ကယ်လီဖိုးနီးယားမှာ ကလေးငယ် တစ်ဦးဆီမှာ ကြက်ငှက်တုပ်ကွေးရောဂါ သံသယ တွေ့ရှိ
122
ရောင်နီ (NP News) - ဇန်နဝါရီ ၁၂
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမှာ H5N1 ကြက်ငှက်တုပ်ကွေးဖြစ်နိုင်ခြေကို ကလေး တစ်ဦးဆီမှာ တွေ့ရှိခဲ့တယ်လို့ မြို့တော်ပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။
ကလေးဟာ တုပ်ကွေး A အဆင့် အဖျားရှိနေပြီး အဆင့်မြင့်စစ်ဆေးမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါစစ်ဆေးမှုမှာ ကလေးရဲ့နမူနာကို စီစစ်ပြီး H5N1 ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်မှာဖြစ်ပြီး ယခု အဲဒီစစ်ဆေးမှုအတွက် အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေကို သွားရောက်မယ်လို့ သိရပါတယ်။ ကလေးကတော့ လက်ရှိ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။
အမေရိကန်မှာ တောရိုင်းတိရစ္ဆာန်များ၊ ကြက်နဲ့ နို့စားနွားတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ တွေ့ရှိ နေရပြီး လူသားကို ကူးစက်တာကတော့ ၆၆ ဦးထိ ရှိပြီဖြစ်တယ်လို့ CDC က ထုတ်ပြန်ထားပါတယ်။ ကြက်ငှက် တုပ်ကွေးရောဂါဟာ နို့စားနွားတွေကြားမှာ ဆက်လက်ကူးစက်ပျံ့နှံ့နေတာကြောင့် တာဝန်ရှိသူတွေက နို့စိမ်း သောက်သုံးခြင်း (သို့မဟုတ်) ဒိန်ခဲ စတဲ့ နို့စိမ်းမှ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေ စားသုံးခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါ လက္ခဏာတွေကတော့ မျက်လုံးနီခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း တို့ ဖြစ်နိုင်ပြီး အဆိုပါလက္ခဏာတွေ ရှိလာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်သွယ်ဖို့လည်း တိုက်တွန်းထား တယ်လို့ သိရပါတယ်။
Zawgyi Version;
ကယ္လီဖိုးနီးယားမွာ ကေလးငယ္ တစ္ဦးဆီမွာ ၾကက္ငွက္တုပ္ေကြးေရာဂါ သံသယ ေတြ႕ရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၂
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဖရန္စၥကိုမွာ H5N1 ၾကက္ငွက္တုပ္ေကြးျဖစ္ႏိုင္ေျခကို ကေလး တစ္ဦးဆီမွာ ေတြ႕ရွိခဲ့တယ္လို႔ ၿမိဳ႕ေတာ္ျပည္သူ႔က်န္းမာေရးဌာနက ေျပာပါတယ္။
ကေလးဟာ တုပ္ေကြး A အဆင့္ အဖ်ားရွိေနၿပီး အဆင့္ျမင့္စစ္ေဆးမႈျပဳလုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အဆိုပါစစ္ေဆးမႈမွာ ကေလးရဲ႕နမူနာကို စီစစ္ၿပီး H5N1 ဟုတ္၊ မဟုတ္ ဆုံးျဖတ္ႏိုင္မွာျဖစ္ၿပီး ယခု အဲဒီစစ္ေဆးမႈအတြက္ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာေတြကို သြားေရာက္မယ္လို႔ သိရပါတယ္။ ကေလးကေတာ့ လက္ရွိ က်န္းမာေရး ျပန္လည္ေကာင္းမြန္လာၿပီလို႔ သိရပါတယ္။
အေမရိကန္မွာ ေတာ႐ိုင္းတိရစာၦန္မ်ား၊ ၾကက္နဲ႔ ႏို႔စားႏြားေတြမွာ ၾကက္ငွက္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈေတြ ေတြ႕ရွိ ေနရၿပီး လူသားကို ကူးစက္တာကေတာ့ ၆၆ ဦးထိ ရွိၿပီျဖစ္တယ္လို႔ CDC က ထုတ္ျပန္ထားပါတယ္။ ၾကက္ငွက္ တုပ္ေကြးေရာဂါဟာ ႏို႔စားႏြားေတြၾကားမွာ ဆက္လက္ကူးစက္ပ်ံ႕ႏွံ႔ေနတာေၾကာင့္ တာဝန္ရွိသူေတြက ႏို႔စိမ္း ေသာက္သုံးျခင္း (သို႔မဟုတ္) ဒိန္ခဲ စတဲ့ ႏို႔စိမ္းမွ ျပဳလုပ္ထားတဲ့ ထုတ္ကုန္ေတြ စားသုံးျခင္းမွ ေရွာင္ၾကဥ္ဖို႔ အႀကံျပဳထားပါတယ္။
ၾကက္ငွက္တုပ္ေကြးေရာဂါ လကၡဏာေတြကေတာ့ မ်က္လုံးနီျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း တို႔ ျဖစ္ႏိုင္ၿပီး အဆိုပါလကၡဏာေတြ ရွိလာခဲ့ရင္ က်န္းမာေရးေစာင့္ေရွာက္မႈကို ဆက္သြယ္ဖို႔လည္း တိုက္တြန္းထား တယ္လို႔ သိရပါတယ္။