လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်၍ VPN စစ်ဆေးမည်ဟုအကြောင်းပြကာ ဖုန်းများလိမ်လည် ယူဆောင်ခံရခြင်းများရှိနေ
231
သန့်ဇင် (NP News) - ဇန်နဝါရီ ၂ဝ
ရန်ကုန်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ VPN စစ်ဆေးမည်ဟုအကြောင်းပြကာ ဖုန်း များ လိမ်လည်ယူဆောင်ခံရခြင်းများရှိနေကြောင်း NP News က မေးမြန်းထားသောအချက်အလက်များနှင့် ထွက်ပေါ်နေသောသတင်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် လူ(၃)ဦးစီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အယောင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က VPN စစ်ဆေးမည်ဆိုကာ ဖုန်းများလိမ်လည်ယူဆောင် သွားခဲ့သည့်ဖြစ်စဉ် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့သည်။
အဆိုပါဖြစ်စဉ်များနည်းတူ အခြားသော မြို့နယ်များတွင်လည်း ဖုန်းအတွင်း VPN စစ်ဆေး မည်ဆိုကာ လူလိမ်များက ဖုန်းလုယက်များဖြစ်ပေါ်နေပြီး အထူးဂရုပြုကြရန်လိုအပ်ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက အကြံပြုပြောကြားထားသည်။
“(၂)ပိုင်းခွဲပြောရမယ်ဆိုရင် ပထမတစ် ပိင်းက ပြည်သူပေါ့နော်။ နောက်တစ်ပိုင်းကတော့ လိမ်တဲ့လူ။ ပြည်သူက ကြီးငယ်အကုန်ကစပြီး ကိုင်နေတာပေါ့။ ဖုန်းတစ်ခုကို တာဝန်ရှိတဲ့သူတွေက စစ်မယ်လို့ ပြောတဲ့အခါမှာ အဲဒီတာဝန်ရှိတဲ့သူရဲ့ဌာနကို မေးရမယ်။ ကျွန်တော် ဒီအတိုင်း အစစ်မခံနိုင်ဘူး။ အထောက်အထားတစ်ခုပြပါ။ ဒီလိုလုပ်မယ်ဆိုရင်တော့ ပြည်သူတိုင်းက ပြန်ပြီးတော့ တုံ့ပြန် နိုင်ရမယ်။ ဖုန်းကို လက်ထဲက လာပြီးဆွဲလုစရာမ လိုဘူး။ တကယ်တာဝန်ရှိ တဲ့သူဆိုရင်တောင် ဖုန်းပေးပါလို့ တောင်းရမှာ။ အဲဒီလိုဆိုရင်တောင် ဘာကိစ္စယူမှာလဲ။ ဒါဆိုရင် ခင်ဗျားဌာနကိုသွားမယ်။ ကျွန်တော်နဲ့ (၂)ယောက်ဆိုပြီး ဒီလိုလုပ်လို့ ရတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အထက်ပါကိစ္စနှင့်ပတ်သက်သည့်အခြေခံဥပဒေများကိုလည်း လေ့လာထား သင့်ကြောင်း ၎င်းက ဆိုသည်။
“အခုက ဖုန်းပေးပါဆိုရင် ကြောက်လန့်ပြီး ပေးလိုက်တယ်။ အဲဒါက Public awareness ပေါ့နော်။ ဒါနဲ့ ပတ် သက်ပြီး awareness ဖြစ်ဖို့လိုတယ်။ အဲဒါကတော့ ပြည်သူတစ်ဦးချင်းဆီမှာ ရှိရမယ့် ဗဟုသုတနဲ့။ ကိုယ့်ကိုယ် ကိုယ်ခုခံပိုင်ခွင့်ပေါ့နော်။ ပြည်သူတိုင်းလည်း အဲဒါ သိထားဖို့လိုတယ်။ အရင်တုန်းက အိမ်ထဲကိုဝင် ရှာမယ်ဆိုရင် ဘယ်မှာလဲ ရှာဖွေဝရမ်းပြပေါ့နော်။ ဒါမျိုးတောင်းတာမျိုးတွေ ဥပဒေအသိလေးတွေ လည်းရှိဖို့လိုတယ်။ အဲဒါကြောင့် ပြည်သူက ဥပဒေနဲ့ပတ်သက်လို့ သဘောပေါက်ထားရမယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အယောင် ဆောင်ကာ စစ်ဆေးမည်ဟုအကြောင်းပြ၍ လက်ထိပ်ခတ်ဖမ်းဆီးပြီး ပြန်ပေးဆွဲသည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်နေသည့်အပြင် အထက်ပါကဲ့သို့ အယောင်ဆောင်ပြီး တယ်လီဖုန်းကို စစ်ဆေးမည်ဟုဆိုကာ ငွေညှစ်သည့်ဖြစ်စဉ်များလည်း ဖြစ်ပွား နေကြောင်း သိရသည်။
(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ မြန်မာနိုင်ငံတွင် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော Facebook ကို တင်းကြပ်လိုက်သည့်အတွက် ပြည်သူများအကြား VPN ဆိုသည့် ဆော့ဖ်ဝဲလ်တစ်ခု တွင်တွင် ကျယ်ကျယ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိကာလတွင် အဆိုပါအခြေအနေပေါ်မူတည်ကာ လိမ်လည်သူများလည်း များစွာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ဒီထက်မကတောင်လိမ်နေတာတွေရှိနေတော့ ဒီလိုလိမ်တယ်ဆိုတာက ဆိုက်ဘာဥပဒေ စထွက်တည်းက အဲဒီလိုမျိုး လိမ်လည်မှုတွေ ပေါ်လာ နိုင်တယ်လို့ လူတိုင်းနီးပါးပြောနေကြတာပဲလေ။ ဘာလို့ဆို လူတိုင်းကလည်း VPN သုံးနေတော့။ အဲဒီလိုဆိုတော့ သူတို့အတွက် လုပ်စားဖို့ကလည်း ဂွင်ဖြစ်သွားတာပေါ့။ စစ်မှူးထမ်း ဥပဒေမှာတုန်းကလိုပေါ့။ လူငယ်တွေကိုဆွဲခေါ်သွားပြီး ဘယ်လောက်နဲ့ရွေးဆိုရမယ်ဆိုတဲ့ လိမ်လည်တာတွေ လည်းရှိနေခဲ့ တာပဲလေ။ အွန်လိုင်းမှားလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားသေးတယ်”ဟု ၎င်းက ပြောသည်။
Zawgyi Version;
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေယာင္ေဆာင္၍ VPN စစ္ေဆးမည္ဟုအေၾကာင္းျပကာ ဖုန္းမ်ားလိမ္လည္ ယူေဆာင္ခံရ ျခင္းမ်ားရွိေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂ဝ
ရန္ကုန္ၿမိဳ႕တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အေယာင္ေဆာင္၍ VPN စစ္ေဆးမည္ဟုအေၾကာင္းျပကာ ဖုန္း မ်ား လိမ္လည္ယူေဆာင္ခံရျခင္းမ်ားရွိေနေၾကာင္း NP News က ေမးျမန္းထားေသာအခ်က္အလက္မ်ားႏွင့္ ထြက္ေပၚေနေသာသတင္းမ်ားအရ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္တြင္ လူ(၃)ဦးစီးနင္းလိုက္ပါလာသည့္ ကားတစ္စီးကို လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား အေယာင္ေဆာင္ထားသည့္ အဖြဲ႕တစ္ဖြဲ႕က VPN စစ္ေဆးမည္ဆိုကာ ဖုန္းမ်ားလိမ္လည္ယူေဆာင္ သြားခဲ့သည့္ျဖစ္စဥ္ ၿပီးခဲ့သည့္ရက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ က်ယ္က်ယ္ျပန႔္ျပန႔္ ေပၚေပါက္ခဲ့သည္။
အဆိုပါျဖစ္စဥ္မ်ားနည္းတူ အျခားေသာ ၿမိဳ႕နယ္မ်ားတြင္လည္း ဖုန္းအတြင္း VPN စစ္ေဆး မည္ဆိုကာ လူလိမ္မ်ားက ဖုန္းလုယက္မ်ားျဖစ္ေပၚေနၿပီး အထူးဂ႐ုျပဳၾကရန္လိုအပ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက အႀကံျပဳေျပာၾကားထားသည္။
“(၂)ပိုင္းခြဲေျပာရမယ္ဆိုရင္ ပထမတစ္ ပိင္းက ျပည္သူေပါ့ေနာ္။ ေနာက္တစ္ပိုင္းကေတာ့ လိမ္တဲ့လူ။ ျပည္သူက ႀကီးငယ္အကုန္ကစၿပီး ကိုင္ေနတာေပါ့။ ဖုန္းတစ္ခုကို တာဝန္ရွိတဲ့သူေတြက စစ္မယ္လို႔ ေျပာတဲ့အခါမွာ အဲဒီတာဝန္ရွိတဲ့သူရဲ႕ဌာနကို ေမးရမယ္။ ကြၽန္ေတာ္ ဒီအတိုင္း အစစ္မခံႏိုင္ဘူး။ အေထာက္အထားတစ္ခုျပပါ။ ဒီလိုလုပ္မယ္ဆိုရင္ေတာ့ ျပည္သူတိုင္းက ျပန္ၿပီးေတာ့ တုံ႔ျပန္ ႏိုင္ရမယ္။ ဖုန္းကို လက္ထဲက လာၿပီးဆြဲလုစရာမ လိုဘူး။ တကယ္တာဝန္ရွိ တဲ့သူဆိုရင္ေတာင္ ဖုန္းေပးပါလို႔ ေတာင္းရမွာ။ အဲဒီလိုဆိုရင္ေတာင္ ဘာကိစၥယူမွာလဲ။ ဒါဆိုရင္ ခင္ဗ်ားဌာနကိုသြားမယ္။ ကြၽန္ေတာ္နဲ႔ (၂)ေယာက္ဆိုၿပီး ဒီလိုလုပ္လို႔ ရတယ္” ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ အထက္ပါကိစၥႏွင့္ပတ္သက္သည့္အေျခခံဥပေဒမ်ားကိုလည္း ေလ့လာထား သင့္ေၾကာင္း ၎က ဆိုသည္။
“အခုက ဖုန္းေပးပါဆိုရင္ ေၾကာက္လန႔္ၿပီး ေပးလိုက္တယ္။ အဲဒါက Public awareness ေပါ့ေနာ္။ ဒါနဲ႔ ပတ္ သက္ၿပီး awareness ျဖစ္ဖို႔လိုတယ္။ အဲဒါကေတာ့ ျပည္သူတစ္ဦးခ်င္းဆီမွာ ရွိရမယ့္ ဗဟုသုတနဲ႔။ ကိုယ့္ကိုယ္ ကိုယ္ခုခံပိုင္ခြင့္ေပါ့ေနာ္။ ျပည္သူတိုင္းလည္း အဲဒါ သိထားဖို႔လိုတယ္။ အရင္တုန္းက အိမ္ထဲကိုဝင္ ရွာမယ္ဆိုရင္ ဘယ္မွာလဲ ရွာေဖြဝရမ္းျပေပါ့ေနာ္။ ဒါမ်ိဳးေတာင္းတာမ်ိဳးေတြ ဥပေဒအသိေလးေတြ လည္းရွိဖို႔လိုတယ္။ အဲဒါေၾကာင့္ ျပည္သူက ဥပေဒနဲ႔ပတ္သက္လို႔ သေဘာေပါက္ထားရမယ္” ဟု ၎က ေျပာသည္။
ထို႔ျပင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အေယာင္ ေဆာင္ကာ စစ္ေဆးမည္ဟုအေၾကာင္းျပ၍ လက္ထိပ္ခတ္ဖမ္းဆီးၿပီး ျပန္ေပးဆြဲသည့္ျဖစ္စဥ္မ်ားလည္း ေပၚေပါက္ေနသည့္အျပင္ အထက္ပါကဲ့သို႔ အေယာင္ေဆာင္ၿပီး တယ္လီဖုန္းကို စစ္ေဆးမည္ဟုဆိုကာ ေငြညႇစ္သည့္ျဖစ္စဥ္မ်ားလည္း ျဖစ္ပြား ေနေၾကာင္း သိရသည္။
(၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ ျမန္မာႏိုင္ငံတြင္ လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုျဖစ္ေသာ Facebook ကို တင္းၾကပ္လိုက္သည့္အတြက္ ျပည္သူမ်ားအၾကား VPN ဆိုသည့္ ေဆာ့ဖ္ဝဲလ္တစ္ခု တြင္တြင္ က်ယ္က်ယ္ ေပၚေပါက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ လက္ရွိကာလတြင္ အဆိုပါအေျခအေနေပၚမူတည္ကာ လိမ္လည္သူမ်ားလည္း မ်ားစြာ ေပၚေပါက္လာခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ဒီထက္မကေတာင္လိမ္ေနတာေတြရွိေနေတာ့ ဒီလိုလိမ္တယ္ဆိုတာက ဆိုက္ဘာဥပေဒ စထြက္တည္းက အဲဒီလိုမ်ိဳး လိမ္လည္မႈေတြ ေပၚလာ ႏိုင္တယ္လို႔ လူတိုင္းနီးပါးေျပာေနၾကတာပဲေလ။ ဘာလို႔ဆို လူတိုင္းကလည္း VPN သုံးေနေတာ့။ အဲဒီလိုဆိုေတာ့ သူတို႔အတြက္ လုပ္စားဖို႔ကလည္း ဂြင္ျဖစ္သြားတာေပါ့။ စစ္မႉးထမ္း ဥပေဒမွာတုန္းကလိုေပါ့။ လူငယ္ေတြကိုဆြဲေခၚသြားၿပီး ဘယ္ေလာက္နဲ႔ေ႐ြးဆိုရမယ္ဆိုတဲ့ လိမ္လည္တာေတြ လည္းရွိေနခဲ့ တာပဲေလ။ အြန္လိုင္းမွားလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္သြားေသးတယ္”ဟု ၎က ေျပာသည္။