(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)ရဲ့ ပွဲကြိုသုံးသပ်ချက်များ

 478

ရဲထက် (NP News) - ဇန်နဝါရီ ၂၄

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၂၃)ကို ရောက်ရှိလာပြီး ရာသီဝက်ကျော်ကာလတွေကို စတင် ဖြတ်သန်းနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် တစ်ပွဲထက် တစ်ပွဲ ကြည့်ကောင်းလာဖို့ရှိနေပြီး အသင်းကြီးတွေရဲ့ ချန်ပီယံဆုအတွက်ကတော့ လီဗာပူးလ်အသင်းက အမှတ်ပေးဇယားကို ရမှတ်ဖြတ်ပြီး တစ်ပွဲ လျော့အနေအထားနဲ့ ပရီးမီယားလိဂ်ချန်ပီယံလမ်းကြောင်းပေါ် မှာ အမှားအယွင်းမရှိ ဆက်လက် ရပ် တည်နေတာကို တွေ့ရပါတယ်။ အာဆင်နယ်အသင်းကတော့ ဒုတိယ နေရာမှာ နော်တင် ဖောရက်စ် အသင်းနဲ့ ပြိုင်ဆိုင်မှုပြင်း ထန်နေပြီး ချဲလ်ဆီးအသင်းကတော့ စွမ်းဆောင်ရည်ပိုင်း အနည်းငယ် ကျဆင်းလာပြီဖြစ်ပေမယ့် လက်ကျန်ပွဲစဉ်တွေရှိနေသေးတာကြောင့် ချန်ပီယံလိဂ်ဝင် ခွင့်အတွက် မျှော်လင့်ချက် များစွာ ရှိနေဆဲဖြစ်ပါတယ်။ ဒါ့ပြင် ပွဲစဉ်(၂၃)ရဲ့ အကောင်းဆုံးပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေတဲ့ မန်စီးတီး အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုလည်း စောင့်ကြည့်သွားရဖို့ရှိ နေပါတယ်။ ဒီတစ် ပတ်မှာလည်း NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီး ယားလိဂ်ပွဲစဉ် (၂၃)အတွက် ခြေစွမ်းနဲ့ ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

မန်စီးတီး Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမူ
ချဲလ်ဆီး ဝ - ၂ မန်စီးတီး (၁၈-၈-၂၀၂၄)
မန်စီးတီး ၁ - ၁ ချဲလ်ဆီး (၁၈-၂-၂၀၂၄)
ချဲလ်ဆီး ၄ - ၄ မန်စီးတီး (၁၂-၁၁-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၂ ချဲလ်ဆီး
မန်စီးတီး ၃ - ၂ ချဲလ်ဆီး
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပွဲစဉ် (၂၃)ရဲ့ စောင့်ကြည့်ချင်စရာအကောင်းဆုံးပွဲလို့ ပြော လို့ရနေပါတယ်။ ချဲလ်ဆီးအသင်းဟာ (၂၀၂၁)ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နိုင်ပွဲရပြီးကတည်းက မန် စီးတီးကိုမနိုင်တော့တာဟာ လက်ရှိရာသီအထိပဲဖြစ်ပါ တယ်။ ချဲလ်ဆီးဟာ (၃)နှစ်ကျော်လာတဲ့ အချိန် အထိ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု ပြိုင်ပွဲစုံ(၁၁)ပွဲတွေ့ဆုံထားပြီး မန်စီးတီးအသင်းက (၈)ပွဲအထိ အနိုင်ရထားသလို သရေပွဲ (၃)ပွဲသာရရှိထားတာကိုကြည့် ရင် မန်စီးတီးအသင်းက ချဲလ်ဆီး အသင်းကို ဘယ်လောက်အထိနှိမ်ထားပြီး တွေ့လိုက်တိုင်း ချန်ပီယံ လိဂ်ရှုံးကြွေးဆိုတဲ့အငြိုးတွေနဲ့ ကန် နေသလားလို့ တောင်ထင်ရပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ မန်စီးတီး အသင်းရဲ့အဘက်ဘက်ကကျဆင်း သွားမှုက ချဲလ်ဆီးအသင်းအတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်သ လို လူစာရင်းအရရော ရလဒ်ပိုင်း မှာပါ ချဲလ်ဆီးအသင်းက ဒီရာသီမှာ ပိုကောင်းလာနေတာကြောင့် (၈)ပွဲ ဆက်ရှုံးပြီး (၃)ပွဲသရေကျ ထား တဲ့ရလဒ်ကို နိုင်ပွဲနဲ့ အတူ ချဲလ်ဆီးအသင်း ပြန်လည်ချေပသွားနိုင်မလားဆိုတာကို စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ရာသီ အစပိုင်းထိပ်တိုက်တွေ့ဆုံမှုမှာတော့ ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ မန်စီးတီး အသင်းက(၂)ဂိုးပြတ်နဲ့ နိုင်ပွဲ ရယူထားတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ မန်စီးတီးအိမ်ကွင်းမှာ နိုင်ပွဲ ရဖို့ ပိုပြီးခက်ခဲလာဖို့ရှိနေပါတယ်။ ရလဒ်ပိုင်းကို ခန့်မှန်းရမယ်ဆိုရင်တော့ မန်စီးတီးအသင်း အနေနဲ့ ခြေစွမ်းပိုင်းအပြင် လူစာရင်းအရ ပါတိုးတက်လာတဲ့ ချဲလ်ဆီးအသင်းကို ရာသီအစ ပွဲစဉ်ကလို လွယ် လွယ်ကူကူနိုင်ပွဲရဖို့ခက်ခဲမှာ သေချာနေပါတယ်။ ဒါပေမဲ့ နိုင်ပွဲတွေပြန်ဆက်လာတဲ့ မန်စီးတီး အသင်း အနေနဲ့ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့် ဖိအားအများကြီး မရှိဘဲ ကန်ဖို့ ရှိနေသလို ချဲလ်ဆီးအသင်းကလည်း နှစ်နဲ့ချီတဲ့ရှုံးကြွေးတွေအပြင် မန်စီးတီးအသင်းကိုအနိုင်ရဖို့ အမှန် အကန် ပြင်ဆင်လာဖို့ရှိနေတာကြောင့် ဒီပွဲစဉ်က နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိ နေပြီး သရေကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ အိမ်ကွင်းဖြစ်တဲ့ မန်စီးတီးဘက်မှာ နေချင်ပါတယ်။

လီဗာပူးလ် Vs အစ်ဆွစ်တောင်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အစ်ဆွစ်တောင်း ဝ - ၂ လီဗာပူးလ် (၁၇-၈-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၃ - ဝ အစ်ဆွစ်တောင်း
လီဗာပူးလ် ၃ - ၁ အစ်ဆွစ်တောင်း

လီဗာပူးလ်အသင်းကတော့ နည်းပြသစ် အာနဲ့စလော့လက်ထက်မှာ ပိုကောင်းလာတဲ့ အသင်း တစ်သင်းဖြစ်ပြီး တည်ငြိမ်မှုရှိမှုနဲ့ တစ်ပွဲထက်တစ်ပွဲယုံကြည်မှုပိုကောင်းလာတာကိုတွေ့ရပါတယ်။ လီဗာ ပူးလ်အသင်းရဲ့အားသာချက်တွေက ကစားသမားတွေ အားလုံးရဲ့ နည်းပြအပေါ်ယုံကြည်မှုတွေအပြင် နေရာစုံမှာ ကစားနိုင်မှု၊ တစ်ဖက်အသင်းရဲ့ကစားပုံကိုကြည့်ပြီး လိုက်ပါစီးမျောနိုင်မှု၊ တစ်ဖက်အသင်းက ဘယ်လောက်ကောင်းကောင်း လီဗာပူးလ်ခံစစ်နဲ့တွေ့ရင် တိုးမပေါက်လောက်အောင်ခံစစ်ပိုင်း မာကျောမှု တွေနဲ့ တိုက်စစ်ပိုင်းသွင်းဂိုးတွေကို အခက်အခဲမရှိ ပွဲတိုင်း သွင်းယူနိုင်မှုတွေက လီဗာပူးလ်အသင်း အတွက် ဒီရာသီမှာ ပိုကောင်းလာစေတဲ့အချက်တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် နည်းပြသစ်ကိုချီးကျူး ရမှာဖြစ်ပြီး ရာသီအစမှာရှိတဲ့ လူစာရင်းကို အကောင်းဆုံး Update လုပ်ကစားလာနိုင်မှုကနေ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းအပြင် ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလားတွေရဲ့ ချန်ပီယံ လမ်းကြောင်းပေါ်မှာ ရှိနေတာကိုတွေ့ရပါတယ်။ အစ်ဆွစ်တောင်းအသင်းကတော့ ဒီရာသီမှာ တန်းဆင် ရဖို့များနေတဲ့အသင်းဖြစ်ပြီး နိုင်ပွဲထက် ရှုံးပွဲတွေက ပိုများနေတာကိုတွေ့ရပါတယ်။ ဒီပွဲစဉ်ကလည်း လီဗာပူးလ် အသင်းအတွက် ကြိမ်းသေပေါက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲထပ်ရဖို့ရှိနေတဲ့ ပွဲစဉ်ဖြစ်ပြီး ဒီရာသီ ပထမဆုံးတွေ့ဆုံမှုမှာလည်း လီဗာပူးလ်အသင်းက (၂)ဂိုးပြတ်နဲ့နိုင်ပွဲရထားတာ ကြောင့် ဒီပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းကပဲ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရသွားဖို့ရှိနေပါတယ်။ အနည်းဆုံး(၂) ဂိုးအထက်မှာ ရှိပါ တယ်။

ဝုဗ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၂ - ဝ ဝုဗ် (၁၇-၈-၂၀၂၄)
ဝုဗ် ဝ - ၂ အာဆင်နယ် (၂၁-၄-၂၀၂၄)
အာဆင်နယ် ၂ - ၁ ဝုဗ် (၂-၁၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝုဗ် ၁ - ၂ အာဆင်နယ်
ဝုဗ် ၂ - ၃ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ FA Cup မှာ မန်ယူအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့အပြီး မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပိုပြီးအာရုံစိုက်လာပြီဖြစ်သလို ကစားသမားတွေအနေနဲ့လည်း ယုံကြည်မှုပိုင်းမှာ ပိုကောင်းလာပြီလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းကိုကျော်တက်ပြီး ချန်ပီယံဖြစ်ဖို့ကတော့ လိုအပ်ချက်တွေများနေဆဲဖြစ်ပြီး အဓိကပြဿနာကတော့ တိုက်စစ်ပိုင်းမှာ ထင် သလောက် ဂိုးတွေမရတာနဲ့ ကွင်းလယ်ပိုင်းက ဖန်တီးနိုင်မှုကျဆင်းတာတွေကြောင့်ပဲဖြစ်ပါတယ်။ တိုက် စစ်ပိုင်းမှာဆိုရင် ဟာဗက်စ်နဲ့ဂျေးဆပ်တို့ထဲက တစ်ယောက်ကိုပဲရွေးချယ်လို့ရတဲ့အနေအထားမှာ ဂိုးရဖို့ဆိုရင် နှစ်ယောက်လုံးက ပွဲစဉ်တိုင်း စိတ်ချထားလို့မရတဲ့ ကစားသမားတွေဖြစ်ပြီး တောင်ပံတိုက် စစ်မှာ ဆိုရင်လည်း ညာတောင်ပံက မာတင်နယ်လီက ပုံမှန်ခြေစွမ်းလောက်သာရှိနေပြီး အဆုံး အဖြတ်ဂိုးတွေနဲ့ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ဆာကာ ဒဏ်ရာရနေတဲ့အချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းဟာ ပိုပြီးအသက်မဲ့လာခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ကွင်းလယ်ပိုင်းမှာ အိုဒီဂတ်နဲ့ဒီကလန်ရိုက်တို့ ပွဲပန်းနေတဲ့ ပုံစံမျိုးတွေမြင်တွေ့ရပြီး ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေ တာတွေ့ရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဒုတိယနေရာကနေ ကျေနပ် ရမှုကို ဖျောက်ဖျက်ပစ်ဖို့ဆိုရင် ဒီထက်ပိုကောင်းတဲ့တည်ငြိမ်မှုမျိုးနဲ့ နိုင်ပွဲတွေပိုရအောင် စွမ်းဆောင်ပြဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဝုဗ် အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အသာစီးရအောင် စွမ်းဆောင်ထားနိုင်သလို နိုင်ပွဲအနေနဲ့ နောက်ဆုံး(၆)ပွဲ ဆက်တိုက်နိုင်ပွဲရယူထားနိုင်တာကြောင့် ဒီပွဲစဉ်မှာလည်း အာဆင်နယ်အသင်းကပဲ နိုင်ပွဲရဖို့သေချာသလောက် ရှိပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

ဖူဟမ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၁ - ဝ ဖူဟမ် (၁၇-၈-၂၀၂၄)
မန်ယူ ၁ - ၂ ဖူဟမ် (၂၄-၂-၂၀၂၄)
ဖူဟမ် ၂ - ၁ မန်ယူ (၄-၁၁-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖူဟမ် ၂ - ၂ မန်ယူ
ဖူဟမ် ၁ - ၂ မန်ယူ

မန်ယူအသင်းအတွက်တော့ အကောင်းဘက်ကကြည့်ရင် ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲဆက် ရှုံးနိမ့်မှုကနေ နိုင်ပွဲပြန်ရလာမှုက အခြေအနေ ကောင်းတစ်ရပ်ကိုရရှိလာပြီလို့ ပြောလို့ရနေပြီး လီဗာ ပူးလ် အသင်းကို သရေကျအောင်ကစားထားနိုင်မှုနဲ့ အာဆင်နယ်အသင်းကို FA Cup မှာ နိုင်ပွဲရအောင် စွမ်းဆောင်ထားနိုင်မှုက ဘာပဲပြောပြော မန်ယူအသင်းရဲ့ အပေါင်းလက္ခဏာဆောင်လာတဲ့အချက်တွေ ပဲဖြစ်ပါတယ်။ ဖူဟမ်အသင်းကလည်း ပြီးခဲ့တဲ့ရာသီတုန်းကထက် ပိုကောင်းလာသလို မန်ယူ အသင်း ထက်လည်း ရလဒ်ပိုကောင်းနေတာကြောင့် မန်ယူအသင်းအနေနဲ့ အဝေးကွင်းမှာနိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ မန်ယူအသင်းက တစ်ဂိုး လောက်အကွာနဲ့ပဲ ကပ်နိုင်သွားဖို့ရှိပါတယ်။

ဘုန်းမောက် Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ် ၁ - ၁ ဘုန်းမောက် (၁၇-၈-၂၀၂၄)
ဘုန်းမောက် ဝ - ဝ ဖောရက်စ် (၄-၂-၂၀၂၃)
ဖောရက်စ် ၁ - ၃ ဘုန်းမောက် (၂၃-၁-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘုန်းမောက် ၂ - ၃ ဖောရက်စ်
ဘုန်းမောက် ၃ - ၃ ဖောရက်စ်

ဒီနှစ်သင်းရဲ့ပွဲစဉ်က ကြည့်ကောင်းမယ့်ပွဲ ကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေပြီး နှစ်သင်းစလုံးက ခြေစွာနေတဲ့အသင်းတွေဖြစ်ပါတယ်။ အသင်းကြီးတွေကို ကောင်းကောင်းဒုက္ခပေးနေတဲ့ အသင်းတွေ ဆိုရင်လည်း မမှားပါဘူး။ ဒါ့ပြင် နှစ်သင်းလုံး ဥရောပ ဝင်ခွင့်တစ်နေရာအတွက် အခွင့်အရေးကိုယ်စီရှိ နေတဲ့အသင်းတွေဖြစ်ပြီး နော်တင်ဖောရက်စ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မျှော်လင့်ခွင့် ရှိနေတာလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ နှစ်သင်းကြားမှာ အများကြီးကွာဟမှုရှိမနေပေ မယ့် ဘုန်းမောက်စ်အသင်းက ပိုပြီးအသာစီးရယူထားနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ထိပ် တိုက်တွေ့ဆုံမှုမှာ တကယ်ကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ကောင်းလာဖို့ရှိနေပြီး နိုင်ပွဲရဖို့ဆိုရင် နှစ်သင်း လုံး တိုက်စစ်ဖွင့်ကစားတတ်တာကြောင့် အပြန်အလှန် သွင်းဂိုးတွေကိုမြင်တွေ့ရဖို့ရှိနေပြီး သရေကျဖို့ များတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

၂၅ - ၁ -၂၀၂၅ (စနေ ညပိုင်း)
ည(၉း၃၀) လီဗာပူးလ် Vs အစ်ဆွစ်တောင်း
ည(၉း၃၀) ဝုဗ် Vs အာဆင်နယ်
ည(၉း၃၀) ဘုန်းမောက် Vs ဖောရက်စ်
ည(၉း၃၀) မန်စီးတီး Vs ချဲလ်ဆီး

၂၆-၁-၂၀၂၅ (တနင်္ဂနွေနံနက်ပိုင်း)
နံနက်(၁း၃၀) ဖူဟမ် Vs မန်ယူ

zawgyi version
(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ္ပြဲစဥ္(၂၃)ရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဇန္နဝါရီ ၂၄

ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ပြဲစဥ္(၂၃)ကို ေရာက္ရွိလာၿပီး ရာသီဝက္ေက်ာ္ကာလေတြကို စတင္ ျဖတ္သန္းေနၿပီပဲျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ပြဲထက္ တစ္ပြဲ ၾကည့္ေကာင္းလာဖို႔ရွိေနၿပီး အသင္းႀကီးေတြရဲ႕ ခ်န္ပီယံဆုအတြက္ကေတာ့ လီဗာပူးလ္အသင္းက အမွတ္ေပးဇယားကို ရမွတ္ျဖတ္ၿပီး တစ္ပြဲ ေလ်ာ့အေနအထားနဲ႔ ပရီးမီယားလိဂ္ခ်န္ပီယံလမ္းေၾကာင္းေပၚ မွာ အမွားအယြင္းမရွိ ဆက္လက္ ရပ္ တည္ေနတာကို ေတြ႕ရပါတယ္။ အာဆင္နယ္အသင္းကေတာ့ ဒုတိယ ေနရာမွာ ေနာ္တင္ ေဖာရက္စ္ အသင္းနဲ႔ ၿပိဳင္ဆိုင္မႈျပင္း ထန္ေနၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ စြမ္းေဆာင္ရည္ပိုင္း အနည္းငယ္ က်ဆင္းလာၿပီျဖစ္ေပမယ့္ လက္က်န္ပြဲစဥ္ေတြရွိေနေသးတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ မ်ားစြာ ရွိေနဆဲျဖစ္ပါတယ္။ ဒါ့ျပင္ ပြဲစဥ္(၂၃)ရဲ႕ အေကာင္းဆုံးပြဲေကာင္းတစ္ပြဲျဖစ္လာဖို႔ရွိေနတဲ့ မန္စီးတီး အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိ ေနပါတယ္။ ဒီတစ္ ပတ္မွာလည္း NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာရပ္တည္ေနတဲ့အသင္းႀကီးေတြရဲ႕ ပရီးမီး ယားလိဂ္ပြဲစဥ္ (၂၃)အတြက္ ေျခစြမ္းနဲ႔ ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

မန္စီးတီး Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမူ
ခ်ဲလ္ဆီး ဝ - ၂ မန္စီးတီး (၁၈-၈-၂၀၂၄)
မန္စီးတီး ၁ - ၁ ခ်ဲလ္ဆီး (၁၈-၂-၂၀၂၄)
ခ်ဲလ္ဆီး ၄ - ၄ မန္စီးတီး (၁၂-၁၁-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၂ ခ်ဲလ္ဆီး
မန္စီးတီး ၃ - ၂ ခ်ဲလ္ဆီး
ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ပြဲစဥ္ (၂၃)ရဲ႕ ေစာင့္ၾကည့္ခ်င္စရာအေကာင္းဆုံးပြဲလို႔ ေျပာ လို႔ရေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ (၂၀၂၁)ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ႏိုင္ပြဲရၿပီးကတည္းက မန္ စီးတီးကိုမႏိုင္ေတာ့တာဟာ လက္ရွိရာသီအထိပဲျဖစ္ပါ တယ္။ ခ်ဲလ္ဆီးဟာ (၃)ႏွစ္ေက်ာ္လာတဲ့ အခ်ိန္ အထိ မန္စီးတီးအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈ ၿပိဳင္ပြဲစုံ(၁၁)ပြဲေတြ႕ဆုံထားၿပီး မန္စီးတီးအသင္းက (၈)ပြဲအထိ အႏိုင္ရထားသလို သေရပြဲ (၃)ပြဲသာရရွိထားတာကိုၾကည့္ ရင္ မန္စီးတီးအသင္းက ခ်ဲလ္ဆီး အသင္းကို ဘယ္ေလာက္အထိႏွိမ္ထားၿပီး ေတြ႕လိုက္တိုင္း ခ်န္ပီယံ လိဂ္ရႈံးေႂကြးဆိုတဲ့အၿငိဳးေတြနဲ႔ ကန္ ေနသလားလို႔ ေတာင္ထင္ရပါတယ္။ ဒါေပမဲ့ ဒီရာသီမွာ မန္စီးတီး အသင္းရဲ႕အဘက္ဘက္ကက်ဆင္း သြားမႈက ခ်ဲလ္ဆီးအသင္းအတြက္ အခြင့္အေရးတစ္ခုျဖစ္လာႏိုင္သ လို လူစာရင္းအရေရာ ရလဒ္ပိုင္း မွာပါ ခ်ဲလ္ဆီးအသင္းက ဒီရာသီမွာ ပိုေကာင္းလာေနတာေၾကာင့္ (၈)ပြဲ ဆက္ရႈံးၿပီး (၃)ပြဲသေရက် ထား တဲ့ရလဒ္ကို ႏိုင္ပြဲနဲ႔ အတူ ခ်ဲလ္ဆီးအသင္း ျပန္လည္ေခ်ပသြားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္။ ဒီႏွစ္ရာသီ အစပိုင္းထိပ္တိုက္ေတြ႕ဆုံမႈမွာေတာ့ ခ်ဲလ္ဆီးအသင္း အိမ္ကြင္းမွာ မန္စီးတီး အသင္းက(၂)ဂိုးျပတ္နဲ႔ ႏိုင္ပြဲ ရယူထားတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ မန္စီးတီးအိမ္ကြင္းမွာ ႏိုင္ပြဲ ရဖို႔ ပိုၿပီးခက္ခဲလာဖို႔ရွိေနပါတယ္။ ရလဒ္ပိုင္းကို ခန႔္မွန္းရမယ္ဆိုရင္ေတာ့ မန္စီးတီးအသင္း အေနနဲ႔ ေျခစြမ္းပိုင္းအျပင္ လူစာရင္းအရ ပါတိုးတက္လာတဲ့ ခ်ဲလ္ဆီးအသင္းကို ရာသီအစ ပြဲစဥ္ကလို လြယ္ လြယ္ကူကူႏိုင္ပြဲရဖို႔ခက္ခဲမွာ ေသခ်ာေနပါတယ္။ ဒါေပမဲ့ ႏိုင္ပြဲေတြျပန္ဆက္လာတဲ့ မန္စီးတီး အသင္း အေနနဲ႔ ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းမွာကစားရမွာျဖစ္တာေၾကာင့္ ဖိအားအမ်ားႀကီး မရွိဘဲ ကန္ဖို႔ ရွိေနသလို ခ်ဲလ္ဆီးအသင္းကလည္း ႏွစ္နဲ႔ခ်ီတဲ့ရႈံးေႂကြးေတြအျပင္ မန္စီးတီးအသင္းကိုအႏိုင္ရဖို႔ အမွန္ အကန္ ျပင္ဆင္လာဖို႔ရွိေနတာေၾကာင့္ ဒီပြဲစဥ္က ႏွစ္ဖက္အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိ ေနၿပီး သေရက်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ အိမ္ကြင္းျဖစ္တဲ့ မန္စီးတီးဘက္မွာ ေနခ်င္ပါတယ္။

လီဗာပူးလ္ Vs အစ္ဆြစ္ေတာင္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အစ္ဆြစ္ေတာင္း ဝ - ၂ လီဗာပူးလ္ (၁၇-၈-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၃ - ဝ အစ္ဆြစ္ေတာင္း
လီဗာပူးလ္ ၃ - ၁ အစ္ဆြစ္ေတာင္း

လီဗာပူးလ္အသင္းကေတာ့ နည္းျပသစ္ အာနဲ႔စေလာ့လက္ထက္မွာ ပိုေကာင္းလာတဲ့ အသင္း တစ္သင္းျဖစ္ၿပီး တည္ၿငိမ္မႈရွိမႈနဲ႔ တစ္ပြဲထက္တစ္ပြဲယုံၾကည္မႈပိုေကာင္းလာတာကိုေတြ႕ရပါတယ္။ လီဗာ ပူးလ္အသင္းရဲ႕အားသာခ်က္ေတြက ကစားသမားေတြ အားလုံးရဲ႕ နည္းျပအေပၚယုံၾကည္မႈေတြအျပင္ ေနရာစုံမွာ ကစားႏိုင္မႈ၊ တစ္ဖက္အသင္းရဲ႕ကစားပုံကိုၾကည့္ၿပီး လိုက္ပါစီးေမ်ာႏိုင္မႈ၊ တစ္ဖက္အသင္းက ဘယ္ေလာက္ေကာင္းေကာင္း လီဗာပူးလ္ခံစစ္နဲ႔ေတြ႕ရင္ တိုးမေပါက္ေလာက္ေအာင္ခံစစ္ပိုင္း မာေက်ာမႈ ေတြနဲ႔ တိုက္စစ္ပိုင္းသြင္းဂိုးေတြကို အခက္အခဲမရွိ ပြဲတိုင္း သြင္းယူႏိုင္မႈေတြက လီဗာပူးလ္အသင္း အတြက္ ဒီရာသီမွာ ပိုေကာင္းလာေစတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ အထူးသျဖင့္ နည္းျပသစ္ကိုခ်ီးက်ဴး ရမွာျဖစ္ၿပီး ရာသီအစမွာရွိတဲ့ လူစာရင္းကို အေကာင္းဆုံး Update လုပ္ကစားလာႏိုင္မႈကေန လက္ရွိ အခ်ိန္မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံလမ္းေၾကာင္းအျပင္ ခ်န္ပီယံလိဂ္နဲ႔ ျပည္တြင္းဖလားေတြရဲ႕ ခ်န္ပီယံ လမ္းေၾကာင္းေပၚမွာ ရွိေနတာကိုေတြ႕ရပါတယ္။ အစ္ဆြစ္ေတာင္းအသင္းကေတာ့ ဒီရာသီမွာ တန္းဆင္ ရဖို႔မ်ားေနတဲ့အသင္းျဖစ္ၿပီး ႏိုင္ပြဲထက္ ရႈံးပြဲေတြက ပိုမ်ားေနတာကိုေတြ႕ရပါတယ္။ ဒီပြဲစဥ္ကလည္း လီဗာပူးလ္ အသင္းအတြက္ ႀကိမ္းေသေပါက္ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲထပ္ရဖို႔ရွိေနတဲ့ ပြဲစဥ္ျဖစ္ၿပီး ဒီရာသီ ပထမဆုံးေတြ႕ဆုံမႈမွာလည္း လီဗာပူးလ္အသင္းက (၂)ဂိုးျပတ္နဲ႔ႏိုင္ပြဲရထားတာ ေၾကာင့္ ဒီပြဲစဥ္မွာလည္း လီဗာပူးလ္အသင္းကပဲ အိမ္ကြင္းမွာ ဂိုးျပတ္ႏိုင္ပြဲရသြားဖို႔ရွိေနပါတယ္။ အနည္းဆုံး(၂) ဂိုးအထက္မွာ ရွိပါ တယ္။

ဝုဗ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၂ - ဝ ဝုဗ္ (၁၇-၈-၂၀၂၄)
ဝုဗ္ ဝ - ၂ အာဆင္နယ္ (၂၁-၄-၂၀၂၄)
အာဆင္နယ္ ၂ - ၁ ဝုဗ္ (၂-၁၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝုဗ္ ၁ - ၂ အာဆင္နယ္
ဝုဗ္ ၂ - ၃ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ FA Cup မွာ မန္ယူအသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးခဲ့အၿပီး မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ပိုၿပီးအာ႐ုံစိုက္လာၿပီျဖစ္သလို ကစားသမားေတြအေနနဲ႔လည္း ယုံၾကည္မႈပိုင္းမွာ ပိုေကာင္းလာၿပီလို႔ေျပာလို႔ရပါတယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းကိုေက်ာ္တက္ၿပီး ခ်န္ပီယံျဖစ္ဖို႔ကေတာ့ လိုအပ္ခ်က္ေတြမ်ားေနဆဲျဖစ္ၿပီး အဓိကျပႆနာကေတာ့ တိုက္စစ္ပိုင္းမွာ ထင္ သေလာက္ ဂိုးေတြမရတာနဲ႔ ကြင္းလယ္ပိုင္းက ဖန္တီးႏိုင္မႈက်ဆင္းတာေတြေၾကာင့္ပဲျဖစ္ပါတယ္။ တိုက္ စစ္ပိုင္းမွာဆိုရင္ ဟာဗက္စ္နဲ႔ေဂ်းဆပ္တို႔ထဲက တစ္ေယာက္ကိုပဲေ႐ြးခ်ယ္လို႔ရတဲ့အေနအထားမွာ ဂိုးရဖို႔ဆိုရင္ ႏွစ္ေယာက္လုံးက ပြဲစဥ္တိုင္း စိတ္ခ်ထားလို႔မရတဲ့ ကစားသမားေတြျဖစ္ၿပီး ေတာင္ပံတိုက္ စစ္မွာ ဆိုရင္လည္း ညာေတာင္ပံက မာတင္နယ္လီက ပုံမွန္ေျခစြမ္းေလာက္သာရွိေနၿပီး အဆုံး အျဖတ္ဂိုးေတြနဲ႔ ပြဲရဲ႕အေျဖကို ေျပာင္းလဲေပးႏိုင္စြမ္းရွိတဲ့ ဆာကာ ဒဏ္ရာရေနတဲ့အခ်ိန္မွာေတာ့ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ပိုင္းဟာ ပိုၿပီးအသက္မဲ့လာခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ကြင္းလယ္ပိုင္းမွာ အိုဒီဂတ္နဲ႔ဒီကလန္႐ိုက္တို႔ ပြဲပန္းေနတဲ့ ပုံစံမ်ိဳးေတြျမင္ေတြ႕ရၿပီး ပုံမွန္ေျခစြမ္းေအာက္ကို ေရာက္ရွိေန တာေတြ႕ရပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ႏွစ္စဥ္ႏွစ္တိုင္း ဒုတိယေနရာကေန ေက်နပ္ ရမႈကို ေဖ်ာက္ဖ်က္ပစ္ဖို႔ဆိုရင္ ဒီထက္ပိုေကာင္းတဲ့တည္ၿငိမ္မႈမ်ိဳးနဲ႔ ႏိုင္ပြဲေတြပိုရေအာင္ စြမ္းေဆာင္ျပဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ဝုဗ္ အသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ အသာစီးရေအာင္ စြမ္းေဆာင္ထားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ ေနာက္ဆုံး(၆)ပြဲ ဆက္တိုက္ႏိုင္ပြဲရယူထားႏိုင္တာေၾကာင့္ ဒီပြဲစဥ္မွာလည္း အာဆင္နယ္အသင္းကပဲ ႏိုင္ပြဲရဖို႔ေသခ်ာသေလာက္ ရွိပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။

ဖူဟမ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၁ - ဝ ဖူဟမ္ (၁၇-၈-၂၀၂၄)
မန္ယူ ၁ - ၂ ဖူဟမ္ (၂၄-၂-၂၀၂၄)
ဖူဟမ္ ၂ - ၁ မန္ယူ (၄-၁၁-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဖူဟမ္ ၂ - ၂ မန္ယူ
ဖူဟမ္ ၁ - ၂ မန္ယူ

မန္ယူအသင္းအတြက္ေတာ့ အေကာင္းဘက္ကၾကည့္ရင္ ပရီးမီးယားလိဂ္ပြဲစဥ္(၃)ပြဲဆက္ ရႈံးနိမ့္မႈကေန ႏိုင္ပြဲျပန္ရလာမႈက အေျခအေန ေကာင္းတစ္ရပ္ကိုရရွိလာၿပီလို႔ ေျပာလို႔ရေနၿပီး လီဗာ ပူးလ္ အသင္းကို သေရက်ေအာင္ကစားထားႏိုင္မႈနဲ႔ အာဆင္နယ္အသင္းကို FA Cup မွာ ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ထားႏိုင္မႈက ဘာပဲေျပာေျပာ မန္ယူအသင္းရဲ႕ အေပါင္းလကၡဏာေဆာင္လာတဲ့အခ်က္ေတြ ပဲျဖစ္ပါတယ္။ ဖူဟမ္အသင္းကလည္း ၿပီးခဲ့တဲ့ရာသီတုန္းကထက္ ပိုေကာင္းလာသလို မန္ယူ အသင္း ထက္လည္း ရလဒ္ပိုေကာင္းေနတာေၾကာင့္ မန္ယူအသင္းအေနနဲ႔ အေဝးကြင္းမွာႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး အျပန္အလွန္ သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ မန္ယူအသင္းက တစ္ဂိုး ေလာက္အကြာနဲ႔ပဲ ကပ္ႏိုင္သြားဖို႔ရွိပါတယ္။

ဘုန္းေမာက္ Vs ေနာ္တင္ေဖာရက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဖာရက္စ္ ၁ - ၁ ဘုန္းေမာက္ (၁၇-၈-၂၀၂၄)
ဘုန္းေမာက္ ဝ - ဝ ေဖာရက္စ္ (၄-၂-၂၀၂၃)
ေဖာရက္စ္ ၁ - ၃ ဘုန္းေမာက္ (၂၃-၁-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘုန္းေမာက္ ၂ - ၃ ေဖာရက္စ္
ဘုန္းေမာက္ ၃ - ၃ ေဖာရက္စ္

ဒီႏွစ္သင္းရဲ႕ပြဲစဥ္က ၾကည့္ေကာင္းမယ့္ပြဲ ေကာင္းတစ္ပြဲျဖစ္လာဖို႔ရွိေနၿပီး ႏွစ္သင္းစလုံးက ေျခစြာေနတဲ့အသင္းေတြျဖစ္ပါတယ္။ အသင္းႀကီးေတြကို ေကာင္းေကာင္းဒုကၡေပးေနတဲ့ အသင္းေတြ ဆိုရင္လည္း မမွားပါဘူး။ ဒါ့ျပင္ ႏွစ္သင္းလုံး ဥေရာပ ဝင္ခြင့္တစ္ေနရာအတြက္ အခြင့္အေရးကိုယ္စီရွိ ေနတဲ့အသင္းေတြျဖစ္ၿပီး ေနာ္တင္ေဖာရက္စ္အသင္းကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပါ ေမွ်ာ္လင့္ခြင့္ ရွိေနတာလည္းျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြအရ ႏွစ္သင္းၾကားမွာ အမ်ားႀကီးကြာဟမႈရွိမေနေပ မယ့္ ဘုန္းေမာက္စ္အသင္းက ပိုၿပီးအသာစီးရယူထားႏိုင္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ရဲ႕ထိပ္ တိုက္ေတြ႕ဆုံမႈမွာ တကယ္ကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ၾကည့္ေကာင္းလာဖို႔ရွိေနၿပီး ႏိုင္ပြဲရဖို႔ဆိုရင္ ႏွစ္သင္း လုံး တိုက္စစ္ဖြင့္ကစားတတ္တာေၾကာင့္ အျပန္အလွန္ သြင္းဂိုးေတြကိုျမင္ေတြ႕ရဖို႔ရွိေနၿပီး သေရက်ဖို႔ မ်ားတဲ့ ပြဲစဥ္ျဖစ္ပါတယ္။

၂၅ - ၁ -၂၀၂၅ (စေန ညပိုင္း)
ည(၉း၃၀) လီဗာပူးလ္ Vs အစ္ဆြစ္ေတာင္း
ည(၉း၃၀) ဝုဗ္ Vs အာဆင္နယ္
ည(၉း၃၀) ဘုန္းေမာက္ Vs ေဖာရက္စ္
ည(၉း၃၀) မန္စီးတီး Vs ခ်ဲလ္ဆီး

၂၆-၁-၂၀၂၅ (တနဂၤေႏြနံနက္ပိုင္း)
နံနက္(၁း၃၀) ဖူဟမ္ Vs မန္ယူ

Related news

© 2021. All rights reserved.