နိုင်ငံတော်မှ အ‌ကောင်အထည်ဖော်ဆောင်ရွက်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများမှာ ကန့်ကွက်မှုများ နှင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားရခြင်းများရှိခဲ့ဟု နစကဥက္ကဋ္ဌ ပြော

 812

ယွန်း (NP News) - ဇန်နဝါရီ ၁၂

နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများမှာ ကန့်ကွက်မှုများ နှင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားရခြင်းများရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ(၁၁)ရက်တွင် ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်မီးလိုအပ်ချက်များနှင့်ပတ်သက်၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ကြောင်း နစကဥက္ကဋ္ဌက အသိပေး ပြောထားသည်။
ထို့ပြင် နိုင်ငံတော်မှလည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သို့သော် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့် စွမ်းအားပြည့်ထုတ်လုပ်နိုင်မှုမရှိခြင်း၊ အကြမ်းဖက်သမားများ က လျှပ်စစ်ဓာတ်အားပေးစက်ရုံများ နှင့် တာဝါတိုင်များအားဖျက်ဆီးခြင်း နှင့် ဓာတ်ငွေ့များလုံလောက်စွာ မရရှိခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်မှ ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများမှာလည်း ကန့်ကွက်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်မှု ရပ်တန့်သွားရခြင်းများလည်းရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
(၂၀၀၅) ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက် ခြင်းစီမံကိန်းများ အောင်မြင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနေမည်ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း စီမံကိန်းများအား နည်းလမ်းအမျိုးမျိုး ဖြင့် အနှောင့်အယှက်ပေးခဲ့မှုများကြောင့် စီမံကိန်းများရပ်တန့်ခဲ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မိမိတို့တာဝန်ယူချိန်တွင် လျှပ်စစ်နှင့်ပတ်သက်၍ အခက်အခဲများရှိသဖြင့် အချိန်တိုအတွင်း အောင်မြင်ပြီးမြောက် နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို အားပေးဆောင်ရွက်ခဲ့ရာ အဆိုပါစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက်စွာရရှိလာနိုင်မည်ဖြစ်ကြောင်းလည်း အသိ‌ပေးထားသည်။

Zawgyi Version;
ႏိုင္ငံေတာ္မွ အ‌ေကာင္အထည္ေဖာ္ေဆာင္႐ြက္သည့္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားမွာ ကန႔္ကြက္မႈမ်ား ႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန႔္သြားရျခင္းမ်ားရွိခဲ့ဟု နစကဥကၠ႒ ေျပာ
ယြန္း (NP News) - ဇန္နဝါရီ ၁၂

ႏိုင္ငံေတာ္မွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သည့္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားမွာ ကန႔္ကြက္မႈမ်ား ႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန႔္သြားရျခင္းမ်ားရွိခဲ့ေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇန္နဝါရီ(၁၁)ရက္တြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး(MSME) လုပ္ငန္းရွင္မ်ားအား ျပင္ဦးလြင္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကုန္ထုတ္လုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ လွ်ပ္စစ္မီးလိုအပ္ခ်က္မ်ားႏွင့္ပတ္သက္၍ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို တစ္ပိုင္တစ္ႏိုင္ေဆာင္႐ြက္ႏိုင္ေၾကာင္း နစကဥကၠ႒က အသိေပး ေျပာထားသည္။
ထို႔ျပင္ ႏိုင္ငံေတာ္မွလည္း ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။
သို႔ေသာ္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားအေနျဖင့္ စြမ္းအားျပည့္ထုတ္လုပ္ႏိုင္မႈမရွိျခင္း၊ အၾကမ္းဖက္သမားမ်ား က လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ား ႏွင့္ တာဝါတိုင္မ်ားအားဖ်က္ဆီးျခင္း ႏွင့္ ဓာတ္ေငြ႕မ်ားလုံေလာက္စြာ မရရွိျခင္းတို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ လွ်ပ္စစ္ဓာတ္အားျပည့္ဝစြာ ျဖန႔္ျဖဴးေပးရန္အတြက္ အခက္အခဲမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံေတာ္မွ ရည္မွန္းခ်က္ထား အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားေပး စက္႐ုံစီမံကိန္းမ်ားမွာလည္း ကန႔္ကြက္မႈမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လုပ္ငန္းအေကာင္အထည္ ေဖာ္ေဆာင္မႈ ရပ္တန႔္သြားရျခင္းမ်ားလည္းရွိေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။
(၂၀၀၅) ခုႏွစ္မွ စတင္၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့သည့္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္ ျခင္းစီမံကိန္းမ်ား ေအာင္ျမင္ခဲ့မည္ဆိုပါက ယခုအခ်ိန္တြင္ မိမိတို႔ႏိုင္ငံအေနျဖင့္ လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာ ရရွိေနမည္ျဖစ္ေသာ္လည္း လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံတည္ေဆာက္ျခင္း စီမံကိန္းမ်ားအား နည္းလမ္းအမ်ိဳးမ်ိဳး ျဖင့္ အေႏွာင့္အယွက္ေပးခဲ့မႈမ်ားေၾကာင့္ စီမံကိန္းမ်ားရပ္တန႔္ခဲ့ရေၾကာင္း နစကဥကၠ႒က ေျပာသည္။
မိမိတို႔တာဝန္ယူခ်ိန္တြင္ လွ်ပ္စစ္ႏွင့္ပတ္သက္၍ အခက္အခဲမ်ားရွိသျဖင့္ အခ်ိန္တိုအတြင္း ေအာင္ျမင္ၿပီးေျမာက္ ႏိုင္သည့္ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္း စီမံကိန္းမ်ားကို အားေပးေဆာင္႐ြက္ခဲ့ရာ အဆိုပါစီမံကိန္းမ်ား ေအာင္ျမင္ၿပီးစီးပါက လွ်ပ္စစ္မီးမ်ား လုံေလာက္စြာရရွိလာႏိုင္မည္ျဖစ္ေၾကာင္းလည္း အသိ‌ေပးထားသည္။

Related news

© 2021. All rights reserved.