လောအိန်ဂျယ်လိစ့် တောမီးကြောင့် သေဆုံးသူ ထပ်မံမြင့်တက်လာပြီး ၁၃ ဦး ပျောက်ဆုံး
382
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂
အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ လောင်ကျွမ်းလျက်ရှိနေတဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်မြင့်တက်လာခဲ့ပြီး ၁၆ ဦးသေဆုံးခဲ့ကာ ၁၃ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ မြို့အရှေ့ပိုင်းအစွန်မှာ မီးလောင်ကျွမ်းမှုကြောင့် သုံးပုံတစ်ပုံအထိပျက်စီး ဆုံးရှုံးခဲ့တယ်လို့ အမေရိကန်အာဏာပိုင်များက ပြောပါတယ်။
မီးကူးစက်မှုကို ရပ်တန်ဖို့ မီးငြိမ်းနိုင်မယ့် ဓါတုဆေးရည်တွေကို ကြိုတင်ပက်ဖြန်းနေရပါတယ်။တောမီးဟာ လောအိန်ဂျယ်စ့်ပြည်နယ်အတွင်းရှိနေရာ လေးခုမှာ လောင်ကျွမ်းနေတာဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဧက သောင်းချီ ထိခိုက်ပျက်စီးထားရပြီဖြစ်ပါတယ်။
မီးလောင်ကျွမ်းနေချိန်မှာ လေတိုက်နှုန်း တည်ငြိမ်နေမယ် မီးသတ်သမားတွေ မီးသတ်မယ့် လုပ်ငန်းတွေကို အကောင်းဆုံးလုပ်ကိုင်နိုင်ဖွယ်ရှိနေပါတယ်။ တောမီးဟာ ဒီဇင်ဘာ ၆ ရက်နောက်ပိုင်းကတည်းက လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆောက်အဦးအပေါင်း တစ်သောင်းကျော်မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
တောမီးကြာင့် လူပေါင်းထောင်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင်တွေလည်း တောမီးကြောင့် အိမ်များ ဆုံးရှုံးခဲ့ရပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှံးမှုဟာ ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ တောမီးကို ထိန်းချုပ်နိုင်အောင် မီးသတ်သမား ရာချီအသုံးပြုပြီး မြေပြင်နဲ့ ဝေဟင်တွေကနေ မီးငြိမ်းသတ်နိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လောအိန်ဂျယ်လိစ့် မြို့တော်ဝန်က မီးငြိမ်းသတ်နိုင်အောင် အရာရာတိုင်းလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။
တောမီးကြောင့် လော့အိန်ဂျယ်လိစ့်မြို့မှာ အမေရိကန်ဒေါ်လာ ဘီလျံချီ ထိခိုက်ပျက်စီးခဲ့ပြီး
အာမခံလုပ်ငန်းကုမ္ပဏီတွေကို စိုးရိမ်မှုမြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ေလာအိန္ဂ်ယ္လိစ့္ ေတာမီးေၾကာင့္ ေသဆုံးသူ ထပ္မံျမင့္တက္လာၿပီး ၁၃ ဦး ေပ်ာက္ဆုံး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၂
အေမရိကန္ႏိုင္ငံ ေလာ့အိန္ဂ်ယ္လိစ့္ၿမိဳ႕ အေရွ႕ပိုင္းနဲ႔ အေနာက္ပိုင္းမွာ ေလာင္ကြၽမ္းလ်က္ရွိေနတဲ့ ေတာမီးေၾကာင့္ ေသဆုံးသူအေရအတြက္ျမင့္တက္လာခဲ့ၿပီး ၁၆ ဦးေသဆုံးခဲ့ကာ ၁၃ဦး ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။ ၿမိဳ႕အေရွ႕ပိုင္းအစြန္မွာ မီးေလာင္ကြၽမ္းမႈေၾကာင့္ သုံးပုံတစ္ပုံအထိပ်က္စီး ဆုံးရႈံးခဲ့တယ္လို႔ အေမရိကန္အာဏာပိုင္မ်ားက ေျပာပါတယ္။
မီးကူးစက္မႈကို ရပ္တန္ဖို႔ မီးၿငိမ္းႏိုင္မယ့္ ဓါတုေဆးရည္ေတြကို ႀကိဳတင္ပက္ျဖန္းေနရပါတယ္။ေတာမီးဟာ ေလာအိန္ဂ်ယ္စ့္ျပည္နယ္အတြင္းရွိေနရာ ေလးခုမွာ ေလာင္ကြၽမ္းေနတာျဖစ္ၿပီး မီးေလာင္ကြၽမ္းမႈေၾကာင့္ ဧက ေသာင္းခ်ီ ထိခိုက္ပ်က္စီးထားရၿပီျဖစ္ပါတယ္။
မီးေလာင္ကြၽမ္းေနခ်ိန္မွာ ေလတိုက္ႏႈန္း တည္ၿငိမ္ေနမယ္ မီးသတ္သမားေတြ မီးသတ္မယ့္ လုပ္ငန္းေတြကို အေကာင္းဆုံးလုပ္ကိုင္ႏိုင္ဖြယ္ရွိေနပါတယ္။ ေတာမီးဟာ ဒီဇင္ဘာ ၆ ရက္ေနာက္ပိုင္းကတည္းက ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး အေဆာက္အဦးအေပါင္း တစ္ေသာင္းေက်ာ္မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရပါတယ္။
ေတာမီးၾကာင့္ လူေပါင္းေထာင္ခ်ီ အိုးအိမ္မဲ့ျဖစ္ခဲ့ရၿပီး ကမာၻေက်ာ္႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြလည္း ေတာမီးေၾကာင့္ အိမ္မ်ား ဆုံးရႈံးခဲ့ရပါတယ္။
ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရွံးမႈဟာ ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ေတာမီးကို ထိန္းခ်ဳပ္ႏိုင္ေအာင္ မီးသတ္သမား ရာခ်ီအသုံးျပဳၿပီး ေျမျပင္နဲ႔ ေဝဟင္ေတြကေန မီးၿငိမ္းသတ္ႏိုင္ေအာင္ႀကိဳးပမ္းခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ မီးၿငိမ္းသတ္ႏိုင္ျခင္းမရွိဘဲ ႐ုန္းကန္ေနရဆဲျဖစ္တယ္လို႔ ဆိုပါတယ္။
ေလာအိန္ဂ်ယ္လိစ့္ ၿမိဳ႕ေတာ္ဝန္က မီးၿငိမ္းသတ္ႏိုင္ေအာင္ အရာရာတိုင္းလုပ္ေဆာင္သြားမယ္လို႔ေျပာပါတယ္။
ေတာမီးေၾကာင့္ ေလာ့အိန္ဂ်ယ္လိစ့္ၿမိဳ႕မွာ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ ထိခိုက္ပ်က္စီးခဲ့ၿပီး
အာမခံလုပ္ငန္းကုမၸဏီေတြကို စိုးရိမ္မႈျမင့္တက္ေစခဲ့တယ္လို႔ သိရပါတယ္။