Squid Game ၊ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး နှင့် ညီအစ်ကိုတော်များနေအိမ် ချွေးတပ်

 3197

Htay Oung (NP News) - ဇန်နဝါရီ ၁၄

တောင်ကိုရီးယားနိုင်ငံရုပ်ရှင် Squid Game ဇာတ်လမ်းတွဲဟာ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ကမ္ဘာအရပ်ရပ်တိုင်အောင် နာမည်ကြီး လူကြိုက်များ လှပါတယ်။ ငွေကြေးအကျပ်အတည်းဖြစ်နေသူ (၄၅၆)ဦးတို့က ထူးဆန်းတဲ့ဖိတ်ကြားချက်ကို လက်ခံ ရရှိပုံ၊ ရှင်သန်ကျန်ရစ်ခဲ့ရင် ဝမ်ငွေ(၄၅.၆)ဘီလျံ (အမေရိကန်ဒေါ်လာ သန်း(၄၀)နီးပါး)ကို အပိုင်ရရှိ ဖို့အရေးအတွက် အသက်ဆုံးရှုံးစေနိုင်တဲ့ ကလေး ကစားနည်းအမျိုးမျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရပုံ၊ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တုန် လှုပ်ခြောက်ချားဖွယ် အသတ်ခံရပုံအကြောင်း ထည့် သွင်းရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Squid Game ဆိုတဲ့အမည်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာကလေးကစားနည်းတစ်မျိုး ဖြစ်ပါတယ်။ နေရာဒေသအလိုက် ကစားကြပုံ အနည်းငယ်စီကွဲလွဲကြပေမယ့် ကစားကွင်းရဲ့ပုံသဏ္ဍာန်အရ "အွန်ဂျေးဂျို" "ပြည် ကြီးငါး ကစားတမ်း"လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ကစားသူအများအပြားကို ထိုးစစ်နဲ့ခံစစ်အဖြစ် ပိုင်းခြားထားပြီး ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ထိုးစစ်အဖွဲ့များအချင်းချင်း ယှဉ်ပြိုင်ရပါတယ်။ ပန်းတိုင်မျဉ်းကြောင်းကို ရောက်ရှိဖို့အတွက် အဖွဲ့တစ်ဖွဲ့ဟာ ကျန်အဖွဲ့များကို ဖယ်ရှားပစ်ရပါတယ်။

ဟောင်ဒေါင်ဟတ်က သူရဲ့ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးပြီး လီဂျောင်ဂျေးနဲ့ တောင်ကိုရီးယား နာမည်ကျော်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (၂၀၂၁)ခုနှစ် ှဆကငိ ွောန ပထမဇာတ် လမ်းတွဲကို Netflix က ထုတ်လွှင့်တဲ့အခါ ကမ္ဘာတစ်ဝန်းအာရုံစိုက်မှုနဲ့အတူ ဝေဖန်ချီးကျူးမှုများနဲ့ ကုမ္ပဏီရဲ့ လူကြည့်အများဆုံး ဇာတ်လမ်းတွဲဖြစ်လာပါတယ်။ Squid Game ပထမဇာတ်လမ်းတွဲကို (၂၀၂၄)ခုနှစ် ဒီဇင်ဘာ နောက်ဆုံးရက်သတ္တပတ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီ ဇာတ်လမ်းတွဲဟာ တောင်ကိုရီးယား နိုင်ငံရဲ့အတိတ်ကာလသမိုင်းဖြစ်ရပ်မှန်ကို အခြေခံ ထားခြင်းဖြစ်တယ်လို့ လူအချို့ကပြောကြပါတယ်။ Squid Game ဇာတ်လမ်းထဲက ပါဝင်ယှဉ်ပြိုင် သူတွေဆိုတာ (၁၉၈၀)ခုနှစ်ဝန်းကျင် တောင်ကိုရီးယား အိမ်ခြေယာမဲ့များဖြစ်ကြပြီး ကစားရာနေရာ ဆိုတာလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ "ညီအစ်ကိုတော်များနေအိမ်" ချွေးတပ်စခန်းများဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီလိုဆိုရင် ညီအစ်ကိုတော်များနေအိမ်ဆိုတာ တကယ်ရှိခဲ့ပါသလားလို့ ပြန်လှန်ဆန်းစစ်တဲ့အခါ ယနေ့ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးဖြစ်နေတဲ့ တောင်ကိုရီးယားရဲ့ ထူးဆန်းတဲ့အတိတ်သမိုင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။

ယနေ့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့(၁၂)ခုမြောက်နဲ့ အာရှရဲ့ (၄)ခုမြောက် စီးပွားရေး အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်မှုအများဆုံး တိုင်းပြည် ဖြစ်ပါတယ်။ တောင်ကိုရီးယားကို ထိပ်တန်းရောက် အောင် စတင်တွန်းပို့ခဲ့သူက အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး "ပတ်ချွန်ဟီး" ဖြစ်နေကြောင်း အံ့ဩဖွယ် သိရှိခဲ့ရပါတယ်။

ဘီစီ (၁၀ဝ)ပြည့်နှစ် တရုတ်ဧကရာဇ် "ဟန်မင်းဆက်" နဲ့ "ချင်မင်းဆက်" ဩဇာခံ ဂေါ်ယိုး အင်ပါယာဟာ (၇)ရာစု ရှီလာဘုရင်တို့ရဲ့ ခေတ်သုံးခေတ်အပြီး (၉၁၈)ခုနှစ်မှာ "ကိုရီးယားနိုင်ငံ"လို့ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ (၁၉)ရာစု တရုတ်ချင်မင်းဆက် မှေးမှိန်လာခြင်းနဲ့အတူ (၁၈၉၄-၁၈၉၅) ခုနှစ် တရုတ်-ဂျပန်စစ်ပွဲအတွင်းမှာ ဂျပန်တို့ရဲ့ ဖိနှိပ်အုပ် ချုပ်မှုလက်အောက်ခံအဖြစ် ပြောင်းလဲခဲ့ရပါတယ်။ ကိုရီးယားလူမျိုးတို့ရဲ့ ဘဝရှင်သန်ရပ်တည်မှုဟာ အလွန်ဆိုးဝါး ကျပ်တည်းခဲ့ရပြီး အဲဒီအချိန် ဂျပန်လူမျိုးတစ်ယောက်ဟာ မနက်စောစော ကိုရီး ယားတစ်ယောက်ကိုမြင်ရရင် အဲဒီနေ့လာဘ်မ ကောင်းဘူးလို့ မှတ်ယူခံရတဲ့အထိ နိမ့်ကျခဲ့ရပါတယ်။ တစ်ဝမ်းတစ်ခါး စားသောက်နိုင်ဖို့ ဂျပန်နိုင်ငံအတွင်း မှာလည်း အောက်ခြေသိမ်းရရာအလုပ် လုပ်ကိုင်ကြ ရပါတယ်။ ဂျပန်တို့ရဲ့ ထားရာနေ စေရာသွား အခိုင်းခံ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သာမက ဒုတိယ ကမ္ဘာစစ် အာရှတိုက်နေရာအနှံ့ ဂျပန်ကျူးကျော် စစ် မှာလည်း စစ်သားအဖြစ် စစ်ကူတိုက်ပေးခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ် ဂျပန်တို့ စစ်ရှုံးသွားတဲ့ အတွက် ကိုရီးယားကျွန်းဆွယ်ကို လတ္တီကျု့ဒ် ၃၈ံမျဉ်းပြိုင်မှာ ပိုင်းခြားခံရပြီး တောင်-မြောက် (၂)နိုင်ငံဖြစ်သွားပါတယ်။ စစ်နိုင်သူများဖြစ်ကြတဲ့ ရုရှား က မြောက်ပိုင်း၊ အမေရိကန် မဟာမိတ်တို့က တောင် ပိုင်းကို ထိန်းသိမ်းအုပ်ချုပ်ခွင့်ရရှိခဲ့ပါတယ်။ (၁၉၅၀)ပြည့်နှစ်မှာ မြောက်ပိုင်းက တောင်ပိုင်းကို စတင်ကျူး ကျော်တဲ့အတွက် "ကိုရီးယားကျွန်းဆွယ်စစ်ပွဲ"စတင်ဖြစ်ပွားခဲ့ပါတယ်။

တကယ်တော့ (၃)နှစ်ကြာမြင့်ပြီး နှစ်ဖက် စစ်သား (၁)သန်း၊ ကိုရီးယား အရပ်သား (၂) သန်းမှ (၃)သန်းကြား သေဆုံးရတဲ့ အဲဒီစစ်မီးလျှံကြီးဟာ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်လက်ဝဲအုပ်စုနဲ့ အမေရိကန်ဦးဆောင် အနောက်အုပ်စုတို့အကြား နိုင်ငံရေးအယူအဆနဲ့ စီးပွားရေးဩဇာလွှမ်းမိုးမှု အားပြိုင်ကြတဲ့ "စစ်အေးတိုက်ပွဲ"မှာ နှစ်ဖက်နိုင်ငံကြီးများကိုယ်စား ကိုယ့်နိုင်ငံကိုယ့်ရေမြေပေါ်မှာ ကိုယ့်လူမျိုးအချင်းချင်း အသေအကြေစစ်တိုက်ကြတဲ့ ကမ္ဘာ့ပထမဆုံး "Proxy War"သာလျှင် ဖြစ်ပါတယ်။ တောင်ပိုင်းနယ်မြေအများအပြား ကျဆုံးလာတဲ့အခါ ကမ္ဘာ့ ငြိမ်းချမ်းရေး ဒီမိုကရေစီရှင်သန်ရေးကို အကြောင်းပြပြီး အမေရိကန်ဦးဆောင် (၁၆)နိုင်ငံပါ ကုလသမဂ္ဂတပ်များက ကျွန်းဆွယ်စစ်ပွဲမှာ အတိအလင်း ပါဝင်လာခဲ့ပါတယ်။

အဲဒီအခါ ချန်ကေရှိတ် ကူမင်တန်အစိုးရကို အောင်နိုင်ပြီးစ ကွန်မြူနစ်ပြည်မကြီးခေါင်းဆောင် ဥက္ကဋ္ဌကြီး မော်စီတုန်းက "တရုတ်နိုင်ငံနှင့် ရေမြေ တစ်ဆက်တည်းရှိနေသည့်ဒေသ၌ ပြည်ပလက်နက် ကိုင်တပ်များ ဝင်ရောက်ခြင်းသည် တရုတ်ပြည်သူတို့အပေါ် ကျူးကျော်ခြင်းဖြစ်သည်"လို့ မှတ်ချက်ပေးပါတယ်။ ဆန္ဒအလျောက် စစ်ထဲဝင်လာကြတဲ့ အပျော် တမ်းတပ်သားတွေပါဆိုတဲ့ PLA "တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်"အင်အား(၁.၄)သန်းတို့ဟာ ကိုရီးယားကျွန်းဆွယ်မြောက်ပိုင်းကို ဝင်ရောက်ကူညီ စစ်တိုက်ပေးခဲ့ကြပါတယ်။

(၁၉၅၃)ခုနှစ် ဇူလိုင်လမှာ အပစ်အခတ် ရပ်စဲပြီး ကိုရီးယားကျွန်းဆွယ် (၃၈ံ) မျဉ်းပြိုင်မှာ တောင်-မြောက်အကြား မိုင် (၁၆၀)ရှည်လျားပြီး (၂.၅)မိုင်ခန့် ကျယ်ဝန်းတဲ့စစ်မဲ့ဇုန် DMZ ပေါ် ပေါက်လာပါတယ်။ အပစ်အခတ်ရပ်စဲခြင်းသာ သဘောတူကြပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်း မရှိတဲ့အတွက် ကိုရီးယားနှစ်နိုင်ငံအကြား စစ်ဖြစ်နေဆဲလို့ လုပ်ထုံးလုပ်နည်းအရ အဓိပ္ပာယ်ထွက်နေပါတယ်။

လူယုံသွင်း လူမွေးခံရမှု၊ အနိုင်ကျင့်ဖိနှိပ် ခံရမှုများ၊ စစ်ပွဲ-စစ်ခြိမ်းခြောက်မှုနဲ့ ငတ်မွတ်ခေါင်း ပါးမှုအမျိုးမျိုးကို ဖြတ်ကျော်ခဲ့ရတဲ့ ကိုရီးယားတို့ရဲ့ အတိတ်ကာလသင်ခန်းစာတွေ ယနေ့ခေတ် တောင်-မြောက်နှစ်နိုင်ငံကို လမ်းစခင်းပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ (၁၉၆၂)ခုနှစ် တောင်ကိုရီးယားနိုင်ငံကို ဗိုလ်ချုပ်ကြီး ပတ်ချွန်ဟီးက စစ်အာဏာသိမ်းယူခဲ့ ပါတယ်။ စစ်အာဏာရှင်စနစ်မှန်သမျှ ခါးခါးသီး ဆန့်ကျင်တယ်ဆိုတဲ့ အမေရိကန်နဲ့ကိုရီးယားကျွန်းဆွယ် ဆိုင်ရာ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ UNC မျက်စိရှေ့မှာပဲ ကွန်မြူနစ်ဆန့်ကျင်သူ ပတ်ချွန်ဟီးဟာ သူ့ကိုယ်သူ သမ္မတခန့်အပ်ပြီး (၁၉၇၉)ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။

ကျောင်းသားများ၊ အလုပ်သမားများ၊ နိုင်ငံရေးအတိုက်အခံများနှင့် ဆန္ဒပြပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်ခြင်း၊ လက်စဖျောက်ခြင်းများကြောင့် စစ်အာဏာရှင်တစ်ဦးအဖြစ် စွပ်စွဲခံရတဲ့ ပတ်ချွန်ဟီး လက်ထက်မှာပဲ တောင်ကိုရီးယားနိုင်ငံဟာ ဆယ်စုနှစ်အတွင်း တိုးတက်မှုအလျင်မြန်ဆုံး စီးပွားရေးနိုင်ငံဖြစ်လာခဲ့ပါတယ်။ တောင်ကိုရီးယားပြည်သူ တစ်ရပ် လုံးကို နာခံတက်ကြွတဲ့ စစ်တပ်တစ်ခုပမာပုံသွင်းပြီး စတုတ္ထကိုရီးယားနိုင်ငံကို ဦးတည်တဲ့ ယူရှင်ဖွဲ့စည်း ပုံဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ (၅)နှစ်စီကြာမြင့်တဲ့ စီးပွားရေးစီမံကိန်းနှစ်များမှာ မေဂျီဘုရင်ခေတ် ဂျပန် နိုင်ငံမှာ "ဇိုင်ဘာဆု"လို့ခေါ်တဲ့ နိုင်ငံတော်ပံ့ပိုးခံ မိသားစုကုမ္ပဏီများကို လုပ်ပိုင်ခွင့်နေရာပေးခြင်းဖြစ် ပါတယ်။ ကိုရီးယားဘာသာ "ချေဘိုးလ်"လို့ခေါ်တဲ့ အဲဒီမိသားစုစီးပွားရေးလုပ်ငန်းများဟာ ဒီနေ့ ကမ္ဘာကျော်ဖြစ်နေတဲ့ "ဟန်ဒေး" "LG" နဲ့ "ဆမ်ဆောင်း"ကုမ္ပဏီများပဲဖြစ်ပါတယ်။

နိုင်ငံရေးမှာ စီးပွားရေးသမားများ ရောနှောလာခြင်းဟာ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ် ယူမှုများ ပါဝင်လာလေ့ရှိပါတယ်။ ပတ်ချွန်ဟီး ကိုယ် တိုင် အကျင့်ပျက်လာဘ်စားကြောင်း ကောလာဟလ များလည်း ထွက်ပေါ်ခဲ့ပြီး (၁၉၇၉)ခုနှစ် အောက် တိုဘာလမှာ လုပ်ကြံခံရတဲ့အတွက် ပတ်ချွန်ဟီး သေ ဆုံးပါတယ်။ သူရဲ့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် ထောက်လှမ်းရေးအကြီးအကဲ ကင်ဂျေဂူက လက်ချက်နဲ့ သေဆုံးရခြင်းဟာ တန်ပြန် အာဏာ သိမ်း ရန် ရည်ရွယ်တဲ့ တမင်လုပ်ကြံသတ်ဖြတ်ခြင်းလား၊ ရင်းနှီးတဲ့ မိတ်ဆွေတစ်စု စကားဝိုင်းမှာ အရက်မူးပြီး လက်လွန်ခြင်းလား ယနေ့အထိဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။

Squid Game ဇာတ်လမ်းတွဲက အခြေခံတယ်ဆိုတဲ့ "ညီအစ်ကိုတော်များနေအိမ်" ချွေးတပ် စခန်းများဟာ ပတ်ချွန်ဟီးအလွန် (၁၉၈၀)ခုနှစ် ဝန်းကျင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ အမှန်တကယ်တည်ရှိခဲ့ဖူးပါတယ်။ ကိုရီးယားနိုင်ငံ ပြန်လည်ထူထောင်ရာမှာ မိဘမဲ့ကလေးငယ်များ၊ အိမ်ခြေယာခြေမဲ့များဟာ နိုင်ငံဂုဏ်သိက္ခာကို စွန်းထင်း စေတယ်လို့ တင်းအကျပ်ဖမ်းဆီးပြီး လူမှုဖူလုံရေး ထိန်းသိမ်းရေးစခန်းများကို ပို့ဆောင်ရာက အဲဒီလို ဖြစ်လာရခြင်းပါ။ ပတ်ချွန်ဟီးမရှိတော့ပေမယ့် တောင် ကိုရီးယားနိုင်ငံစီးပွားရေးဟာ အရှိန်အဟုနု်ပြင်းပြင်းနဲ့ ဆက်လက်တိုးတက်နေပြီး (၁၉၈၆)ခုနှစ် ဆိုးလ်မြို့ အိုလံပစ်ပွဲတော်အမီ အဲဒီလူတွေကို နေရာပြောင်းရွှေ့ဖို့ သမ္မတ ချွန်ဒူးဝှမ်က ဝန်ကြီးချုပ် နမ်ဒေါင်ဝူးကို အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ( သမ္မတချွန်ဒူးဝှမ်တို့ အဖွဲဟာ (၁၉၈၃)ခုနှစ် မြန်မာနိုင်ငံကို အလည် အပတ်သွားရောက်စဉ် ရန်ကုန်အာဇာနည်ဗိမာန်မှာ မြောက်ကိုရီးယား ကွန်မန်ဒိုများက ဗုံးခွဲလုပ်ကြံတဲ့ အတွက် ကမ္ဘာကျော်ဖြစ်ခဲ့ပါတယ်။ လူ (၂၁)ဦးသေဆုံးခဲ့ရပေမယ့် ချွန်ဒူးဝှမ်ကတော့ သီသီလေး လွတ်မြောက်သွားပါတယ်။)

မြို့ကြီး (၅)မြို့ရှိ ညီအစ်ကိုတော်များနေအိမ် စခန်းကို ပို့ဆောင်ခံရသူများဟာ အိမ်ခြေယာမဲ့များ၊ လမ်းပေါ်လေ လွင့်သူများသာမက နိုင်ငံရေးအတိုက် အခံများ၊ ဆန့်ကျင်ဆန္ဒပြသူများလည်းပါဝင်ခဲ့ပြီး သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခြင်း အတင်းအကျပ်အလုပ်ခိုင်းစေခြင်းများ ရှိခဲ့တယ်လို့ဆိုပါတယ်။

အတိုချုံးပြောရရင် အတိတ်ကာလ တောင် ကိုရီးယားနိုင်ငံမှာ ညီအစ်ကိုတော်များနေအိမ်စခန်း များဟာ အမှန်တကယ်တည်ရှိခဲ့ပေမယ့် Squid Game ကတော့ အဲဒီဖြစ်ရပ်အပေါ် အခြေခံထားခြင်း လုံးဝမရှိပါဘူး။ ဇာတ်လမ်းကျောရိုးနဲ့အခင်းဖြစ်ရပ် တင်ပြပုံခြင်းလည်း မတူညီကြောင်း၊ ဇာတ်လမ်းရေးသားသူ စီစဉ်ရိုက်ကူးသူကိုယ်တိုင် ဝန်ခံထားပါတယ်။

မျက်မှောက်ခေတ် တောင်ကိုရီးယားလူ့အဖွဲ့အစည်းအတွင်း ကြွေးမြီမျိုးစုံ တနင့်တပိုးနဲ့ ချောင် ပိတ်မိသလို ဖြစ်နေသူများအကြောင်း၊ လူမှုရေးဆိုင် ရာစိုးရိမ်မှုများနဲ့ ဆက်စပ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းမျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။

zawgyi version
Squid Game ၊ အာဏာသိမ္း စစ္ဗိုလ္ခ်ဳပ္ႀကီး ႏွင့္ ညီအစ္ကိုေတာ္မ်ားေနအိမ္ ေခြၽးတပ္
Htay Oung (NP News) - ဇန္နဝါရီ ၁၄

ေတာင္ကိုရီးယားႏိုင္ငံ႐ုပ္ရွင္ Squid Game ဇာတ္လမ္းတြဲဟာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံနဲ႔ ကမာၻအရပ္ရပ္တိုင္ေအာင္ နာမည္ႀကီး လူႀကိဳက္မ်ား လွပါတယ္။ ေငြေၾကးအက်ပ္အတည္းျဖစ္ေနသူ (၄၅၆)ဦးတို႔က ထူးဆန္းတဲ့ဖိတ္ၾကားခ်က္ကို လက္ခံ ရရွိပုံ၊ ရွင္သန္က်န္ရစ္ခဲ့ရင္ ဝမ္ေငြ(၄၅.၆)ဘီလ်ံ (အေမရိကန္ေဒၚလာ သန္း(၄၀)နီးပါး)ကို အပိုင္ရရွိ ဖို႔အေရးအတြက္ အသက္ဆုံးရႈံးေစႏိုင္တဲ့ ကေလး ကစားနည္းအမ်ိဳးမ်ိဳးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကရပုံ၊ တစ္ေယာက္ၿပီးတစ္ေယာက္၊ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ တုန္ လႈပ္ေျခာက္ခ်ားဖြယ္ အသတ္ခံရပုံအေၾကာင္း ထည့္ သြင္း႐ိုက္ကူးထားတဲ့ သည္းထိတ္ရင္ဖို ဇာတ္လမ္းတြဲျဖစ္ပါတယ္။

Squid Game ဆိုတဲ့အမည္ဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ႐ိုးရာကေလးကစားနည္းတစ္မ်ိဳး ျဖစ္ပါတယ္။ ေနရာေဒသအလိုက္ ကစားၾကပုံ အနည္းငယ္စီကြဲလြဲၾကေပမယ့္ ကစားကြင္းရဲ႕ပုံသ႑ာန္အရ "အြန္ေဂ်းဂ်ိဳ" "ျပည္ ႀကီးငါး ကစားတမ္း"လို႔ ေခၚဆိုျခင္းျဖစ္ပါတယ္။ ကစားသူအမ်ားအျပားကို ထိုးစစ္နဲ႔ခံစစ္အျဖစ္ ပိုင္းျခားထားၿပီး ရည္႐ြယ္ခ်က္ ေအာင္ျမင္ဖို႔အတြက္ ထိုးစစ္အဖြဲ႕မ်ားအခ်င္းခ်င္း ယွဥ္ၿပိဳင္ရပါတယ္။ ပန္းတိုင္မ်ဥ္းေၾကာင္းကို ေရာက္ရွိဖို႔အတြက္ အဖြဲ႕တစ္ဖြဲ႕ဟာ က်န္အဖြဲ႕မ်ားကို ဖယ္ရွားပစ္ရပါတယ္။

ေဟာင္ေဒါင္ဟတ္က သူရဲ႕ဇာတ္လမ္း ဇာတ္ၫႊန္းကို ဒါ႐ိုက္တာအျဖစ္ ကိုယ္တိုင္႐ိုက္ကူးၿပီး လီေဂ်ာင္ေဂ်းနဲ႔ ေတာင္ကိုရီးယား နာမည္ေက်ာ္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ (၂၀၂၁)ခုႏွစ္ ွဆကငိ ြောန ပထမဇာတ္ လမ္းတြဲကို Netflix က ထုတ္လႊင့္တဲ့အခါ ကမာၻတစ္ဝန္းအာ႐ုံစိုက္မႈနဲ႔အတူ ေဝဖန္ခ်ီးက်ဴးမႈမ်ားနဲ႔ ကုမၸဏီရဲ႕ လူၾကည့္အမ်ားဆုံး ဇာတ္လမ္းတြဲျဖစ္လာပါတယ္။ Squid Game ပထမဇာတ္လမ္းတြဲကို (၂၀၂၄)ခုႏွစ္ ဒီဇင္ဘာ ေနာက္ဆုံးရက္သတၱပတ္မွာ ထုတ္လႊင့္ခဲ့ပါတယ္။

အဲဒီ ဇာတ္လမ္းတြဲဟာ ေတာင္ကိုရီးယား ႏိုင္ငံရဲ႕အတိတ္ကာလသမိုင္းျဖစ္ရပ္မွန္ကို အေျခခံ ထားျခင္းျဖစ္တယ္လို႔ လူအခ်ိဳ႕ကေျပာၾကပါတယ္။ Squid Game ဇာတ္လမ္းထဲက ပါဝင္ယွဥ္ၿပိဳင္ သူေတြဆိုတာ (၁၉၈၀)ခုႏွစ္ဝန္းက်င္ ေတာင္ကိုရီးယား အိမ္ေျခယာမဲ့မ်ားျဖစ္ၾကၿပီး ကစားရာေနရာ ဆိုတာလည္း နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ "ညီအစ္ကိုေတာ္မ်ားေနအိမ္" ေခြၽးတပ္စခန္းမ်ားျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ဒီလိုဆိုရင္ ညီအစ္ကိုေတာ္မ်ားေနအိမ္ဆိုတာ တကယ္ရွိခဲ့ပါသလားလို႔ ျပန္လွန္ဆန္းစစ္တဲ့အခါ ယေန႔ ကမာၻ႔စက္မႈထိပ္သီးႏိုင္ငံႀကီးျဖစ္ေနတဲ့ ေတာင္ကိုရီးယားရဲ႕ ထူးဆန္းတဲ့အတိတ္သမိုင္းနဲ႔ ဆက္စပ္ေနေၾကာင္း ေတြ႕ရွိရပါတယ္။

ယေန႔ ေတာင္ကိုရီးယားႏိုင္ငံဟာ ကမာၻ႔(၁၂)ခုေျမာက္နဲ႔ အာရွရဲ႕ (၄)ခုေျမာက္ စီးပြားေရး အႀကီးမားဆုံး ဖြံ႕ၿဖိဳးတိုးတက္မႈအမ်ားဆုံး တိုင္းျပည္ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားကို ထိပ္တန္းေရာက္ ေအာင္ စတင္တြန္းပို႔ခဲ့သူက အာဏာသိမ္း စစ္ဗိုလ္ခ်ဳပ္ႀကီး "ပတ္ခြၽန္ဟီး" ျဖစ္ေနေၾကာင္း အံ့ဩဖြယ္ သိရွိခဲ့ရပါတယ္။

ဘီစီ (၁၀ဝ)ျပည့္ႏွစ္ တ႐ုတ္ဧကရာဇ္ "ဟန္မင္းဆက္" နဲ႔ "ခ်င္မင္းဆက္" ဩဇာခံ ေဂၚယိုး အင္ပါယာဟာ (၇)ရာစု ရွီလာဘုရင္တို႔ရဲ႕ ေခတ္သုံးေခတ္အၿပီး (၉၁၈)ခုႏွစ္မွာ "ကိုရီးယားႏိုင္ငံ"လို႔ စတင္ျဖစ္ေပၚခဲ့ပါတယ္။ (၁၉)ရာစု တ႐ုတ္ခ်င္မင္းဆက္ ေမွးမွိန္လာျခင္းနဲ႔အတူ (၁၈၉၄-၁၈၉၅) ခုႏွစ္ တ႐ုတ္-ဂ်ပန္စစ္ပြဲအတြင္းမွာ ဂ်ပန္တို႔ရဲ႕ ဖိႏွိပ္အုပ္ ခ်ဳပ္မႈလက္ေအာက္ခံအျဖစ္ ေျပာင္းလဲခဲ့ရပါတယ္။ ကိုရီးယားလူမ်ိဳးတို႔ရဲ႕ ဘဝရွင္သန္ရပ္တည္မႈဟာ အလြန္ဆိုးဝါး က်ပ္တည္းခဲ့ရၿပီး အဲဒီအခ်ိန္ ဂ်ပန္လူမ်ိဳးတစ္ေယာက္ဟာ မနက္ေစာေစာ ကိုရီး ယားတစ္ေယာက္ကိုျမင္ရရင္ အဲဒီေန႔လာဘ္မ ေကာင္းဘူးလို႔ မွတ္ယူခံရတဲ့အထိ နိမ့္က်ခဲ့ရပါတယ္။ တစ္ဝမ္းတစ္ခါး စားေသာက္ႏိုင္ဖို႔ ဂ်ပန္ႏိုင္ငံအတြင္း မွာလည္း ေအာက္ေျခသိမ္းရရာအလုပ္ လုပ္ကိုင္ၾက ရပါတယ္။ ဂ်ပန္တို႔ရဲ႕ ထားရာေန ေစရာသြား အခိုင္းခံ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအျဖစ္သာမက ဒုတိယ ကမာၻစစ္ အာရွတိုက္ေနရာအႏွံ႔ ဂ်ပန္က်ဴးေက်ာ္ စစ္ မွာလည္း စစ္သားအျဖစ္ စစ္ကူတိုက္ေပးခဲ့ရပါတယ္။

ဒုတိယကမာၻစစ္ ဂ်ပန္တို႔ စစ္ရႈံးသြားတဲ့ အတြက္ ကိုရီးယားကြၽန္းဆြယ္ကို လတၱီက်ဳ႕ဒ္ ၃၈ံမ်ဥ္းၿပိဳင္မွာ ပိုင္းျခားခံရၿပီး ေတာင္-ေျမာက္ (၂)ႏိုင္ငံျဖစ္သြားပါတယ္။ စစ္ႏိုင္သူမ်ားျဖစ္ၾကတဲ့ ႐ုရွား က ေျမာက္ပိုင္း၊ အေမရိကန္ မဟာမိတ္တို႔က ေတာင္ ပိုင္းကို ထိန္းသိမ္းအုပ္ခ်ဳပ္ခြင့္ရရွိခဲ့ပါတယ္။ (၁၉၅၀)ျပည့္ႏွစ္မွာ ေျမာက္ပိုင္းက ေတာင္ပိုင္းကို စတင္က်ဴး ေက်ာ္တဲ့အတြက္ "ကိုရီးယားကြၽန္းဆြယ္စစ္ပြဲ"စတင္ျဖစ္ပြားခဲ့ပါတယ္။

တကယ္ေတာ့ (၃)ႏွစ္ၾကာျမင့္ၿပီး ႏွစ္ဖက္ စစ္သား (၁)သန္း၊ ကိုရီးယား အရပ္သား (၂) သန္းမွ (၃)သန္းၾကား ေသဆုံးရတဲ့ အဲဒီစစ္မီးလွ်ံႀကီးဟာ ဒုတိယကမာၻစစ္အၿပီး ဆိုဗီယက္လက္ဝဲအုပ္စုနဲ႔ အေမရိကန္ဦးေဆာင္ အေနာက္အုပ္စုတို႔အၾကား ႏိုင္ငံေရးအယူအဆနဲ႔ စီးပြားေရးဩဇာလႊမ္းမိုးမႈ အားၿပိဳင္ၾကတဲ့ "စစ္ေအးတိုက္ပြဲ"မွာ ႏွစ္ဖက္ႏိုင္ငံႀကီးမ်ားကိုယ္စား ကိုယ့္ႏိုင္ငံကိုယ့္ေရေျမေပၚမွာ ကိုယ့္လူမ်ိဳးအခ်င္းခ်င္း အေသအေၾကစစ္တိုက္ၾကတဲ့ ကမာၻ႔ပထမဆုံး "Proxy War"သာလွ်င္ ျဖစ္ပါတယ္။ ေတာင္ပိုင္းနယ္ေျမအမ်ားအျပား က်ဆုံးလာတဲ့အခါ ကမာၻ႔ ၿငိမ္းခ်မ္းေရး ဒီမိုကေရစီရွင္သန္ေရးကို အေၾကာင္းျပၿပီး အေမရိကန္ဦးေဆာင္ (၁၆)ႏိုင္ငံပါ ကုလသမဂၢတပ္မ်ားက ကြၽန္းဆြယ္စစ္ပြဲမွာ အတိအလင္း ပါဝင္လာခဲ့ပါတယ္။

အဲဒီအခါ ခ်န္ေကရွိတ္ ကူမင္တန္အစိုးရကို ေအာင္ႏိုင္ၿပီးစ ကြန္ျမဴနစ္ျပည္မႀကီးေခါင္းေဆာင္ ဥကၠ႒ႀကီး ေမာ္စီတုန္းက "တ႐ုတ္ႏိုင္ငံႏွင့္ ေရေျမ တစ္ဆက္တည္းရွိေနသည့္ေဒသ၌ ျပည္ပလက္နက္ ကိုင္တပ္မ်ား ဝင္ေရာက္ျခင္းသည္ တ႐ုတ္ျပည္သူတို႔အေပၚ က်ဴးေက်ာ္ျခင္းျဖစ္သည္"လို႔ မွတ္ခ်က္ေပးပါတယ္။ ဆႏၵအေလ်ာက္ စစ္ထဲဝင္လာၾကတဲ့ အေပ်ာ္ တမ္းတပ္သားေတြပါဆိုတဲ့ PLA "တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္"အင္အား(၁.၄)သန္းတို႔ဟာ ကိုရီးယားကြၽန္းဆြယ္ေျမာက္ပိုင္းကို ဝင္ေရာက္ကူညီ စစ္တိုက္ေပးခဲ့ၾကပါတယ္။

(၁၉၅၃)ခုႏွစ္ ဇူလိုင္လမွာ အပစ္အခတ္ ရပ္စဲၿပီး ကိုရီးယားကြၽန္းဆြယ္ (၃၈ံ) မ်ဥ္းၿပိဳင္မွာ ေတာင္-ေျမာက္အၾကား မိုင္ (၁၆၀)ရွည္လ်ားၿပီး (၂.၅)မိုင္ခန႔္ က်ယ္ဝန္းတဲ့စစ္မဲ့ဇုန္ DMZ ေပၚ ေပါက္လာပါတယ္။ အပစ္အခတ္ရပ္စဲျခင္းသာ သေဘာတူၾကၿပီး ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း မရွိတဲ့အတြက္ ကိုရီးယားႏွစ္ႏိုင္ငံအၾကား စစ္ျဖစ္ေနဆဲလို႔ လုပ္ထုံးလုပ္နည္းအရ အဓိပၸာယ္ထြက္ေနပါတယ္။

လူယုံသြင္း လူေမြးခံရမႈ၊ အႏိုင္က်င့္ဖိႏွိပ္ ခံရမႈမ်ား၊ စစ္ပြဲ-စစ္ၿခိမ္းေျခာက္မႈနဲ႔ ငတ္မြတ္ေခါင္း ပါးမႈအမ်ိဳးမ်ိဳးကို ျဖတ္ေက်ာ္ခဲ့ရတဲ့ ကိုရီးယားတို႔ရဲ႕ အတိတ္ကာလသင္ခန္းစာေတြ ယေန႔ေခတ္ ေတာင္-ေျမာက္ႏွစ္ႏိုင္ငံကို လမ္းစခင္းေပးခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ (၁၉၆၂)ခုႏွစ္ ေတာင္ကိုရီးယားႏိုင္ငံကို ဗိုလ္ခ်ဳပ္ႀကီး ပတ္ခြၽန္ဟီးက စစ္အာဏာသိမ္းယူခဲ့ ပါတယ္။ စစ္အာဏာရွင္စနစ္မွန္သမွ် ခါးခါးသီး ဆန႔္က်င္တယ္ဆိုတဲ့ အေမရိကန္နဲ႔ကိုရီးယားကြၽန္းဆြယ္ ဆိုင္ရာ ကုလသမဂၢကြပ္ကဲမႈအဖြဲ႕ UNC မ်က္စိေရွ႕မွာပဲ ကြန္ျမဴနစ္ဆန႔္က်င္သူ ပတ္ခြၽန္ဟီးဟာ သူ႔ကိုယ္သူ သမၼတခန႔္အပ္ၿပီး (၁၉၇၉)ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့ပါတယ္။

ေက်ာင္းသားမ်ား၊ အလုပ္သမားမ်ား၊ ႏိုင္ငံေရးအတိုက္အခံမ်ားႏွင့္ ဆႏၵျပျပည္သူလူထုကို ဖမ္းဆီးႏွိပ္စက္ျခင္း၊ လက္စေဖ်ာက္ျခင္းမ်ားေၾကာင့္ စစ္အာဏာရွင္တစ္ဦးအျဖစ္ စြပ္စြဲခံရတဲ့ ပတ္ခြၽန္ဟီး လက္ထက္မွာပဲ ေတာင္ကိုရီးယားႏိုင္ငံဟာ ဆယ္စုႏွစ္အတြင္း တိုးတက္မႈအလ်င္ျမန္ဆုံး စီးပြားေရးႏိုင္ငံျဖစ္လာခဲ့ပါတယ္။ ေတာင္ကိုရီးယားျပည္သူ တစ္ရပ္ လုံးကို နာခံတက္ႂကြတဲ့ စစ္တပ္တစ္ခုပမာပုံသြင္းၿပီး စတုတၳကိုရီးယားႏိုင္ငံကို ဦးတည္တဲ့ ယူရွင္ဖြဲ႕စည္း ပုံဥပေဒကို ျပ႒ာန္းခဲ့ပါတယ္။ (၅)ႏွစ္စီၾကာျမင့္တဲ့ စီးပြားေရးစီမံကိန္းႏွစ္မ်ားမွာ ေမဂ်ီဘုရင္ေခတ္ ဂ်ပန္ ႏိုင္ငံမွာ "ဇိုင္ဘာဆု"လို႔ေခၚတဲ့ ႏိုင္ငံေတာ္ပံ့ပိုးခံ မိသားစုကုမၸဏီမ်ားကို လုပ္ပိုင္ခြင့္ေနရာေပးျခင္းျဖစ္ ပါတယ္။ ကိုရီးယားဘာသာ "ေခ်ဘိုးလ္"လို႔ေခၚတဲ့ အဲဒီမိသားစုစီးပြားေရးလုပ္ငန္းမ်ားဟာ ဒီေန႔ ကမာၻေက်ာ္ျဖစ္ေနတဲ့ "ဟန္ေဒး" "LG" နဲ႔ "ဆမ္ေဆာင္း"ကုမၸဏီမ်ားပဲျဖစ္ပါတယ္။

ႏိုင္ငံေရးမွာ စီးပြားေရးသမားမ်ား ေရာေႏွာလာျခင္းဟာ အဂတိလိုက္စားမႈ၊ လာဘ္ေပးလာဘ္ ယူမႈမ်ား ပါဝင္လာေလ့ရွိပါတယ္။ ပတ္ခြၽန္ဟီး ကိုယ္ တိုင္ အက်င့္ပ်က္လာဘ္စားေၾကာင္း ေကာလာဟလ မ်ားလည္း ထြက္ေပၚခဲ့ၿပီး (၁၉၇၉)ခုႏွစ္ ေအာက္ တိုဘာလမွာ လုပ္ႀကံခံရတဲ့အတြက္ ပတ္ခြၽန္ဟီး ေသ ဆုံးပါတယ္။ သူရဲ႕ အရင္းႏွီးဆုံး လုပ္ေဖာ္ကိုင္ဖက္ ေထာက္လွမ္းေရးအႀကီးအကဲ ကင္ေဂ်ဂူက လက္ခ်က္နဲ႔ ေသဆုံးရျခင္းဟာ တန္ျပန္ အာဏာ သိမ္း ရန္ ရည္႐ြယ္တဲ့ တမင္လုပ္ႀကံသတ္ျဖတ္ျခင္းလား၊ ရင္းႏွီးတဲ့ မိတ္ေဆြတစ္စု စကားဝိုင္းမွာ အရက္မူးၿပီး လက္လြန္ျခင္းလား ယေန႔အထိဘယ္သူမွ အတိအက် မေျပာႏိုင္ပါဘူး။

Squid Game ဇာတ္လမ္းတြဲက အေျခခံတယ္ဆိုတဲ့ "ညီအစ္ကိုေတာ္မ်ားေနအိမ္" ေခြၽးတပ္ စခန္းမ်ားဟာ ပတ္ခြၽန္ဟီးအလြန္ (၁၉၈၀)ခုႏွစ္ ဝန္းက်င္ ေတာင္ကိုရီးယားႏိုင္ငံအတြင္းမွာ အမွန္တကယ္တည္ရွိခဲ့ဖူးပါတယ္။ ကိုရီးယားႏိုင္ငံ ျပန္လည္ထူေထာင္ရာမွာ မိဘမဲ့ကေလးငယ္မ်ား၊ အိမ္ေျခယာေျခမဲ့မ်ားဟာ ႏိုင္ငံဂုဏ္သိကၡာကို စြန္းထင္း ေစတယ္လို႔ တင္းအက်ပ္ဖမ္းဆီးၿပီး လူမႈဖူလုံေရး ထိန္းသိမ္းေရးစခန္းမ်ားကို ပို႔ေဆာင္ရာက အဲဒီလို ျဖစ္လာရျခင္းပါ။ ပတ္ခြၽန္ဟီးမရွိေတာ့ေပမယ့္ ေတာင္ ကိုရီးယားႏိုင္ငံစီးပြားေရးဟာ အရွိန္အဟုႏု္ျပင္းျပင္းနဲ႔ ဆက္လက္တိုးတက္ေနၿပီး (၁၉၈၆)ခုႏွစ္ ဆိုးလ္ၿမိဳ႕ အိုလံပစ္ပြဲေတာ္အမီ အဲဒီလူေတြကို ေနရာေျပာင္းေ႐ႊ႕ဖို႔ သမၼတ ခြၽန္ဒူးဝွမ္က ဝန္ႀကီးခ်ဳပ္ နမ္ေဒါင္ဝူးကို အမိန႔္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ ( သမၼတခြၽန္ဒူးဝွမ္တို႔ အဖြဲဟာ (၁၉၈၃)ခုႏွစ္ ျမန္မာႏိုင္ငံကို အလည္ အပတ္သြားေရာက္စဥ္ ရန္ကုန္အာဇာနည္ဗိမာန္မွာ ေျမာက္ကိုရီးယား ကြန္မန္ဒိုမ်ားက ဗုံးခြဲလုပ္ႀကံတဲ့ အတြက္ ကမာၻေက်ာ္ျဖစ္ခဲ့ပါတယ္။ လူ (၂၁)ဦးေသဆုံးခဲ့ရေပမယ့္ ခြၽန္ဒူးဝွမ္ကေတာ့ သီသီေလး လြတ္ေျမာက္သြားပါတယ္။)

ၿမိဳ႕ႀကီး (၅)ၿမိဳ႕ရွိ ညီအစ္ကိုေတာ္မ်ားေနအိမ္ စခန္းကို ပို႔ေဆာင္ခံရသူမ်ားဟာ အိမ္ေျခယာမဲ့မ်ား၊ လမ္းေပၚေလ လြင့္သူမ်ားသာမက ႏိုင္ငံေရးအတိုက္ အခံမ်ား၊ ဆန႔္က်င္ဆႏၵျပသူမ်ားလည္းပါဝင္ခဲ့ၿပီး ေသဆုံးသည္အထိ ညႇင္းပန္းႏွိပ္စက္ျခင္း အတင္းအက်ပ္အလုပ္ခိုင္းေစျခင္းမ်ား ရွိခဲ့တယ္လို႔ဆိုပါတယ္။

အတိုခ်ဳံးေျပာရရင္ အတိတ္ကာလ ေတာင္ ကိုရီးယားႏိုင္ငံမွာ ညီအစ္ကိုေတာ္မ်ားေနအိမ္စခန္း မ်ားဟာ အမွန္တကယ္တည္ရွိခဲ့ေပမယ့္ Squid Game ကေတာ့ အဲဒီျဖစ္ရပ္အေပၚ အေျခခံထားျခင္း လုံးဝမရွိပါဘူး။ ဇာတ္လမ္းေက်ာ႐ိုးနဲ႔အခင္းျဖစ္ရပ္ တင္ျပပုံျခင္းလည္း မတူညီေၾကာင္း၊ ဇာတ္လမ္းေရးသားသူ စီစဥ္႐ိုက္ကူးသူကိုယ္တိုင္ ဝန္ခံထားပါတယ္။

မ်က္ေမွာက္ေခတ္ ေတာင္ကိုရီးယားလူ႔အဖြဲ႕အစည္းအတြင္း ေႂကြးၿမီမ်ိဳးစုံ တနင့္တပိုးနဲ႔ ေခ်ာင္ ပိတ္မိသလို ျဖစ္ေနသူမ်ားအေၾကာင္း၊ လူမႈေရးဆိုင္ ရာစိုးရိမ္မႈမ်ားနဲ႔ ဆက္စပ္ၿပီး စိတ္ကူးယဥ္ဇာတ္လမ္းမွ်သာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.