ဒေါ်နယ်ထရမ့်က နေတိုးကို ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ တိုက်တွန်းနိုင်မလား
135
တင်ဇာ(NP News) - ဇန်နဝါရီ ၂၂
ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ဝင်များကိုကာကွယ်ရေး အ တွက် GDP ၏ (၅) ရာခိုင်နှုန်းကို သုံးစွဲစေလိုကြောင်း မကြာသေးခင်က တိုက်တွန်းချက်နှင့် ပတ်သက်၍ နေတိုးအဖွဲ့ဝင် နိုင်ငံများအကြား သဘောထားများကွဲလွဲလာခဲ့သည်။ ဒေါ်နယ်ထရမ့်၏လိုလားချက်အရ နေတိုး အဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိထည့်ဝင်နေသောအသုံးစရိတ်ထက် နှစ်ဆပိုများနေသည်။ ထိုကဲ့သို့ ဒေါ်နယ်ထရမ့်၏ ကာကွယ်ရေးအသုံးစရိတ် ကြီးကြီးမားမားတိုးမြှင့်ရန်အဆိုပြုချက်ကို နေတိုးက အ လေးအနက်ထားကြောင်း မပြသသော်လည်း ၎င်း၏ လက်ရှိကာကွယ်ရေး အသုံးစရိတ်သတ်မှတ်ချက် ထက် ကျော်လွန်သုံးစွဲရန် သဘောတူဖွယ်ရှိနေကြောင်း တာဝန်ရှိသူများနှင့် လေ့လာသုံးသပ်သူများထံမှ သိရသည်။
လက်ရှိတွင် နေတိုးအဖွဲ့ဝင်နိုင်ငံအများစုသည် GDP ၏ (၂) ရာခိုင်နှုန်းလောက်သာ ကာကွယ် ရေးအတွက် သုံးစွဲနေကြခြင်းဖြစ်ပြီး (၅) ရာခိုင်နှုန်းသို့ တိုးမြှင့်ရန်ကိစ္စမှာမူ ထင်သလောက်လွယ်ကူမည့် ကိစ္စ မဟုတ်ပေ။ ယင်းအဆိုပြုချက်ကို ဦးဆောင်တိုက် တွန်းသည့် အမေရိကန်ပင်လျှင် ၎င်းသတ်မှတ် ချက်ကို ပြည့်မီရန် လိုအပ်နေသေးသည်။ ဂရင်းလန်း၊ ကနေဒါ၊ ပနားမားတို့နှင့်ပတ်သက်၍ ထရမ့်၏ ခြိမ်း ခြောက်စကားများကြောင့် နေတိုးအဖွဲ့ဝင်များအကြား စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ၎င်း၏ ပထမသက်တမ်းအတွင်း နေတိုးအသုံး စရိတ်အပေါ်အာရုံစိုက်ထားပြီး သတ်မှတ်ချက်မပြည့်မီသည့် မဟာမိတ်များကို အကာအကွယ်ပေးသွားမည်မဟုတ်ကြောင်း ခြိမ်းခြောက်မှုများကလည်း နေတိုးအဖွဲ့ဝင်များကို နှစ်ဆတိုး စိုးရိမ်ကြောင့်ကြမှုဖြစ်စေသည်။ နေတိုးနိုင်ငံများမှတာဝန်ရှိသူများက ကာကွယ်ရေး အသုံးစရိတ်ကို ထပ်မံတိုးမြှင့်ရန်လိုအပ်ကြောင်း ထောက်ခံကြသော်လည်း (၅)ရာခိုင်နှုန်းအထိတိုးမြှင့်ရန်မှာမူ အဖွဲ့ဝင်အားလုံးနီးပါးအတွက် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ မဖြစ်နိုင်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားသည်။
သို့သော် ရုရှားသည် ယူကရိန်းပြီးနောက် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထပ်မံတိုက် ခိုက်လာနိုင်သည်ဟူသော ခြိမ်းခြောက်မှုများနှင့်အတူ ထရမ့်၏တိုက်တွန်းချက်များကြောင့် လာမည့် ဇွန်လတွင် သည်ဟိဂ်၌ပြုလုပ်မည့် နေတိုးထိပ်သီး အစည်းအဝေးတွင် သတ်မှတ်ချက်အသစ်ကို သဘောတူဖွယ် ရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အဆိုပါ သတ်မှတ်ချက်အသစ်သည် မည်သည့်အတိုင်းအတာအထိရှိနေသည်ဆိုသည်နှင့် ၎င်းသည် ထရမ့်ကို စိတ်ကျေနပ်မှုရှိစေမည်လားကိုမူ စောင့်ကြည့်ရဦး မည်ဖြစ်သည်။ နေတိုးအဖွဲ့ဝင် (၃၂)နိုင်ငံက GDP ၏ (၃)ရာခိုင်နှုန်းခန့်ကိုဆွဲတင်ရန် အပြင်းအထန် ငြင်းခုံမှုများဖြစ်ပြီးနောက် ယခုအခါ သဘောတူနိုင်လောက်မည်ဟု အချို့က မျှော်လင့်နေ ကြသည်။ သို့ သော် အချို့အဖွဲ့ဝင်နိုင်ငံများကမူ (၂) ရာခိုင်နှုန်းသို့ ရောက်အောင်ပင် ဆယ်စုနှစ်တစ်ခုကြာ အောင် လုံးပန်းခဲ့ရကြောင်း တွေ့မြင်ခဲ့ရပြီးဖြစ်သည်။
အီတလီကာကွယ်ရေးဝန်ကြီး Guido Crosetto က အပြောင်းအလဲတစ်ခုဖြစ်လာမည်ဟု မျှော်လင့် ကြောင်း၊ သို့သော် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးအတွက် (၅) ရာခိုင်နှုန်းဆိုသောပမာဏမှာ မဖြစ်နိုင် ကြောင်း၊ ယခင် (၂)ရာခိုင်နှုန်းကိုပင် မနည်းဖြစ် မြောက်အောင်လုံးပန်းနေရကြောင်း ၎င်းက မှတ်ချက်ပြု ထားသည်။ အီတလီသည် ကာကွယ်ရေး အသုံးစရိတ်အတွက် GDP ၏ (၁ ဒသမ ၅) ရာခိုင်နှုန်း လောက်သာ ထည့်ဝင်နိုင်သောကြောင့် ၎င်းသည် လက်ရှိသတ်မှတ်ချက်ကိုပင် ပြည့်မီအောင် စွမ်းဆောင် နိုင်ခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံ (၈) နိုင်ငံတွင် ပါဝင်နေသေးသည်။ ယူကရိန်းနှင့်နယ်နိမိတ်ချင်း ထိစပ်နေ သော ပိုလန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများအနက် ကာကွယ်ရေးတွင် GDP ၏ အမြင့်ဆုံးဝေစုကို သုံးစွဲ သည့်အဖွဲ့ဝင်ဖြစ်ပြီး ယမန်နှစ်က (၄ ဒသမ ၁၂) ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ခန့် မှန်းထားသည်။ ၎င်း၏နောက်တွင် အက်စ်တိုးနီးယားက (၃ ဒသမ ၄၃) ရာခိုင်နှုန်းနှင့် အမေရိကန်က (၃ ဒသမ ၃၈) ရာခိုင်နှုန်းတို့သုံးစွဲနေကြောင်း တွေ့ရှိ ရသည်။
ပြီးခဲ့သောနှစ်တွင် GDP ၏ (၂ ဒသမ ၁) ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက်သုံးစွဲခဲ့သည့် ဆွီဒင် သည်လည်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။ ဆွီဒင် နိုင်ငံခြား ရေးဝန်ကြီး Maria Malmer Stenergard က “ကျွန်တော်တို့ရဲ့ကာကွယ်ရေးမှာပိုပြီး ရင်းနှီးမြှုပ်နှံဖို့ လို အပ်တယ်လို့ ကောက်ခံထားတဲ့ စစ်တမ်းတွေက ဖော်ပြနေတယ်” ဟု ဖော်ပြထားသည်။ သို့သော် ဥရောပ နိုင်ငံအများစုသည် ဘတ်ဂျက်အကျပ်အတည်းများဖြင့်ရင်ဆိုင်နေရပြီး လက်ရှိ သတ်မှတ်နှုန်းထား (၂)ရာ ခိုင်နှုန်းရောက်ဖို့ပင် ရုန်းကန်နေကြရသည်။
နေတိုးသည် အဖွဲ့ဝင်နိုင်ငံများ ထည့်ဝင်သော ကာကွယ်ရေးအသုံးစရိတ်ကို (၂၀၂၄) ခုနှစ် တွင် အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၇၄) ထရီလျံရှိ မည်ဟုခန့်မှန်းတွက်ချက်ထားပြီး ယင်းတို့အနက် အမေရိ ကန်မှ (၉၆၈) ဘီလျံနှင့် ဥရောပနိုင်ငံများနှင့် ကနေဒါတို့မှ (၅၀၇) ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ စုစုပေါင်းပျမ်းမျှသည် နေတိုး GDP ၏ (၂ ဒသမ ၇၁) ရာခိုင်နှုန်းခန့်ဖြစ်သည်။ အချို့သောအရာရှိများနှင့် လေ့လာသုံးသပ်သူများက နေတိုးသည် ထရမ့်၏ (၅) ရာခိုင်နှုန်း အကြံပြုချက်ကို လပေါင်းများစွာ စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် (၃) ရာခိုင်နှုန်းနှင့် ပိုမို အနီးစပ်ဆုံးအနေအထားဖြင့် ဆုံးဖြတ် နိုင်ခြေရှိ ကြောင်းသုံးသပ်ထားကြသည်။ ပြီးခဲ့သည့်နှစ် အမေ ရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ် စည်း ရုံးမှုအတွင်း ထရမ့်သည် (၃) ရာခိုင်နှုန်းသတ်မှတ်ချက်ကို အဆို ပြုခဲ့ပြီး ထိုကဲ့သို့တိုးမြှင့်နိုင်မှုက နေတိုး နိုင်ငံ အများစုအတွက် ကာကွယ်ရေးအသုံးစရိတ် (၃၀) ရာခိုင်နှုန်းခန့်တိုးလာမည်ဟု ဆိုသည်။
ရုရှား-ယူကရိန်းပဋိပက္ခနှင့်အတူတိုးမြှင့်သုံးစွဲရန်လိုလာသည့်နေတိုးကာကွယ်ရေးအသုံးစရိတ်
ယူကရိန်းတွင် ရုရှားဘက်မှဆင်နွှဲလာသောစစ်ပွဲကြောင့် ဥရောပနိုင်ငံအများအပြားက ထိတ် လန့်တုန်လှုပ်သွားကာ မကြာသေးမီနှစ်များအတွင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့ကြသည်။ သို့သော် အချို့နိုင်ငံများတွင် ပြည်သူ့ဘဏ္ဍာ ငွေကျပ်တည်းလာခြင်းနှင့်အတူ ကာကွယ်ရေး အသုံးစရိတ် များသည် နိုင်ငံရေးအရ ရေပန်းစားခြင်းမရှိတော့သောကြောင့် နေတိုးနိုင်ငံအစိုးရများအနေဖြင့် ကာကွယ် ရေးအတွက် GDP ၏ (၃) ရာခိုင်နှုန်းကို သုံးစွဲရန်လှုံ့ဆော်ရေးမှာမူ လွယ်ကူမည်တော့မဟုတ်ပေ။ အပြည်ပြည်ဆိုင်ရာပညာရှင်များ အသိုင်းအဝိုင်းမှ ကာကွယ်ရေး ဘောဂဗေဒပညာရှင် Fenella McGerty က မကြာသေးမီက တိုးတက်မှုများသည် သိသာထင်ရှားသော်လည်း သတ်မှတ်ချက် အသစ်များ ပြည့်မီနိုင်ရေးဆိုလျှင် နိုင်ငံများအတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ “ ဥရောပဟာ တိုးတက်မှုများအတွက် အကောင်အထည်ဖော်ဖို့ အရှိန်အဟုန်နဲ့သွားမယ် ဆိုရင်တောင် သတ်မှတ်ချက်ကိုပြည့်မီဖို့ နောက်ထပ် (၁၀) နှစ်လောက်တော့ အချိန်ယူရဦးမယ်” ဟု ၎င်းက ပြောသည်။ သို့သော် ဥရောပနိုင်ငံအစိုးရအများစုက ဥရောပတိုက်ကြီးကိုကာကွယ်ဖို့အတွက်ဆိုလျှင် အမေရိကန်ကိုအားကိုးနေခြင်းထက် ကိုယ့်အားကိုယ်ကိုး သင့်ကြောင်း ဖော်ပြထားကြသည်။
ပြင်သစ်နှင့် ဘောလ်တစ်နိုင်ငံတို့က ကာကွယ်ရေးအသုံးစရိတ် ရန်ပုံငွေအတွက် ဥရောပ သမဂ္ဂမှ ချေးငှားရန် တွန်းအားပေးလျက်ရှိသည်။ အဆိုပါ ဆွေးနွေးညှိနှိုင်းမှု၏ရလဒ်သည် လာမည့်လတွင် ကျင်းပ မည့် ဂျာမနီနိုင်ငံ ရွေးကောက်ပွဲအပေါ် မူတည်နေမည်ဖြစ်သည်။ အကြောင်းမှာ ဂျာမနီသည် ယင်းအချက် ကို ကန့်ကွက်နေသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် ဥရောပမဟာမိတ်များအနေဖြင့် ကိုယ့်အား ကိုယ်ကိုးဖို့ နေတိုးကာကွယ်ရေး ရင်းနှီး မြှုပ်နှံမှုအပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော Camille Grand က ဆိုသည်။ အကြောင်းမှာ ဥရော ပမဟာမိတ်များသည် လက်ရှိတွင် ဝေဟင်ထဲမှာပင် ဆီဖြည့်ခြင်း၊ စစ်ဘက်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေးနှင့် အီလက်ထရွန်နစ်စစ်လက်နက်များ စသည့် ကဏ္ဍများ တွင် အမေရိကန်အပေါ် မှီခိုအားထားနေရဆဲကြောင့်ဖြစ်သည်။ ၎င်းကဏ္ဍအားလုံးမှာ ငွေကုန် ကြေးကျ အလွန်များသည်။ ထိုသို့သော လုံခြုံရေး လိုအပ်ချက်များကြောင့် ဥရောပအနေဖြင့် ကာကွယ်ရေး အသုံး စရိတ်အတွက် တိုးမြှင့်သုံးစွဲသင့်နေသည်။
နေတိုး၏ ကာကွယ်ရေးအသုံးစရိတ်ကိုမည်သူက အများဆုံးသုံးနေသနည်း
အမေရိကန်သည် ကာကွယ်ရေးအသုံးစရိတ် GDP ခွဲဝေမှု တိုးမြှင့်ရေးအတွက် တက်တက်ကြွကြွ ကတောင်းဆိုနေသော်လည်း ၎င်းသည် နေတိုးကာကွယ်ရေးအသုံးစရိတ် အများဆုံးအသုံးချသည့် အဖွဲ့ ဝင်မဟုတ်ပေ။ ထို့ပြင် ၎င်း၏စီးပွားရေး အရွယ်အစားအရ ၎င်းသည်နေတိုးကို အများဆုံး ထောက်ပံ့ပေး နေသည့် အဖွဲ့ဝင်ဖြစ်နေသည်။ ဥပမာအနေဖြင့် (၂၀၂၃) ခုနှစ်က စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနမှပြုစုထားသော စာရင်းဇယားများအရ အမေရိကန်သည် နေတိုးအသုံးစရိတ်၏ (၆၈) ရာခိုင်နှုန်းကို တာဝန်ယူထားပြီး အခြားသော ဥရောပမဟာမိတ်အဖွဲ့ဝင်နိုင်ငံများက (၂၈) ရာခိုင်နှုန်းခန့်သာ တာဝန်ယူထားကြောင်းတွေ့ရှိရသည်။
ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲသည့်အဖွဲ့ဝင်ကို လေ့လာကြည့်ရာ ရုရှား၊ ယူကရိန်း နှင့် ရုရှားမဟာမိတ် ဘီလာရုစ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပိုလန်နိုင်ငံက အကြီးမားဆုံး သုံးစွဲ သူ ဖြစ်နေကြောင်း တွေ့ရသည်။ (၂၀၁၄) ခုနှစ်တွင် နေတိုး GDP ၏ (၁ ဒသမ ၉) ရာခိုင်နှုန်းကို သုံးစွဲ နေသော ၎င်းက (၂၀၂၃) ခုနှစ်တွင် (၃ ဒသမ ၉) ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းသည် နေတိုးရှိ အဖွဲ့ဝင် (၃၁) နိုင်ငံအနက် ကာကွယ်ရေးအသုံးစရိတ်အများဆုံးသုံးစွဲသူဖြစ်လာခဲ့သည်။ နိုင်ငံ ရေး လေ့လာသုံးသပ်သူများ၏ တွက်ကိန်းများအရ တတိယကမ္ဘာစစ်သည် ဥရောပက စတင်မည်ဟု သုံးသပ်ထားကြသည်။ ထို့ကြောင့် ရုရှား-ယူကရိန်းစစ်မီး တောက်လောင်ဆဲ ဖြစ်သော ဥရောပတိုက် အနေဖြင့် ကာကွယ်ရေးကို အရှိန်မြှင့်တင်ရေးက အရေးကြီးနေသည်။ သို့သော် နေတိုးအဖွဲ့ဝင်နိုင်ငံများ ကြားမှာပင် သဘောထားကွဲလွဲမှုများ၊ ရပ်တည်ချက်ကွဲလွဲမှုများကြောင့် နေတိုး၏ ကာကွယ်ရေး ကဏ္ဍ ကို မြှင့်တင်ရန်မှာ ခဲယဉ်းနေဦးမည်ဖြစ်သည်။ သို့ပါသောကြောင့် (၂၀၂၅) ခုနှစ် ဇန်နဝါရီလ (၂၀) ရက် တွင် အမေရိကန်၏ တရားဝင်သမ္မတဖြစ်လာမည့် ထရမ့်အနေဖြင့် ၎င်း၏အဆိုပြုချက်ကို အောင်မြင် အောင်တိုက်တွန်းဖို့ရာ ၎င်း၏မူအတိုင်း ခြိမ်းခြောက်မှုများဖြင့် ရှေ့ဆက်သွားမည်လားကို စောင့်ကြည့် လေ့လာရဦးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
zawgyi version
ေဒၚနယ္ထရမ့္က ေနတိုးကို ကာကြယ္ေရးအသုံးစရိတ္ တိုးျမႇင့္ဖို႔ တိုက္တြန္းႏိုင္မလား
တင္ဇာ(NP News) - ဇန္နဝါရီ ၂၂
ေ႐ြးေကာက္ခံ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေနတိုးအဖြဲ႕ဝင္မ်ားကိုကာကြယ္ေရး အ တြက္ GDP ၏ (၅) ရာခိုင္ႏႈန္းကို သုံးစြဲေစလိုေၾကာင္း မၾကာေသးခင္က တိုက္တြန္းခ်က္ႏွင့္ ပတ္သက္၍ ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံမ်ားအၾကား သေဘာထားမ်ားကြဲလြဲလာခဲ့သည္။ ေဒၚနယ္ထရမ့္၏လိုလားခ်က္အရ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ လက္ရွိထည့္ဝင္ေနေသာအသုံးစရိတ္ထက္ ႏွစ္ဆပိုမ်ားေနသည္။ ထိုကဲ့သို႔ ေဒၚနယ္ထရမ့္၏ ကာကြယ္ေရးအသုံးစရိတ္ ႀကီးႀကီးမားမားတိုးျမႇင့္ရန္အဆိုျပဳခ်က္ကို ေနတိုးက အ ေလးအနက္ထားေၾကာင္း မျပသေသာ္လည္း ၎၏ လက္ရွိကာကြယ္ေရး အသုံးစရိတ္သတ္မွတ္ခ်က္ ထက္ ေက်ာ္လြန္သုံးစြဲရန္ သေဘာတူဖြယ္ရွိေနေၾကာင္း တာဝန္ရွိသူမ်ားႏွင့္ ေလ့လာသုံးသပ္သူမ်ားထံမွ သိရသည္။
လက္ရွိတြင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအမ်ားစုသည္ GDP ၏ (၂) ရာခိုင္ႏႈန္းေလာက္သာ ကာကြယ္ ေရးအတြက္ သုံးစြဲေနၾကျခင္းျဖစ္ၿပီး (၅) ရာခိုင္ႏႈန္းသို႔ တိုးျမႇင့္ရန္ကိစၥမွာမူ ထင္သေလာက္လြယ္ကူမည့္ ကိစၥ မဟုတ္ေပ။ ယင္းအဆိုျပဳခ်က္ကို ဦးေဆာင္တိုက္ တြန္းသည့္ အေမရိကန္ပင္လွ်င္ ၎သတ္မွတ္ ခ်က္ကို ျပည့္မီရန္ လိုအပ္ေနေသးသည္။ ဂရင္းလန္း၊ ကေနဒါ၊ ပနားမားတို႔ႏွင့္ပတ္သက္၍ ထရမ့္၏ ၿခိမ္း ေျခာက္စကားမ်ားေၾကာင့္ ေနတိုးအဖြဲ႕ဝင္မ်ားအၾကား စိုးရိမ္မႈမ်ား ျမင့္တက္ေနခ်ိန္တြင္ ၎၏ ပထမသက္တမ္းအတြင္း ေနတိုးအသုံး စရိတ္အေပၚအာ႐ုံစိုက္ထားၿပီး သတ္မွတ္ခ်က္မျပည့္မီသည့္ မဟာမိတ္မ်ားကို အကာအကြယ္ေပးသြားမည္မဟုတ္ေၾကာင္း ၿခိမ္းေျခာက္မႈမ်ားကလည္း ေနတိုးအဖြဲ႕ဝင္မ်ားကို ႏွစ္ဆတိုး စိုးရိမ္ေၾကာင့္ၾကမႈျဖစ္ေစသည္။ ေနတိုးႏိုင္ငံမ်ားမွတာဝန္ရွိသူမ်ားက ကာကြယ္ေရး အသုံးစရိတ္ကို ထပ္မံတိုးျမႇင့္ရန္လိုအပ္ေၾကာင္း ေထာက္ခံၾကေသာ္လည္း (၅)ရာခိုင္ႏႈန္းအထိတိုးျမႇင့္ရန္မွာမူ အဖြဲ႕ဝင္အားလုံးနီးပါးအတြက္ ႏိုင္ငံေရးအရေရာ၊ စီးပြားေရးအရပါ မျဖစ္ႏိုင္ဟု ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားထားသည္။
သို႔ေသာ္ ႐ုရွားသည္ ယူကရိန္းၿပီးေနာက္ အျခားေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံကို ထပ္မံတိုက္ ခိုက္လာႏိုင္သည္ဟူေသာ ၿခိမ္းေျခာက္မႈမ်ားႏွင့္အတူ ထရမ့္၏တိုက္တြန္းခ်က္မ်ားေၾကာင့္ လာမည့္ ဇြန္လတြင္ သည္ဟိဂ္၌ျပဳလုပ္မည့္ ေနတိုးထိပ္သီး အစည္းအေဝးတြင္ သတ္မွတ္ခ်က္အသစ္ကို သေဘာတူဖြယ္ ရွိေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။ အဆိုပါ သတ္မွတ္ခ်က္အသစ္သည္ မည္သည့္အတိုင္းအတာအထိရွိေနသည္ဆိုသည္ႏွင့္ ၎သည္ ထရမ့္ကို စိတ္ေက်နပ္မႈရွိေစမည္လားကိုမူ ေစာင့္ၾကည့္ရဦး မည္ျဖစ္သည္။ ေနတိုးအဖြဲ႕ဝင္ (၃၂)ႏိုင္ငံက GDP ၏ (၃)ရာခိုင္ႏႈန္းခန႔္ကိုဆြဲတင္ရန္ အျပင္းအထန္ ျငင္းခုံမႈမ်ားျဖစ္ၿပီးေနာက္ ယခုအခါ သေဘာတူႏိုင္ေလာက္မည္ဟု အခ်ိဳ႕က ေမွ်ာ္လင့္ေန ၾကသည္။ သို႔ ေသာ္ အခ်ိဳ႕အဖြဲ႕ဝင္ႏိုင္ငံမ်ားကမူ (၂) ရာခိုင္ႏႈန္းသို႔ ေရာက္ေအာင္ပင္ ဆယ္စုႏွစ္တစ္ခုၾကာ ေအာင္ လုံးပန္းခဲ့ရေၾကာင္း ေတြ႕ျမင္ခဲ့ရၿပီးျဖစ္သည္။
အီတလီကာကြယ္ေရးဝန္ႀကီး Guido Crosetto က အေျပာင္းအလဲတစ္ခုျဖစ္လာမည္ဟု ေမွ်ာ္လင့္ ေၾကာင္း၊ သို႔ေသာ္ ကမာၻေပၚရွိ ႏိုင္ငံတိုင္းနီးပါးအတြက္ (၅) ရာခိုင္ႏႈန္းဆိုေသာပမာဏမွာ မျဖစ္ႏိုင္ ေၾကာင္း၊ ယခင္ (၂)ရာခိုင္ႏႈန္းကိုပင္ မနည္းျဖစ္ ေျမာက္ေအာင္လုံးပန္းေနရေၾကာင္း ၎က မွတ္ခ်က္ျပဳ ထားသည္။ အီတလီသည္ ကာကြယ္ေရး အသုံးစရိတ္အတြက္ GDP ၏ (၁ ဒသမ ၅) ရာခိုင္ႏႈန္း ေလာက္သာ ထည့္ဝင္ႏိုင္ေသာေၾကာင့္ ၎သည္ လက္ရွိသတ္မွတ္ခ်က္ကိုပင္ ျပည့္မီေအာင္ စြမ္းေဆာင္ ႏိုင္ျခင္းမရွိေသာ အဖြဲ႕ဝင္ႏိုင္ငံ (၈) ႏိုင္ငံတြင္ ပါဝင္ေနေသးသည္။ ယူကရိန္းႏွင့္နယ္နိမိတ္ခ်င္း ထိစပ္ေန ေသာ ပိုလန္သည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအနက္ ကာကြယ္ေရးတြင္ GDP ၏ အျမင့္ဆုံးေဝစုကို သုံးစြဲ သည့္အဖြဲ႕ဝင္ျဖစ္ၿပီး ယမန္ႏွစ္က (၄ ဒသမ ၁၂) ရာခိုင္ႏႈန္းခန႔္ရွိမည္ျဖစ္ေၾကာင္း မဟာမိတ္အဖြဲ႕က ခန႔္ မွန္းထားသည္။ ၎၏ေနာက္တြင္ အက္စ္တိုးနီးယားက (၃ ဒသမ ၄၃) ရာခိုင္ႏႈန္းႏွင့္ အေမရိကန္က (၃ ဒသမ ၃၈) ရာခိုင္ႏႈန္းတို႔သုံးစြဲေနေၾကာင္း ေတြ႕ရွိ ရသည္။
ၿပီးခဲ့ေသာႏွစ္တြင္ GDP ၏ (၂ ဒသမ ၁) ရာခိုင္ႏႈန္းကို ကာကြယ္ေရးအတြက္သုံးစြဲခဲ့သည့္ ဆြီဒင္ သည္လည္း ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲသင့္ေၾကာင္း အႀကံျပဳထားသည္။ ဆြီဒင္ ႏိုင္ငံျခား ေရးဝန္ႀကီး Maria Malmer Stenergard က “ကြၽန္ေတာ္တို႔ရဲ႕ကာကြယ္ေရးမွာပိုၿပီး ရင္းႏွီးျမႇဳပ္ႏွံဖို႔ လို အပ္တယ္လို႔ ေကာက္ခံထားတဲ့ စစ္တမ္းေတြက ေဖာ္ျပေနတယ္” ဟု ေဖာ္ျပထားသည္။ သို႔ေသာ္ ဥေရာပ ႏိုင္ငံအမ်ားစုသည္ ဘတ္ဂ်က္အက်ပ္အတည္းမ်ားျဖင့္ရင္ဆိုင္ေနရၿပီး လက္ရွိ သတ္မွတ္ႏႈန္းထား (၂)ရာ ခိုင္ႏႈန္းေရာက္ဖို႔ပင္ ႐ုန္းကန္ေနၾကရသည္။
ေနတိုးသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ား ထည့္ဝင္ေသာ ကာကြယ္ေရးအသုံးစရိတ္ကို (၂၀၂၄) ခုႏွစ္ တြင္ အေမရိကန္ေဒၚလာ (၁ ဒသမ ၄၇၄) ထရီလ်ံရွိ မည္ဟုခန႔္မွန္းတြက္ခ်က္ထားၿပီး ယင္းတို႔အနက္ အေမရိ ကန္မွ (၉၆၈) ဘီလ်ံႏွင့္ ဥေရာပႏိုင္ငံမ်ားႏွင့္ ကေနဒါတို႔မွ (၅၀၇) ဘီလ်ံခန႔္ရွိမည္ဟု ခန႔္မွန္းထားသည္။ စုစုေပါင္းပ်မ္းမွ်သည္ ေနတိုး GDP ၏ (၂ ဒသမ ၇၁) ရာခိုင္ႏႈန္းခန႔္ျဖစ္သည္။ အခ်ိဳ႕ေသာအရာရွိမ်ားႏွင့္ ေလ့လာသုံးသပ္သူမ်ားက ေနတိုးသည္ ထရမ့္၏ (၅) ရာခိုင္ႏႈန္း အႀကံျပဳခ်က္ကို လေပါင္းမ်ားစြာ ေစ့စပ္ ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး ေနာက္ဆုံးတြင္ (၃) ရာခိုင္ႏႈန္းႏွင့္ ပိုမို အနီးစပ္ဆုံးအေနအထားျဖင့္ ဆုံးျဖတ္ ႏိုင္ေျခရွိ ေၾကာင္းသုံးသပ္ထားၾကသည္။ ၿပီးခဲ့သည့္ႏွစ္ အေမ ရိကန္သမၼတေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း ႐ုံးမႈအတြင္း ထရမ့္သည္ (၃) ရာခိုင္ႏႈန္းသတ္မွတ္ခ်က္ကို အဆို ျပဳခဲ့ၿပီး ထိုကဲ့သို႔တိုးျမႇင့္ႏိုင္မႈက ေနတိုး ႏိုင္ငံ အမ်ားစုအတြက္ ကာကြယ္ေရးအသုံးစရိတ္ (၃၀) ရာခိုင္ႏႈန္းခန႔္တိုးလာမည္ဟု ဆိုသည္။
႐ုရွား-ယူကရိန္းပဋိပကၡႏွင့္အတူတိုးျမႇင့္သုံးစြဲရန္လိုလာသည့္ေနတိုးကာကြယ္ေရးအသုံးစရိတ္
ယူကရိန္းတြင္ ႐ုရွားဘက္မွဆင္ႏႊဲလာေသာစစ္ပြဲေၾကာင့္ ဥေရာပႏိုင္ငံအမ်ားအျပားက ထိတ္ လန႔္တုန္လႈပ္သြားကာ မၾကာေသးမီႏွစ္မ်ားအတြင္း ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္ခဲ့ၾကသည္။ သို႔ေသာ္ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ျပည္သူ႔ဘ႑ာ ေငြက်ပ္တည္းလာျခင္းႏွင့္အတူ ကာကြယ္ေရး အသုံးစရိတ္ မ်ားသည္ ႏိုင္ငံေရးအရ ေရပန္းစားျခင္းမရွိေတာ့ေသာေၾကာင့္ ေနတိုးႏိုင္ငံအစိုးရမ်ားအေနျဖင့္ ကာကြယ္ ေရးအတြက္ GDP ၏ (၃) ရာခိုင္ႏႈန္းကို သုံးစြဲရန္လႈံ႕ေဆာ္ေရးမွာမူ လြယ္ကူမည္ေတာ့မဟုတ္ေပ။ အျပည္ျပည္ဆိုင္ရာပညာရွင္မ်ား အသိုင္းအဝိုင္းမွ ကာကြယ္ေရး ေဘာဂေဗဒပညာရွင္ Fenella McGerty က မၾကာေသးမီက တိုးတက္မႈမ်ားသည္ သိသာထင္ရွားေသာ္လည္း သတ္မွတ္ခ်က္ အသစ္မ်ား ျပည့္မီႏိုင္ေရးဆိုလွ်င္ ႏိုင္ငံမ်ားအတြက္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရမည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။ “ ဥေရာပဟာ တိုးတက္မႈမ်ားအတြက္ အေကာင္အထည္ေဖာ္ဖို႔ အရွိန္အဟုန္နဲ႔သြားမယ္ ဆိုရင္ေတာင္ သတ္မွတ္ခ်က္ကိုျပည့္မီဖို႔ ေနာက္ထပ္ (၁၀) ႏွစ္ေလာက္ေတာ့ အခ်ိန္ယူရဦးမယ္” ဟု ၎က ေျပာသည္။ သို႔ေသာ္ ဥေရာပႏိုင္ငံအစိုးရအမ်ားစုက ဥေရာပတိုက္ႀကီးကိုကာကြယ္ဖို႔အတြက္ဆိုလွ်င္ အေမရိကန္ကိုအားကိုးေနျခင္းထက္ ကိုယ့္အားကိုယ္ကိုး သင့္ေၾကာင္း ေဖာ္ျပထားၾကသည္။
ျပင္သစ္ႏွင့္ ေဘာလ္တစ္ႏိုင္ငံတို႔က ကာကြယ္ေရးအသုံးစရိတ္ ရန္ပုံေငြအတြက္ ဥေရာပ သမဂၢမွ ေခ်းငွားရန္ တြန္းအားေပးလ်က္ရွိသည္။ အဆိုပါ ေဆြးေႏြးညႇိႏႈိင္းမႈ၏ရလဒ္သည္ လာမည့္လတြင္ က်င္းပ မည့္ ဂ်ာမနီႏိုင္ငံ ေ႐ြးေကာက္ပြဲအေပၚ မူတည္ေနမည္ျဖစ္သည္။ အေၾကာင္းမွာ ဂ်ာမနီသည္ ယင္းအခ်က္ ကို ကန႔္ကြက္ေနေသာေၾကာင့္ျဖစ္သည္။ ယခုအခ်ိန္တြင္ ဥေရာပမဟာမိတ္မ်ားအေနျဖင့္ ကိုယ့္အား ကိုယ္ကိုးဖို႔ ေနတိုးကာကြယ္ေရး ရင္းႏွီး ျမႇဳပ္ႏွံမႈအပိုင္းတြင္ တာဝန္ထမ္းေဆာင္ခဲ့ေသာ Camille Grand က ဆိုသည္။ အေၾကာင္းမွာ ဥေရာ ပမဟာမိတ္မ်ားသည္ လက္ရွိတြင္ ေဝဟင္ထဲမွာပင္ ဆီျဖည့္ျခင္း၊ စစ္ဘက္ဆိုင္ရာ ေလေၾကာင္း ပို႔ေဆာင္ေရးႏွင့္ အီလက္ထ႐ြန္နစ္စစ္လက္နက္မ်ား စသည့္ က႑မ်ား တြင္ အေမရိကန္အေပၚ မွီခိုအားထားေနရဆဲေၾကာင့္ျဖစ္သည္။ ၎က႑အားလုံးမွာ ေငြကုန္ ေၾကးက် အလြန္မ်ားသည္။ ထိုသို႔ေသာ လုံၿခဳံေရး လိုအပ္ခ်က္မ်ားေၾကာင့္ ဥေရာပအေနျဖင့္ ကာကြယ္ေရး အသုံး စရိတ္အတြက္ တိုးျမႇင့္သုံးစြဲသင့္ေနသည္။
ေနတိုး၏ ကာကြယ္ေရးအသုံးစရိတ္ကိုမည္သူက အမ်ားဆုံးသုံးေနသနည္း
အေမရိကန္သည္ ကာကြယ္ေရးအသုံးစရိတ္ GDP ခြဲေဝမႈ တိုးျမႇင့္ေရးအတြက္ တက္တက္ႂကြႂကြ ကေတာင္းဆိုေနေသာ္လည္း ၎သည္ ေနတိုးကာကြယ္ေရးအသုံးစရိတ္ အမ်ားဆုံးအသုံးခ်သည့္ အဖြဲ႕ ဝင္မဟုတ္ေပ။ ထို႔ျပင္ ၎၏စီးပြားေရး အ႐ြယ္အစားအရ ၎သည္ေနတိုးကို အမ်ားဆုံး ေထာက္ပံ့ေပး ေနသည့္ အဖြဲ႕ဝင္ျဖစ္ေနသည္။ ဥပမာအေနျဖင့္ (၂၀၂၃) ခုႏွစ္က စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသနဌာနမွျပဳစုထားေသာ စာရင္းဇယားမ်ားအရ အေမရိကန္သည္ ေနတိုးအသုံးစရိတ္၏ (၆၈) ရာခိုင္ႏႈန္းကို တာဝန္ယူထားၿပီး အျခားေသာ ဥေရာပမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံမ်ားက (၂၈) ရာခိုင္ႏႈန္းခန႔္သာ တာဝန္ယူထားေၾကာင္းေတြ႕ရွိရသည္။
ကာကြယ္ေရးအသုံးစရိတ္အမ်ားဆုံး သုံးစြဲသည့္အဖြဲ႕ဝင္ကို ေလ့လာၾကည့္ရာ ႐ုရွား၊ ယူကရိန္း ႏွင့္ ႐ုရွားမဟာမိတ္ ဘီလာ႐ုစ္တို႔ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနေသာ ပိုလန္ႏိုင္ငံက အႀကီးမားဆုံး သုံးစြဲ သူ ျဖစ္ေနေၾကာင္း ေတြ႕ရသည္။ (၂၀၁၄) ခုႏွစ္တြင္ ေနတိုး GDP ၏ (၁ ဒသမ ၉) ရာခိုင္ႏႈန္းကို သုံးစြဲ ေနေသာ ၎က (၂၀၂၃) ခုႏွစ္တြင္ (၃ ဒသမ ၉) ရာခိုင္ႏႈန္းသို႔ ခုန္တက္သြားခဲ့သည္။ ထို႔ေၾကာင့္ ၎သည္ ေနတိုးရွိ အဖြဲ႕ဝင္ (၃၁) ႏိုင္ငံအနက္ ကာကြယ္ေရးအသုံးစရိတ္အမ်ားဆုံးသုံးစြဲသူျဖစ္လာခဲ့သည္။ ႏိုင္ငံ ေရး ေလ့လာသုံးသပ္သူမ်ား၏ တြက္ကိန္းမ်ားအရ တတိယကမာၻစစ္သည္ ဥေရာပက စတင္မည္ဟု သုံးသပ္ထားၾကသည္။ ထို႔ေၾကာင့္ ႐ုရွား-ယူကရိန္းစစ္မီး ေတာက္ေလာင္ဆဲ ျဖစ္ေသာ ဥေရာပတိုက္ အေနျဖင့္ ကာကြယ္ေရးကို အရွိန္ျမႇင့္တင္ေရးက အေရးႀကီးေနသည္။ သို႔ေသာ္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ား ၾကားမွာပင္ သေဘာထားကြဲလြဲမႈမ်ား၊ ရပ္တည္ခ်က္ကြဲလြဲမႈမ်ားေၾကာင့္ ေနတိုး၏ ကာကြယ္ေရး က႑ ကို ျမႇင့္တင္ရန္မွာ ခဲယဥ္းေနဦးမည္ျဖစ္သည္။ သို႔ပါေသာေၾကာင့္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ (၂၀) ရက္ တြင္ အေမရိကန္၏ တရားဝင္သမၼတျဖစ္လာမည့္ ထရမ့္အေနျဖင့္ ၎၏အဆိုျပဳခ်က္ကို ေအာင္ျမင္ ေအာင္တိုက္တြန္းဖို႔ရာ ၎၏မူအတိုင္း ၿခိမ္းေျခာက္မႈမ်ားျဖင့္ ေရွ႕ဆက္သြားမည္လားကို ေစာင့္ၾကည့္ ေလ့လာရဦးမည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။