တောင်သူတွေနစ်နာရတဲ့ မြန်မာ့ဆန်စပါးလောက က လူမသိသူမသိ လက်ဝါးကြီးအုပ်မှုတွေအကြောင်း

 103

ယွန်း ရေးသားသည် (NP News) - ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး နိုင်ငံတော်မှရရှိသော ပို့ကုန်ရငွေ၏ (၇၀) ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးထွက်ကုန်များမှ ဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေးထွက်ကုန်များအနက် ဆန်စပါးသည် နထစသမအ အများဆုံး ပို့ကုန်တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ မိုးစပါးနှင့် နွေစပါးစိုက်ဧက (၁၇)သန်းခန့်ရှိပြီး ဆန် စပါးထွက်ရှိမှု၏ (၇၀) ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းစားသုံးမှုရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ပဆန်တန်ပို့မှုမှ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း(၈၀ဝ)ကျော် ရရှိကြောင်း သိရသည်။ သို့သော် ဆန်စပါးလောကတွင် ဖြစ်ပေါ်နေသည့် ကန့်သတ်ချက်များကြောင့် တောင်သူလယ်သမားများတွင် နစ်နာမှုများလည်းရှိနေသည်။ ထို့ပြင် ပြည်တွင်း၌ လယ်ယာလုပ်သားရှားပါးမှုပြဿနာကိုလည်း ကြုံ တွေ့နေပြီး လယ်သမားပျောက်ဆုံးတော့မည့်အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရသည်။ ထို့ကြောင့် အဆိုပါ ကန့်သတ်ချက်များ အပါအဝင် လယ်သမားများ၏နစ်နာဆုံးရှုံးမှုများ၊ ပြင်ပမှပုဂ္ဂိုလ်များ မသိနိုင် သည့်အခက်အခဲများအကြောင်းကို ဆန်စပါးလောကတွင် နှစ်(၃၀)နီးပါးကျင်လည်ခဲ့သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် NP News မှ ကိုကျော်နုတို့ ဆွေးနွေးပြောဆိုထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဆွေးနွေးဖော်-အဓိက ကျွန်တော်တို့ရည်ရွယ်ချက် က ဘာလဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံက အဓိ ကက စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ Export ကရတဲ့ နိုင်ငံတော် Income က စိုက်ပျိုးထွက်ကုန်ကပဲ (၇၀%) လောက်ရတာ။ စက်မှုလုပ်ငန်းက ဒီလောက်ကြီး Export မှာ သွားတာမရှိဘူး။ အဓိကက စိုက် ပျိုးရေးရဲ့(၁၀ဝ%)မှာ ဆန်ကလည်း (၇၀%)လောက် ရှိတယ်။ တခြားပဲတို့၊ ပြောင်းတို့၊ ကော်ဖီတို့ကတော့ နည်းတယ်။ ဆန်ကတော့များတယ်။ အဓိက ကျွန် တော်တို့ကတော့ နိုင်ငံတော်ဝင်ငွေရဖို့ပဲ။

ကျော်နု- စိုက်ပျိုးရေးမှာဆိုရင် ကဏ္ဍဘယ်နှစ်ခု ခွဲ လဲ။ အဲဒီအောက်မှာ ကဏ္ဍဘယ်နှစ်ခုရှိလဲပေါ့။ စီးပွား ရေးလုပ်လို့ရတာဘာတွေရှိလဲ။
ဆွေးနွေးဖော်- Business ဆိုရင် ဆန်စပါးရှိမယ်၊ ပဲရှိမယ်၊ ပြောင်းရှိမယ်၊ အခြားသော လယ်ယာ ကဏ္ဍ ထွက်ကုန်တွေရှိမယ်။ ပြီးရင် ကော်ဖီရှိမယ်။ အဓိက တော့ ကျွန်တော်ကတော့ ကျောင်းပြီးထဲက ဆန်စပါး နဲ့စပြီးတော့လုပ်လာတဲ့အခါကျတော့ ဆန်စပါးနဲ့ပဲ ရင်းနှီးတာပေါ့။ ရှင်းရှင်းပြောရရင် လယ်ယာကဏ္ဍကို ဖြစ်စေချင်တာပေါ့။ လယ်ယာကဏ္ဍဆိုရင် လယ် သမားနဲ့ပဲ အရင်စရမှာပေါ့။ ဥပမာအနေနဲ့ပြောရမယ် ဆိုရင် ရွှေဘိုမှာလည်းကျွန်တော်စက်ရုံမှူးနဲ့လုပ်ခဲ့ သေးတယ်။ (၂၀ဝ၄)မှာတော့ ပြန်ပြောင်းလာခဲ့ တယ်။ ပြောင်းလာတဲ့အချိန်မှာ ရွှေဘိုပေါ်ဆန်းဆို တာ မထွက်သေးဘူး။ ရွှေဘိုပေါ်ဆန်းဆိုတာ အောက် အရပ်က ဖျာပုံကပေါ်ဆန်းကိုယူပြီး ရွှေဘိုမှာသွား စိုက်တာ။ အဲဒီမှာ ရွှေဘိုမြေနဲ့တည့်ပြီးတော့ ရွှေဘို ပေါ်ဆန်းဆိုပြီးဖြစ်သွားတာ။

ကျော်နု- ရွှေဘိုပေါ်ဆန်းရဲ့မျိုးရင်းက ဧရာဝတီပေါ့။
ဆွေးနွေးဖော်-ရွှေဘိုပေါ်ဆန်းဆိုတာ အဲဒီလိုကောင်း တယ်ပေါ့လေ။ လက်ရှိမှာ စပါးရဲ့ဈေးက အဟောင်း ဆိုလို့ရှိရင် အရင်တုန်းကဆို (၄၈)သိန်းလောက်ဖြစ် သွားတယ်။ အဓိကပြဿနာကဘာလဲဆိုရင် လယ် သမားတွေက ဒီဆန်က၊ ဒီစပါးက ဈေးရတယ်ဆိုရင် သူတို့ကိုရိုက်ပြီးတော့ တခြားဆန်စိုက်ခိုင်းလည်း စိုက် ကိုမစိုက်ဘူး ကြိမ်းသေတယ်။ ဘာလို့လဲဆို ဒီရွှေဘို စပါးက ဈေးရတယ်။ ပေါ်ဆန်းရတယ်၊ ဧရာမင်း ရတယ် ဒီနှစ်မျိုးပဲစိုက်တာ။ တခြားဟာတွေသာ နွေ စပါးအနေနဲ့ သူတို့စိုက်ကြတာ။ အဲဒီတော့ ဈေးရတဲ့ စပါးကိုပဲ သူတို့စိုက်တယ်။ လယ်သမားစိုက်မှလည်း စပါး ကောင်းကောင်းထွက်မှာ။ စပါး ကောင်းကောင်း ထွက်မှလည်း ကျွန်တော်တို့ရဲ့ Market ကြီးကလည်း ဖွံ့ဖြိုးလာမှာ။ အဲဒီတော့ အဓိက စတာတော့ လယ်သမားကစတာပဲ။ စပါးကနေ ဆန်ကြိတ်ပြီး ထွက်ပေါက်က နှစ်ပေါက်ပဲရှိတယ်။ တစ်ပေါက်က ဘာလဲဆိုရင် Domestic နဲ့ နောက်တစ်ပေါက်က Export။ ကျွန်တော်တို့အခု Local စားသုံးမှုက သိ သ‌ လောက်ကတော့ ထွက်တဲ့ (၁၀ဝ%) မှာ (၆၅%)(၇၀%) လောက်စားတယ်။ အဲဒီထဲကမှ (၃၀%)၊ (၃၅%) လောက်ကို Export လုပ်တယ်ပေါ့။ အခုက ကွာနေတာကဘာလဲဆိုတော့ Export က ဆန်ကွဲ (၅%) ပါတဲ့ ဆန်တစ်တန်ကို ဒေါ်လာ (၅၂၀) က နေပြီးတော့ (၅၈၀) နီးပါးလောက်သွားတယ်။ တစ် တန်ကို (၅၄၀) လောက်နဲ့တွက်မယ်ဆိုရင် တစ်တန် မှာ ဆန်အိတ်(၂၀)ရှိတယ်။ ဆန်တစ်အိတ်ဈေးက နထစသမအ ဖြစ်မယ်ဆိုရင် (၁၁၀ဝဝဝ)အထက်မှာ ရတယ်။ Export လုပ်တဲ့ Exporter ကြီးတွေက ဒီလို မျိုးရတယ်။Small & Medium Business သမားတွေကတော့ အဲဒီပေါ်မှာ ဘယ်လောက်လောက်ပဲ ခံစားလို့ရမလဲဆိုတော့ အဲဒီအပေါ်မှာ (၈၅၀ဝဝ) လောက်ပဲရမယ်။ အဲဒီအပေါ်မှာ ဆန်တစ်အိတ်ပေါ်မှာ အခြေခံယူပြီးတွက်ရင် လယ်သမားတွေခံစားလို့ရ တာက (၅၅၀ဝဝ)၊ (၆၀ဝဝဝ) ပဲ ခံစားလို့ရတာ။ အဲဒီတော့ လယ်သမားနဲ့ Exporter ရဲ့ ကြားထဲမှာ နှစ်ဆ နီးပါးလောက်ကွာတယ်။ ဒါပေမဲ့ ကြားထဲမှာ ကုန်တဲ့ ဟာတွေကတော့အများကြီးရှိသေးတာပေါ့။ နောက်တစ်ခုကဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဆန်စပါးထွက်ရှိမှုကို ကြည့်လိုက်လို့ရှိရင် ဧရာဝတီ တိုင်းက ဆန်စပါးရဲ့ (၆၅%) ထွက်တယ်။ ရန်ကုန် တိုင်းက (၁၀%) လောက်ပဲထွက်တယ်။ ပဲခူးအရှေ့၊ အနောက်က (၁၅%) ထွက်တယ်။ ကရင်တို့၊ မွန်တို့၊ စစ်ကိုင်းတိုင်းတို့ကတော့ နည်းနည်းစီပေါ့။ ကျန်တဲ့ တခြားနေရာလေးတွေကလည်း ထွက်တယ်။ အဲဒီ တော့ အခုပြဿနာကဘာလဲဆိုတော့ စပါးကို မြန်မာနိုင်ငံထဲမှာ တိုင်းကူးလို့မရဘူး။ ဧရာဝတီတိုင်း မှာရှိတဲ့စပါးက ဧရာဝတီတိုင်းထဲမှာပဲ ဆန်အဖြစ်ပြောင်းလို့ရမယ်။ လက်ရှိ Policy အရပေါ့။ ဘယ်သူ ပြဋ္ဌာန်းထားတာလဲဆိုတော့ သေချာတော့မသိဘူး။ စပါးတိုင်းကူးခွင့်မရှိဘူး။ Demand & Supply အရ ကြည့်မယ်ဆိုရင် (၆၅%) ထွက်နေတဲ့နေရာက စပါးက အခြားနေရာကို ကူးလို့မရဘူးဆိုလို့ရှိရင် ဘာလုပ် ရမလဲဆိုတော့ ဆန်အဖြစ်ကူးရမယ်။ ဆန်အဖြစ်ကူး ရမယ်ဆိုလို့ရှိရင် သူ့ဒေသမှာရှိတဲ့ဆန်စက်နဲ့မဖြစ်မနေကြိတ်ရမယ်။ ထုံးစံအရ စက်မကောင်းရင် စက်ကြောင့် ကျိုးသွားတဲ့အကျိုးရှိမယ်။ (၁%)၊ (၂%) လောက်သိသာမယ်။ တကယ်တမ်းကျတော့ (၆၅%) က Supply ရှိနေတဲ့နေရာမှာ Demand မရှိဘူးဆိုလို့ ရှိရင် Supply သမားတွေက ခံရမှာပဲ။ ချုပ်သွားပြီ လေ ဒီနေရာကြီးမှာပဲ သူတို့လုပ်ရတော့မယ်။ Free Trade မဖြစ်တော့ဘူး။ အဲဒီတော့ အဲဒီနေရာမှာရှိ တဲ့ဆန်တွေကို ကျွန်တော်တို့ကQuality မမှီတဲ့စက် တွေနဲ့ကြိတ်ရတယ်။Quality မှီတဲ့စက်ကလည်း မြန်မာပြည်မှာ လက်ချိုးရေလို့ရတယ်။ အဲဒီအခါ ကျတော့ ဘာဖြစ်လဲဆိုတော့ နံပါတ်(၁)က ဒီနေရာက စပါးထွက်တဲ့နေရာမှာ သူရောင်းချင်တိုင်းရောင်းလို့မရတဲ့အခါကျတော့ ဒီနေရာမှာပဲရောင်းရတော့ ဈေးက Free Trade မဖြစ်တော့ ဈေးလျော့သွားတယ်။ လယ်သမားက သူရသင့်တဲ့ဟာကိုမရတော့ဘူး။ အဲဒီ ဟာတွေက ဆန်ဖြစ်သွားပြီ။ ဆန်ဖြစ်သွားတဲ့ ကိစ္စမှာ ဘယ်လိုဖြစ်လဲဆိုတော့ Export Quality ကို မှီတဲ့ စက်က အဲဒီဒေသမှာ အင်မတန်ရှားတယ်။ အဲဒီတော့ ရှိတဲ့စက်နဲ့ကြိတ်တဲ့အခါကျတော့ နိုင်ငံတော်မှာ ဘာတစ်ခုနစ်နာလည်းဆိုတော့ ဆန် ကြိတ်ထွက်မှုပေါ့ ဆန်တော့မရတော့ဘူး ဆန်ကွဲရသွားတယ်။ ဆန်ဖြစ်ရမယ့်ဟာက ဆန်ကွဲဖြစ်သွားတယ်။ အဲဒီအတွက် နစ်နာတယ်။ Export Quality မမှီတဲ့အခါကျတော့ အောက်ဈေးပေါ့။ Small & Medium Business သမားတွေက ငွေရင်းလိုက်ရတယ်။ ရင်းပြီးတော့ ဆန် ထွက်လာတယ်။ ရလာတဲ့ အမြတ်အစွန်းက ဆန်တစ် အိတ်ပေါ်မှာ (၂၀ဝဝ)၊ (၃၀ဝဝ) စသည်ဖြင့် ဒီ လောက် ပဲရတယ်။ ရတဲ့ဟာကို ခုနလို စပါး မပို့ရဘူး ဆန်ပဲပို့ရတဲ့အခါကျတော့ အဲဒီ ဆန်တွေကို ရန်ကုန် တိုင်းကိုအဓိကပို့တယ်။ ဆန်တွေကို့ Upgrade လုပ်တဲ့စက်တွေ အများကြီးရှိတယ်။ ရန်ကုန်တိုင်းမှာ Upgrade လုပ်တယ်။ နယ်ကစက်တွေတော် တော်များများက စပါးကနေ စကြိတ်ရတယ်။ စပါး ဆို တာ အမှုန်ထတဲ့အမျိုး အလုပ်အင်မတန်ရှုပ်တာ။ ဆန် ဆိုတာက ကောင်းကောင်းမဆိုတာ ကြည့်တာနဲ့ မြင်ရတယ်။ စပါးကျတော့ မမြင်ရဘူး။ ဒီစပါးက ကျိုး မှာလား၊ ကြေမှာလားလည်း မသိဘူးUnseen ဝယ်ရ တာ။ တကယ်တမ်းက ဆန်ဖြစ်သွားပြီဆိုလို့ရှိရင် ဆန်ကွဲရာခိုင်နှုန်း (၇၀)၊ (၇၅) ရှိတဲ့ဆန်လိုချင်တယ် ဆိုရင် ရောင်းလိုက်တယ်။ ခုနပြောသလို (၇၅၀ဝဝ)၊ (၈၀ဝဝဝ) နဲ့ ရောင်းလိုက်တယ်။ ဒီဘက်ရောက်လာတယ်။ သူက Upgrade တင်တယ်။ Exporter ကြီးတွေက အသားကြီးပဲစားရတာ။

ကျော်နု- တစ်ဖက်ကဆန်တွေက ကျိုးကြေနေတာ မဟုတ်ဘူးလား။
ဆွေးနွေးဖော်-ကျိုးကြေနေပေမယ့် ဆန်ကွဲတွေကို ခွဲထုတ်လို့ရတယ်။ စက်ကလေးတွေက ဆန်ကွဲတော့ ခွဲထုတ်နိုင်တယ်။ ဒါပေမဲ့ အရောင်က ပိုးသားလေး လို အိနေတာတွေဘာတွေတော့ မဖြစ်သေးဘူးပေါ့။ Export Quality မဖြစ်သေးဘူး။ ဒါပေမဲ့ ဆန်ကွဲကတော့ (၃၀) လောက်ပါမယ်၊ (၂၅) လောက်ပါမယ်။ ဆန်က (၇၀)၊ (၇၅) လောက်ပေါ့။ အဲဒီဟာကို ဆန် က (၉၂) လောက်ဖြစ်သွားအောင် ဒီဘက်ကဟာတွေ နဲ့ ပြန်ပြီး ရွေးချလိုက်တယ်။ အဲဒီမှာအဆင့်ဆင့်လုပ် လိုက်တဲ့အခါမှာ ကျွန်တော်ပြောသလိုဆန်မျိုး ဖြစ် သွားတယ်။ Export Quality ဖြစ်သွားတယ်။ ဖြစ် သွားတော့ Export ဈေးရတာပေါ့။ လွန်ခဲ့တဲ့ (၁၅ )နှစ်လောက်မှာ ကုမ္ပဏီတစ်ခုမှာဝင်တဲ့အခါကျတော့ အဲဒီကသူဋ္ဌေးတစ်ယောက်က ဘာပြောလဲဆိုတော့ အဲဒီတုန်းကတော့ ဦးသန်းရွှေ လက်ထက်ပဲရှိဦးမယ်။ အဲဒီအချိန်မှာ သူ‌ဋ္ဌေးကဘာပြောလဲဆိုတော့ ဆန်စပါး ကို ပိတ်နိုင်ဖွင့်နိုင်ကစားနိုင်တဲ့သူက ဆရာပဲတဲ့။ ကျွန် တော်တို့နိုင်ငံက ဆန်ပို့တဲ့နိုင်ငံဆိုတော့ ကြိမ်းသေတာက Export ပို့ကိုပို့ရမယ်။ Export မပို့လို့မရဘူး။ ထွက်လာတဲ့ဆန်က ဘာမှလုပ်လို့မရဘူး Export ပဲ လုပ်ရမှာ။ ဒါအကျိုးအမြတ်တွေအများကြီးရတဲ့အလုပ်။ ကျွန်တော်တို့က အခုဟာက Policy အရ နိုင်ငံတော်ကနေ ကိုင်တော့ကိုင်တယ်။ ဒီလထဲမှာ တန်ချိန် ဘယ်လောက်ပို့ခွင့်ရတယ်ဆိုပြီး MRF ကသူ့ လူ တွေရှိတယ်။ ဒီဟာကို ယူလိုက်တယ်။ ပါမစ်ယူ လိုက်တယ်။ ပြီးရင် Small & Medium Business သမားတွေကို စက်ရုံတွေခွဲပြီးချတယ်။ အဲဒီတော့ ဆန် သမားက ဘာနဲ့သွားပြီးတူအောင်ပြောရမလဲဆိုရင် ဦးသိန်းစိန်လက်ထက်က ကားသွင်းသလိုပေါ့။ ဦး သိန်းစိန်လက်ထက်က ကားကိုလျှော့ပေါ့ပေးတယ်။ ရှိသမျှလူတွေသွင်းကြတယ်။ ဒေါ်လာရှိရင်ကိုယ်ဟာ ကိုဝယ်ပြီး သွင်းလို့ရတယ်။ အဲဒီတော့ကားဈေးက မတရားထိုးကျတယ်။ အခုက ဆန်စပါးလောကကြီးတိုးတက်ဖို့အတွက်က စက်တွေအကုန်လုံးက Export လုပ်နိုင်တယ်ဆိုပေမယ့် Export ကအရမ်း ကြီးလွှတ်ပေးလိုက်လို့မရဘူး။ Export က ပိုက်ဆံရ မှန်းသိတော့ အကုန်လွှတ်ပေးလိုက်ရင် ပြည်တွင်းမှာ ငတ်ကုန်မှာပေါ့။ အဲဒီတော့ အဲဒါလည်းလွှတ်ပေးလို့ မရဘူး။ နိုင်ငံတော်က ဒါတွေကရှိပြီးသား။ ပြည်တွင်း စားသုံးမှုက ဘယ်လောက်ရှိတယ် ပို့တဲ့ပမာဏ ဘယ် လောက်ကို ပို့မယ်။ ဒါကို ပါမစ်ချပေးတယ်။ ပါမစ်ချ ပေးတဲ့ကိစ္စက အကုန်လုံးညီညီမျှမျှပေါ့ ဒီစက်ကလည်း Export ပို့နိုင်တယ် သူကြိတ်နိုင်တယ်ဆိုရင် သူ့ဟာသူပါမစ်ယူပြီး လုပ်လိုက်လို့ရှိရင် စက်(၅)လုံး ရှိရင် တစ်လုံးမကောင်းဘူးဆိုရင် သူ့စက်မကောင်း ကောင်းအောင် ပြင်ရတော့မှာပဲ။ အခုက ကုန်ဈေး နှုန်းတွေက အရမ်းတက်သွားတဲ့အခါကျတော့ ရတဲ့ အကျိုးအမြတ်နဲ့ ပြန်တည့်ရတာနဲ့ ကလုံးလည် လိုက် နေတယ်။ ခုနပြောတဲ့ အခွင့်အရေးသာ အားလုံးတန်း တူညီတူလုပ်လို့ရမယ်ဆိုရင် ဆန်စပါးလောကကြီးက မြင့်လာမယ်။ နိုင်ငံခြားကို ပို့တယ်။ အခုဆိုရင် ရက် (၉၀)စပါး၊ ရက်(၉၀)စပါးက ဈေးကောင်းရတာက နိုင်ငံခြားကလည်း ကြိုက်တယ်။ အဲဒီလိုကောင်းတဲ့ ဆန်(၄)(၅)(၆)မျိုးရှိတယ်။ ရွှေဘိုဆန်လိုပဲ။ ဒီစပါးကို ဝယ်မယ်ဆိုရင် ဥပမာ စပါး(၁၀ဝ)ကို သိန်း(၂၀)ပေး မယ်၊ သိန်း(၃၀)ပေးမယ်။ ဟိုစပါးက (၁၅)သိန်းပဲရ မယ်ဆိုလို့ရှိရင် ဘယ်သူမှဟိုစပါးသွားစိုက်မှာ မဟုတ်တော့ဘူး။ အခုက တကယ်တမ်းက ရွှေဘိုလိုပုံစံ မျိုးပဲ ဒါကြီးကိုလိုက်ပြီးတော့ နိုင်ငံတော်ကတွန်းတွန်း တိုက်တိုက်လုပ်စရာမလိုဘူး။ ဒီစပါး အမျိူးအစားက ကောင်းတယ် ဈေးကောင်းပေးဝယ်မယ်ဆိုရင် အချို့ ဒေသတွေမှာတော့ စိုက်မရတာတော့ရှိတာပေါ့။ သူ့ဒေသရဲ့အထွက်နှုန်းနဲ့ကိုက်ညီမှ စိုက်လို့ရတယ်။ အခုက လယ်သမားတွေက ဘာဖြစ်ကုန်လဲဆိုတော့ ဆန်စပါးစိုက်တယ်ဆိုတာ မိရိုးဖလာလုပ်ငန်းပဲ။ ဒီအလုပ်ပဲလုပ်လာတာ။ ဒါကြီးကို မစိုက်လို့ကလည်း မရဘူး။ အဲဒီတော့ တာဝန်ကျေပဲလုပ်လာတယ်။ မျိုးကြီးကိုကြဲလိုက်တယ်။ ကြဲပြီးတော့ ပိုးသတ်ဆေး လည်း မသုံးတော့ဘူး။ သိပ်ပြီးဂရုမစိုက်တော့ဘူး။ အဲဒီတော့ အဖျင်းအမှော်တွေများလာတယ်။ ပဲက စိုက်ချင်လာတော့ စပါးတွေကိုရိတ်တယ်၊ ကန်သင်းရိုး ပေါ်ပုံတယ်။ အခုတော့ စက်တွေနဲ့ လုပ်တယ်။ ရိတ်သိမ်းခြွေလှေ့စက်တွေနဲ့လုပ်တဲ့ဟာက တော်တော် ပြောင်းလဲလာပြီ။ လယ်ယာက အရင်တုန်းကလို နွား တွေဘာတွေနဲ့လုပ်တာမဟုတ်တော့ဘူး။ တလင်းတွေ လည်း မရှိတော့ဘူး။ ရိတ်သိမ်းခြွေ လှေ့စက်နဲ့လုပ် တယ်။ ထွက်လာတဲ့ဟာကို ကုန်သည်ကိုတစ်ခါတည်း ရောင်းလိုက်တာပဲ။ လယ်ထဲကထွက်တဲ့စပါးက အစို ဓာတ်က (၂၈) ကနေ၊ (၃၀) အထိရှိတယ်။ အဲဒီ တော့ အခြောက်ခံရတယ်။ Sun Dry နဲ့ အခြောက်ခံ ကြတယ်။ ရာသီဥတုတွေပြောင်းတော့ စပါးတွေက မခြောက်တော့ဘူး။ အဲဒီတော့ Small & Medium Business သမားတွေက တကယ်တမ်းသာ သူတို့ အကျိုးအမြတ်ရှိတယ်ဆိုရင် Dryer တွေဝယ်ပြီးတော့ အခြောက်ခံတော့ ချက်ချင်းခြောက်မယ်။ တပ်ဆင်ထားတဲ့ Dryer ပေါ်မူတည်ပြီး တန်ချိန်လည်း မြင့်မှာပေါ့။ လယ်ယာကဏ္ဍဖွံ့ဖြိုးဖို့အတွက်က တကယ်တမ်းက Free Trade ဖြစ်ရမယ်။

ကျော်နု- ခုနပြောတဲ့အထဲမှာ စပါးက တစ်တိုင်းနဲ့ တစ်တိုင်းကို ရွှေ့လို့မရဘူး။ ဧရာဝတီတိုင်းက အများ ဆုံးထွက်တယ်။ စပါးအဖြစ်နဲ့ သယ်လို့မရဘူး။ ဆန် အဖြစ်နဲ့တော့ သယ်လို့ရတယ်။ အဲဒီကြားထဲမှာ စီးပွား ရေးကစားတဲ့အကွက်တွေမရှိနိုင်ဘူးလား။ ဘယ်လို မျိုးကစားနိုင်လဲ။
ဆွေးနွေးဖော်-စပါးကို အခြားတိုင်းကို သယ်လို့မရဘူး။ ဧရာဝတီတိုင်းကျော်လို့မရဘူး။ ဆန်ပဲသယ်ရ မယ်။ Export လုပ်ချင်တဲ့သူက ပဲခူးကဆိုရင် ပဲခူးကို ပြန်သယ်လို့မရဘူး။ အဲဒီနေရာမှာ သွားလုပ်ရမယ့် ပုံစံဖြစ်နေတယ်။

ကျော်နု- အဲဒီတိုင်းမကျော်ရတဲ့အမိန့်ကို ဘယ်သူက ထုတ်တာလဲ။
ဆွေးနွေးဖော်-အစိုးရကထုတ်တာလေ။ MRF က ထုတ်ထားတာ။ တစ်နှစ်ခွဲလောက်ပဲရှိဦးမယ်။ ဆန် ဈေးကြီးတဲ့ဟာနဲ့ သတင်းတွေကို လူကြီးတွေကိုပေး လိုက်တယ်။ လူကြီးတွေကလည်း အဲဒီလိုထုတ်လိုက်တာ။

ကျော်နု- တိုင်းမကျော်ရတာနဲ့ပဲ ဆန်ဈေးထိန်းနိုင် မှာမို့လို့လား။ အစ်ကို့ဆီမှာ စားစရာတစ်ခုရှိတယ်ဗျာ။ ကျွန်တော့်ဆီမှာ ပစ္စည်းတစ်ခုရှိတယ်။ အစ်ကိုနဲ့ ကျွန်တော် လဲစားမှနှစ်ယောက်သက်သာမှာလေ။ ပန်သီး တစ်လုံးရှိတယ်ဆိုပါစို့ ခွဲကျွေးမှရမယ်ဆိုရင် ခွဲဖို့ဓား ဝယ်ရတော့မယ်။ ကုန်ကျစရိတ်ကထပ်တိုးလာတော့ မယ်။ အလယ်ကနေဘာလို့ဝင်လာမှာတုန်း။ ကြားထဲ မှာ တစ်ခုခုရှိနေတယ်လို့ ကျွန်တော်တွေးမိတယ်။ အင်းလေးက ခရမ်းချဉ်သီးတွေက ရန်ကုန်သယ်လို့ မရဘူးဆိုရင် အဲဒီအင်းလေးကလူတွေက (၂၀ဝ) နဲ့ ရောင်းပြီးတော့ ပုပ်သွားမှာလား။ ဒီမှာ (၂၀ဝဝ)ဖြစ် နေမှာလား။ (၂၀ဝ) ပစ္စည်းက ဟိုမှာ (၂၀ဝ) နဲ့ရောင်း ရမယ့်အစား ဒီကိုပို့လိုက်လို့ရှိရင် (၂၀ဝဝ) မရရင် တောင် (၁၀ဝဝ) ရမယ်။ သူရဲ့ပို့ဆောင်ခ နှုတ်ရင် တောင် (၂၀ဝ) ကနေ (၄၀ဝ) ရမယ်။ အဲဒီတော့ ဧရာ ဝတီတိုင်းကရှိတဲ့ လယ်သမားတွေအကုန်လုံးကို တိုင်း မကျော်ရဆိုပြီးပြောလိုက်တာက ဧရာဝတီတိုင်း ကလယ်သမားတွေရဲ့ဈေးနှုန်းကို ကန့်လိုက်သလိုဖြစ် သွားတယ်။

ဆွေးနွေးဖော်-ဆန်စပါးက နည်းနည်းရှုပ်ထွေးတယ် ဗျ။ ဘယ်လိုရှုပ်ထွေးတာလဲဆိုတော့ လက်ရှိ Exporter တွေအကုန်လုံးက ဆန်ကိုပဲဝယ်ပြီးတော့ Export ပြန်လုပ်တယ်။ ဒီစပါးကို သယ်လို့မရဘူးဆိုတော့ ဒီတိုင်းထဲမှာပဲ ဆန်ကကြိတ်ရတယ်။ ဒီတိုင်းထဲမှာတော့ Quality မှီတဲ့ဆန်စက်က ရှားတယ်။ တောတွေဖြစ်နေတာကိုး။ လူကြီးတွေကိုပြောတာတော့ နယ်ကလူတွေ အလုပ်ရတယ်လို့ပြောပေမယ့် နင်းထားသလိုဖြစ်နေတာ။ ခုနခရမ်းချဉ်သီးလိုပဲ ဟို ကဟာ တွေသာ ဒီကိုရောက်လာရင် ဒီမှာလည်းဈေး သက်သာ သွားမယ်။ လယ်သမားလည်းခံစားရမယ်။ အကုန်လုံး အကျိုးရှိတယ်။ အဲဒီတော့ အကျိုးမရှိအောင် Block ထားတယ်ဆိုတာက ကြားထဲမှာ တစ် ယောက်ယောက် အကျိုးထပ်ရှိနေလို့။ နောက်တစ် ခုက ဒီလယ်ကွင်းက ဧက (၃၀)ရှိတယ်။ (၅၀)ရှိတယ်။ စပါးက ရက်(၉၀)စိုက်တယ် စသည်ဖြင့်စိုက်ကြတယ်။ အဲဒီလိုစိုက်တဲ့ လယ်ကွင်းက စပါးတွေက အစထဲက စပါးကတူရာ တူရာပဲစုတာ။ ဆန်ဖြစ်သွားရင် ဒီဆန် က ဘယ်စပါးက နေလာတယ်ဆိုတာကို ကြည့်လို့မရ တော့ဘူး။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ တစ်ခါတ လေကျရင် ကျွန်တော်တို့ Export တွေ နိုင်ငံခြားကနေ သင်္ဘောတွေနဲ့ ပြန်လွှတ်တာတို့ ဘာတို့ ပြဿနာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်တွေ ကြိတ်တယ်။ ကရင်မနဲ့ သုခနဲ့က ခပ်ဆင်ဆင်တူတယ်။ ဘုရင့်နောင်လည်း ရောက်ရော အဲဒီဟာတွေကို အကုန်ရောပြီးတော့ Export ပို့တယ်။ Export ပို့တော့ ဘာဖြစ်လဲဆိုတော့ Eating Quality မတူတော့ဘူး။ ရွှေဘိုပေါ်ဆန်း ၊ ဧရာဝတီပေါ်ဆန်းနဲ့ ပုသိမ်ပေါ်ဆန်း စသဖြင့် ပေါင်းစားကြည့် ထမင်းကိုကြည့်လိုက် တာနဲ့သိတယ်။ ဆန်ကိုရောလိုက်ရင်မသိတော့ဘူး၊ ဒါပေမဲ့ ထမင်းဖြစ် သွားရင်သိတယ်။ စပါးကသိတယ်။ နံပါတ်(၁) က ဆိုးကျိုးက သုံးခုလောက်ရှိတယ်။ တစ်ခုက ခုနခရမ်းချဉ်သီးလိုပဲ (၂၀ဝ) နဲ့ရတဲ့ဟာက တကယ်တမ်းဒီမှာက (၂၀ဝဝ) ဖြစ်နေတယ်။ တ ကယ်တမ်းသူရသင့်တာက (၇၀ဝ) လောက်တော့ရ သင့်တယ်။ (၇၀ဝ) သူမရတော့ဘူး။ ခုနပြောသလို ပုပ်လို့လွှင့်ပစ်ရတာက တစ်ပိုင်း။ ဆန်ကတော့ ပုပ် တော့မသွားဘူးပေါ့လေ။ စပါးသယ်လို့မရဘူး။ ဆန်ပဲ ကြိတ်ရတယ်ဆိုတော့ ဆန်တွေဖြစ်သွားရော။ ဘုရင့် နောင်လည်းရောက်ရော အဲဒီဆန်တွေကို တူရာတူရာ တွေစုပြီးတော့ Export ပို့လိုက်တယ်။ Eating Quality က မကောင်းတော့ဘူး။ ဆန်တွေက အမျိုး အစားမှ မတူတာကိုး။ Rice Export Market ကလည်း ဈေးမရဘူး။ ထိုင်းမှာဆိုရင် Export ကို ဘယ်လိုလုပ်လဲဆိုတော့ ဒီဆန်အမျိုးအစားကို ဥရော ပတိုင်းက တစ်ယောက်နဲ့ တန်ချိန် (၃၀ဝဝ) လိုချင်တယ် ရက်(၁၂၀)အချိန်ပေးမယ်။ အဲဒီတော့ ထိုင်းကဘာလုပ်လည်းဆိုတော့ ရေသွင်းရေထုတ်တွေ ကောင်းတယ်။ ရာသီဥတုပြောင်းလဲမှုကိုလည်း သိပ်ဂရုစိုက်စရာမလိုဘူး။ သူ့ဆန်ကိုသူသိပြီးသား စပါး ဘယ်လောက်ကြိတ်ရင် တန်ချိန်(၃၀ဝဝဝ)ရမယ်ဆို တာ။ အဲဒီတော့ လယ်သမားတွေအကုန်လုံးကိုပြောလိုက်တယ် ဒီစပါးစိုက်ပေး။ မင်းတို့ထွက်လာတဲ့ စပါးမှန်သမျှကို ငါဝယ်မယ်။ ဒီဈေးနဲ့ဝယ်မယ်။ ဒီ အချိန်ကနေစစိုက်။ ရေလည်း ဂရုစိုက်စရာမလိုဘူး လေ။ ဆည်တွေရှိတယ်။ ထွက်လာတဲ့စပါးတွေကို အကုန်ဝယ်တယ်။ ဝယ်ပြီးသွားရင် အခြောက်ခံစက်တွေနဲ့ လုပ်တယ်ပြီးရင် High Quality Rice ကို Export တန်းပို့တယ်။ လယ်သမားကလည်း သူ့ခံစား ခွင့်ကို အဆင့်ဆင့်ရသွားတာပေါ့။ ခုကျတော့ အကျိုးခံစားခွင့်က Exporter သမားတွေ အကုန်ဆွဲရသလိုဖြစ် သွားတာပေါ့။

ကျော်နု- တိုင်းမကျော်ရတဲ့ကိစ္စမှာ ဧရာဝတီတိုင်း မှာဆန်ကြိတ်ပြီး စပါးထုတ်လုပ်တဲ့သူက တိုင်းမကျော် ရတဲ့အတွက် စပါးကြိတ်ခွဲရမယ်။ သူရဲ့ဈေးနှုန်းဟာ Limit ဖြစ်နေတယ်။ ရသင့်သလောက်မရတော့ဘူး။ တစ်ဖက်မှာတော့ ဆန်ဈေးနှုန်းမတက်ဘူးလို့ အ ကြောင်းပြလို့ရတယ်။
ဆွေးနွေးဖော်- ဆန်ဈေးနှုန်းမတက်ဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဆန်လိုတဲ့ဒေသမှာတော့ ဆန်မရှိ တော့ဘူး။ ဆန်ကတော့ ဟိုဘက်ကိုရောက်တယ်။ ခက်တာက ဒီအကျိုးအမြတ်ကို တစ်နိုင်ငံလုံးက ခုန ပြောတဲ့ ခရမ်းချဉ်သီးပုံစံမျိုးပဲ (၂၀ဝ) ရမယ့်သူက (၂၀ဝ) ပဲရတော့တယ်။ ဟိုဘက်ကိုရောက်သွားလို့ (၂၀ဝဝ) ရရင် သူ (၇၀ဝ) တော့ရမယ်။ အခုက (၇၀ဝ) မရဘူး။ (၂၀ဝ) ပဲရမယ်။ ဧရာဝတီတိုင်းက ဆန်စပါးထွက်ရှိမှုရဲ့ (၆၅) ရာခိုင်နှုန်းကျော် ထွက်နေ တော့ ဒီဒေသက ကြိမ်းသေပေါက်ဆန်ကပိုနေတယ်။ ဆိုလိုတဲ့သဘောက အောက်ကလူတွေက အကျိုးအ မြတ်မခံစားရဘူး။ ဈေးကတော့ အပေါ်မှာရသွားတယ်။ ကမ္ဘာ့ဈေးကွက်က (၅၂၀) နဲ့ (၅၈၀) ကြားရှိနေတာကိုး။
(ဆက်လက်ဖော်ပြပါမည်)

zawgyi version
ေတာင္သူေတြနစ္နာရတဲ့ ျမန္မာ့ဆန္စပါးေလာက က လူမသိသူမသိ လက္ဝါးႀကီးအုပ္မႈေတြအေၾကာင္း
ယြန္း ေရးသားသည္ (NP News) - ဇန္နဝါရီ ၁၅

ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္ၿပီး ႏိုင္ငံေတာ္မွရရွိေသာ ပို႔ကုန္ရေငြ၏ (၇၀) ရာခိုင္ႏႈန္းမွာ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားမွ ျဖစ္သည္။ အဆိုပါ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားအနက္ ဆန္စပါးသည္ နထစသမအ အမ်ားဆုံး ပို႔ကုန္တစ္ခုလည္းျဖစ္သည္။ ျမန္မာႏိုင္ငံ၌ မိုးစပါးႏွင့္ ေႏြစပါးစိုက္ဧက (၁၇)သန္းခန႔္ရွိၿပီး ဆန္ စပါးထြက္ရွိမႈ၏ (၇၀) ရာခိုင္ႏႈန္းခန႔္မွာ ျပည္တြင္းစားသုံးမႈရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ပဆန္တန္ပို႔မႈမွ ႏွစ္စဥ္ အေမရိကန္ ေဒၚလာ သန္း(၈၀ဝ)ေက်ာ္ ရရွိေၾကာင္း သိရသည္။ သို႔ေသာ္ ဆန္စပါးေလာကတြင္ ျဖစ္ေပၚေနသည့္ ကန႔္သတ္ခ်က္မ်ားေၾကာင့္ ေတာင္သူလယ္သမားမ်ားတြင္ နစ္နာမႈမ်ားလည္းရွိေနသည္။ ထို႔ျပင္ ျပည္တြင္း၌ လယ္ယာလုပ္သားရွားပါးမႈျပႆနာကိုလည္း ႀကဳံ ေတြ႕ေနၿပီး လယ္သမားေပ်ာက္ဆုံးေတာ့မည့္အႏၲရာယ္ႏွင့္လည္း ရင္ဆိုင္ေနရသည္။ ထို႔ေၾကာင့္ အဆိုပါ ကန႔္သတ္ခ်က္မ်ား အပါအဝင္ လယ္သမားမ်ား၏နစ္နာဆုံးရႈံးမႈမ်ား၊ ျပင္ပမွပုဂၢိဳလ္မ်ား မသိႏိုင္ သည့္အခက္အခဲမ်ားအေၾကာင္းကို ဆန္စပါးေလာကတြင္ ႏွစ္(၃၀)နီးပါးက်င္လည္ခဲ့သည့္ ကြၽမ္းက်င္ပညာရွင္တစ္ဦးႏွင့္ NP News မွ ကိုေက်ာ္ႏုတို႔ ေဆြးေႏြးေျပာဆိုထားသည္မ်ားအား ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေဆြးေႏြးေဖာ္-အဓိက ကြၽန္ေတာ္တို႔ရည္႐ြယ္ခ်က္ က ဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံက အဓိ ကက စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္တယ္။ Export ကရတဲ့ ႏိုင္ငံေတာ္ Income က စိုက္ပ်ိဳးထြက္ကုန္ကပဲ (၇၀%) ေလာက္ရတာ။ စက္မႈလုပ္ငန္းက ဒီေလာက္ႀကီး Export မွာ သြားတာမရွိဘူး။ အဓိကက စိုက္ ပ်ိဳးေရးရဲ႕(၁၀ဝ%)မွာ ဆန္ကလည္း (၇၀%)ေလာက္ ရွိတယ္။ တျခားပဲတို႔၊ ေျပာင္းတို႔၊ ေကာ္ဖီတို႔ကေတာ့ နည္းတယ္။ ဆန္ကေတာ့မ်ားတယ္။ အဓိက ကြၽန္ ေတာ္တို႔ကေတာ့ ႏိုင္ငံေတာ္ဝင္ေငြရဖို႔ပဲ။

ေက်ာ္ႏု- စိုက္ပ်ိဳးေရးမွာဆိုရင္ က႑ဘယ္ႏွစ္ခု ခြဲ လဲ။ အဲဒီေအာက္မွာ က႑ဘယ္ႏွစ္ခုရွိလဲေပါ့။ စီးပြား ေရးလုပ္လို႔ရတာဘာေတြရွိလဲ။
ေဆြးေႏြးေဖာ္- Business ဆိုရင္ ဆန္စပါးရွိမယ္၊ ပဲရွိမယ္၊ ေျပာင္းရွိမယ္၊ အျခားေသာ လယ္ယာ က႑ ထြက္ကုန္ေတြရွိမယ္။ ၿပီးရင္ ေကာ္ဖီရွိမယ္။ အဓိက ေတာ့ ကြၽန္ေတာ္ကေတာ့ ေက်ာင္းၿပီးထဲက ဆန္စပါး နဲ႔စၿပီးေတာ့လုပ္လာတဲ့အခါက်ေတာ့ ဆန္စပါးနဲ႔ပဲ ရင္းႏွီးတာေပါ့။ ရွင္းရွင္းေျပာရရင္ လယ္ယာက႑ကို ျဖစ္ေစခ်င္တာေပါ့။ လယ္ယာက႑ဆိုရင္ လယ္ သမားနဲ႔ပဲ အရင္စရမွာေပါ့။ ဥပမာအေနနဲ႔ေျပာရမယ္ ဆိုရင္ ေ႐ႊဘိုမွာလည္းကြၽန္ေတာ္စက္႐ုံမႉးနဲ႔လုပ္ခဲ့ ေသးတယ္။ (၂၀ဝ၄)မွာေတာ့ ျပန္ေျပာင္းလာခဲ့ တယ္။ ေျပာင္းလာတဲ့အခ်ိန္မွာ ေ႐ႊဘိုေပၚဆန္းဆို တာ မထြက္ေသးဘူး။ ေ႐ႊဘိုေပၚဆန္းဆိုတာ ေအာက္ အရပ္က ဖ်ာပုံကေပၚဆန္းကိုယူၿပီး ေ႐ႊဘိုမွာသြား စိုက္တာ။ အဲဒီမွာ ေ႐ႊဘိုေျမနဲ႔တည့္ၿပီးေတာ့ ေ႐ႊဘို ေပၚဆန္းဆိုၿပီးျဖစ္သြားတာ။

ေက်ာ္ႏု- ေ႐ႊဘိုေပၚဆန္းရဲ႕မ်ိဳးရင္းက ဧရာဝတီေပါ့။
ေဆြးေႏြးေဖာ္-ေ႐ႊဘိုေပၚဆန္းဆိုတာ အဲဒီလိုေကာင္း တယ္ေပါ့ေလ။ လက္ရွိမွာ စပါးရဲ႕ေဈးက အေဟာင္း ဆိုလို႔ရွိရင္ အရင္တုန္းကဆို (၄၈)သိန္းေလာက္ျဖစ္ သြားတယ္။ အဓိကျပႆနာကဘာလဲဆိုရင္ လယ္ သမားေတြက ဒီဆန္က၊ ဒီစပါးက ေဈးရတယ္ဆိုရင္ သူတို႔ကို႐ိုက္ၿပီးေတာ့ တျခားဆန္စိုက္ခိုင္းလည္း စိုက္ ကိုမစိုက္ဘူး ႀကိမ္းေသတယ္။ ဘာလို႔လဲဆို ဒီေ႐ႊဘို စပါးက ေဈးရတယ္။ ေပၚဆန္းရတယ္၊ ဧရာမင္း ရတယ္ ဒီႏွစ္မ်ိဳးပဲစိုက္တာ။ တျခားဟာေတြသာ ေႏြ စပါးအေနနဲ႔ သူတို႔စိုက္ၾကတာ။ အဲဒီေတာ့ ေဈးရတဲ့ စပါးကိုပဲ သူတို႔စိုက္တယ္။ လယ္သမားစိုက္မွလည္း စပါး ေကာင္းေကာင္းထြက္မွာ။ စပါး ေကာင္းေကာင္း ထြက္မွလည္း ကြၽန္ေတာ္တို႔ရဲ႕ Market ႀကီးကလည္း ဖြံ႕ၿဖိဳးလာမွာ။ အဲဒီေတာ့ အဓိက စတာေတာ့ လယ္သမားကစတာပဲ။ စပါးကေန ဆန္ႀကိတ္ၿပီး ထြက္ေပါက္က ႏွစ္ေပါက္ပဲရွိတယ္။ တစ္ေပါက္က ဘာလဲဆိုရင္ Domestic နဲ႔ ေနာက္တစ္ေပါက္က Export။ ကြၽန္ေတာ္တို႔အခု Local စားသုံးမႈက သိ သ‌ ေလာက္ကေတာ့ ထြက္တဲ့ (၁၀ဝ%) မွာ (၆၅%)(၇၀%) ေလာက္စားတယ္။ အဲဒီထဲကမွ (၃၀%)၊ (၃၅%) ေလာက္ကို Export လုပ္တယ္ေပါ့။ အခုက ကြာေနတာကဘာလဲဆိုေတာ့ Export က ဆန္ကြဲ (၅%) ပါတဲ့ ဆန္တစ္တန္ကို ေဒၚလာ (၅၂၀) က ေနၿပီးေတာ့ (၅၈၀) နီးပါးေလာက္သြားတယ္။ တစ္ တန္ကို (၅၄၀) ေလာက္နဲ႔တြက္မယ္ဆိုရင္ တစ္တန္ မွာ ဆန္အိတ္(၂၀)ရွိတယ္။ ဆန္တစ္အိတ္ေဈးက နထစသမအ ျဖစ္မယ္ဆိုရင္ (၁၁၀ဝဝဝ)အထက္မွာ ရတယ္။ Export လုပ္တဲ့ Exporter ႀကီးေတြက ဒီလို မ်ိဳးရတယ္။Small & Medium Business သမားေတြကေတာ့ အဲဒီေပၚမွာ ဘယ္ေလာက္ေလာက္ပဲ ခံစားလို႔ရမလဲဆိုေတာ့ အဲဒီအေပၚမွာ (၈၅၀ဝဝ) ေလာက္ပဲရမယ္။ အဲဒီအေပၚမွာ ဆန္တစ္အိတ္ေပၚမွာ အေျခခံယူၿပီးတြက္ရင္ လယ္သမားေတြခံစားလို႔ရ တာက (၅၅၀ဝဝ)၊ (၆၀ဝဝဝ) ပဲ ခံစားလို႔ရတာ။ အဲဒီေတာ့ လယ္သမားနဲ႔ Exporter ရဲ႕ ၾကားထဲမွာ ႏွစ္ဆ နီးပါးေလာက္ကြာတယ္။ ဒါေပမဲ့ ၾကားထဲမွာ ကုန္တဲ့ ဟာေတြကေတာ့အမ်ားႀကီးရွိေသးတာေပါ့။ ေနာက္တစ္ခုကဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ဆန္စပါးထြက္ရွိမႈကို ၾကည့္လိုက္လို႔ရွိရင္ ဧရာဝတီ တိုင္းက ဆန္စပါးရဲ႕ (၆၅%) ထြက္တယ္။ ရန္ကုန္ တိုင္းက (၁၀%) ေလာက္ပဲထြက္တယ္။ ပဲခူးအေရွ႕၊ အေနာက္က (၁၅%) ထြက္တယ္။ ကရင္တို႔၊ မြန္တို႔၊ စစ္ကိုင္းတိုင္းတို႔ကေတာ့ နည္းနည္းစီေပါ့။ က်န္တဲ့ တျခားေနရာေလးေတြကလည္း ထြက္တယ္။ အဲဒီ ေတာ့ အခုျပႆနာကဘာလဲဆိုေတာ့ စပါးကို ျမန္မာႏိုင္ငံထဲမွာ တိုင္းကူးလို႔မရဘူး။ ဧရာဝတီတိုင္း မွာရွိတဲ့စပါးက ဧရာဝတီတိုင္းထဲမွာပဲ ဆန္အျဖစ္ေျပာင္းလို႔ရမယ္။ လက္ရွိ Policy အရေပါ့။ ဘယ္သူ ျပ႒ာန္းထားတာလဲဆိုေတာ့ ေသခ်ာေတာ့မသိဘူး။ စပါးတိုင္းကူးခြင့္မရွိဘူး။ Demand & Supply အရ ၾကည့္မယ္ဆိုရင္ (၆၅%) ထြက္ေနတဲ့ေနရာက စပါးက အျခားေနရာကို ကူးလို႔မရဘူးဆိုလို႔ရွိရင္ ဘာလုပ္ ရမလဲဆိုေတာ့ ဆန္အျဖစ္ကူးရမယ္။ ဆန္အျဖစ္ကူး ရမယ္ဆိုလို႔ရွိရင္ သူ႔ေဒသမွာရွိတဲ့ဆန္စက္နဲ႔မျဖစ္မေနႀကိတ္ရမယ္။ ထုံးစံအရ စက္မေကာင္းရင္ စက္ေၾကာင့္ က်ိဳးသြားတဲ့အက်ိဳးရွိမယ္။ (၁%)၊ (၂%) ေလာက္သိသာမယ္။ တကယ္တမ္းက်ေတာ့ (၆၅%) က Supply ရွိေနတဲ့ေနရာမွာ Demand မရွိဘူးဆိုလို႔ ရွိရင္ Supply သမားေတြက ခံရမွာပဲ။ ခ်ဳပ္သြားၿပီ ေလ ဒီေနရာႀကီးမွာပဲ သူတို႔လုပ္ရေတာ့မယ္။ Free Trade မျဖစ္ေတာ့ဘူး။ အဲဒီေတာ့ အဲဒီေနရာမွာရွိ တဲ့ဆန္ေတြကို ကြၽန္ေတာ္တို႔ကQuality မမွီတဲ့စက္ ေတြနဲ႔ႀကိတ္ရတယ္။Quality မွီတဲ့စက္ကလည္း ျမန္မာျပည္မွာ လက္ခ်ိဳးေရလို႔ရတယ္။ အဲဒီအခါ က်ေတာ့ ဘာျဖစ္လဲဆိုေတာ့ နံပါတ္(၁)က ဒီေနရာက စပါးထြက္တဲ့ေနရာမွာ သူေရာင္းခ်င္တိုင္းေရာင္းလို႔မရတဲ့အခါက်ေတာ့ ဒီေနရာမွာပဲေရာင္းရေတာ့ ေဈးက Free Trade မျဖစ္ေတာ့ ေဈးေလ်ာ့သြားတယ္။ လယ္သမားက သူရသင့္တဲ့ဟာကိုမရေတာ့ဘူး။ အဲဒီ ဟာေတြက ဆန္ျဖစ္သြားၿပီ။ ဆန္ျဖစ္သြားတဲ့ ကိစၥမွာ ဘယ္လိုျဖစ္လဲဆိုေတာ့ Export Quality ကို မွီတဲ့ စက္က အဲဒီေဒသမွာ အင္မတန္ရွားတယ္။ အဲဒီေတာ့ ရွိတဲ့စက္နဲ႔ႀကိတ္တဲ့အခါက်ေတာ့ ႏိုင္ငံေတာ္မွာ ဘာတစ္ခုနစ္နာလည္းဆိုေတာ့ ဆန္ ႀကိတ္ထြက္မႈေပါ့ ဆန္ေတာ့မရေတာ့ဘူး ဆန္ကြဲရသြားတယ္။ ဆန္ျဖစ္ရမယ့္ဟာက ဆန္ကြဲျဖစ္သြားတယ္။ အဲဒီအတြက္ နစ္နာတယ္။ Export Quality မမွီတဲ့အခါက်ေတာ့ ေအာက္ေဈးေပါ့။ Small & Medium Business သမားေတြက ေငြရင္းလိုက္ရတယ္။ ရင္းၿပီးေတာ့ ဆန္ ထြက္လာတယ္။ ရလာတဲ့ အျမတ္အစြန္းက ဆန္တစ္ အိတ္ေပၚမွာ (၂၀ဝဝ)၊ (၃၀ဝဝ) စသည္ျဖင့္ ဒီ ေလာက္ ပဲရတယ္။ ရတဲ့ဟာကို ခုနလို စပါး မပို႔ရဘူး ဆန္ပဲပို႔ရတဲ့အခါက်ေတာ့ အဲဒီ ဆန္ေတြကို ရန္ကုန္ တိုင္းကိုအဓိကပို႔တယ္။ ဆန္ေတြကို႔ Upgrade လုပ္တဲ့စက္ေတြ အမ်ားႀကီးရွိတယ္။ ရန္ကုန္တိုင္းမွာ Upgrade လုပ္တယ္။ နယ္ကစက္ေတြေတာ္ ေတာ္မ်ားမ်ားက စပါးကေန စႀကိတ္ရတယ္။ စပါး ဆို တာ အမႈန္ထတဲ့အမ်ိဳး အလုပ္အင္မတန္ရႈပ္တာ။ ဆန္ ဆိုတာက ေကာင္းေကာင္းမဆိုတာ ၾကည့္တာနဲ႔ ျမင္ရတယ္။ စပါးက်ေတာ့ မျမင္ရဘူး။ ဒီစပါးက က်ိဳး မွာလား၊ ေၾကမွာလားလည္း မသိဘူးUnseen ဝယ္ရ တာ။ တကယ္တမ္းက ဆန္ျဖစ္သြားၿပီဆိုလို႔ရွိရင္ ဆန္ကြဲရာခိုင္ႏႈန္း (၇၀)၊ (၇၅) ရွိတဲ့ဆန္လိုခ်င္တယ္ ဆိုရင္ ေရာင္းလိုက္တယ္။ ခုနေျပာသလို (၇၅၀ဝဝ)၊ (၈၀ဝဝဝ) နဲ႔ ေရာင္းလိုက္တယ္။ ဒီဘက္ေရာက္လာတယ္။ သူက Upgrade တင္တယ္။ Exporter ႀကီးေတြက အသားႀကီးပဲစားရတာ။

ေက်ာ္ႏု- တစ္ဖက္ကဆန္ေတြက က်ိဳးေၾကေနတာ မဟုတ္ဘူးလား။
ေဆြးေႏြးေဖာ္-က်ိဳးေၾကေနေပမယ့္ ဆန္ကြဲေတြကို ခြဲထုတ္လို႔ရတယ္။ စက္ကေလးေတြက ဆန္ကြဲေတာ့ ခြဲထုတ္ႏိုင္တယ္။ ဒါေပမဲ့ အေရာင္က ပိုးသားေလး လို အိေနတာေတြဘာေတြေတာ့ မျဖစ္ေသးဘူးေပါ့။ Export Quality မျဖစ္ေသးဘူး။ ဒါေပမဲ့ ဆန္ကြဲကေတာ့ (၃၀) ေလာက္ပါမယ္၊ (၂၅) ေလာက္ပါမယ္။ ဆန္က (၇၀)၊ (၇၅) ေလာက္ေပါ့။ အဲဒီဟာကို ဆန္ က (၉၂) ေလာက္ျဖစ္သြားေအာင္ ဒီဘက္ကဟာေတြ နဲ႔ ျပန္ၿပီး ေ႐ြးခ်လိုက္တယ္။ အဲဒီမွာအဆင့္ဆင့္လုပ္ လိုက္တဲ့အခါမွာ ကြၽန္ေတာ္ေျပာသလိုဆန္မ်ိဳး ျဖစ္ သြားတယ္။ Export Quality ျဖစ္သြားတယ္။ ျဖစ္ သြားေတာ့ Export ေဈးရတာေပါ့။ လြန္ခဲ့တဲ့ (၁၅ )ႏွစ္ေလာက္မွာ ကုမၸဏီတစ္ခုမွာဝင္တဲ့အခါက်ေတာ့ အဲဒီကသူေ႒းတစ္ေယာက္က ဘာေျပာလဲဆိုေတာ့ အဲဒီတုန္းကေတာ့ ဦးသန္းေ႐ႊ လက္ထက္ပဲရွိဦးမယ္။ အဲဒီအခ်ိန္မွာ သူ‌ေ႒းကဘာေျပာလဲဆိုေတာ့ ဆန္စပါး ကို ပိတ္ႏိုင္ဖြင့္ႏိုင္ကစားႏိုင္တဲ့သူက ဆရာပဲတဲ့။ ကြၽန္ ေတာ္တို႔ႏိုင္ငံက ဆန္ပို႔တဲ့ႏိုင္ငံဆိုေတာ့ ႀကိမ္းေသတာက Export ပို႔ကိုပို႔ရမယ္။ Export မပို႔လို႔မရဘူး။ ထြက္လာတဲ့ဆန္က ဘာမွလုပ္လို႔မရဘူး Export ပဲ လုပ္ရမွာ။ ဒါအက်ိဳးအျမတ္ေတြအမ်ားႀကီးရတဲ့အလုပ္။ ကြၽန္ေတာ္တို႔က အခုဟာက Policy အရ ႏိုင္ငံေတာ္ကေန ကိုင္ေတာ့ကိုင္တယ္။ ဒီလထဲမွာ တန္ခ်ိန္ ဘယ္ေလာက္ပို႔ခြင့္ရတယ္ဆိုၿပီး MRF ကသူ႔ လူ ေတြရွိတယ္။ ဒီဟာကို ယူလိုက္တယ္။ ပါမစ္ယူ လိုက္တယ္။ ၿပီးရင္ Small & Medium Business သမားေတြကို စက္႐ုံေတြခြဲၿပီးခ်တယ္။ အဲဒီေတာ့ ဆန္ သမားက ဘာနဲ႔သြားၿပီးတူေအာင္ေျပာရမလဲဆိုရင္ ဦးသိန္းစိန္လက္ထက္က ကားသြင္းသလိုေပါ့။ ဦး သိန္းစိန္လက္ထက္က ကားကိုေလွ်ာ့ေပါ့ေပးတယ္။ ရွိသမွ်လူေတြသြင္းၾကတယ္။ ေဒၚလာရွိရင္ကိုယ္ဟာ ကိုဝယ္ၿပီး သြင္းလို႔ရတယ္။ အဲဒီေတာ့ကားေဈးက မတရားထိုးက်တယ္။ အခုက ဆန္စပါးေလာကႀကီးတိုးတက္ဖို႔အတြက္က စက္ေတြအကုန္လုံးက Export လုပ္ႏိုင္တယ္ဆိုေပမယ့္ Export ကအရမ္း ႀကီးလႊတ္ေပးလိုက္လို႔မရဘူး။ Export က ပိုက္ဆံရ မွန္းသိေတာ့ အကုန္လႊတ္ေပးလိုက္ရင္ ျပည္တြင္းမွာ ငတ္ကုန္မွာေပါ့။ အဲဒီေတာ့ အဲဒါလည္းလႊတ္ေပးလို႔ မရဘူး။ ႏိုင္ငံေတာ္က ဒါေတြကရွိၿပီးသား။ ျပည္တြင္း စားသုံးမႈက ဘယ္ေလာက္ရွိတယ္ ပို႔တဲ့ပမာဏ ဘယ္ ေလာက္ကို ပို႔မယ္။ ဒါကို ပါမစ္ခ်ေပးတယ္။ ပါမစ္ခ် ေပးတဲ့ကိစၥက အကုန္လုံးညီညီမွ်မွ်ေပါ့ ဒီစက္ကလည္း Export ပို႔ႏိုင္တယ္ သူႀကိတ္ႏိုင္တယ္ဆိုရင္ သူ႔ဟာသူပါမစ္ယူၿပီး လုပ္လိုက္လို႔ရွိရင္ စက္(၅)လုံး ရွိရင္ တစ္လုံးမေကာင္းဘူးဆိုရင္ သူ႔စက္မေကာင္း ေကာင္းေအာင္ ျပင္ရေတာ့မွာပဲ။ အခုက ကုန္ေဈး ႏႈန္းေတြက အရမ္းတက္သြားတဲ့အခါက်ေတာ့ ရတဲ့ အက်ိဳးအျမတ္နဲ႔ ျပန္တည့္ရတာနဲ႔ ကလုံးလည္ လိုက္ ေနတယ္။ ခုနေျပာတဲ့ အခြင့္အေရးသာ အားလုံးတန္း တူညီတူလုပ္လို႔ရမယ္ဆိုရင္ ဆန္စပါးေလာကႀကီးက ျမင့္လာမယ္။ ႏိုင္ငံျခားကို ပို႔တယ္။ အခုဆိုရင္ ရက္ (၉၀)စပါး၊ ရက္(၉၀)စပါးက ေဈးေကာင္းရတာက ႏိုင္ငံျခားကလည္း ႀကိဳက္တယ္။ အဲဒီလိုေကာင္းတဲ့ ဆန္(၄)(၅)(၆)မ်ိဳးရွိတယ္။ ေ႐ႊဘိုဆန္လိုပဲ။ ဒီစပါးကို ဝယ္မယ္ဆိုရင္ ဥပမာ စပါး(၁၀ဝ)ကို သိန္း(၂၀)ေပး မယ္၊ သိန္း(၃၀)ေပးမယ္။ ဟိုစပါးက (၁၅)သိန္းပဲရ မယ္ဆိုလို႔ရွိရင္ ဘယ္သူမွဟိုစပါးသြားစိုက္မွာ မဟုတ္ေတာ့ဘူး။ အခုက တကယ္တမ္းက ေ႐ႊဘိုလိုပုံစံ မ်ိဳးပဲ ဒါႀကီးကိုလိုက္ၿပီးေတာ့ ႏိုင္ငံေတာ္ကတြန္းတြန္း တိုက္တိုက္လုပ္စရာမလိုဘူး။ ဒီစပါး အမ်ိဴးအစားက ေကာင္းတယ္ ေဈးေကာင္းေပးဝယ္မယ္ဆိုရင္ အခ်ိဳ႕ ေဒသေတြမွာေတာ့ စိုက္မရတာေတာ့ရွိတာေပါ့။ သူ႔ေဒသရဲ႕အထြက္ႏႈန္းနဲ႔ကိုက္ညီမွ စိုက္လို႔ရတယ္။ အခုက လယ္သမားေတြက ဘာျဖစ္ကုန္လဲဆိုေတာ့ ဆန္စပါးစိုက္တယ္ဆိုတာ မိ႐ိုးဖလာလုပ္ငန္းပဲ။ ဒီအလုပ္ပဲလုပ္လာတာ။ ဒါႀကီးကို မစိုက္လို႔ကလည္း မရဘူး။ အဲဒီေတာ့ တာဝန္ေက်ပဲလုပ္လာတယ္။ မ်ိဳးႀကီးကိုႀကဲလိုက္တယ္။ ႀကဲၿပီးေတာ့ ပိုးသတ္ေဆး လည္း မသုံးေတာ့ဘူး။ သိပ္ၿပီးဂ႐ုမစိုက္ေတာ့ဘူး။ အဲဒီေတာ့ အဖ်င္းအေမွာ္ေတြမ်ားလာတယ္။ ပဲက စိုက္ခ်င္လာေတာ့ စပါးေတြကိုရိတ္တယ္၊ ကန္သင္း႐ိုး ေပၚပုံတယ္။ အခုေတာ့ စက္ေတြနဲ႔ လုပ္တယ္။ ရိတ္သိမ္းေႁခြေလွ႔စက္ေတြနဲ႔လုပ္တဲ့ဟာက ေတာ္ေတာ္ ေျပာင္းလဲလာၿပီ။ လယ္ယာက အရင္တုန္းကလို ႏြား ေတြဘာေတြနဲ႔လုပ္တာမဟုတ္ေတာ့ဘူး။ တလင္းေတြ လည္း မရွိေတာ့ဘူး။ ရိတ္သိမ္းေႁခြ ေလွ႔စက္နဲ႔လုပ္ တယ္။ ထြက္လာတဲ့ဟာကို ကုန္သည္ကိုတစ္ခါတည္း ေရာင္းလိုက္တာပဲ။ လယ္ထဲကထြက္တဲ့စပါးက အစို ဓာတ္က (၂၈) ကေန၊ (၃၀) အထိရွိတယ္။ အဲဒီ ေတာ့ အေျခာက္ခံရတယ္။ Sun Dry နဲ႔ အေျခာက္ခံ ၾကတယ္။ ရာသီဥတုေတြေျပာင္းေတာ့ စပါးေတြက မေျခာက္ေတာ့ဘူး။ အဲဒီေတာ့ Small & Medium Business သမားေတြက တကယ္တမ္းသာ သူတို႔ အက်ိဳးအျမတ္ရွိတယ္ဆိုရင္ Dryer ေတြဝယ္ၿပီးေတာ့ အေျခာက္ခံေတာ့ ခ်က္ခ်င္းေျခာက္မယ္။ တပ္ဆင္ထားတဲ့ Dryer ေပၚမူတည္ၿပီး တန္ခ်ိန္လည္း ျမင့္မွာေပါ့။ လယ္ယာက႑ဖြံ႕ၿဖိဳးဖို႔အတြက္က တကယ္တမ္းက Free Trade ျဖစ္ရမယ္။

ေက်ာ္ႏု- ခုနေျပာတဲ့အထဲမွာ စပါးက တစ္တိုင္းနဲ႔ တစ္တိုင္းကို ေ႐ႊ႕လို႔မရဘူး။ ဧရာဝတီတိုင္းက အမ်ား ဆုံးထြက္တယ္။ စပါးအျဖစ္နဲ႔ သယ္လို႔မရဘူး။ ဆန္ အျဖစ္နဲ႔ေတာ့ သယ္လို႔ရတယ္။ အဲဒီၾကားထဲမွာ စီးပြား ေရးကစားတဲ့အကြက္ေတြမရွိႏိုင္ဘူးလား။ ဘယ္လို မ်ိဳးကစားႏိုင္လဲ။
ေဆြးေႏြးေဖာ္-စပါးကို အျခားတိုင္းကို သယ္လို႔မရဘူး။ ဧရာဝတီတိုင္းေက်ာ္လို႔မရဘူး။ ဆန္ပဲသယ္ရ မယ္။ Export လုပ္ခ်င္တဲ့သူက ပဲခူးကဆိုရင္ ပဲခူးကို ျပန္သယ္လို႔မရဘူး။ အဲဒီေနရာမွာ သြားလုပ္ရမယ့္ ပုံစံျဖစ္ေနတယ္။

ေက်ာ္ႏု- အဲဒီတိုင္းမေက်ာ္ရတဲ့အမိန႔္ကို ဘယ္သူက ထုတ္တာလဲ။
ေဆြးေႏြးေဖာ္-အစိုးရကထုတ္တာေလ။ MRF က ထုတ္ထားတာ။ တစ္ႏွစ္ခြဲေလာက္ပဲရွိဦးမယ္။ ဆန္ ေဈးႀကီးတဲ့ဟာနဲ႔ သတင္းေတြကို လူႀကီးေတြကိုေပး လိုက္တယ္။ လူႀကီးေတြကလည္း အဲဒီလိုထုတ္လိုက္တာ။

ေက်ာ္ႏု- တိုင္းမေက်ာ္ရတာနဲ႔ပဲ ဆန္ေဈးထိန္းႏိုင္ မွာမို႔လို႔လား။ အစ္ကို႔ဆီမွာ စားစရာတစ္ခုရွိတယ္ဗ်ာ။ ကြၽန္ေတာ့္ဆီမွာ ပစၥည္းတစ္ခုရွိတယ္။ အစ္ကိုနဲ႔ ကြၽန္ေတာ္ လဲစားမွႏွစ္ေယာက္သက္သာမွာေလ။ ပန္သီး တစ္လုံးရွိတယ္ဆိုပါစို႔ ခြဲေကြၽးမွရမယ္ဆိုရင္ ခြဲဖို႔ဓား ဝယ္ရေတာ့မယ္။ ကုန္က်စရိတ္ကထပ္တိုးလာေတာ့ မယ္။ အလယ္ကေနဘာလို႔ဝင္လာမွာတုန္း။ ၾကားထဲ မွာ တစ္ခုခုရွိေနတယ္လို႔ ကြၽန္ေတာ္ေတြးမိတယ္။ အင္းေလးက ခရမ္းခ်ဥ္သီးေတြက ရန္ကုန္သယ္လို႔ မရဘူးဆိုရင္ အဲဒီအင္းေလးကလူေတြက (၂၀ဝ) နဲ႔ ေရာင္းၿပီးေတာ့ ပုပ္သြားမွာလား။ ဒီမွာ (၂၀ဝဝ)ျဖစ္ ေနမွာလား။ (၂၀ဝ) ပစၥည္းက ဟိုမွာ (၂၀ဝ) နဲ႔ေရာင္း ရမယ့္အစား ဒီကိုပို႔လိုက္လို႔ရွိရင္ (၂၀ဝဝ) မရရင္ ေတာင္ (၁၀ဝဝ) ရမယ္။ သူရဲ႕ပို႔ေဆာင္ခ ႏႈတ္ရင္ ေတာင္ (၂၀ဝ) ကေန (၄၀ဝ) ရမယ္။ အဲဒီေတာ့ ဧရာ ဝတီတိုင္းကရွိတဲ့ လယ္သမားေတြအကုန္လုံးကို တိုင္း မေက်ာ္ရဆိုၿပီးေျပာလိုက္တာက ဧရာဝတီတိုင္း ကလယ္သမားေတြရဲ႕ေဈးႏႈန္းကို ကန႔္လိုက္သလိုျဖစ္ သြားတယ္။

ေဆြးေႏြးေဖာ္-ဆန္စပါးက နည္းနည္းရႈပ္ေထြးတယ္ ဗ်။ ဘယ္လိုရႈပ္ေထြးတာလဲဆိုေတာ့ လက္ရွိ Exporter ေတြအကုန္လုံးက ဆန္ကိုပဲဝယ္ၿပီးေတာ့ Export ျပန္လုပ္တယ္။ ဒီစပါးကို သယ္လို႔မရဘူးဆိုေတာ့ ဒီတိုင္းထဲမွာပဲ ဆန္ကႀကိတ္ရတယ္။ ဒီတိုင္းထဲမွာေတာ့ Quality မွီတဲ့ဆန္စက္က ရွားတယ္။ ေတာေတြျဖစ္ေနတာကိုး။ လူႀကီးေတြကိုေျပာတာေတာ့ နယ္ကလူေတြ အလုပ္ရတယ္လို႔ေျပာေပမယ့္ နင္းထားသလိုျဖစ္ေနတာ။ ခုနခရမ္းခ်ဥ္သီးလိုပဲ ဟို ကဟာ ေတြသာ ဒီကိုေရာက္လာရင္ ဒီမွာလည္းေဈး သက္သာ သြားမယ္။ လယ္သမားလည္းခံစားရမယ္။ အကုန္လုံး အက်ိဳးရွိတယ္။ အဲဒီေတာ့ အက်ိဳးမရွိေအာင္ Block ထားတယ္ဆိုတာက ၾကားထဲမွာ တစ္ ေယာက္ေယာက္ အက်ိဳးထပ္ရွိေနလို႔။ ေနာက္တစ္ ခုက ဒီလယ္ကြင္းက ဧက (၃၀)ရွိတယ္။ (၅၀)ရွိတယ္။ စပါးက ရက္(၉၀)စိုက္တယ္ စသည္ျဖင့္စိုက္ၾကတယ္။ အဲဒီလိုစိုက္တဲ့ လယ္ကြင္းက စပါးေတြက အစထဲက စပါးကတူရာ တူရာပဲစုတာ။ ဆန္ျဖစ္သြားရင္ ဒီဆန္ က ဘယ္စပါးက ေနလာတယ္ဆိုတာကို ၾကည့္လို႔မရ ေတာ့ဘူး။ အဲဒီေတာ့ ဘာျဖစ္လဲဆိုေတာ့ တစ္ခါတ ေလက်ရင္ ကြၽန္ေတာ္တို႔ Export ေတြ ႏိုင္ငံျခားကေန သေဘၤာေတြနဲ႔ ျပန္လႊတ္တာတို႔ ဘာတို႔ ျပႆနာေတြရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆန္ေတြ ႀကိတ္တယ္။ ကရင္မနဲ႔ သုခနဲ႔က ခပ္ဆင္ဆင္တူတယ္။ ဘုရင့္ေနာင္လည္း ေရာက္ေရာ အဲဒီဟာေတြကို အကုန္ေရာၿပီးေတာ့ Export ပို႔တယ္။ Export ပို႔ေတာ့ ဘာျဖစ္လဲဆိုေတာ့ Eating Quality မတူေတာ့ဘူး။ ေ႐ႊဘိုေပၚဆန္း ၊ ဧရာဝတီေပၚဆန္းနဲ႔ ပုသိမ္ေပၚဆန္း စသျဖင့္ ေပါင္းစားၾကည့္ ထမင္းကိုၾကည့္လိုက္ တာနဲ႔သိတယ္။ ဆန္ကိုေရာလိုက္ရင္မသိေတာ့ဘူး၊ ဒါေပမဲ့ ထမင္းျဖစ္ သြားရင္သိတယ္။ စပါးကသိတယ္။ နံပါတ္(၁) က ဆိုးက်ိဳးက သုံးခုေလာက္ရွိတယ္။ တစ္ခုက ခုနခရမ္းခ်ဥ္သီးလိုပဲ (၂၀ဝ) နဲ႔ရတဲ့ဟာက တကယ္တမ္းဒီမွာက (၂၀ဝဝ) ျဖစ္ေနတယ္။ တ ကယ္တမ္းသူရသင့္တာက (၇၀ဝ) ေလာက္ေတာ့ရ သင့္တယ္။ (၇၀ဝ) သူမရေတာ့ဘူး။ ခုနေျပာသလို ပုပ္လို႔လႊင့္ပစ္ရတာက တစ္ပိုင္း။ ဆန္ကေတာ့ ပုပ္ ေတာ့မသြားဘူးေပါ့ေလ။ စပါးသယ္လို႔မရဘူး။ ဆန္ပဲ ႀကိတ္ရတယ္ဆိုေတာ့ ဆန္ေတြျဖစ္သြားေရာ။ ဘုရင့္ ေနာင္လည္းေရာက္ေရာ အဲဒီဆန္ေတြကို တူရာတူရာ ေတြစုၿပီးေတာ့ Export ပို႔လိုက္တယ္။ Eating Quality က မေကာင္းေတာ့ဘူး။ ဆန္ေတြက အမ်ိဳး အစားမွ မတူတာကိုး။ Rice Export Market ကလည္း ေဈးမရဘူး။ ထိုင္းမွာဆိုရင္ Export ကို ဘယ္လိုလုပ္လဲဆိုေတာ့ ဒီဆန္အမ်ိဳးအစားကို ဥေရာ ပတိုင္းက တစ္ေယာက္နဲ႔ တန္ခ်ိန္ (၃၀ဝဝ) လိုခ်င္တယ္ ရက္(၁၂၀)အခ်ိန္ေပးမယ္။ အဲဒီေတာ့ ထိုင္းကဘာလုပ္လည္းဆိုေတာ့ ေရသြင္းေရထုတ္ေတြ ေကာင္းတယ္။ ရာသီဥတုေျပာင္းလဲမႈကိုလည္း သိပ္ဂ႐ုစိုက္စရာမလိုဘူး။ သူ႔ဆန္ကိုသူသိၿပီးသား စပါး ဘယ္ေလာက္ႀကိတ္ရင္ တန္ခ်ိန္(၃၀ဝဝဝ)ရမယ္ဆို တာ။ အဲဒီေတာ့ လယ္သမားေတြအကုန္လုံးကိုေျပာလိုက္တယ္ ဒီစပါးစိုက္ေပး။ မင္းတို႔ထြက္လာတဲ့ စပါးမွန္သမွ်ကို ငါဝယ္မယ္။ ဒီေဈးနဲ႔ဝယ္မယ္။ ဒီ အခ်ိန္ကေနစစိုက္။ ေရလည္း ဂ႐ုစိုက္စရာမလိုဘူး ေလ။ ဆည္ေတြရွိတယ္။ ထြက္လာတဲ့စပါးေတြကို အကုန္ဝယ္တယ္။ ဝယ္ၿပီးသြားရင္ အေျခာက္ခံစက္ေတြနဲ႔ လုပ္တယ္ၿပီးရင္ High Quality Rice ကို Export တန္းပို႔တယ္။ လယ္သမားကလည္း သူ႔ခံစား ခြင့္ကို အဆင့္ဆင့္ရသြားတာေပါ့။ ခုက်ေတာ့ အက်ိဳးခံစားခြင့္က Exporter သမားေတြ အကုန္ဆြဲရသလိုျဖစ္ သြားတာေပါ့။

ေက်ာ္ႏု- တိုင္းမေက်ာ္ရတဲ့ကိစၥမွာ ဧရာဝတီတိုင္း မွာဆန္ႀကိတ္ၿပီး စပါးထုတ္လုပ္တဲ့သူက တိုင္းမေက်ာ္ ရတဲ့အတြက္ စပါးႀကိတ္ခြဲရမယ္။ သူရဲ႕ေဈးႏႈန္းဟာ Limit ျဖစ္ေနတယ္။ ရသင့္သေလာက္မရေတာ့ဘူး။ တစ္ဖက္မွာေတာ့ ဆန္ေဈးႏႈန္းမတက္ဘူးလို႔ အ ေၾကာင္းျပလို႔ရတယ္။
ေဆြးေႏြးေဖာ္- ဆန္ေဈးႏႈန္းမတက္ဘူးလို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ ဆန္လိုတဲ့ေဒသမွာေတာ့ ဆန္မရွိ ေတာ့ဘူး။ ဆန္ကေတာ့ ဟိုဘက္ကိုေရာက္တယ္။ ခက္တာက ဒီအက်ိဳးအျမတ္ကို တစ္ႏိုင္ငံလုံးက ခုန ေျပာတဲ့ ခရမ္းခ်ဥ္သီးပုံစံမ်ိဳးပဲ (၂၀ဝ) ရမယ့္သူက (၂၀ဝ) ပဲရေတာ့တယ္။ ဟိုဘက္ကိုေရာက္သြားလို႔ (၂၀ဝဝ) ရရင္ သူ (၇၀ဝ) ေတာ့ရမယ္။ အခုက (၇၀ဝ) မရဘူး။ (၂၀ဝ) ပဲရမယ္။ ဧရာဝတီတိုင္းက ဆန္စပါးထြက္ရွိမႈရဲ႕ (၆၅) ရာခိုင္ႏႈန္းေက်ာ္ ထြက္ေန ေတာ့ ဒီေဒသက ႀကိမ္းေသေပါက္ဆန္ကပိုေနတယ္။ ဆိုလိုတဲ့သေဘာက ေအာက္ကလူေတြက အက်ိဳးအ ျမတ္မခံစားရဘူး။ ေဈးကေတာ့ အေပၚမွာရသြားတယ္။ ကမာၻ႔ေဈးကြက္က (၅၂၀) နဲ႔ (၅၈၀) ၾကားရွိေနတာကိုး။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.