မလေးရှားနိုင်ငံ တောင်ပိုင်း ဂျိုဟာမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်နေ
239
ရောင်နီ (NP News) - ဇန်နဝါရီ ၁၂
မလေးရှားနိုင်ငံ တောင်ပိုင်းရှိ ခရိုင်လေးခုမှာ မိုးသည်းထန်စွာရွာသွန်းပြ ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူ အရေအတွက် မြင့်တက်နေလျက် ရှိပါတယ်။
ဂျိုဟာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရဲ့အဆိုအရ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းထိအတွင်း ကိုတာ တင်ဂီ၊ ကန်လောင်၊ ပွန်ထန်နဲ့ ကူလိုင် ခရိုင်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လူတွေကို ရွှေ့ပြောင်းဖို့ လုပ်နေတဲ့အတွက် ကူလိုင်မှာ ယာယီကယ်ဆယ်ရေး စင်တာတစ်ခု ဖွင့်လှစ်ထားတယ်လို့ ကော်မတီ က ဇန်နဝါရီ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ ရေဘေးဒဏ်ခံခဲ့ရတဲ့ ခရိုင်လေးခုရှိ ယာယီကယ်ဆယ်ရေးစခန်း ၁၈ ခုမှာ မိသားစု ၃၆၆ စု၊ လူပေါင်း ၁,၁၅၆ ဦးထိ ကယ်ဆယ်ထားနိုင်ပြီဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီး ကိုတာတင်ဂီမှာ ရေဘေးသင့်သူဦးရေမှာ ၁,၀၈၂ ဦး၊ ကန်လောင် မှာ၄၅ ဦးနဲ့ ပွန်ထန်မှာ ၂၉ ဦး ကယ်ဆယ်ထားရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပါဟန်၊ ဂျိုဟာနဲ့ အခြားပြည်နယ်အချို့မှာ ဇန်နဝါရီ ၁၂ ရက်အထိ မိုးဆက်တိုက်ရွာသွန်းနိုင်တယ်လို့ မလေးရှားမိုးဇလက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Zawgyi Version;
မေလးရွားႏိုင္ငံ ေတာင္ပိုင္း ဂ်ိဳဟာမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈမ်ားျဖစ္ေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၂
မေလးရွားႏိုင္ငံ ေတာင္ပိုင္းရွိ ခ႐ိုင္ေလးခုမွာ မိုးသည္းထန္စြာ႐ြာသြန္းျပ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ေရေဘးသင့္သူ အေရအတြက္ ျမင့္တက္ေနလ်က္ ရွိပါတယ္။
ဂ်ိဳဟာ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈေကာ္မတီရဲ႕အဆိုအရ ဇန္နဝါရီလ ၁၁ ရက္ မြန္းလြဲပိုင္းထိအတြင္း ကိုတာ တင္ဂီ၊ ကန္ေလာင္၊ ပြန္ထန္နဲ႔ ကူလိုင္ ခ႐ိုင္ေတြမွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ လူေတြကို ေ႐ႊ႕ေျပာင္းဖို႔ လုပ္ေနတဲ့အတြက္ ကူလိုင္မွာ ယာယီကယ္ဆယ္ေရး စင္တာတစ္ခု ဖြင့္လွစ္ထားတယ္လို႔ ေကာ္မတီ က ဇန္နဝါရီ ၁၁ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ေရေဘးဒဏ္ခံခဲ့ရတဲ့ ခ႐ိုင္ေလးခုရွိ ယာယီကယ္ဆယ္ေရးစခန္း ၁၈ ခုမွာ မိသားစု ၃၆၆ စု၊ လူေပါင္း ၁,၁၅၆ ဦးထိ ကယ္ဆယ္ထားႏိုင္ၿပီျဖစ္တယ္လို႔ ၎က ဆိုပါတယ္။
ဆက္လက္ၿပီး ကိုတာတင္ဂီမွာ ေရေဘးသင့္သူဦးေရမွာ ၁,၀၈၂ ဦး၊ ကန္ေလာင္ မွာ၄၅ ဦးနဲ႔ ပြန္ထန္မွာ ၂၉ ဦး ကယ္ဆယ္ထားရွိတယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ပါဟန္၊ ဂ်ိဳဟာနဲ႔ အျခားျပည္နယ္အခ်ိဳ႕မွာ ဇန္နဝါရီ ၁၂ ရက္အထိ မိုးဆက္တိုက္႐ြာသြန္းႏိုင္တယ္လို႔ မေလးရွားမိုးဇလက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။