးအရ ေစ့စပ္ေဆြးေႏြးရန္ ဖိတ္ေခၚမႈမ်ားကို အာဆတ္အစိုးရက ပယ္ခ်ခဲ့ ျခင္းေၾကာင့္ ပဋိပကၡမွာ အဆုံးမသတ္ႏိုင္ဘဲ လူတစ္သန္းခြဲေက်ာ္ေသဆုံးခဲ့ရသည္။ သို႔ေသာ္ အစၥ လာမၼစ္ စစ္ေသြးႂကြအဖြဲ႕ Hayat Tahrir al-Sham ဦးေဆာင္သည့္ ျပင္းထန္ေသာထိုးစစ္သည္ အာဆတ္ အစိုးရ ၏အားနည္းမႈကို ေပၚလြင္ေစခဲ့သည္။ ထို အခ်ိန္တြင္ အာဆတ္၏ ျပည္ပမဟာမိတ္မ်ားသည္ အျခား ေသာ စစ္ပြဲမ်ားတြင္ နစ္မြန္းေနၿပီး ၎တို႔ကို ကူညီဖို႔ အားနည္းယုတ္ေလ်ာ့ခဲ့ေသာေၾကာင့္ သူပုန္မ်ား သည္ ၿမိဳ႕ေတာ္ဒမတ္စကတ္ကို သိမ္းပိုက္ႏိုင္ခဲ့ကာ အစိုးရစစ္တပ္မွာ (၁၂) ရက္အတြင္း ၿပိဳလဲသြားခဲ့ရ သည္။

စြမ္းေဆာင္ရည္ညံ့ဖ်င္းေသာ စစ္တပ္
လူေပါင္း တစ္သန္းခြဲေက်ာ္ ေသဆုံးေစခဲ့ေသာ (၁၄) ႏွစ္ၾကာ စစ္ပြဲအၿပီးတြင္ အာဆတ္စစ္တပ္ ၏ စြမ္းေဆာင္ရည္မွာ အခြံသက္သက္သာရွိေတာ့ေၾကာင္း ေတြ႕ျမင္ႏိုင္သည္။ အစိုးရစစ္တပ္၏ မေအာင္ ျမင္ေသာ တိုက္ရည္ခိုက္ရည္မ်ားေၾကာင့္ လူဦးေရ (၁၃) သန္းခန႔္ အိုးအိမ္စြန႔္ခြာခဲ့ရကာ ႏိုင္ငံ၏ စီးပြား ေရးႏွင့္ အေျခခံအေဆာက္အအုံမ်ား ပ်က္စီးဆုံးရႈံးခဲ့ရသည္။

စစ္ပြဲ၏အေစာပိုင္းႏွစ္မ်ားတြင္အေသအေပ်ာက္မ်ား၊ ဘက္ေျပာင္းမႈမ်ားႏွင့္ ထြက္ေျပး တိမ္းေရွာင္မႈမ်ားေၾကာင့္ အင္အား (၃၀ဝယဝဝဝ) ခန႔္ရွိ ေသာစစ္တပ္သည္ ထက္ဝက္ခန႔္ ျပဳန္းတီးခဲ့ သည္ဟု ကြၽမ္းက်င္သူမ်ားက သုံးသပ္ခဲ့သည္။ အက်င့္ပ်က္ျခစားမႈမ်ား၊ စိတ္ဓာတ္ေရးရာပ်က္ျပားမႈ မ်ားျဖင့္ စစ္တပ္သည္ ႏိုဝင္ဘာ (၂၇) ရက္က Idlib ျပည္နယ္တြင္ သူပုန္မ်ား ႐ုတ္ခ်ည္းတိုက္ခိုက္ လာမႈကိုလည္း ခုခံႏိုင္စြမ္းမရွိေတာ့ေပ။

ၿဗိတိန္အေျခစိုက္ ဆီးရီးယားလူ႔အခြင့္ အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕၏ ေဖာ္ျပခ်က္ အရ သူပုန္မ်ားက ၿမိဳ႕တစ္ခုၿပီးတစ္ခု သိမ္းပိုက္လိုက္ စဥ္ စစ္တပ္သည္ ႏိုင္ငံတစ္ဝန္းရွိ စစ္အေျခစိုက္စခန္း မ်ား တစ္ခုၿပီးတစ္ခုမွ ဆုတ္ခြာခဲ့ေၾကာင္းသိရသည္။ (၂၀၁၁) ခုႏွစ္ကတည္းက ဆီးရီးယားစစ္တပ္သည္ လူအင္အား၊ စစ္လက္နက္ႏွင့္ စိတ္ဓာတ္ေရးရာ ပ်က္ျပားမႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရေၾကာင္း ႏိုင္ငံတကာႏွင့္ မဟာဗ်ဴဟာေရးရာ ျပင္သစ္အင္စတီက်ဳမွ ဆီးရီးယား ေရးရာကြၽမ္းက်င္သူ David Rigoulet-Roze က ေျပာၾကားခဲ့သည္။ လစာနည္းပါးေသာ စစ္သားမ်ား သည္ အသက္ရွင္သန္ရန္ ခိုးဝွက္ လုယက္သည့္ လုပ္ရပ္မ်ားရွိခဲ့ေၾကာင္း သတင္းရရွိၿပီး လူငယ္အမ်ားအျပားသည္ စစ္မႈထမ္းရန္ ေရွာင္ေျပးခဲ့ေၾကာင္း ၎က ေအအက္ဖ္ပီသို႔ ေျပာၾကားခဲ့သည္။

ႏိုင္ငံေရး မၿငိမ္မသက္အေျခအေနမ်ား ျဖစ္ေနသည့္ ဒီဇင္ဘာလအေစာပိုင္းတြင္ အာဆတ္ သည္ ၎၏ ၿပိဳလဲပ်က္စီးေနေသာ စစ္တပ္ကို အားေကာင္းလာေစရန္ ႀကိဳးပမ္းရာတြင္ စစ္သည္မ်ား ကို လစာ (၅၀) ရာခိုင္ႏႈန္းတိုးေပးရန္ အမိန႔္ေပးခဲ့သည္။ သို႔ေသာ္ ဆီးရီးယားႏိုင္ငံ၏ စီးပြားေရးက ဆုတ္ယုတ္ေန ျခင္းေၾကာင့္ တိုးေပးေသာလစာ ပမာဏကလည္း တန္ဖိုးမရွိသေလာက္ျဖစ္သည့္အတြက္ သက္ေရာက္မႈ အနည္းငယ္သာရွိခဲ့သည္။

အႀကီးတန္းရာထူးအမ်ားစုကို ဆီးရီးယား ၏ Alawite အသိုက္အဝန္းမွ အဖြဲ႕ဝင္မ်ားအတြက္ မၾကာခဏ သီးသန႔္ထားေလ့ရွိၿပီး ယင္းမွာ ရွီအာ အစၥလမ္ဘာသာ၏ မ်ိဳး႐ိုးကြဲအကိုင္းအခက္ျဖစ္သည္။ အာဆတ္ကိုယ္တိုင္လည္း အႏြယ္ဝင္ျဖစ္သည္။ အဆိုပါ အသိုက္အဝန္းအမ်ားစုသည္ ႀကီးမားေသာ မူးယစ္ေဆးဝါး ေမွာင္ခိုကူးမႈႏွင့္ အျခားေသာ အက်ိဳးအျမတ္ရွာ စီးပြားေရးလုပ္ငန္းမ်ားတြင္ ပါဝင္ခဲ့ၾက ေၾကာင္းလည္း သိရသည္။

လြန္ခဲ့ေသာဆယ္စုႏွစ္တစ္ခုနီးပါးက ဆီးရီးယားတြင္ သူပုန္မ်ား ေအာင္ပြဲရရန္ နီးကပ္လာခ်ိန္ တြင္ အီရန္၏ ေတာင္းဆိုမႈေၾကာင့္ ဟစ္ဇ္ဘိုလာေခါင္းေဆာင္ Hassan Nasrallah က အာဆတ္ထံသို႔ စစ္ကူမ်ားေပးပို႔ခဲ့သည္။ ထို႔ျပင္ အီရန္ က အထူးစုေဆာင္းထားေသာ ရွီယိုက္ျပည္သူ႔စစ္မွ တိုက္ခိုက္ေရး သမား ေထာင္ေပါင္းမ်ားစြာကိုလည္း ေစလႊတ္ခဲ့သည္။ ႐ုရွားကလည္း ၎၏ ေလတပ္၊ ေျခလ်င္တပ္မ်ား ႏွင့္ ဝဂၢနာေၾကးစားစစ္သည္မ်ားကိုပါ ဆီးရီးယားတြင္ ျဖန႔္ၾကက္ခ်ထားေသာေၾကာင့္ ထိုအခ်ိန္က ဆီးရီးယားအစိုးရစစ္တပ္သည္ ခံစစ္တြင္ အသာစီးရခဲ့သည္။

သို႔ေသာ္ ယခုအခ်ိန္တြင္မူ ထိုကဲ့သို႔အေျခအေနမ်ိဳးမရွိခဲ့ပါ။ ႐ုရွားသည္ ယူကရိန္းႏွင့္ ပဋိပကၡ အတြင္း နစ္ျမဳပ္ေနၿပီး ဟစ္ဇ္ဘိုလာအဖြဲ႕သည္လည္း အစၥေရးႏွင့္တိုက္ခိုက္ေနရကာ အီရန္သည္လည္း ယင္းစစ္ပြဲအတြင္း တစ္စိတ္တစ္ပိုင္းပါဝင္ေနရျခင္း ေၾကာင့္ ဆီးရီးယားဆီ အာ႐ုံစိုက္မႈနည္းပါးခဲ့သည္ဟု ဆိုရမည္။ သို႔ျဖစ္ပါ၍ အာဆတ္၏ ေလ့က်င့္ေရး အားနည္းေသာ၊ စိတ္ဓာတ္က်ဆင္းေနေသာ တပ္ဖြဲ႕ဝင္ မ်ားသည္ မဟာမိတ္မ်ား၏ ပံ့ပိုးမႈမပါဘဲ သူပုန္မ်ား ကို တြန္းလွန္ရန္တြန႔္ဆုတ္ေနၾကသည္။ ထို႔ေၾကာင့္ လည္း သူပုန္မ်ားက (၁၂) ရက္တာကာလအတြင္း ႏိုင္ငံကို အလ်င္အျမန္သိမ္းပိုက္ႏိုင္ၿပီး အာဆတ္အစိုး ရကို ျပဳတ္က်ေစခဲ့ျခင္းျဖစ္သည္။

ႀကိဳတင္စီမံထားျခင္းမရွိေသာ သမၼတအာဆတ္
(၁၉၆၅) ခုႏွစ္ စက္တင္ဘာလ (၁၁) ရက္တြင္ ေမြးဖြားခဲ့ေသာ ဘာရွားအယ္လ္အာဆတ္ သည္ ၎အေနျဖင့္ ထိုကဲ့သို႔ ျမင့္မားေသာ ရာထူးေနရာကို ရရွိလိမ့္မည္ဟု ဘယ္ေသာအခါမွ် မေမွ်ာ္လင့္ခဲ့ေပ။ သမၼတ ဟာဖာအယ္အာဆတ္၏ ဒုတိယ သားအေနျဖင့္ ၎စိတ္ပါဝင္စားရာကိုသာ လိုက္စားဖို႔ ကနဦး က ဆုံးျဖတ္ခဲ့ပုံရသည္။ ၎သည္ (၁၉၈၈) ခုႏွစ္တြင္ ဒမတ္စကတ္တကၠသိုလ္ ေဆးပညာေကာလိပ္မွ မ်က္စိေဆးပညာ အထူးျပဳျဖင့္ ဘြဲ႕ရခဲ့သည္။ (၁၉၉၂) ခုႏွစ္တြင္ ၎သည္ လန္ဒန္သို႔ ပညာသင္သြားေရာက္ခဲ့သည္။

(၁၉၉၄) ခုႏွစ္တြင္ ၎၏အစ္ကိုျဖစ္သူ Basil ေသဆုံးၿပီးေနာက္တြင္ အာဆတ္ကို ၿဗိတိန္မွ အျမန္ျပန္ေခၚလာၿပီး ႏိုင္ငံေရးေလာကထဲကို ဆြဲသြင္း ခဲ့သည္။ မၾကာမီ ၎သည္ Homs ရွိ ဆီးရီးယား စစ္သင္တန္းေက်ာင္းသို႔ ဝင္ေရာက္ခဲ့ၿပီး (၁၉၉၉) ခုႏွစ္တြင္ ဗိုလ္မႉးႀကီး ျဖစ္လာခဲ့သည္။ ဖခင္ျဖစ္သူ၏ ဘဝေနာက္ဆုံးေန႔ရက္မ်ားတြင္ အာဆတ္သည္ ေခတ္မီတိုးတက္ေရးႏွင့္ အင္တာနက္ကို ေထာက္ခံ သူအျဖစ္ ႏိုင္ငံေရးဇာတ္ခုံေပၚတြင္ ေပၚထြက္လာခဲ့ သည္။ ထို႔ျပင္ ၎သည္ ျပည္တြင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္လည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

ရာစုႏွစ္တစ္ခု၏ေလးပုံတစ္ပုံေက်ာ္အထိ အာဏာရယူခဲ့ေသာ ၎၏ဖခင္ ေသဆုံးသြားၿပီး ေနာက္ (၂၀ဝဝ) ျပည့္ႏွစ္ ဇြန္လတြင္ လုံၿခဳံေရး တပ္ ဖြဲ႕မ်ား၊ စစ္တပ္၊ အာဏာရ Baath ပါတီႏွင့္ ၎၏ သစၥာခံ Alawite ဂိုဏ္းမွ လူမ်ားက ၎ကို သမၼတ ရာထူးလမ္းေၾကာင္းေပၚသို႔တြန္းပို႔ခဲ့ၾကသည္။ စီးပြား ေရး ေခတ္မီေအာင္သာမက အက်င့္ပ်က္ျခစားမႈမ်ား ကို တိုက္ဖ်က္ျခင္းအပါအဝင္ က်ယ္ျပန႔္ေသာ ျပဳျပင္ေျပာင္းလဲမႈမ်ားကိုလုပ္ေဆာင္သြားမည္ဟု ကနဦး ပိုင္းတြင္ အာဆတ္က ကတိျပဳခဲ့သည္။ ထို႔ေနာက္ ႏိုင္ငံေရး အက်ဥ္းသား ရာေပါင္းမ်ားစြာကို အာဏာပိုင္မ်ားက လႊတ္ေပးခဲ့ၿပီး ဆယ္စုႏွစ္ သုံးခု ေက်ာ္ၾကာမွ ပထမဆုံးေသာ လြတ္လပ္သည့္ သတင္းစာမ်ားကို စတင္ ထုတ္ေဝခြင့္ရခဲ့သည္။ ထို႔ျပင္ ျပဳျပင္ေျပာင္းလဲေရးမ်ား စတင္ႏိုင္ရန္ ပညာတတ္မ်ားပါဝင္သည့္ လူထု ႏိုင္ငံေရးေတြ႕ဆုံပြဲ မ်ားကိုပင္ က်င္းပခြင့္ေပးခဲ့သည္။ သို႔ေသာ္ ဆီးရီးယား၏ အာရပ္ေႏြဦးမွာ အခ်ိန္ခဏသာ ၾကာျမင့္ခဲ့သည္။

(၂၀ဝ၁) ခုႏွစ္အေစာပိုင္းတြင္ ပညာတတ္ မ်ားပါဝင္ေသာေဆြးေႏြးပြဲမ်ားကို စတင္ပိတ္ပစ္ခဲ့ၿပီး ထိပ္တန္း အတိုက္အခံပုဂၢိဳလ္အမ်ားအျပားကိုဖမ္းဆီး ကာ သတင္းလြတ္လပ္ခြင့္အေပၚ ကန႔္သတ္ခ်က္ မ်ား ျပန္လည္ထားရွိခဲ့သည္။ ဤသို႔ျဖင့္ ၎သည္ သက္တမ္းတစ္ေလွ်ာက္ အာဏာရွင္ဆန္ဆန္ ဖိႏွိပ္အုပ္ခ်ဳပ္ခဲ့သည္ဟုဆိုရမည္။

ထိုကဲ့သို႔ ႏိုင္ငံေရးေရခ်ိန္နည္းပါးေသာ သမၼတအာဆတ္သည္ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကို ေျဖရွင္းရန္လည္း ၎၏သက္တမ္းတစ္ေလွ်ာက္ မစဥ္းစားခဲ့ဘဲ မသိက်ိဳးကြၽန္ျပဳကာ ျဖစ္သလိုအုပ္ခ်ဳပ္ ခဲ့ျခင္းေၾကာင့္ ေနာက္ဆုံးတြင္ ႏိုင္ငံကို လက္လြတ္ဆုံးရႈံးခဲ့ရသည္ဟုဆိုရမည္။

စီးပြားေရးျပႆနာမ်ား
(၂၀၂၁) ခုႏွစ္ ေ႐ြးေကာက္ပြဲ၌လည္း အာဆတ္သည္ မဲ (၉၅) ရာခိုင္ႏႈန္းျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ထုတ္ျပန္ခဲ့ၿပီးေနာက္ ၎သည္ စတုတၳသက္တမ္းအတြက္ ျပန္လည္ အေ႐ြးခံခဲ့ျပန္ သည္။ သို႔ေသာ္ အတိုက္အခံမ်ားက ေ႐ြးေကာက္ပြဲရ လဒ္ကိုပယ္ခ်ခဲ့ၿပီး အေနာက္အင္အားႀကီးႏိုင္ငံမ်ား ကလည္း လြတ္လပ္၍ တရားမွ်တမႈမရွိေၾကာင္း ရႈတ္ ခ်ခဲ့သည္။ ထို႔ေနာက္တြင္ သမၼတသည္ စီးပြားေရး အက်ပ္အတည္းကို ကိုင္တြယ္ေျဖရွင္းရန္ အာ႐ုံစိုက္ဖို႔ ႀကိဳးစားေသာ္လည္း ေမွာင္ခိုေဈးကြက္တြင္ ဆီးရီး ယားေပါင္တန္ဖိုးမ်ားက်ဆင္းေနၿပီး အေျခခံကုန္ ပစၥည္းေဈးႏႈန္းမ်ား အဆမတန္ျမင့္မားေစခဲ့သည္။

ထိုကဲ့သို႔ စီးပြား‌ေရးအက်ပ္အတည္းမ်ား ေၾကာင့္ လူထုအုံႂကြမႈမ်ား စတင္လာခဲ့ၿပီး ပထမဆုံး အႀကိမ္အျဖစ္ အစိုးရထိန္းခ်ဳပ္မႈေအာက္ရွိ နယ္ေျမမ်ားတြင္ပါ ျပည္သူလူထုက ဆန႔္က်င္ဆႏၵျပမႈမ်ား လုပ္ေဆာင္လာခဲ့သည္။ (၂၀၂၃) ခုႏွစ္တြင္ ေတာင္ ပိုင္း Suweida ျပည္နယ္မွ လူအုပ္ႀကီးသည္ အာ ဆတ္ကိုျဖဳတ္ခ်ရန္ ပြင့္ပြင့္လင္းလင္း ေတာင္းဆိုခဲ့ၾကၿပီး အာဆတ္၏ လုပ္ေဖာ္ကိုင္ဖက္ Alawites မ်ားကပင္ ေဝဖန္မႈမ်ားျပဳလုပ္ခဲ့သည္။

အဆိုပါအေျခအေနႏွင့္ပတ္သက္၍ အစိုးရက လက္ဘႏြန္တြင္ ဘဏ္လုပ္ငန္းမ်ားၿပိဳလဲျခင္းအ ပါအဝင္ အေနာက္ႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈ မ်ားကို အျပစ္တင္ခဲ့ေသာ္လည္း ႏိုင္ငံတြင္းမွာပင္ အက်င့္ပ်က္ျခစားမႈမ်ားျပားသျဖင့္ နပန္းလုံးေနခဲ့ရ သည္။ အာဆတ္၏ မိသားစုႏွင့္ အာဏာရ အထက္ တန္းလႊာရွိ အဖြဲ႕ဝင္မ်ားသည္ အက်င့္ပ်က္ ျခစားျခင္း ျဖင့္ ကိုယ္က်ိဳးရွာၾကၿပီး အခ်ိဳ႕မွာ မူးယစ္ေဆး ေရာင္းဝယ္ျခင္းမ်ားတြင္ပါ ပါဝင္ပတ္သက္ေနသည္ဟု သိရသည္။ ထိုကဲ့သို႔ ျပည္သူတစ္ရပ္လုံး ႀကဳံ ေတြ႕ခံစားေနရေသာ စီးပြားေရးအက်ပ္အတည္းမ်ားသည္ လည္း အာဆတ္ အစိုးရကို ျပဳတ္က်ေစေရး အတြက္ အေၾကာင္းအခ်က္တစ္ခုျဖစ္ခဲ့ပုံရသည္။

အာဆတ္အေနျဖင့္ ႏိုင္ငံေတာ္အာဏာကို ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ကာလအထိ ဆုပ္ကိုင္ထားႏိုင္ ခဲ့ေသာ္လည္း ျပည္တြင္းစစ္ကို မတားဆီးႏိုင္ခဲ့သလို ႏိုင္ငံေတာ္တိုးတက္ေရးအပါအဝင္ အျခားေသာ ျပဳျပင္ေျပာင္းလဲမႈတစ္ခုကိုမွ် ေရေရရာရာ အေကာင္ အထည္မေဖာ္ႏိုင္ခဲ့ေပ။ ထို႔ျပင္ ထိုကဲ့သို႔ ၿပိဳလဲေန ေသာ ႏိုင္ငံ၏အေနအထားကိုလ်စ္လ်ဴရႈကာ အာဏာကို မရမက ဆက္လက္ဆုပ္ကိုင္ထားျခင္းေၾကာင့္ လည္း အဆုံးသတ္တြင္ ႏိုင္ငံမွ ထြက္ေျပးခဲ့ရသည္ အထိ ဆိုးဆိုး႐ြား႐ြား ၿပိဳလဲသြားခဲ့ျခင္းျဖစ္ပါေၾကာင္း ေရးသားလိုက္ရသည္။

Related news

© 2021. All rights reserved.