နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) ကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ရန် အမေရိကန်လွှတ်တော် မဲခွဲဆုံးဖြတ်
806
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကို ပစ်မှတ် ထား ပိတ်ဆို့မည့်ဥပဒေမူကြမ်းကို ထောက်ခံခဲ့ကြောင်း သိရသည်။ (ICC) က ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန့်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက (ICC) ကို ပစ်မှတ်ထားပိတ်ဆို့ရန် စီစဉ်လာခြင်းဖြစ်သည်။
အမေရိကန်အောက်လွှတ်တော်၏ နိုင်ငံခြားရေးရာဌာန ကော်မတီအကြီးအကဲဖြစ်သူ ဘရိန်းမက်က (ICC) သည် သားပိုက်ကောင်တရားရုံးဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ (ICC) ကို ပိတ်ဆို့မှုချမှတ်မည့်ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် (၂၄၃) ဦးက ထောက်ခံမဲပေး ခဲ့ပြီး (၁၄၀) ဦး က ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။ အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေမူကြမ်းထဲတွင် အမေရိကန်နှင့် အမေရိကန်မဟာမိတ်နိုင်ငံများမှ နိုင်ငံသားများကို (ICC) တရားရုံးမှ ဖမ်းဆီး ထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းကို အားပေး ကူညီသောအဖွဲ့စည်းများ အပြင်(ICC) တရားရုံး တာဝန်ရှိသူများကို ပိတ်ပင်မှုချမှတ်မည်ဟု ဖော်ပြ ထားသည်။
အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည့်အတွက် ဥပဒေမူကြမ်းကို အထက် လွှတ်တော်သို့ ထပ်မံပေးပို့မည်ဖြစ်ကြောင်း သိရသည်။ (ICC) သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်း အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟု နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန်တို့ကို ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် (ICC) ၏ ဖမ်းဝရမ်းနှင့်စွဲချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။ (ICC) တရားရုံးသည် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခြင်းမရှိသော နိုင်ငံများအပေါ် ဥပဒေအရ အမိန့်ချစီမံခွင့် အားနည်းကြောင်း သိရသည်။ အမေရိကန်၊ တရုတ် နှင့် ရုရှားနိုင်ငံတို့အပြင် အစ္စရေးနိုင်ငံကလည်း (ICC) တရားရုံး ကို အသိ မှတ်ပြုပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်သောနိုင်ငံများ စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်းသိရသည်။
Zawgyi Version;
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး(ICC) ကို ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ရန္ အေမရိကန္လႊတ္ေတာ္ မဲခြဲဆုံးျဖတ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၂
အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) ကို ပစ္မွတ္ ထား ပိတ္ဆို႔မည့္ဥပေဒမူၾကမ္းကို ေထာက္ခံခဲ့ေၾကာင္း သိရသည္။ (ICC) က ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုႏွင့္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂယ္လန႔္တို႔ကို ဖမ္းဝရမ္းထုတ္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္အစိုးရက (ICC) ကို ပစ္မွတ္ထားပိတ္ဆို႔ရန္ စီစဥ္လာျခင္းျဖစ္သည္။
အေမရိကန္ေအာက္လႊတ္ေတာ္၏ ႏိုင္ငံျခားေရးရာဌာန ေကာ္မတီအႀကီးအကဲျဖစ္သူ ဘရိန္းမက္က (ICC) သည္ သားပိုက္ေကာင္တရား႐ုံးျဖစ္ေၾကာင္း ေဝဖန္ခဲ့သည္။ (ICC) ကို ပိတ္ဆို႔မႈခ်မွတ္မည့္ဥပေဒမူၾကမ္းကို အေမရိကန္ေအာက္လႊတ္ေတာ္အတြင္းမဲခြဲဆုံးျဖတ္ခဲ့ရာ လႊတ္ေတာ္ကိုယ္စားလွယ္ (၂၄၃) ဦးက ေထာက္ခံမဲေပး ခဲ့ၿပီး (၁၄၀) ဦး က ကန႔္ကြက္မဲေပးခဲ့ေၾကာင္း သိရသည္။ အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ဥပေဒမူၾကမ္းထဲတြင္ အေမရိကန္ႏွင့္ အေမရိကန္မဟာမိတ္ႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားကို (ICC) တရား႐ုံးမွ ဖမ္းဆီး ထိန္းသိမ္းျခင္း၊ စုံစမ္းစစ္ေဆးျခင္းကို အားေပး ကူညီေသာအဖြဲ႕စည္းမ်ား အျပင္(ICC) တရား႐ုံး တာဝန္ရွိသူမ်ားကို ပိတ္ပင္မႈခ်မွတ္မည္ဟု ေဖာ္ျပ ထားသည္။
အေမရိကန္ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္ၿပီျဖစ္သည့္အတြက္ ဥပေဒမူၾကမ္းကို အထက္ လႊတ္ေတာ္သို႔ ထပ္မံေပးပို႔မည္ျဖစ္ေၾကာင္း သိရသည္။ (ICC) သည္ ၿပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလအတြင္း အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ႏွင့္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂယ္လန္တို႔ကို ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး စစ္ရာဇဝတ္မႈက်ဴးလြန္သည္ဟု စြပ္စြဲၿပီး ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္း သိရသည္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ (ICC) ၏ ဖမ္းဝရမ္းႏွင့္စြဲခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရသည္။ (ICC) တရား႐ုံးသည္ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ျခင္းမရွိေသာ ႏိုင္ငံမ်ားအေပၚ ဥပေဒအရ အမိန႔္ခ်စီမံခြင့္ အားနည္းေၾကာင္း သိရသည္။ အေမရိကန္၊ တ႐ုတ္ ႏွင့္ ႐ုရွားႏိုင္ငံတို႔အျပင္ အစၥေရးႏိုင္ငံကလည္း (ICC) တရား႐ုံး ကို အသိ မွတ္ျပဳၿပီး အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ေသာႏိုင္ငံမ်ား စာရင္းတြင္ ပါဝင္ျခင္းမရွိေၾကာင္းသိရသည္။