ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို အစ္စရေးဝန်ကြီးချုပ် မတက်ရောက်နိုင်တော့
168
Pika (NP News) - ဇန်နဝါရီ ၁၂
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ယခုဇန်နဝါရီလတွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်၏အကြီးတန်း လက်ထောက်၏ပြောကြားချက်များကို ကိုးကားပြီး Times of Israel သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ဒေါ်နယ်ထရမ့်သည် လာမည့်ဇန်နဝါရီလ (၂၀)ရက်တွင် ဝါရှင်တန်ဒီစီမြို့ရှိ လွှတ်တော် အဆောက်အအုံ တွင် အမေရိကန်၏(၄၇)ယောက်မြောက်သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်သည်။ နေတန်ရာဟုသည် ယခင်က ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် မျှော်လင့်ထားကြောင်း လည်း သိရသည်။
သို့သော်လည်း ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်ရောက်ရန်ခရီးစဉ်ကို ဘာကြောင့် ဖျက်သိမ်းရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ၎င်း၏အကြီးတန်းလက်ထောက်က ထုတ်ဖော်ပြော ဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ အချို့သောမီဒီယာများက နေတန်ရာဟုသည် ဆီးကျိတ်ခွဲထားရခြင်း ကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း အနားယူရန်အတွက် အကြံပေးထားမှုများနှင့်အတူ အဆိုပါခရီးစဉ်ကို ဖျက်သိမ်း ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် ဖျက်သိမ်းလိုက်သောအဆိုပါခရီးစဉ်သည် နိုင်ငံတကာရာဇဝတ်တရားရုံးက နေတန်ရာဟုနှင့် ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက်ပိုင်း နေတန်ရာဟု၏ ပထမဆုံးပြည်ပ ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် အစ္စရေးသည် လူမျိုးတုံးသတ် ဖြတ်မှုဆိုင်ရာအမှုကို နိုင်ငံတကာရာဇဝတ်တရားရုံးတွင် ရင်ဆိုင်နေ ရကြောင်းလည်း သိရသည်။ သို့သော်လည်း နိုင်ငံတကာရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းနှင့် အခြေအမြစ်မရှိသော စွပ်စွဲပြောဆိုချက်များကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း အစ္စရေးအစိုးရက ပြန်လည်တုံ့ပြန်ပြောဆိုထားသည်။
Zawgyi Version;
ေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲကို အစၥေရးဝန္ႀကီးခ်ဳပ္ မတက္ေရာက္ႏိုင္ေတာ့
Pika (NP News) - ဇန္နဝါရီ ၁၂
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ယခုဇန္နဝါရီလတြင္က်င္းပမည့္ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲသို႔ တက္ေရာက္မည္မဟုတ္ေၾကာင္း ဝန္ႀကီးခ်ဳပ္၏အႀကီးတန္း လက္ေထာက္၏ေျပာၾကားခ်က္မ်ားကို ကိုးကားၿပီး Times of Israel သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။
ေဒၚနယ္ထရမ့္သည္ လာမည့္ဇန္နဝါရီလ (၂၀)ရက္တြင္ ဝါရွင္တန္ဒီစီၿမိဳ႕ရွိ လႊတ္ေတာ္ အေဆာက္အအုံ တြင္ အေမရိကန္၏(၄၇)ေယာက္ေျမာက္သမၼတအျဖစ္ တရားဝင္က်မ္းသစၥာက်ိန္ဆိုသြားမည္ျဖစ္သည္။ ေနတန္ရာဟုသည္ ယခင္က ေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲသို႔ တက္ေရာက္ရန္ ေမွ်ာ္လင့္ထားေၾကာင္း လည္း သိရသည္။
သို႔ေသာ္လည္း ေဒၚနယ္ထရမ့္၏ က်မ္းသစၥာက်ိန္ဆိုပြဲသို႔တက္ေရာက္ရန္ခရီးစဥ္ကို ဘာေၾကာင့္ ဖ်က္သိမ္းရသည္ဆိုသည့္ အေသးစိတ္အခ်က္အလက္မ်ားကို ၎၏အႀကီးတန္းလက္ေထာက္က ထုတ္ေဖာ္ေျပာ ဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။ အခ်ိဳ႕ေသာမီဒီယာမ်ားက ေနတန္ရာဟုသည္ ဆီးက်ိတ္ခြဲထားရျခင္း ေၾကာင့္ လုပ္ထုံးလုပ္နည္းအတိုင္း အနားယူရန္အတြက္ အႀကံေပးထားမႈမ်ားႏွင့္အတူ အဆိုပါခရီးစဥ္ကို ဖ်က္သိမ္း ခဲ့ျခင္းျဖစ္ေၾကာင္း ေရးသားေဖာ္ျပထားသည္။
ထို႔ျပင္ ဖ်က္သိမ္းလိုက္ေသာအဆိုပါခရီးစဥ္သည္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးက ေနတန္ရာဟုႏွင့္ ကာကြယ္ေရးဝန္ႀကီး Yoav Gallant တို႔ကို ဖမ္းဝရမ္းထုတ္ခဲ့ၿပီးေနာက္ပိုင္း ေနတန္ရာဟု၏ ပထမဆုံးျပည္ပ ခရီးစဥ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ အစၥေရးသည္ လူမ်ိဳးတုံးသတ္ ျဖတ္မႈဆိုင္ရာအမႈကို ႏိုင္ငံတကာရာဇဝတ္တရား႐ုံးတြင္ ရင္ဆိုင္ေန ရေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ႏိုင္ငံတကာရာဇဝတ္တရား႐ုံး၏ ဖမ္းဝရမ္းႏွင့္ အေျခအျမစ္မရွိေသာ စြပ္စြဲေျပာဆိုခ်က္မ်ားကို အသိအမွတ္ျပဳမည္မဟုတ္ေၾကာင္း အစၥေရးအစိုးရက ျပန္လည္တုံ႔ျပန္ေျပာဆိုထားသည္။