မြန်မာနိုင်ငံမှအရပ်အရှည်ဆုံး ဘော်လီဘောကစားသမားအတွက် ဂျာမန်လူမျိုးတစ်ဦးက အထူးချုပ်ဖိနပ်များ လှူဒါန်း

 1781

ယွန်း (NP News) - ဇန်နဝါရီ ၁ဝ

မြန်မာနိုင်ငံမှ အရပ်အရှည်ဆုံး ဘော်လီဘောကစားသမားအတွက် ဂျာမန်လူမျိုးတစ်ဦးက အထူးချုပ်ဖိနပ်များ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ အရပ်အရှည်ဆုံး ဘော်လီဘောကစားသမားများအနက် တစ်ဦးဖြစ်သည့် ကိုကောင်းညွန့်ဝေသည် အရပ်အမြင့် ၇ ပေ ၁ လက်မ မြင့်မားကြောင်း သိရသည်။

ထို့ကြောင့် ဖိနပ်ဆိုဒ်ကြီးမားသည့်အတွက် ဖိနပ်ရောင်းသည့်ဆိုင်များတွင် ၎င်းစီး၍ရသော ဖိနပ်မရှိသောကြောင့် ကမ္ဘာ့တစ်ဝန်းမှ အရပ်ရှည်သူများအတွက် ဖိနပ်ဆိုဒ်အရွယ်အစား (၄၇)မှ (၇၀)အတွင်းကို အထူးကျွမ်းကျင်စွာထုတ်လုပ်သူ ဂျာမန်လူမျိုး Georg Wessels ထံမှ အထူး ချုပ်ဖိနပ်များကို လက်ခံရရှိခဲ့ကြောင်း သိရသည်။ ဂျာမန်လူမျိုး Georg Wessels သည် တူရကီ၊ ဗင်နီဇွဲလားရှိ အရပ်ရှည်သူများအပြင် အာရှနှင့် အာဖရိကနိုင်ငံများရှိ အရွယ်အစားကြီးသော ဖိနပ်ဆိုဒ်လိုအပ်နေသူများကို ချုပ်လုပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ပုံမှန်ထက်အရပ်ရှည်နေသူများအတွက်လည်း အထူးချုပ်ဖိနပ်များကို လှူဒါန်းနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံမွအရပ္အရွည္ဆုံး ေဘာ္လီေဘာကစားသမားအတြက္ ဂ်ာမန္လူမ်ိဳးတစ္ဦးက အထူးခ်ဳပ္ဖိနပ္မ်ား လႉဒါန္း
ယြန္း (NP News) - ဇန္နဝါရီ ၁ဝ

ျမန္မာႏိုင္ငံမွ အရပ္အရွည္ဆုံး ေဘာ္လီေဘာကစားသမားအတြက္ ဂ်ာမန္လူမ်ိဳးတစ္ဦးက အထူးခ်ဳပ္ဖိနပ္မ်ား လႉဒါန္းခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမန္သံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံမွ အရပ္အရွည္ဆုံး ေဘာ္လီေဘာကစားသမားမ်ားအနက္ တစ္ဦးျဖစ္သည့္ ကိုေကာင္းၫြန႔္ေဝသည္ အရပ္အျမင့္ ၇ ေပ ၁ လက္မ ျမင့္မားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖိနပ္ဆိုဒ္ႀကီးမားသည့္အတြက္ ဖိနပ္ေရာင္းသည့္ဆိုင္မ်ားတြင္ ၎စီး၍ရေသာ ဖိနပ္မရွိေသာေၾကာင့္ ကမာၻ႔တစ္ဝန္းမွ အရပ္ရွည္သူမ်ားအတြက္ ဖိနပ္ဆိုဒ္အ႐ြယ္အစား (၄၇)မွ (၇၀)အတြင္းကို အထူးကြၽမ္းက်င္စြာထုတ္လုပ္သူ ဂ်ာမန္လူမ်ိဳး Georg Wessels ထံမွ အထူး ခ်ဳပ္ဖိနပ္မ်ားကို လက္ခံရရွိခဲ့ေၾကာင္း သိရသည္။ ဂ်ာမန္လူမ်ိဳး Georg Wessels သည္ တူရကီ၊ ဗင္နီဇြဲလားရွိ အရပ္ရွည္သူမ်ားအျပင္ အာရွႏွင့္ အာဖရိကႏိုင္ငံမ်ားရွိ အ႐ြယ္အစားႀကီးေသာ ဖိနပ္ဆိုဒ္လိုအပ္ေနသူမ်ားကို ခ်ဳပ္လုပ္လႉဒါန္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံမွ ပုံမွန္ထက္အရပ္ရွည္ေနသူမ်ားအတြက္လည္း အထူးခ်ဳပ္ဖိနပ္မ်ားကို လႉဒါန္းေနသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.