ရုပ်ရှင်အစည်းအရုံးမှ မိမိသဘောဖြင့် နုတ်ထွက်သူ (၉၅) ရာခိုင်နှုန်း အစည်းရုံးဝင်အဖြစ် ပြန်လည်လျှောက်ထား

567

သန့်ဇင်(NP News)-စက်တင်ဘာ ၂၈
(၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပြီး ရုပ်ရှင် အစည်းအရုံးမှ မိမိသဘောဖြင့် နုတ်ထွက်သူ (၉၅) ရာခိုင်နှုန်းသည် အစည်းရုံးဝင်အဖြစ်ပြန်လည် လျှောက်ထားလာသဖြင့် ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူ တစ်ဦးက NP News သို့ ပြောသည်။
ရုပ်ရှင်အစည်းအရုံးဝင်အဖြစ် ပြန်လည် လက်ခံထားသူများမှာ နိုင်ငံပြင်ပ မထွက်ခွာဘဲ ပြည်တွင်းတွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။
“ရောက်ရှိထားတဲ့ စာရင်းအရဆိုရင်တော့ (၉၅)ရာခိုင်နှုန်းလောက်က ပြန်ပြီးတော့ ဒီထဲကိုဝင်ထားတယ်။ ဒီရုပ်ရှင်အစည်းအရုံးကို ပြန် လျှောက်ထားတယ်။ တချို့တလေက ဆုံးသွားတာရှိတယ်။ တချို့တလေကတော့ ဟိုး အရင်တုန်းကတည်းက အဆက်ပြတ်နေတာရှိတယ်။ တချို့က သိပ်မထင်ရှားဘူးပေါ့နော်။ အဲဒီတော့ ဒီလူတွေက တကယ်ရှိရဲ့လားဆိုတာလည်း နည်းနည်းလေး စိစစ်ထားတဲ့ စာရင်းထဲမှာ မရှိတဲ့လူပေါ့။ တစ်ယောက် တလေတော့ရှိ တယ်။ တစ်ယောက်ကျတော့ သေဆုံးသွားပြီ။ အဲဒီတော့ မသေဆုံးခင်တည်းက ပြန်မလာဘူး။ သရုပ်ဆောင်တွေ တော် တော်များများက တော့ပြန်ဝင်တယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ အစည်းအရုံးဝင်အဖြစ်ပြန်လည်ဝင် ရောက်လာသူများအတွင်း နာမည်ကြီးသရုပ်ဆောင်၊ ဇာတ်ပို့/ဇာတ်ရံ၊ ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်òန်း များပါဝင် ကြောင်း သိရသည်။
“နယ်စပ်ကိုဖြတ်ပြီး မသွားတဲ့ လူမှန်သမျှက ဒီထဲကပြန်ရောက်လာကြတာပါပဲ။ အကုန်ရှိတယ်။ သို့သော် ကျွန် တော်တို့ကလည်း စိုသောလက်ကို မခြောက်စေနဲ့ သဘောမျိုးပါပဲ” ၎င်းကပြောသည်။
ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်မှ မိမိသဘောဆန္ဒအရ နုတ်ထွက်ခဲ့သော အနုပညာရှင်များ၏ အမည် စာရင်းကို (၂၀၂၁)ခုနှစ် ဇွန်လ (၁၅)ရက် တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ကြေညာချက်အတွင်း အလွှာအသီးသီးမှအနုပညာရှင်များစွာပါဝင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသူများနှင့် လက်ရှိတွင်ရုပ် ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ် ပြန်လည်စာရင်း သွင်းကာ ပြည်တွင်း၌ အနုပညာ အလုပ်များ ဆက်လက်လုပ်ကိုင်နေသူများလည်းရှိနေကြောင်း သိရသည်။
“အဲဒီဝင်လာတဲ့လူတွေကိုတော့ ခွင့်ပြု ပေးထားတယ်။ သို့သော် ဒီလူတွေကိုတော့ ရုပ်ရှင် အစည်းအရုံးအနေနဲ့ အမှုဆောင်အဖွဲ့မှာတော့ Record ရှိတယ်။ ဥပမာ တချို့က သက်ကြီးပူဇော် ပွဲမှာလာလျှောက်တယ်။ သက်ကြီးပူ ဇော်ပွဲမှာ ကန်တော့ခံမယ့်လူက ထင်ရှားတဲ့လူဖြစ်ရမယ်။ အများ ကြည်ညိုလေးစားတဲ့လူဖြစ်ရမယ်။ နောက် ပြစ်မှုပြစ် ဒဏ်နဲ့လွတ်ကင်းတဲ့လူဖြစ်ရမယ်ဆိုတော့ တချို့က ဆင်ဆာဥပဒေချိုးဖောက်တာတွေရှိတယ်။ အဲဒီဆင် ဆာနဲ့အရေး ယူခံရတာမျိုးတွေရှိတယ်ဆိုရင် သက်ကြီးပူဇော်ပွဲမှာထည့်ပြီးမစဉ်းစားတော့ဘူး။ အဲဒါက နောက်အမှုဆောင်က အဆင့် ဆင့်ဆုံးဖြတ်သွားမှာ”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် ရုပ်ရှင်အစည်းအရုံးဝင်အဖြစ် ပြန်လည်ဝင်ရောက်နေသူများအတွင်း ခင်လှိုင်၊ တိုင်ရွန်၊ ဆင်မ၊ နေရဲ အစရှိသော သရုပ်ဆောင်တို့သည် ရုပ်ရှင်အစည်းအရုံးမှ နုတ်ထွက်ခဲ့ဖူးကြောင်း အဆိုပါ အဖွဲ့အစည်းက (၂၀၂၁)ခုနှစ် အတွင်း ထုတ်ပြန်ခဲ့သောစာအရ သိရသည်။

Zawgyi Version:
႐ုပ္ရွင္အစည္းအ႐ုံးမွ မိမိသေဘာျဖင့္ ႏုတ္ထြက္သူ (၉၅) ရာခိုင္ႏႈန္း အစည္း႐ုံးဝင္အျဖစ္ ျပန္လည္ေလွ်ာက္ထား
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၈
(၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္အၿပီး ႐ုပ္ရွင္ အစည္းအ႐ုံးမွ မိမိသေဘာျဖင့္ ႏုတ္ထြက္သူ (၉၅) ရာခိုင္ႏႈန္းသည္ အစည္း႐ုံးဝင္အျဖစ္ျပန္လည္ ေလွ်ာက္ထားလာသျဖင့္ ခြင့္ျပဳထားေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ ေျပာသည္။
႐ုပ္ရွင္အစည္းအ႐ုံးဝင္အျဖစ္ ျပန္လည္ လက္ခံထားသူမ်ားမွာ ႏိုင္ငံျပင္ပ မထြက္ခြာဘဲ ျပည္တြင္းတြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္းသိရသည္။
“ေရာက္ရွိထားတဲ့ စာရင္းအရဆိုရင္ေတာ့ (၉၅)ရာခိုင္ႏႈန္းေလာက္က ျပန္ၿပီးေတာ့ ဒီထဲကိုဝင္ထားတယ္။ ဒီ႐ုပ္ရွင္အစည္းအ႐ုံးကို ျပန္ ေလွ်ာက္ထားတယ္။ တခ်ိဳ႕တေလက ဆုံးသြားတာရွိတယ္။ တခ်ိဳ႕တေလကေတာ့ ဟိုး အရင္တုန္းကတည္းက အဆက္ျပတ္ေနတာရွိတယ္။ တခ်ိဳ႕က သိပ္မထင္ရွားဘူးေပါ့ေနာ္။ အဲဒီေတာ့ ဒီလူေတြက တကယ္ရွိရဲ႕လားဆိုတာလည္း နည္းနည္းေလး စိစစ္ထားတဲ့ စာရင္းထဲမွာ မရွိတဲ့လူေပါ့။ တစ္ေယာက္ တေလေတာ့ရွိ တယ္။ တစ္ေယာက္က်ေတာ့ ေသဆုံးသြားၿပီ။ အဲဒီေတာ့ မေသဆုံးခင္တည္းက ျပန္မလာဘူး။ သ႐ုပ္ေဆာင္ေတြ ေတာ္ ေတာ္မ်ားမ်ားက ေတာ့ျပန္ဝင္တယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။ အစည္းအ႐ုံးဝင္အျဖစ္ျပန္လည္ဝင္ ေရာက္လာသူမ်ားအတြင္း နာမည္ႀကီးသ႐ုပ္ေဆာင္၊ ဇာတ္ပို႔/ဇာတ္ရံ၊ ဒါ႐ိုက္တာ၊ ဇာတ္လမ္း၊ ဇာတ္òန္း မ်ားပါဝင္ ေၾကာင္း သိရသည္။
“နယ္စပ္ကိုျဖတ္ၿပီး မသြားတဲ့ လူမွန္သမွ်က ဒီထဲကျပန္ေရာက္လာၾကတာပါပဲ။ အကုန္ရွိတယ္။ သို႔ေသာ္ ကြၽန္ ေတာ္တို႔ကလည္း စိုေသာလက္ကို မေျခာက္ေစနဲ႔ သေဘာမ်ိဳးပါပဲ” ၎ကေျပာသည္။
႐ုပ္ရွင္အစည္းအ႐ုံးအဖြဲ႕ဝင္အျဖစ္မွ မိမိသေဘာဆႏၵအရ ႏုတ္ထြက္ခဲ့ေသာ အႏုပညာရွင္မ်ား၏ အမည္ စာရင္းကို (၂၀၂၁)ခုႏွစ္ ဇြန္လ (၁၅)ရက္ တြင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ထုတ္ျပန္ ေၾကညာခဲ့ေၾကာင္း သိရသည္။
အဆိုပါထုတ္ျပန္ေၾကညာခ်က္အတြင္း အလႊာအသီးသီးမွအႏုပညာရွင္မ်ားစြာပါဝင္ခဲ့ၿပီး ျပည္ပႏိုင္ငံမ်ားသို႔ ေရာက္ရွိေနသူမ်ားႏွင့္ လက္ရွိတြင္႐ုပ္ ရွင္အစည္းအ႐ုံးအဖြဲ႕ဝင္အျဖစ္ ျပန္လည္စာရင္း သြင္းကာ ျပည္တြင္း၌ အႏုပညာ အလုပ္မ်ား ဆက္လက္လုပ္ကိုင္ေနသူမ်ားလည္းရွိေနေၾကာင္း သိရသည္။
“အဲဒီဝင္လာတဲ့လူေတြကိုေတာ့ ခြင့္ျပဳ ေပးထားတယ္။ သို႔ေသာ္ ဒီလူေတြကိုေတာ့ ႐ုပ္ရွင္ အစည္းအ႐ုံးအေနနဲ႔ အမႈေဆာင္အဖြဲ႕မွာေတာ့ Record ရွိတယ္။ ဥပမာ တခ်ိဳ႕က သက္ႀကီးပူေဇာ္ ပြဲမွာလာေလွ်ာက္တယ္။ သက္ႀကီးပူ ေဇာ္ပြဲမွာ ကန္ေတာ့ခံမယ့္လူက ထင္ရွားတဲ့လူျဖစ္ရမယ္။ အမ်ား ၾကည္ညိဳေလးစားတဲ့လူျဖစ္ရမယ္။ ေနာက္ ျပစ္မႈျပစ္ ဒဏ္နဲ႔လြတ္ကင္းတဲ့လူျဖစ္ရမယ္ဆိုေတာ့ တခ်ိဳ႕က ဆင္ဆာဥပေဒခ်ိဳးေဖာက္တာေတြရွိတယ္။ အဲဒီဆင္ ဆာနဲ႔အေရး ယူခံရတာမ်ိဳးေတြရွိတယ္ဆိုရင္ သက္ႀကီးပူေဇာ္ပြဲမွာထည့္ၿပီးမစဥ္းစားေတာ့ဘူး။ အဲဒါက ေနာက္အမႈေဆာင္က အဆင့္ ဆင့္ဆုံးျဖတ္သြားမွာ”ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
လက္ရွိတြင္ ႐ုပ္ရွင္အစည္းအ႐ုံးဝင္အျဖစ္ ျပန္လည္ဝင္ေရာက္ေနသူမ်ားအတြင္း ခင္လႈိင္၊ တိုင္႐ြန္၊ ဆင္မ၊ ေနရဲ အစရွိေသာ သ႐ုပ္ေဆာင္တို႔သည္ ႐ုပ္ရွင္အစည္းအ႐ုံးမွ ႏုတ္ထြက္ခဲ့ဖူးေၾကာင္း အဆိုပါ အဖြဲ႕အစည္းက (၂၀၂၁)ခုႏွစ္ အတြင္း ထုတ္ျပန္ခဲ့ေသာစာအရ သိရသည္။