ရုရှားဘက်ကတိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ အကျအဆုံးများနေတယ်လို့ မြောက်ကိုရီးယား စစ်သုံ့ပန်းတစ်ဦး ပြော
373
Pika (NP News) - ဇန်နဝါရီ ၂၁
ရုရှားအတွက် တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ပြင်းထန်တဲ့ဆုံးရှုံးမှုတွေကို ကြုံတွေ့နေရတယ်လို့ ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ မြောက်ကိုရီးယားစစ်သားတစ်ဦးက ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၎င်းတို့ကြုံတွေ့ခဲ့ရတာတွေကို ကင်မရာနဲ့ရိုက်ကူးပြီး ဗီဒီယိုဖိုင်တင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်နဲ့တောင်ကိုရီးယားတို့က အတည်ပြုထားပေမယ့်လည်း ရုရှားဘက်ကတော့ ကာ့စ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတာကို အတည်ပြုခဲ့တာမျိုး မရှိခဲ့ဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃)ရက်မှာ တိုက်ပွဲထဲကိုရောက်ရှိခဲ့ပြီးနောက်ပိုင်းတည်းက အသေအပျောက်များစွာရှိခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ အိပ်ယာပေါ်မှာလဲနေတဲ့ စစ်သားငယ်လေးရဲ့ ဗီဒီယိုဖိုင်ကို ယူကရိန်းသမ္မတဇီလန်စကီးက တင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ၎င်းရဲ့တပ်ဖွဲ့ဝင်တွေကြား သေဆုံး/ဒဏ်ရာရသူ အရေအတွက်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အဆိုပါစစ်သားငယ်လေးက တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဇန်နဝါရီလ(၃)ရက်က ထိုးစစ်ဆင်မှုတစ်ခုအတွင်း ၎င်းရဲ့ရဲဘော်ရဲဘက်တွေ သေဆုံးနေတာကိုတွေ့ခဲ့ရပေ မယ့်လည်း ၎င်းကိုယ်တိုင်ထိခိုက်ဒဏ်ရာရရှိခဲ့မှုနဲ့အတူ နှစ်ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း ၎င်းကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ၎င်းဟာ ရုရှားရဲ့ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
zawgyi version
႐ုရွားဘက္ကတိုက္ခိုက္ေပးေနတဲ့ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြ အက်အဆုံးမ်ားေနတယ္လို႔ ေျမာက္ကိုရီးယား စစ္သုံ႔ပန္းတစ္ဦး ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၁
႐ုရွားအတြက္ တိုက္ခိုက္ေပးေနတဲ့ ေျမာက္ကိုရီးယားတပ္ဖြဲ႕ဝင္ေတြဟာ ျပင္းထန္တဲ့ဆုံးရႈံးမႈေတြကို ႀကဳံေတြ႕ေနရတယ္လို႔ ႐ုရွားႏိုင္ငံ ကာ့စ္ေဒသမွာ ယူကရိန္းတပ္ဖြဲ႕ေတြရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရတဲ့ ေျမာက္ကိုရီးယားစစ္သားတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းဟာ ေျမာက္ကိုရီးယားစစ္သားႏွစ္ဦးကို ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး ၎တို႔ႀကဳံေတြ႕ခဲ့ရတာေတြကို ကင္မရာနဲ႔႐ိုက္ကူးၿပီး ဗီဒီယိုဖိုင္တင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔က အတည္ျပဳထားေပမယ့္လည္း ႐ုရွားဘက္ကေတာ့ ကာ့စ္ေဒသမွာ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြ ေရာက္ရွိေနတယ္ဆိုတာကို အတည္ျပဳခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔သိရပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလ(၃)ရက္မွာ တိုက္ပြဲထဲကိုေရာက္ရွိခဲ့ၿပီးေနာက္ပိုင္းတည္းက အေသအေပ်ာက္မ်ားစြာရွိခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ အိပ္ယာေပၚမွာလဲေနတဲ့ စစ္သားငယ္ေလးရဲ႕ ဗီဒီယိုဖိုင္ကို ယူကရိန္းသမၼတဇီလန္စကီးက တင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ၎ရဲ႕တပ္ဖြဲ႕ဝင္ေတြၾကား ေသဆုံး/ဒဏ္ရာရသူ အေရအတြက္နဲ႔ပတ္သက္တဲ့ ေမးခြန္းေတြကို အဆိုပါစစ္သားငယ္ေလးက တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ဇန္နဝါရီလ(၃)ရက္က ထိုးစစ္ဆင္မႈတစ္ခုအတြင္း ၎ရဲ႕ရဲေဘာ္ရဲဘက္ေတြ ေသဆုံးေနတာကိုေတြ႕ခဲ့ရေပ မယ့္လည္း ၎ကိုယ္တိုင္ထိခိုက္ဒဏ္ရာရရွိခဲ့မႈနဲ႔အတူ ႏွစ္ရက္အၾကာမွာ ဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔လည္း ၎ကထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ၎ဟာ ႐ုရွားရဲ႕ေထာက္လွမ္းေရးတပ္ဖြဲ႕တစ္ခုမွာ တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။