အစ္စရေးဝန်ကြီးချုပ်က ဓါးစာခံတွေလွှတ်ပေးရေးသဘောတူညီချက်အတွက် ကာတာကို ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်

 225

Pika (NP News) - ဇန်နဝါရီ ၁၂

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဓားစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်အတွက် ကာတာနိုင်ငံကို အကြီးတန်းအရာရှိ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့တယ် လို့ ၎င်းရဲ့ရုံးက ဇန်နဝါရီလ(၁၁)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နေတန်ရာဟုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ကိုယ်စားလှယ်တစ်ဦး၊ အစ္စရေးအကြီးတန်းအရာရှိတွေ၊ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ရဲ့အရှေ့အလယ်ပိုင်းဒေသသံတမန် စတိဗ်ဝစ်ကော့ဗ်တို့တဲ့ ဂျေရုဆလင်မြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးအပြီးမှာ မော့ဆက်သူလျှိုအေဂျင်စီနဲ့ Shin Bet လုံခြုံရေးအေဂျင်စီအကြီးအကဲတွေအပြင် ဗိုလ်ချုပ်ကြီး Nitzan Alon နဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး Ophir Falk တို့ကို ဓါးစာခံတွေ လွှတ်ပေးရေး သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်ဖို့အတွက် ကာတာနိုင်ငံ ဒိုဟာမြို့ကိုထွက်ခွာကြဖို့ နေတတ်ရာဟုက အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံဟာ ဓါးစာခံတွေလွှတ်ပေးရေးနဲ့ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးအတွက် ကာတာ၊ အီဂျစ်နိုင်ငံတို့နဲ့အတူ ကြားဝင်စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ အချိန်(၁)နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီထုတ်ပြန်ချက်ကို ဓါးစာခံတွေနဲ့ပျောက်ဆုံးနေတဲ့မိသားစုတွေဖိုရမ်က ကြိုဆို ခဲ့တယ်လို့လည်း သိရပါတယ်။
အစ္စရေးအစိုးရရဲ့ထုတ်ပြန်ချက်မှာ “ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေအားလုံး ပြန်လည် လွတ်မြောက်လာဖို့အတွက် သေချာတဲ့သဘောတူညီချက်တစ်ခုကို ရရှိအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version;
အစၥေရးဝန္ႀကီးခ်ဳပ္က ဓါးစာခံေတြလႊတ္ေပးေရးသေဘာတူညီခ်က္အတြက္ ကာတာကို ကိုယ္စားလွယ္အဖြဲ႕ တစ္ဖြဲ႕ေစလႊတ္
Pika (NP News) - ဇန္နဝါရီ ၁၂

အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုဟာ ဓားစာခံေတြ ျပန္လႊတ္ေပးေရးနဲ႔ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲ ေရးသေဘာတူညီခ်က္အတြက္ ကာတာႏိုင္ငံကို အႀကီးတန္းအရာရွိ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္ခဲ့တယ္ လို႔ ၎ရဲ႕႐ုံးက ဇန္နဝါရီလ(၁၁)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေနတန္ရာဟုဟာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ ကိုယ္စားလွယ္တစ္ဦး၊ အစၥေရးအႀကီးတန္းအရာရွိေတြ၊ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ရဲ႕အေရွ႕အလယ္ပိုင္းေဒသသံတမန္ စတိဗ္ဝစ္ေကာ့ဗ္တို႔တဲ့ ေဂ်႐ုဆလင္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၾကတယ္လို႔ သိရပါတယ္။
အစည္းအေဝးအၿပီးမွာ ေမာ့ဆက္သူလွ်ိဳေအဂ်င္စီနဲ႔ Shin Bet လုံၿခဳံေရးေအဂ်င္စီအႀကီးအကဲေတြအျပင္ ဗိုလ္ခ်ဳပ္ႀကီး Nitzan Alon နဲ႔ ႏိုင္ငံျခားေရးမူဝါဒအႀကံေပး Ophir Falk တို႔ကို ဓါးစာခံေတြ လႊတ္ေပးေရး သေဘာတူညီခ်က္ကို ဆက္လက္လုပ္ေဆာင္ဖို႔အတြက္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ကိုထြက္ခြာၾကဖို႔ ေနတတ္ရာဟုက အမိန္႔ေပးခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္ႏိုင္ငံဟာ ဓါးစာခံေတြလႊတ္ေပးေရးနဲ႔ ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးအတြက္ ကာတာ၊ အီဂ်စ္ႏိုင္ငံတို႔နဲ႔အတူ ၾကားဝင္ေစ့စပ္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတာ အခ်ိန္(၁)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီထုတ္ျပန္ခ်က္ကို ဓါးစာခံေတြနဲ႔ေပ်ာက္ဆုံးေနတဲ့မိသားစုေတြဖိုရမ္က ႀကိဳဆို ခဲ့တယ္လို႔လည္း သိရပါတယ္။
အစၥေရးအစိုးရရဲ႕ထုတ္ျပန္ခ်က္မွာ “ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြအားလုံး ျပန္လည္ လြတ္ေျမာက္လာဖို႔အတြက္ ေသခ်ာတဲ့သေဘာတူညီခ်က္တစ္ခုကို ရရွိေအာင္ ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.