စစ်ပွဲအတွင်း ရုရှားက ပဲ့ထိန်းဗုံးအလုံး (၅၀ဝဝဝ)ကျော် အသုံးပြုခဲ့ကြောင်း ယူကရိန်းပြော

 247

Pika (NP News) - ဇန်နဝါရီ ၁၂

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည့် အချိန်(၃)နှစ်နီးပါးကာလအတွင်း ရုရှားက ယူကရိန်းကို ပဲ့ထိန်းဗုံးအလုံးရေ (၅၁၀ဝဝ)ကျော်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်တပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။ ပဲ့ထိန်းဗုံး များသည် အဖျက်စွမ်းအားကြီးမားပြီး ကြားဖြတ်ဟန့်တားရန် ခက်ခဲသည့်ဗုံးများဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါပဲ့ထိန်းဗုံးများသည် ၎င်းတို့၏ အကွာအဝေးနှင့် တိကျမှုကို တိုးချဲ့ရန်အတွက် ဂြိုဟ်တုအကူအညီဖြင့် လမ်းကြောင်းပြမှုများနှင့် အတောင်ပံများတပ်ဆင်ထားသော သမားရိုးကျ လက်နက်များဖြစ်ကြောင်းလည်း သိရသည်။ ပဲ့ထိန်းဗုံးများသည် ရုရှားက ယူကရိန်းကို ပုံမှန်ပစ်ခတ် တိုက်ခိုက်နေကျ ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည် တို့ထက် ပိုမိုဈေးပေါပြီး အလွန်ပေါများကြောင်းလည်း သိရသည်။
ထို့ပြင် ၎င်းတို့၏ အဖျက်စွမ်းအားသည် ခိုင်ခိုင်မာမာ တည်ဆောက်ထားသော ယူကရိန်းခံ စစ်နေရာများကိုပင် ပြင်းပြင်းထန်ထန်ဖျက်ဆီးပစ်နိုင်ကြောင်း ရုရှားဘက်က ပြောဆိုထားသည်။ (၂၀၂၄)ခုနှစ်အတွင်း ရုရှားသည် ယူကရိန်းကို ပဲ့ထိန်းဗုံး (၄၀ဝဝဝ)ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း လေတပ်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် ရှေ့တန်းစစ်မြေမျက်နှာပြင်နှင့် နီးကပ်သောဒေသများအပြင် ရုရှားနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် နေရာများသည် အဆိုပါပဲ့ထိန်းဗုံးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကိုခံနေရကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ဇန်နဝါရီလ(၈)ရက်တွင် ရုရှားသည် ယူကရိန်းနိုင်ငံ ဇာပိုရိုဇီရာမြို့ကို ပဲ့ထိန်းဗုံးနှစ်လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ(၁၃)ဦး သေဆုံးခဲ့ပြီး အခြားလူ(၁၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Zawgyi Version;
စစ္ပြဲအတြင္း ႐ုရွားက ပဲ့ထိန္းဗုံးအလုံး (၅၀ဝဝဝ)ေက်ာ္ အသုံးျပဳခဲ့ေၾကာင္း ယူကရိန္းေျပာ
Pika (NP News) - ဇန္နဝါရီ ၁၂

႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့သည့္ အခ်ိန္(၃)ႏွစ္နီးပါးကာလအတြင္း ႐ုရွားက ယူကရိန္းကို ပဲ့ထိန္းဗုံးအလုံးေရ (၅၁၀ဝဝ)ေက်ာ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း ယူကရိန္းေလတပ္တပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ပဲ့ထိန္းဗုံး မ်ားသည္ အဖ်က္စြမ္းအားႀကီးမားၿပီး ၾကားျဖတ္ဟန႔္တားရန္ ခက္ခဲသည့္ဗုံးမ်ားျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါပဲ့ထိန္းဗုံးမ်ားသည္ ၎တို႔၏ အကြာအေဝးႏွင့္ တိက်မႈကို တိုးခ်ဲ႕ရန္အတြက္ ၿဂိဳဟ္တုအကူအညီျဖင့္ လမ္းေၾကာင္းျပမႈမ်ားႏွင့္ အေတာင္ပံမ်ားတပ္ဆင္ထားေသာ သမား႐ိုးက် လက္နက္မ်ားျဖစ္ေၾကာင္းလည္း သိရသည္။ ပဲ့ထိန္းဗုံးမ်ားသည္ ႐ုရွားက ယူကရိန္းကို ပုံမွန္ပစ္ခတ္ တိုက္ခိုက္ေနက် ပဲ့ထိန္းဒုံးက်ည္၊ ခ႐ုဇ္ဒုံးက်ည္ တို႔ထက္ ပိုမိုေဈးေပါၿပီး အလြန္ေပါမ်ားေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ၎တို႔၏ အဖ်က္စြမ္းအားသည္ ခိုင္ခိုင္မာမာ တည္ေဆာက္ထားေသာ ယူကရိန္းခံ စစ္ေနရာမ်ားကိုပင္ ျပင္းျပင္းထန္ထန္ဖ်က္ဆီးပစ္ႏိုင္ေၾကာင္း ႐ုရွားဘက္က ေျပာဆိုထားသည္။ (၂၀၂၄)ခုႏွစ္အတြင္း ႐ုရွားသည္ ယူကရိန္းကို ပဲ့ထိန္းဗုံး (၄၀ဝဝဝ)ျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း ယူကရိန္း ေလတပ္က ထုတ္ျပန္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္ႏွင့္ နီးကပ္ေသာေဒသမ်ားအျပင္ ႐ုရွားႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ေနရာမ်ားသည္ အဆိုပါပဲ့ထိန္းဗုံးမ်ားျဖင့္ ပစ္မွတ္ထားတိုက္ခိုက္မႈကိုခံေနရေၾကာင္း ယူကရိန္းအစိုးရ တာဝန္ရွိသူ မ်ားက ေျပာၾကားခဲ့သည္။ ဇန္နဝါရီလ(၈)ရက္တြင္ ႐ုရွားသည္ ယူကရိန္းႏိုင္ငံ ဇာပို႐ိုဇီရာၿမိဳ႕ကို ပဲ့ထိန္းဗုံးႏွစ္လုံး ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အနည္းဆုံးလူ(၁၃)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၁၁၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ယူကရိန္းတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.