ဂျာမနီမှာ ခွာနာလျှာနာရောဂါ ထပ်မံတွေ့ရှိခြင်းမရှိကြောင်း အာဏာပိုင်များ အသိပေး

 132

ရောင်နီ (NP News) ဇန်နဝါရီ ၁၆

ပြီးခဲ့တဲ့သီတင်းပတ်က ဂျာမနီနိုင်ငံမှာ တိရစ္ဆာန်တွေမှာ ဖြစ်ပွားတဲ့ရောဂါဖြစ်တဲ့ ခွာနာ၊လျှာနာ ရောဂါ ဖြစ်ပွားမှုကို ပထမဆုံး အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် ပထမဆုံး ဖြစ်ပွားမှု အတည်ပြုခဲ့တဲ့ ဧရိယာတစ်ဝိုက်ကို အပြင်းအထန် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ခွာနာလျှာနာရောဂါ ဖြစ်ပွားမှုအသစ် ထပ်မံတွေ့ရှိခြင်း မရှိဘူးလို့ အာဏာပိုင်တွေက အင်္ဂါနေ့(ဇန်နဝါရီလ ၁၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဂျာမနီနိုင်ငံ၊ ဘရန်ဒန်ဘာ့ဂ်ဒေသ၊ ဘာလင်မြို့ဆင်ခြေဖုံးရှိ ကျွဲနွားအုပ်စုမှာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း နိုင်ငံရဲ့ပထမဆုံး ခွာနာလျှာနာရောဂါကို သောကြာနေ့(ဇန်နဝါရီလ ၁ဝ ရက်) က အတည်ပြုခဲ့တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ထိခိုက်ခံစားခဲ့ရတဲ့နေရာရဲ့တိရစ္ဆာန်သယ်ယူပို့ဆောင်ခြင်းကို ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၅ ရက်) အထိ တားမြစ်ထားတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ခွာနာလျှာနာရောဂါဟာ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ သိုးနဲ့ဆိတ်စတဲ့ ခွာရှိတဲ့ တိရစ္ဆာန်မျိုးစိတ်တွေမှာ ကူးစက် အဖျားတက်ကာ ပါးစပ်မှာ အရည်ကြည်ဖုတွေဖြစ်တဲ့ရောဂါဖြစ်ပြီး လူသားတွေအတွက် ကူးစက်မှု အန္တရာယ် မရှိပါဘူး။ ဂျာမနီနိုင်ငံရဲ့ဖက်ဒရယ်စိုက်ပျိုးရေးဝန်ကြီးဌာနကတော့ ဒါဟာ နိုင်ငံရဲ့အသားနဲ့ နို့ထွက်ပစ္စည်းတွေကို အီးယူပြင်ပ တင်ပို့မှု ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်တဲ့ကိစ္စတစ်ခုဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

Zawgyi Version;
ဂ်ာမနီမွာ ခြာနာလွ်ာနာေရာဂါ ထပ္မံေတြ႕ရွိျခင္းမရွိေၾကာင္း အာဏာပိုင္မ်ား အသိေပး
ေရာင္နီ (NP News) ဇန္နဝါရီ ၁၆

ၿပီးခဲ့တဲ့သီတင္းပတ္က ဂ်ာမနီႏိုင္ငံမွာ တိရစာၦန္ေတြမွာ ျဖစ္ပြားတဲ့ေရာဂါျဖစ္တဲ့ ခြာနာ၊လွ်ာနာ ေရာဂါ ျဖစ္ပြားမႈကို ပထမဆုံး အတည္ျပဳခဲ့ပါတယ္။ အဲဒီေနာက္ ပထမဆုံး ျဖစ္ပြားမႈ အတည္ျပဳခဲ့တဲ့ ဧရိယာတစ္ဝိုက္ကို အျပင္းအထန္ စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ခြာနာလွ်ာနာေရာဂါ ျဖစ္ပြားမႈအသစ္ ထပ္မံေတြ႕ရွိျခင္း မရွိဘူးလို႔ အာဏာပိုင္ေတြက အဂၤါေန႔(ဇန္နဝါရီလ ၁၄ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ဂ်ာမနီႏိုင္ငံ၊ ဘရန္ဒန္ဘာ့ဂ္ေဒသ၊ ဘာလင္ၿမိဳ႕ဆင္ေျခဖုံးရွိ ကြၽဲႏြားအုပ္စုမွာ ႏွစ္ေပါင္း ၄၀ နီးပါးအတြင္း ႏိုင္ငံရဲ႕ပထမဆုံး ခြာနာလွ်ာနာေရာဂါကို ေသာၾကာေန႔(ဇန္နဝါရီလ ၁ဝ ရက္) က အတည္ျပဳခဲ့တာျဖစ္ပါတယ္။ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး ထိခိုက္ခံစားခဲ့ရတဲ့ေနရာရဲ႕တိရစာၦန္သယ္ယူပို႔ေဆာင္ျခင္းကို ဗုဒၶဟူးေန႔ (ဇန္နဝါရီ ၁၅ ရက္) အထိ တားျမစ္ထားတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။
ခြာနာလွ်ာနာေရာဂါဟာ ကြၽဲ၊ ႏြား၊ ဝက္၊ ဆိတ္၊ သိုးနဲ႔ဆိတ္စတဲ့ ခြာရွိတဲ့ တိရစာၦန္မ်ိဳးစိတ္ေတြမွာ ကူးစက္ အဖ်ားတက္ကာ ပါးစပ္မွာ အရည္ၾကည္ဖုေတြျဖစ္တဲ့ေရာဂါျဖစ္ၿပီး လူသားေတြအတြက္ ကူးစက္မႈ အႏၲရာယ္ မရွိပါဘူး။ ဂ်ာမနီႏိုင္ငံရဲ႕ဖက္ဒရယ္စိုက္ပ်ိဳးေရးဝန္ႀကီးဌာနကေတာ့ ဒါဟာ ႏိုင္ငံရဲ႕အသားနဲ႔ ႏို႔ထြက္ပစၥည္းေတြကို အီးယူျပင္ပ တင္ပို႔မႈ ရပ္တန႔္သြားေအာင္ လုပ္ေဆာင္ႏိုင္တဲ့ကိစၥတစ္ခုျဖစ္ႏိုင္တယ္လို႔ သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.