နယ်နိမိတ်ချိုးဖောက်မှုဆိုင်ရာမူက နိုင်ငံတိုင်းနဲ့သက်ဆိုင်ကြောင်း ဂျာမန်အဓိပတိပြော
106
Pika (NP News) - ဇန်နဝါရီ ၁၂
အချုပ်အခြာအာဏာပိုင်နယ်နိမိတ် အခြေခံသဘောတရားတွေကို ကာကွယ်ရမယ်လို့ ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးလ်က ဇန်နဝါရီလ(၁၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂရင်းလန်းကျွန်းနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း တစ်ရက်အကြာမှာ အိုလက်ဖ်ရှိုးလ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အိုလက်ဖ်ရှိုးလ်က “နယ်နိမိတ်ချိုးဖောက်ခြင်း ဆိုင်ရာမူဟာ အရှေ့မှာပဲဖြစ်ဖြစ် အနောက်မှာပဲဖြစ်ဖြစ် နိုင်ငံတိုင်းနဲ့ သက်ဆိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ရုရှားရဲ့ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကို ရည်ညွှန်းပြီး အိုလက်ဖ်ရှိုးလ်က ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ အိုလက်ဖ်ရှိုးလ်က “ဒါက သေးငယ်တဲ့နိုင်ငံပဲဖြစ်ဖြစ် ကြီးမားပြီး အင်အားကြီးတဲ့နိုင်ငံပဲဖြစ်ဖြစ် နိုင်ငံတိုင်းက လိုက်နာရမယ့် အခြေခံသဘောတရားတစ်ခုပါ။ ဘယ်နိုင်ငံကမှ အခြားအင်အားကြီးနိုင်ငံတွေကို ကြောက်စရာမလိုပါဘူး။ ဒါက အနောက်တိုင်းတန်ဖိုးလို့ ကျွန်တော်တို့ခေါ်ဆိုတဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ” လို့ ပြောခဲ့ပါတယ်။
ဂရင်းလန်းကျွန်းနဲ့ ပနားမားတူးမြောင်းတို့ဟာ အရေးပါပြီး အမေရိကန်ရဲ့ထိန်းချုပ်မှုကို မရှိမဖြစ်လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့မှုနဲ့အတူ ယခုလိုပြောဆိုချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လည်း အမေရိကန်ဟာ ဂရင်းလန်းကျွန်းမှာ ၎င်းရဲ့လက်ရှိစစ်အင်အားကို တိုးမြှင့်ဖို့အစီအစဉ်တွေ မရှိဘူးလို့လည်း အမေရိကန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Zawgyi Version;
နယ္နိမိတ္ခ်ိဳးေဖာက္မႈဆိုင္ရာမူက ႏိုင္ငံတိုင္းနဲ႔သက္ဆိုင္ေၾကာင္း ဂ်ာမန္အဓိပတိေျပာ
Pika (NP News) - ဇန္နဝါရီ ၁၂
အခ်ဳပ္အျခာအာဏာပိုင္နယ္နိမိတ္ အေျခခံသေဘာတရားေတြကို ကာကြယ္ရမယ္လို႔ ဂ်ာမန္အဓိပတိ အိုလက္ဖ္ရႈိးလ္က ဇန္နဝါရီလ(၁၁)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဂရင္းလန္းကြၽန္းနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္း တစ္ရက္အၾကာမွာ အိုလက္ဖ္ရႈိးလ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အိုလက္ဖ္ရႈိးလ္က “နယ္နိမိတ္ခ်ိဳးေဖာက္ျခင္း ဆိုင္ရာမူဟာ အေရွ႕မွာပဲျဖစ္ျဖစ္ အေနာက္မွာပဲျဖစ္ျဖစ္ ႏိုင္ငံတိုင္းနဲ႔ သက္ဆိုင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
႐ုရွားရဲ႕ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈကို ရည္ၫႊန္းၿပီး အိုလက္ဖ္ရႈိးလ္က ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။ အိုလက္ဖ္ရႈိးလ္က “ဒါက ေသးငယ္တဲ့ႏိုင္ငံပဲျဖစ္ျဖစ္ ႀကီးမားၿပီး အင္အားႀကီးတဲ့ႏိုင္ငံပဲျဖစ္ျဖစ္ ႏိုင္ငံတိုင္းက လိုက္နာရမယ့္ အေျခခံသေဘာတရားတစ္ခုပါ။ ဘယ္ႏိုင္ငံကမွ အျခားအင္အားႀကီးႏိုင္ငံေတြကို ေၾကာက္စရာမလိုပါဘူး။ ဒါက အေနာက္တိုင္းတန္ဖိုးလို႔ ကြၽန္ေတာ္တို႔ေခၚဆိုတဲ့ အဓိကအစိတ္အပိုင္းတစ္ခုပါ” လို႔ ေျပာခဲ့ပါတယ္။
ဂရင္းလန္းကြၽန္းနဲ႔ ပနားမားတူးေျမာင္းတို႔ဟာ အေရးပါၿပီး အေမရိကန္ရဲ႕ထိန္းခ်ဳပ္မႈကို မရွိမျဖစ္လိုအပ္တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့မႈနဲ႔အတူ ယခုလိုေျပာဆိုခ်က္ေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ လည္း အေမရိကန္ဟာ ဂရင္းလန္းကြၽန္းမွာ ၎ရဲ႕လက္ရွိစစ္အင္အားကို တိုးျမႇင့္ဖို႔အစီအစဥ္ေတြ မရွိဘူးလို႔လည္း အေမရိကန္အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။