ဂရင်းလန်းကျွန်းက လွတ်လပ်ရေးကို လိုလားတယ်လို့ ဂရင်းလန်းဝန်ကြီးချုပ်ပြော
449
Pika (NP News) - ဇန်နဝါရီ ၁၂
ဒိန်းမတ်နိုင်ငံဆီကနေ လွတ်လပ်ရေးရယူဖို့ ဂရင်းလန်းကျွန်းရဲ့ရည်မှန်းချက်ကို ဂရင်းလန်းဝန်ကြီးချုပ်မြု့တ် အက်ဒီက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဂရင်းလန်းကျွန်းပြည်သူတွေဟာ ဒိန်းမတ်နိုင်ငံသား ဒါမှမဟုတ် အမေရိကန် နိုင်ငံသား မဖြစ်လိုကြဘူးလို့ မြု့တ်အက်ဒီက ထပ်မံပြောကြားခဲ့ပါတယ်။
မြု့တ်အက်ဒိဟာ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒဲရစ်ဆန်နဲ့ ကိုပင်ဟေဂင်မြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလို မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ကမ္ဘာ့အကြီးဆုံးကျွန်းကို ရယူလိုတဲ့ဆန္ဒတွေကို ထပ်ခါတလဲလဲ ထုတ်ဖော်ပြသခဲ့တဲ့ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ မြု့တ်အက်ဒီက ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မြု့တ်အက်ဒီဟာ လွတ်လပ်ရေးအတွက် ဂရင်းလန်းကျွန်းရဲ့ကြိုးပမ်းမှုနဲ့ အမေရိကန်ဒါမှမဟုတ် ဒိန်းမတ်နိုင်ငံတို့ရဲ့အုပ်ချုပ်မှုကို ဂရင်းလန်းပြည်သူတွေက မလိုလားကြဘူးဆိုတာကို ထပ်မံပြောကြားခဲ့တယ်လို့ လည်း သိရပါတယ်။
မြု့တ်အက်ဒီက “ဂရင်းလန်းကျွန်းဟာ ဂရင်းလန်းလူမျိုးတွေအတွက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ဒိန်းမတ် နိုင်ငံသားရော၊ အမေရိကန်နိုင်ငံသားရောမဖြစ်ချင်ကြပါဘူး။ လွတ်လပ်ရေးရလိုမှု၊ ကိုယ့်အိမ်မှာ နေချင်တဲ့ဆန္ဒကို ကမ္ဘာပေါ်မှာရှိတဲ့လူအားလုံးက နားလည်နိုင်ပါလိမ့်မယ်။ လွတ်လပ်ရေးအတွက် မဲခွဲဆုံးဖြတ်မှုက မကြာခင် အချိန်အတွင်း ရောက်လာတော့မှာပါ” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
ဂရင္းလန္းကြၽန္းက လြတ္လပ္ေရးကို လိုလားတယ္လို႔ ဂရင္းလန္းဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဇန္နဝါရီ ၁၂
ဒိန္းမတ္ႏိုင္ငံဆီကေန လြတ္လပ္ေရးရယူဖို႔ ဂရင္းလန္းကြၽန္းရဲ႕ရည္မွန္းခ်က္ကို ဂရင္းလန္းဝန္ႀကီးခ်ဳပ္ျမဳ႕တ္ အက္ဒီက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဂရင္းလန္းကြၽန္းျပည္သူေတြဟာ ဒိန္းမတ္ႏိုင္ငံသား ဒါမွမဟုတ္ အေမရိကန္ ႏိုင္ငံသား မျဖစ္လိုၾကဘူးလို႔ ျမဳ႕တ္အက္ဒီက ထပ္မံေျပာၾကားခဲ့ပါတယ္။
ျမဳ႕တ္အက္ဒိဟာ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီဖရက္ဒဲရစ္ဆန္နဲ႔ ကိုပင္ေဟဂင္ၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလို မွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ကမာၻ႔အႀကီးဆုံးကြၽန္းကို ရယူလိုတဲ့ဆႏၵေတြကို ထပ္ခါတလဲလဲ ထုတ္ေဖာ္ျပသခဲ့တဲ့ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ ျမဳ႕တ္အက္ဒီက ေျပာၾကားခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ျမဳ႕တ္အက္ဒီဟာ လြတ္လပ္ေရးအတြက္ ဂရင္းလန္းကြၽန္းရဲ႕ႀကိဳးပမ္းမႈနဲ႔ အေမရိကန္ဒါမွမဟုတ္ ဒိန္းမတ္ႏိုင္ငံတို႔ရဲ႕အုပ္ခ်ဳပ္မႈကို ဂရင္းလန္းျပည္သူေတြက မလိုလားၾကဘူးဆိုတာကို ထပ္မံေျပာၾကားခဲ့တယ္လို႔ လည္း သိရပါတယ္။
ျမဳ႕တ္အက္ဒီက “ဂရင္းလန္းကြၽန္းဟာ ဂရင္းလန္းလူမ်ိဳးေတြအတြက္ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က ဒိန္းမတ္ ႏိုင္ငံသားေရာ၊ အေမရိကန္ႏိုင္ငံသားေရာမျဖစ္ခ်င္ၾကပါဘူး။ လြတ္လပ္ေရးရလိုမႈ၊ ကိုယ့္အိမ္မွာ ေနခ်င္တဲ့ဆႏၵကို ကမာၻေပၚမွာရွိတဲ့လူအားလုံးက နားလည္ႏိုင္ပါလိမ့္မယ္။ လြတ္လပ္ေရးအတြက္ မဲခြဲဆုံးျဖတ္မႈက မၾကာခင္ အခ်ိန္အတြင္း ေရာက္လာေတာ့မွာပါ” လို႔ ေျပာခဲ့ပါတယ္။