ယူကရိန်းသမ္မတက တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရုရှားအစိုးရ စွပ်စွဲပြောဆို

172

Pika (NP News) - စက်တင်ဘာ ၂၈
ယူကရိန်းသမ္မတဇီလန်စကီးဟာ တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရုရှားအစိုးရက စွပ်စွဲပြောဆိုလိုက်ပါတယ်။
ယူကရိန်းအပေါ်ထိုးစစ်ဆင်မှုတွေကိုမရပ်တန့်ဘူးဆိုရင် ရုရှားထိပ်တန်းအရာရှိတွေဟာ ဗုံးခိုကျင်းတွေကို ရှာထားသင့်တယ်လို့ ဇီလန်စကီးက ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရရဲ့တုံ့ပြန်ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဇီလန်စကီးက “ဗုံးခိုကျင်းအဆောက်အဦးတွေ ဘယ်နေရာမှာရှိတယ်ဆိုတာကို ရုရှားအရာရှိတွေက သိထားဖို့ လိုအပ်ပါတယ်။ စစ်ပွဲကို မရပ်တန့်ဘူးဆိုရင် ရုရှားဟာ ဗုံးခိုကျင်းတွေကို လိုအပ်လာပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ယခုလအစောပိုင်းမှာ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်က အစိုးရအဆောက်အဦးတစ်ခုကို စစ်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်(၃)နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က “ဇီလန်စကီးဟာ ရုရှားအပေါ်ခြိမ်းခြောက်မှုတွေကို စိတ်အားထက်သန်စွာ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း အဲဒီခြိမ်းခြောက်မှုတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ခြိမ်းခြောက်မှုတွေပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားနိုင်ငံအတွင်းမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး ယူကရိန်းကို အနောက်အုပ်စုနိုင်ငံတွေက ခွင့်ပြုခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းသမၼတက တာဝန္ယူမႈ၊တာဝန္ခံမႈမရွိတဲ့ၿခိမ္းေျခာက္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားအစိုးရ စြပ္စြဲေျပာဆို
Pika (NP News) - စက္တင္ဘာ ၂၈
ယူကရိန္းသမၼတဇီလန္စကီးဟာ တာဝန္ယူမႈ၊တာဝန္ခံမႈမရွိတဲ့ၿခိမ္းေျခာက္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားအစိုးရက စြပ္စြဲေျပာဆိုလိုက္ပါတယ္။
ယူကရိန္းအေပၚထိုးစစ္ဆင္မႈေတြကိုမရပ္တန႔္ဘူးဆိုရင္ ႐ုရွားထိပ္တန္းအရာရွိေတြဟာ ဗုံးခိုက်င္းေတြကို ရွာထားသင့္တယ္လို႔ ဇီလန္စကီးက ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရရဲ႕တုံ႔ျပန္ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဇီလန္စကီးက “ဗုံးခိုက်င္းအေဆာက္အဦးေတြ ဘယ္ေနရာမွာရွိတယ္ဆိုတာကို ႐ုရွားအရာရွိေတြက သိထားဖို႔ လိုအပ္ပါတယ္။ စစ္ပြဲကို မရပ္တန႔္ဘူးဆိုရင္ ႐ုရွားဟာ ဗုံးခိုက်င္းေတြကို လိုအပ္လာပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ယခုလအေစာပိုင္းမွာ ႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းၿမိဳ႕ေတာ္ ကိယက္ဗ္က အစိုးရအေဆာက္အဦးတစ္ခုကို စစ္ပြဲျဖစ္ပြားခဲ့တဲ့ အခ်ိန္(၃)ႏွစ္ေက်ာ္ကာလအတြင္း ပထမဆုံးအႀကိမ္ ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ တယ္လို႔ သိရပါတယ္။
႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က “ဇီလန္စကီးဟာ ႐ုရွားအေပၚၿခိမ္းေျခာက္မႈေတြကို စိတ္အားထက္သန္စြာ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ဒါေပမယ့္လည္း အဲဒီၿခိမ္းေျခာက္မႈေတြက တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိတဲ့ ၿခိမ္းေျခာက္မႈေတြပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားႏိုင္ငံအတြင္းမွာရွိတဲ့ ပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔နဲ႔ပတ္သက္ၿပီး ယူကရိန္းကို အေနာက္အုပ္စုႏိုင္ငံေတြက ခြင့္ျပဳခဲ့တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။