ရွှေလုပ်ငန်းလိုင်စင်ဥပဒေအရ ဆိုင်ပိတ်သိမ်းသည့် ရွှေဆိုင်အချို့ရှိနေ
                        
                            
                             
 3409
 
                             
                            
                            
                         
                        
 
                        NP News - ဇန်နဝါရီ ၁၆
ရွှေလုပ်ငန်း လိုင်စင်ဥပဒေသစ်အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကိုမလိုက်နာနိုင်ခြင်းကြောင့် ရွှေဆိုင်အချို့ ပိတ်သိမ်းသည့် အခြေအနေများရှိလာကြောင်း ဝါရင့်ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ 
“အချို့ဆိုင်တွေဆိုရင် ပိတ်ဖို့အထိ ပြင်ဆင်ထားကြတယ်။ ညွှန်ကြားထားတဲ့စည်းကမ်းတွေကလည်းများတော့ ဆက်မလုပ်ချင်တော့ဘူး။ ဒါပေမယ့် အများစုကတော့ ဈေးကွက်ထဲမှာရှိနေမှာပါ” ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။ 
ရွှေလုပ်ငန်းသည် အကျိုးအမြတ်များစွာရရှိခြင်းကြောင့် ရွှေလောကအတွင်းသို့ အသစ်ဝင်ရောက်လာသော ရွှေဆိုင်အများအပြားရှိနေကြောင်း သိရသည်။
“အခုရွှေဆိုင်ဥပဒေမှာ ဆိုင်ရဲ့ပိုင်ဆိုင်မှုတန်ဖိုး ၂၅ ရာခိုင်နှုန်းကို ဘဏ်စာရင်းမှာဖော်ပြရမယ်။ တစ်ရက်တာ အရောင်းအဝယ်စာရင်းတွေလဲ တင်ပြရမယ်ဆိုတော့ ရွှေဆိုင် ဆက်မလုပ်ချင်တဲ့သူတွေလည်း ရှိလာပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ 
အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေတွင် ပါရှိသည့် အလေးချိန် စံချိန်စံညွှန်းသတ်မှတ်ချက်အရ ရွှေအလေးချိန်များ တပြေးညီပြောင်းလဲကျင့်သုံးရန် ပြီးခဲ့သည့် ဒီဇင်ဘာလ (၆) ရက်တွင် တရားဝင်ညွှန် ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေအလေးချိန် ချိန်တွယ်မှုစနစ်ပြောင်းလဲခြင်းမှာ မူလရှိပြီးသား ကျပ်၊ ပဲ၊ ရွေးစနစ်ကို ပြောင်းလဲ လိုက်ခြင်းမျိုးမဟုတ်ဘဲ တစ်ကျပ်သားတွင်ရှိသည့် ဂရမ်ချိန်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်ကို ကျင့်သုံးခြင်းမရှိပါက ငွေကျပ်(၅)သိန်းနှင့်အထက် ဒဏ်ငွေချမှတ်နိုင်သည့်အပြင် ထောင်ဒဏ်(၆)လမှ (၃)နှစ်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း သိရသည်။
                     
                        
                                
                                
                                        Zawgyi Version; 
ေ႐ႊလုပ္ငန္းလိုင္စင္ဥပေဒအရ ဆိုင္ပိတ္သိမ္းသည့္ ေ႐ႊဆိုင္အခ်ိဳ႕ရွိေန
NP News - ဇန္နဝါရီ ၁၆
ေ႐ႊလုပ္ငန္း လိုင္စင္ဥပေဒသစ္အရ ေဆာင္႐ြက္ရမည့္လုပ္ငန္းစဥ္မ်ားကိုမလိုက္နာႏိုင္ျခင္းေၾကာင့္ ေ႐ႊဆိုင္အခ်ိဳ႕ ပိတ္သိမ္းသည့္ အေျခအေနမ်ားရွိလာေၾကာင္း ဝါရင့္ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။ 
“အခ်ိဳ႕ဆိုင္ေတြဆိုရင္ ပိတ္ဖို႔အထိ ျပင္ဆင္ထားၾကတယ္။ ၫႊန္ၾကားထားတဲ့စည္းကမ္းေတြကလည္းမ်ားေတာ့ ဆက္မလုပ္ခ်င္ေတာ့ဘူး။ ဒါေပမယ့္ အမ်ားစုကေတာ့ ေဈးကြက္ထဲမွာရွိေနမွာပါ” ဟု တိတ္စိန္ေ႐ႊဆိုင္ပိုင္ရွင္က ဆိုသည္။ 
ေ႐ႊလုပ္ငန္းသည္ အက်ိဳးအျမတ္မ်ားစြာရရွိျခင္းေၾကာင့္ ေ႐ႊေလာကအတြင္းသို႔ အသစ္ဝင္ေရာက္လာေသာ ေ႐ႊဆိုင္အမ်ားအျပားရွိေနေၾကာင္း သိရသည္။
“အခုေ႐ႊဆိုင္ဥပေဒမွာ ဆိုင္ရဲ႕ပိုင္ဆိုင္မႈတန္ဖိုး ၂၅ ရာခိုင္ႏႈန္းကို ဘဏ္စာရင္းမွာေဖာ္ျပရမယ္။ တစ္ရက္တာ အေရာင္းအဝယ္စာရင္းေတြလဲ တင္ျပရမယ္ဆိုေတာ့ ေ႐ႊဆိုင္ ဆက္မလုပ္ခ်င္တဲ့သူေတြလည္း ရွိလာပါတယ္” ဟု ၄င္းက ဆက္လက္ေျပာသည္။ 
အေရးႀကီးကုန္စည္ဝန္ေဆာင္မႈဥပေဒတြင္ ပါရွိသည့္ အေလးခ်ိန္ စံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္အရ ေ႐ႊအေလးခ်ိန္မ်ား တေျပးညီေျပာင္းလဲက်င့္သုံးရန္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၆) ရက္တြင္ တရားဝင္ၫႊန္ ၾကားထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ႊအေလးခ်ိန္ ခ်ိန္တြယ္မႈစနစ္ေျပာင္းလဲျခင္းမွာ မူလရွိၿပီးသား က်ပ္၊ ပဲ၊ ေ႐ြးစနစ္ကို ေျပာင္းလဲ လိုက္ျခင္းမ်ိဳးမဟုတ္ဘဲ တစ္က်ပ္သားတြင္ရွိသည့္ ဂရမ္ခ်ိန္ေျပာင္းလဲျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါစနစ္ကို က်င့္သုံးျခင္းမရွိပါက ေငြက်ပ္(၅)သိန္းႏွင့္အထက္ ဒဏ္ေငြခ်မွတ္ႏိုင္သည့္အျပင္ ေထာင္ဒဏ္(၆)လမွ (၃)ႏွစ္အထိ အေရးယူေဆာင္႐ြက္ႏိုင္ေၾကာင္း သိရသည္။