ပန်းတိုင်ရောက်သူများနှင့် ပန်းတိုင်ပျောက်သူများ
918
လင်းမြတ် (NP News) - ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံရဲ့ တောင်တန်းပြည်မတိုင်း ရင်းသားများ၏ ပကတိအရှိတရားများကို အများပြော ကိုနားမယောင်ဘဲ ကိုယ်တိုင်လက်တွေ့ကျကျ ရှုမြင် သုတေသနပြုကြည့်လျှင် သဘောရိုးနဲ့မြင်နိုင်စရာ သက်သေအချက်ပေါင်း မြောက်မြားစွာရှိပါတယ်။ ယင်းတို့ထဲမှ အရပ်သားပြည်သူများ နားလည်လွယ်နိုင် သောအချက်တချို့ကို ထုတ်နုတ်တင်ပြသွားပါမယ်။
၁။ အောင်မြင်သော တိုင်းရင်းသားများ၊ အခြား ဘာသာဝင်များနှင့် ၎င်းတို့၏ ပင်ကိုအစွမ်းအစ
မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးသဘောကျရတဲ့ အနုပညာရှင်တွေ/အောင်မြင်တဲ့ စီးပွားရေးလုပ် ငန်းရှင်တွေဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီး တွေကမဟုတ်ဘဲ တိုင်းရင်းသားဒေသနဲ့ နယ်မြို့တွေ ကများပါတယ်။ အဲဒီလူတွေဟာ ပင်ကိုအရည်အချင်း နဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ စိုက်ထုတ်ပြီး အောက်ခြေကနေ အမှန်တကယ် တစ်ဆင့်ချင်း ကြိုးစားမှုစစ်မှန်တဲ့အ ချိန်မှာ မြန်မာတစ်နိုင်ငံလုံးက အဲဒီအရည်အချင်းကို အသိအမှတ်ပြုကြရပါတယ်။ ဥပမာ- ရှမ်းလူမျိုး နိုင် ငံကျော်အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်၊ စိုင်း ခမ်းလိတ်၊ သရုပ်ဆောင်/အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ စိုင်းစည်တွမ်ခမ်း၊ စိုင်းအောင်တင့်၊ ပေါလ်၊ ဘီလီလမင်းအေး၊ ထင်ရှားတဲ့ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်း၊ ဒေါ်နန်းသန်းထွေး မိသားစု အပါအဝင် ပြည်မအထိပေါက်ရောက်တဲ့များစွာသော ရှမ်း စီးပွားလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ အစိုးရဌာန အကြီးအကဲတွေ၊ ချင်းလူမျိုး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်၊ နိုင်ငံကျော် အဆိုတော် ခရစ်ယာန်ဘာသာဝင် ဆုန်သင်းပါရ်အပါအဝင် ချင်း တိုင်းရင်းသား တပ်မတော်သား ဗိုလ် ချုပ်၊ ဗိုလ်မှူးချုပ်တွေ၊ ချင်းတိုင်းရင်းသား နိုင်ငံတော်အကြံပေးအဆင့် ပုဂ္ဂိုလ်၊ ကချင်လူမျိုး ခရစ် ယာန်ဘာသာဝင် အနုပညာရှင် K ဂျာနူး၊ L ခွန်းရီ၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ N ကိုင်ရာ၊ နယ်မည်ကျော် မော်ဒယ် M ဆိုင်းလု၊ အောန် ဆိုင်း၊ လုပ်ငန်းရှင်များ အစိုးရဌာနအကြီးအကဲများ၊ ဂီတလောကမှာ နာမည် ကြီးတဲ့ ကရင်လူမျိုး စောဘွဲ့ မှူး၊ ချစ်စမ်းမောင်၊ လေးလေးဝါး၊ မီးမီးခဲ၊ ကဗျာဘွဲ့ မှူး၊ ငဲငယ်လေး၊ ကောင်းကောင်း အပါအဝင် များစွာသော ကရင်လူမျိုး ထင်ရှားကျော်ကြားသူများ၊ လီဆူး သူ အနုပညာ ရှင် ခင်လေးနွယ်၊ မွန်လူမျိုး ဂီတပညာရှင် ထူးအိမ်သင်၊ မွန်မလေး မိစန္ဒီ၊ မွန်လေး ဗညား ဘုန်းပြည့်၊ ရခိုင် က ထင်ရှားတဲ့ အကယ်ဒမီမင်းသား ကြီး အောင်လွင်၊ နေထက်လင်း၊ အကယ်ဒမီ နေတိုး၊ မင်းသွေး၊ ဘုန်း လျှံ၊ ရခိုင်ဂီတပညာရှင်တွေဖြစ်တဲ့ အဆိုတော် မိုင်၊ ရတနာမိုင်၊ ညီမင်းခိုင်အပါအဝင် ထင်ရှားတဲ့ ရခိုင် တိုင်းရင်သားတွေ၊ မိုးကုတ်က ထက် ထက်မိုးဦး၊ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ လားဒင့်ထားရီ၊ တနင်္လာရီ တိုင်း သူ နိုင်ငံကျော်သရုပ်ဆောင် အကယ် ဒမီ မေသန်းနု၊ အကယ်ဒမီ လွင်မိုး၊ ဒါရိုက်တာ မောင်သီ၊ ပိုင်တံခွန် အပါအဝင် ထင်ရှားကျော်ကြားတဲ့ လုပ်ငန်းရှင်တွေ၊ ဧရာဝတီတိုင်းသား ဘဏ်သူဌေးကြီး ဦးဇော်ဇော်၊ အဆိုတော် ဖြိုးမြတ်အောင်အပါအဝင် နယ်ကတက်လာပြီးအောင်မြင်တဲ့ အနုပညာရှင်ကြီး/ ငယ်များစွာရှိ ကြပါတယ်။ တရုတ်လူမျိုး အေးရှား ဝေါလ်ဥက္ကဋ္ဌ စတီဗင်လော ထွန်းမြင့်နိုင်၊ နီဗန်း ဒေါက်တာ အောင် သိန်း၊ ဒဂုံဦးဝင်းအောင်၊ ယံယံ ကိုဝေဖြိုး၊ မင်္ဂလာရုပ်ရှင်အုပ်စုအပါအဝင် ထင်ရှားတဲ့ မြန်မာ/ တရုတ် လူမျိုး လုပ်ငန်းရှင်တွေ၊ ချယ်ရီဦး နာရီလုပ်ငန်းရှင်၊ တိုရှီဘာကျော်ဝင်းအပါအဝင် ထင်ရှားတဲ့ မြန်မာ-မွတ်စလင် လုပ်ငန်းရှင်များစွာလည်းရှိပါတယ်။ အထက်ပါ မြန်မာနိုင်ငံရဲ့နယ်ပယ်အစုံက ထင်ရှား ကျော် ကြားသူတွေထဲ စာရေးသူ လက်လှမ်းမ မီသေးသူ များစွာကျန်ရှိနေသေးပြီး သူတို့ဟာ လက်ရှိ မြန်မာ အခင်းအကျင်းမှာ ပင်ကိုအရည်အချင်းကိုယ် စီနဲ့သက်ဆိုင်ရာနယ်ပယ်တွေမှာ နှစ်အတော်ကြာ ခက်ခဲစွာ ကြိုးစားရုန်းကန်ပြီး အထွတ်အထိပ်မှာ နေ ရာတစ်ခုစီယူထားသူတွေ(၉၅) ရာခိုင်နှုန်းအထက် များပြီး မိမိဇာတိဒေသ၊ လူမျိုးစုကို တစ်ဖက်တစ်လမ်း ကအကျိုးပြုသူ ဂုဏ်တက်စေသူတွေ ဖြစ်ကြပါတယ်။
၂။ ပြည်နယ်လွတ်မြောက်ရေး၊ တန်းတူညီမျှရေး ခေါင်းစဉ်အောက်က လက်နက်ကိုင်တော်လှန်သူများ
လက်နက်ကိုင်တော်လှန်နေတဲ့ “ ဝ ”တပ် ဖွဲ့၊ MNDAA ၊ KIA ၊ KIO ၊ AA ၊ TNLA ၊ KNU ၊ KNLA ၊ DKBA ၊ CAN အပါအဝင် လက်နက်ကိုင်နည်းမျိုးစုံကို ဆယ်စုနှစ်များစွာကိုင်ဆောင်ပြီး တော်လှန်ရေး ခေါင်းစဉ် အောက်ကနေ ရိုးသား၊ ပညာနိမ့်ပါးပြီး ဘဝပေးအဆင်မပြေတဲ့တိုင်းရင်းသားနဲ့ ဒေသခံတွေရဲ့ ထွက်ပေါက်မဲ့ဒေါသတွေကို လမ်းညွှန်လမ်းပြပြီး တိုးတက်ရာတိုးတက်ကြောင်း လက်တွဲခေါ်ရမယ့် အစား အနာဂတ်အကျိုးယုတ်အောင် အသုံးချကာ မိမိဒေသ အခြေခံအဆောက်အအုံတွေကို ဖျက်စီးတာ တွေကို အမြော်အမြင်မဲ့စွာ ပြုလုပ်လာကြပါတယ်။ ပြည်သူတွေကို ခြိမ်းခြောက်ကန့်သတ်ကာ အဆုံးအ သတ်မရှိ အချိန်ကန့်သတ်ချက်မပါဘဲ လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေနဲ့ မိမိဒေသမှလူငယ်များစွာ ကို တပ်သားအဖြစ် စည်းရုံးသိမ်းသွင်းပြီး ကိုယ်ကျိုးစီးပွားရှာ လက်နက်ကိုင်ခေါင်းဆောင်တွေဟာ မြန်မာ တစ်နိုင်ငံလုံးနဲ့လွှမ်းခြုံပါက မည်သူတစ်ဦးတစ်ယောက်အတွက်မှအကျိုးမပြုတဲ့ ပညာမဲ့သူ လူလည်၊ လူ ညစ်၊ လူလိမ် အဆင့်သာရှိပြီး အထက်ပါဒေသ ကိုယ်စားပြု အရည်အချင်းရှိ ကျော်ကြားသူတွေလိုမျိုး ဇွဲ၊ လုံ့လ၊ ဝိရိယ စိုက်ထုတ်နိုင်စွမ်းမရှိသူ လူပျင်းတွေ၊ အစွမ်းအစမဲ့သူတွေသာဖြစ်တယ်။ မအိုမချင်း လက် နက်ကိုင်ကိုယ်ကျိုးရှာပြီး အိုမင်းမစွမ်းတော့တဲ့အချိန်မှာ ယုံကြည်ရတဲ့ ဆက်ခံသူလူငယ်ကို တပ်ကို လက်လွှဲ ခွဲထွက်စေပြီး တပ်မတော်၊ အစိုးရတို့နဲ့ အပစ်ရပ် ငြိမ်း ချမ်းစာချုပ်ချုပ်ကာ ဘဝရဲ့နေဝင်ချိန်ကို အန္တရာယ် ကင်းစွာဖြတ်သန်းရင်း နေဝင်သွားသူတွေချည်းပဲဆိုတာ လက်တွေ့ပါပဲ။ ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့ ဘိန်းစိုက်၊ ဘိန်းချက်ခွင့်၊ ဒေသထွက် သံယံဇာတတွေကို တစ်စု တစ်ဖွဲ့ ကိုယ်ကျိုးအတွက် အကြမ်းဖက် ကာ အသုံးပြု နိုင်ခွင့်ကို ရယူမောင်ပိုင်စီးပြီး ဒေသပြည်သူတွေအခွင့်အရေး အကြောင်းပြတိုက်ခိုက်ကာ ဒီနေ့အထိ သူတို့ဒေသခံတွေ ငတ်ပြတ်၊ အခွင့်အရေး ဆက်လက်မဲ့ နေတာကိုမူ နိုင်ငံတော်နဲ့အစိုးရရဲ့ အားနည်းချက်တွေကြောင့်သာ ဖြစ်ကြောင်းနဲ့ သူတို့နဲ့မဆိုင်သလို မျက်နှာပြောင်တိုက် ထိုးချနေတာတွေ ကို အရှက်မဲ့စွာ လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။
၃။ အသွင်ကူးပြောင်းစတပ်မတော်နှင့် လက်နက်ကိုင်များ၏ မရိုးသားချက်များ
အရပ်သားအစိုးရနှစ်ဆက် (၁၀)နှစ်တာကို ပြန်လည်သုံးသပ်ကြည့်ပါက တပ်မတော်ဟာ Academic Institution ကို ပိုအားသန်လာသည့်နည်းတူ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက် ကိုင်တွေရဲ့လျှာဖျားက အရပ်သားအစိုးရအုပ်ချုပ်မှုရရင် သူတို့ ငြိမ်းချမ်းရေးကို လက်တွဲမယ်ဆိုတဲ့စကား ကို အယုံကြည်များစွာပေးပြီး လက်နက်ကိုင်နယ်မြေတွေကို လုံခြုံရေး ထောက်လှမ်းရေးဆိုင်ရာတွေမှာ များစွာ ပေါ့လျော့ခဲ့ကြပါတယ်။ “ ဝ ” တပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံဟာ သူတို့ဒေသမှ သူတို့ ယုံကြည်စိတ်ချရသူတွေရဲ့ သားသမီးတွေကိုအသုံးချကာ နိုင်ငံတကာကို စာသင်ကြားထွက်စေ ခြင်း၊ ပြည်တွင်းကိုပြန်လာကာ အဆိုပါ အရပ်သား (၁၀)နှစ် မှာ ပြည်တွင်းစီးပွားရေးအထိ လုပ်ငန်းရှင် တွေအဖြစ် ရှယ်ယာပါဝင်ခြင်းဖြင့်သော်လည်းကောင်း၊ ကိုယ်ပိုင် အဖြစ်သော်လည်းကောင်း သူတို့ တရား မဝင် ရရှိထားတဲ့ ငွေမည်းတွေကို ငွေဖြူလုပ်ရင်း ပြည်တွင်းပြည်ပ ဈေးကွက်၊ ဘဏ်လုပ်ငန်းတွေအထိ ခြေချခွင့်ကို ယူလာကြပါတယ်။ အရပ်သားအစိုးရတွေကိုမူ ငွေဖြင့်သော် လည်းကောင်း၊ ကရုဏာ သက် စေမှုတွေနဲ့သော် လည်းကောင်း ချဉ်းကပ်မှုတွေလည်းရှိခဲ့ကြပါတယ်။
နည်းတူ ဘိန်း၊ စိတ်ကြွဆေးပြား၊ သဘာဝ သံယံဇာတ၊ စစ်လက်နက် အစရှိတဲ့ တရားမဝင်လုပ် ငန်းတွေကို တိုးချဲ့လုပ်ကိုင်ရင်း တပ်ဖွဲ့အသီသီးဟာ စစ်ရေး၊ စည်းရုံးရေး၊ သွေးထိုး၊ သွေးခွဲ တိုက်ခိုက် နည်းမျိုးစုံဖြင့် မရိုးသားမှုများစွာကို အဲဒီအချိန်မှ ဒီနေ့အထိ ရှိခဲ့/ရှိနေဆဲဖြစ်ပြီး ဒီနေ့တိုင်းပြည်အခြေ အနေဟာ တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေက ဆိတ် ခေါင်းချိတ် ခွေးသားရောင်းခဲ့ကြပြီး ရောင်းနေကြဆဲလည်းဖြစ်ကြောင်း သက်သေပြထင်ရှားနေပါတယ်။
လက်တွေ့ကျသောမေးခွန်းများ
လက်နက်ကိုင်ခေါင်းဆောင်အများစုဟာ မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ တပ်ဖွဲ့ထောင် စိတ် တိုင်းကျ အမိန့်နဲ့အုပ်ချုပ်ပြီး တိုင်းရင်းသားအရေး၊ လူထုအရေးခေါင်းစဉ်နဲ့ လွတ်လပ်ရေးရကတည်းက တစ်ယောက်ဆင်းတစ်ယောက်တက် အုပ်ချုပ်လုပ် စားရင်း အသက်မွေးဝမ်းကြောင်းဖြစ်နေတာ ရိုးသား ရဲ့လား။ ဒေသခံတွေရော ပြည်မကလူတွေ မဆိုထားနဲ့။ အဲဒီလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ပင် အကန့် သတ်မဲ့တဲ့ တော်လှန်ရေးခေါင်းစဉ်အောက်မှာ ချမ်း သာလွတ်မြောက်သွားကြပြီလား။ လက်နက်ကိုင် ခေါင်းဆောင်တွေဟာ သူတို့လွတ်မြောက်မှာ၊ တော်လှန်ရေး အောင်မြင်မှာ ကျိန်းသေယုံကြည်ထားရင် ဘာကြောင့် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ကြသလဲ။ ခေါင်း ဆောင်မှုကို ဒေသထဲက အလားအလာ အစွမ်းအစရှိ လူငယ်တွေကို ယုံကြည်လက်လွှဲနိုင်တဲ့သတ္တိမျိုးကော ရှိကြသလား။
စားရေးသူ၏ လက်တွေ့ကျသော သုံးသပ်ချက်များ
လူတစ်ယောက် ခေါင်းဆောင်တစ်ယောက်ဟာ ရည်မှန်းချက်ရှိရတယ်။ အဲဒီရည်မှန်းချက်ကို အ ကောင်အထည်ဖော်ဖို့ အဆင့်တိုင်းအတွက် တိကျတဲ့ အချိန်ကန့်သတ်ချက်တွေရှိရပြီး ပန်းတိုင်ရောက် မယ့်အချိန်ကာလဆိုတာလည်း တိကျစွာရှိရတယ်။ ပန်းတိုင်ရောက်ဖို့အတွက် ဖြတ်သန်းရာလမ်းခရီးတစ် လျှောက်မှာလည်း ဖြတ်သန်းမှုသမိုင်းက သန့်ရှင်းရတယ်။ အများကိုဖော်ပြနိုင်လောက်အောင် တင့်တယ် ရတယ်။ ပြီးတော့ ပိုဆိုးတာက ပန်းတိုင်နဲ့ အောင်မြင်မှုဆိုတာ တစ်ခုတည်းလို့ထင်ရပေမယ့် တကယ် တော့ ကွာခြားပါတယ်။ ဥပမာ- ဗိုလ်ချုပ်တစ်ယောက်/နိုင်ငံ့ခေါင်းဆောင်တစ်ယောက်/ လုပ်ငန်းပိုင်ရှင် တစ် ယောက်/ အနုပညာရှင်တစ်ယောက် ဖြစ်လာတာ/ ရာထူးရလာတာဟာ ပန်းတိုင်ရောက်တာ မဟုတ်ဘူး။ ပန်းတိုင်ရောက်ဖို့ အခွင့်အလမ်းရတာသာဖြစ်ပါ တယ်။ လုပ်သက်တစ်လျှောက်မှ ဒီတာဝန် က အနား ယူတဲ့အထိ ရိုးဖြောင့်မှန်ကန ်ရဲစွမ်းသတ္တိရှိခဲ့ပြီး အောင်မြင်စွာ တာဝန်ကအနားယူနိုင်ခဲ့မှ ပန်းတိုင်ရောက်တဲ့ ဗိုလ်ချုပ်ကောင်းတစ်ယောက်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတော်သမ္မတ ရာထူး သက်တမ်းတစ်လျှောက် ကဏ္ဍအစုံမှာ မှတ်ကျောက်ကောင်းများစွာနဲ့ အောင်မြင်အနားယူခဲ့သော် နိုင်ငံရဲ့ သမ္မတကောင်းဆိုတဲ့ ပန်းတိုင်ကိုရောက်ပါတယ်။ လုပ်ငန်းရှင်တွေကတော့ သေသည်အထိ သမိုင်းကောင်းတွေရေးရပါတယ်။ အနုပညာရှင်ဆိုရင်လည်း ပဲ အကယ်ဒမီဒေသတွင်းမှသည် နိုင်ငံတကာ စသည်ဖြင့် ပန်းတိုင်များစွာကိုရောက်ရှိနိုင်ရပါတယ်။ ပန်း တိုင်ရောက်ဖို့အတွက် အရည်အချင်းရှိသူတွေ ဟာ ပန်းတိုက်ရောက်ဖို့ မဟာဗျူဟာကိုပဲ အစဉ်တစိုက် စဉ်းစားပြုပြင်အားထုတ်တတ်ပါတယ်။ မိမိပန်း တိုင် မရောက်နိုင်ခြင်းက တခြားလူမပေးလို့ဆိုတဲ့ဆင်ခြေ ပေးသူဟာ သူ့မှာ ပန်းတိုင်ရောက်နိုင်တဲ့ အရည်အချင်းမရှိကြောင်း ဝန်ခံရာရောက်ပါတယ်။
တိုင်းရင်းသား တန်းတူအခွင့်အရေး တကယ်မရတာလား
ပြည်မကပေါက်ဖွားသူ မဟုတ်သူများအချင်းချင်းကို နှိုင်းယှဉ်ပြရမယ်ဆိုပါက ဥပမာ- စိုင်းစိုင်း ခမ်းလှိုင်၊ နေတိုး၊ ပိုင်တံခွန်၊ လွင်မိုးတို့ကို မြန်မာ ပြည်လူဦးရေ သန်းပေါင်းများစွာကသိသလို နိုင်ငံအ ချို့မှလူများစွာကလည်းသိပါတယ်။ သူတို့ နိုင်ငံတကာကို ချက်ချင်းထသွားလို့ရတယ်။ နှုတ်ဆက်မယ့်သူ ရှိတယ်။ ချစ်ခင်တဲ့သူတွေလည်းရှိပြီး ရောက်ရှိတဲ့အ သက်အရွယ်မှာ လူအားဖြင့်၊ ငွေအားဖြင်၊ အောင်မြင် မှုအားဖြင့် ပြည်တွင်း ပြည်ပပေါက်ရောသူတွေ ဖြစ်ပါတယ်။ တစ်ဖက်မှာ “ ဝ ” ခေါင်းဆောင် ဂွမ်မော်၊ အင်ဘန်လှ၊ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်မှအစ လက်နက်ကိုင်ပေါင်းစုံရဲ့ခေါင်းဆောင်တွေကို မြန်မာ ပြည်ထဲမှာ သိတဲ့သူအတော်ကိုနည်းပါတယ်။ နည်းတူ အဲဒီလူတွေဟာ သက်လတ်ပိုင်းနည်းပြီး သက်လွန် ပိုင်းတွေများပါတယ်။ အခုထိ ပြည်ပနိုင်ငံတွေကိုလည်း တိုးပေါက်သူတွေမဟုတ်သလို မြန်မာပြည်ကို လည်း ကိုယ်စား မပြု၊ ပြည်တွင်းရော ပြည်ပပါ လွတ်လပ်စွာ သွားနိုင်သူတွေလည်းမဟုတ်ကြပါဘူး။ ဘယ်အချိန်ထိတော်လှန်နေပြီး ဘယ်အချိန် သူတို့ပြည်နယ်ကို အုပ်ချုပ်ပြီး ဘယ်အချိန်မှာ ပြည်နယ် အတွက် အောင်မြင်တဲ့ခေါင်းဆောင်တွေ ဖြစ်မယ်ဆိုတာကိုလည်း သူတို့ကိုယ်သူတို့ပင် မရေရာနိုင် ကြပါဘူး။ ဒါကြောင့် စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး၊ ပိုင်တံခွန်၊ လွင်မိုး၊ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ဟာ ကိုယ်ပိုင်အစွမ်းအစရှိသော “ ပန်းတိုင်ရောက်သူ” မြန်မာပြည်ရဲ့ ဒေသအစုံက တိုင်းရင်းသား ညီအစ်ကို တွေဖြစ်ကြပြီး “ ဝ ” ခေါင်းဆောင် ဂွမ်မော်၊ အင်ဘန်လှ၊ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်မှအစ လက်နက် ကိုင်ပေါင်းစုံရဲ့ခေါင်းဆောင်တွေမှာမူ ရည်ရွယ်ချက်မဲ့ ကိုယ်ပိုင်အစွမ်းအစ ချို့တဲ့တဲ့ “ ပန်းတိုင်ပျောက် သူ” တွေ ဖြစ်ကြပါတယ်။ စာဖတ်သူတို့အနေနဲ့ စောဒကတက်စရာအဖြစ် ဥပမာ- အောင်မြင်သူနည်း နည်းကိုပဲ ပြောသွားပြီး တိုင်းရင်းသားဒေသတွေမှာ စာမသင်ရ၊ အခွင့်အရေး မရ၊ အိုးအိမ်မဲ့ တိုင်းရင်း သားတွေ သောင်း၊ သိန်းချီရှိတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ အလားတူဖြစ်စဉ်မျိုး ပြည်မနဲ့ မြေပြန့်မှာ စာမသင်ရ၊ အခွင့်အရေးမရ၊ အိုးအိမ်မဲ့လူဦးရေ သန်းပေါင်းများစွာနဲ့ချီရှိကြောင်း နားလည် စေချင်ပါတယ်။ အဲဒီအရာဟာ လက်နက်ကိုင်တွေ အမုန်းမှိုင်းတိုက်ထားသလို တိုင်းရင်းသားဒေသတွေမှာ ပဲ ရှိနေတာမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိနေတဲ့ အားနည်းချက်ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာတစ် နိုင်ငံလုံး နယ်ပယ်အစုံက အောင်မြင်ထင်ရှားကျော်ကြားသူတွေထဲက စာရေးသူ အထက်မှာဖော်ပြထား တဲ့ ပြည်မကမဟုတ်တဲ့ အောင်မြင်ကျော်ကြားသူတွေကိုဖယ်လိုက်ရင် ပြည်မက အောင်မြင်သူဆိုတာ လူနည်းစုသာကျန်ရှိပါတယ်။
နည်းတူ အဲဒီသူတွေ မြန်မာပြည်ရဲ့ ဘယ်အရပ်ဒေသသွားသွား ပြည်သူ့မေတ္တာခံစားရမှုကို ကြည့် ရင် မြန်မာနိုင်ငံရဲ့ ပကတိအရှိတရားမှာ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံမှုမရှိကြောင်း၊ မြန်မာနိုင်ငံ မှာ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်မှုနဲ့ ရိုးသားပြီး စဉ်ဆက်မပြတ်ကြိုးစားသူ နိုင်ငံသားတိုင်းဟာ အောင်မြင် နိုင်ကြောင်း အမုန်းမဖက်ဘဲတွေးပါက လက်တွေ့သာဓက များစွာရှိပါတယ်။ မိမိတို့ စည်းစည်းလုံးလုံးနဲ့ ပကတိ အရှိတရားအမှန်ကိုလက်ခံပြီး ပညာဉာဏ်၊ မေတ္တာ၊ ချစ်ခြင်းတရားတွေနဲ့ မိမိမှသည် ဒေသ၊ ဒေသမှသည် တိုင်းပြည်အထိ တိုးတက်လာအောင် တစ်ဦးတစ်ယောက်ချင်းစီမှစပြီး တစ်နိုင်ငံလုံးက ကြိုး စားကြရမှာဖြစ်ပါတယ်။ မြေခံမြေသားမှ မကောင်းရင် အုတ်မြစ်ကောင်းချဖို့ ခက်ပါလိမ့်မယ်။ နည်းတူ ခိုင်မာတဲ့အိမ်ကောင်းဆောက်နိုင်ဖို့ ဆက်လက်အလှမ်းဝေးနေမှာလည်း ဖြစ်ပါတယ်။
(မှတ်ချက်။ ။ စာရေးသူ သုတေသနပြု အချက်အလက်ရှာဖွေရာမှာ အကန့်အသတ်တွေရှိတဲ့အတွက် အောင်မြင်သူများစွာရဲ့နာမည်တွေ ကျန်ခဲ့နိုင်ပြီး ဒေသနဲ့လူမကိုက်မှုရှိပါက နားလည်ပေးနိုင်ပါ ရန် တောင်းပန်အပ်ပါသည်။)
zawgyi version
ပန္းတိုင္ေရာက္သူမ်ားႏွင့္ ပန္းတိုင္ေပ်ာက္သူမ်ား
လင္းျမတ္ (NP News) - ဇန္နဝါရီ ၂၄
ျမန္မာႏိုင္ငံရဲ႕ ေတာင္တန္းျပည္မတိုင္း ရင္းသားမ်ား၏ ပကတိအရွိတရားမ်ားကို အမ်ားေျပာ ကိုနားမေယာင္ဘဲ ကိုယ္တိုင္လက္ေတြ႕က်က် ရႈျမင္ သုေတသနျပဳၾကည့္လွ်င္ သေဘာ႐ိုးနဲ႔ျမင္ႏိုင္စရာ သက္ေသအခ်က္ေပါင္း ေျမာက္ျမားစြာရွိပါတယ္။ ယင္းတို႔ထဲမွ အရပ္သားျပည္သူမ်ား နားလည္လြယ္ႏိုင္ ေသာအခ်က္တခ်ိဳ႕ကို ထုတ္ႏုတ္တင္ျပသြားပါမယ္။
၁။ ေအာင္ျမင္ေသာ တိုင္းရင္းသားမ်ား၊ အျခား ဘာသာဝင္မ်ားႏွင့္ ၎တို႔၏ ပင္ကိုအစြမ္းအစ
ျမန္မာႏိုင္ငံမွာ တစ္ႏိုင္ငံလုံးသေဘာက်ရတဲ့ အႏုပညာရွင္ေတြ/ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ ငန္းရွင္ေတြဟာ ရန္ကုန္၊ မႏၲေလးလို ၿမိဳ႕ႀကီးျပႀကီး ေတြကမဟုတ္ဘဲ တိုင္းရင္းသားေဒသနဲ႔ နယ္ၿမိဳ႕ေတြ ကမ်ားပါတယ္။ အဲဒီလူေတြဟာ ပင္ကိုအရည္အခ်င္း နဲ႔ ဇြဲ၊ လုံ႔လ၊ ဝိရိယ စိုက္ထုတ္ၿပီး ေအာက္ေျခကေန အမွန္တကယ္ တစ္ဆင့္ခ်င္း ႀကိဳးစားမႈစစ္မွန္တဲ့အ ခ်ိန္မွာ ျမန္မာတစ္ႏိုင္ငံလုံးက အဲဒီအရည္အခ်င္းကို အသိအမွတ္ျပဳၾကရပါတယ္။ ဥပမာ- ရွမ္းလူမ်ိဳး ႏိုင္ ငံေက်ာ္အဆိုေတာ္ စိုင္းထီးဆိုင္၊ စိုင္းဆိုင္ေမာဝ္၊ စိုင္း ခမ္းလိတ္၊ သ႐ုပ္ေဆာင္/အဆိုေတာ္ အကယ္ဒမီ စိုင္းစိုင္းခမ္းလႈိင္၊ စိုင္းစည္တြမ္ခမ္း၊ စိုင္းေအာင္တင့္၊ ေပါလ္၊ ဘီလီလမင္းေအး၊ ထင္ရွားတဲ့ ကေမာၻဇဘဏ္ ဦးေအာင္ကိုဝင္း၊ ေဒၚနန္းသန္းေထြး မိသားစု အပါအဝင္ ျပည္မအထိေပါက္ေရာက္တဲ့မ်ားစြာေသာ ရွမ္း စီးပြားလုပ္ငန္းရွင္ေတြ၊ ပညာရွင္ေတြ၊ အစိုးရဌာန အႀကီးအကဲေတြ၊ ခ်င္းလူမ်ိဳး ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ သက္မြန္ျမင့္၊ ႏိုင္ငံေက်ာ္ အဆိုေတာ္ ခရစ္ယာန္ဘာသာဝင္ ဆုန္သင္းပါရ္အပါအဝင္ ခ်င္း တိုင္းရင္းသား တပ္မေတာ္သား ဗိုလ္ ခ်ဳပ္၊ ဗိုလ္မႉးခ်ဳပ္ေတြ၊ ခ်င္းတိုင္းရင္းသား ႏိုင္ငံေတာ္အႀကံေပးအဆင့္ ပုဂၢိဳလ္၊ ကခ်င္လူမ်ိဳး ခရစ္ ယာန္ဘာသာဝင္ အႏုပညာရွင္ K ဂ်ာႏူး၊ L ခြန္းရီ၊ L ဆိုင္းဇီ၊ L လြန္းဝါ၊ N ကိုင္ရာ၊ နယ္မည္ေက်ာ္ ေမာ္ဒယ္ M ဆိုင္းလု၊ ေအာန္ ဆိုင္း၊ လုပ္ငန္းရွင္မ်ား အစိုးရဌာနအႀကီးအကဲမ်ား၊ ဂီတေလာကမွာ နာမည္ ႀကီးတဲ့ ကရင္လူမ်ိဳး ေစာဘြဲ႕ မႉး၊ ခ်စ္စမ္းေမာင္၊ ေလးေလးဝါး၊ မီးမီးခဲ၊ ကဗ်ာဘြဲ႕ မႉး၊ ငဲငယ္ေလး၊ ေကာင္းေကာင္း အပါအဝင္ မ်ားစြာေသာ ကရင္လူမ်ိဳး ထင္ရွားေက်ာ္ၾကားသူမ်ား၊ လီဆူး သူ အႏုပညာ ရွင္ ခင္ေလးႏြယ္၊ မြန္လူမ်ိဳး ဂီတပညာရွင္ ထူးအိမ္သင္၊ မြန္မေလး မိစႏၵီ၊ မြန္ေလး ဗညား ဘုန္းျပည့္၊ ရခိုင္ က ထင္ရွားတဲ့ အကယ္ဒမီမင္းသား ႀကီး ေအာင္လြင္၊ ေနထက္လင္း၊ အကယ္ဒမီ ေနတိုး၊ မင္းေသြး၊ ဘုန္း လွ်ံ၊ ရခိုင္ဂီတပညာရွင္ေတြျဖစ္တဲ့ အဆိုေတာ္ မိုင္၊ ရတနာမိုင္၊ ညီမင္းခိုင္အပါအဝင္ ထင္ရွားတဲ့ ရခိုင္ တိုင္းရင္သားေတြ၊ မိုးကုတ္က ထက္ ထက္မိုးဦး၊ ေဖြးေဖြး၊ ဝတ္မႈံေ႐ႊရည္၊ လားဒင့္ထားရီ၊ တနလၤာရီ တိုင္း သူ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ အကယ္ ဒမီ ေမသန္းႏု၊ အကယ္ဒမီ လြင္မိုး၊ ဒါ႐ိုက္တာ ေမာင္သီ၊ ပိုင္တံခြန္ အပါအဝင္ ထင္ရွားေက်ာ္ၾကားတဲ့ လုပ္ငန္းရွင္ေတြ၊ ဧရာဝတီတိုင္းသား ဘဏ္သူေဌးႀကီး ဦးေဇာ္ေဇာ္၊ အဆိုေတာ္ ၿဖိဳးျမတ္ေအာင္အပါအဝင္ နယ္ကတက္လာၿပီးေအာင္ျမင္တဲ့ အႏုပညာရွင္ႀကီး/ ငယ္မ်ားစြာရွိ ၾကပါတယ္။ တ႐ုတ္လူမ်ိဳး ေအးရွား ေဝါလ္ဥကၠ႒ စတီဗင္ေလာ ထြန္းျမင့္ႏိုင္၊ နီဗန္း ေဒါက္တာ ေအာင္ သိန္း၊ ဒဂုံဦးဝင္းေအာင္၊ ယံယံ ကိုေဝၿဖိဳး၊ မဂၤလာ႐ုပ္ရွင္အုပ္စုအပါအဝင္ ထင္ရွားတဲ့ ျမန္မာ/ တ႐ုတ္ လူမ်ိဳး လုပ္ငန္းရွင္ေတြ၊ ခ်ယ္ရီဦး နာရီလုပ္ငန္းရွင္၊ တိုရွီဘာေက်ာ္ဝင္းအပါအဝင္ ထင္ရွားတဲ့ ျမန္မာ-မြတ္စလင္ လုပ္ငန္းရွင္မ်ားစြာလည္းရွိပါတယ္။ အထက္ပါ ျမန္မာႏိုင္ငံရဲ႕နယ္ပယ္အစုံက ထင္ရွား ေက်ာ္ ၾကားသူေတြထဲ စာေရးသူ လက္လွမ္းမ မီေသးသူ မ်ားစြာက်န္ရွိေနေသးၿပီး သူတို႔ဟာ လက္ရွိ ျမန္မာ အခင္းအက်င္းမွာ ပင္ကိုအရည္အခ်င္းကိုယ္ စီနဲ႔သက္ဆိုင္ရာနယ္ပယ္ေတြမွာ ႏွစ္အေတာ္ၾကာ ခက္ခဲစြာ ႀကိဳးစား႐ုန္းကန္ၿပီး အထြတ္အထိပ္မွာ ေန ရာတစ္ခုစီယူထားသူေတြ(၉၅) ရာခိုင္ႏႈန္းအထက္ မ်ားၿပီး မိမိဇာတိေဒသ၊ လူမ်ိဳးစုကို တစ္ဖက္တစ္လမ္း ကအက်ိဳးျပဳသူ ဂုဏ္တက္ေစသူေတြ ျဖစ္ၾကပါတယ္။
၂။ ျပည္နယ္လြတ္ေျမာက္ေရး၊ တန္းတူညီမွ်ေရး ေခါင္းစဥ္ေအာက္က လက္နက္ကိုင္ေတာ္လွန္သူမ်ား
လက္နက္ကိုင္ေတာ္လွန္ေနတဲ့ “ ဝ ”တပ္ ဖြဲ႕၊ MNDAA ၊ KIA ၊ KIO ၊ AA ၊ TNLA ၊ KNU ၊ KNLA ၊ DKBA ၊ CAN အပါအဝင္ လက္နက္ကိုင္နည္းမ်ိဳးစုံကို ဆယ္စုႏွစ္မ်ားစြာကိုင္ေဆာင္ၿပီး ေတာ္လွန္ေရး ေခါင္းစဥ္ ေအာက္ကေန ႐ိုးသား၊ ပညာနိမ့္ပါးၿပီး ဘဝေပးအဆင္မေျပတဲ့တိုင္းရင္းသားနဲ႔ ေဒသခံေတြရဲ႕ ထြက္ေပါက္မဲ့ေဒါသေတြကို လမ္းၫႊန္လမ္းျပၿပီး တိုးတက္ရာတိုးတက္ေၾကာင္း လက္တြဲေခၚရမယ့္ အစား အနာဂတ္အက်ိဳးယုတ္ေအာင္ အသုံးခ်ကာ မိမိေဒသ အေျခခံအေဆာက္အအုံေတြကို ဖ်က္စီးတာ ေတြကို အေျမာ္အျမင္မဲ့စြာ ျပဳလုပ္လာၾကပါတယ္။ ျပည္သူေတြကို ၿခိမ္းေျခာက္ကန႔္သတ္ကာ အဆုံးအ သတ္မရွိ အခ်ိန္ကန႔္သတ္ခ်က္မပါဘဲ လက္ေတြ႕မက်တဲ့ ရည္မွန္းခ်က္ေတြနဲ႔ မိမိေဒသမွလူငယ္မ်ားစြာ ကို တပ္သားအျဖစ္ စည္း႐ုံးသိမ္းသြင္းၿပီး ကိုယ္က်ိဳးစီးပြားရွာ လက္နက္ကိုင္ေခါင္းေဆာင္ေတြဟာ ျမန္မာ တစ္ႏိုင္ငံလုံးနဲ႔လႊမ္းၿခဳံပါက မည္သူတစ္ဦးတစ္ေယာက္အတြက္မွအက်ိဳးမျပဳတဲ့ ပညာမဲ့သူ လူလည္၊ လူ ညစ္၊ လူလိမ္ အဆင့္သာရွိၿပီး အထက္ပါေဒသ ကိုယ္စားျပဳ အရည္အခ်င္းရွိ ေက်ာ္ၾကားသူေတြလိုမ်ိဳး ဇြဲ၊ လုံ႔လ၊ ဝိရိယ စိုက္ထုတ္ႏိုင္စြမ္းမရွိသူ လူပ်င္းေတြ၊ အစြမ္းအစမဲ့သူေတြသာျဖစ္တယ္။ မအိုမခ်င္း လက္ နက္ကိုင္ကိုယ္က်ိဳးရွာၿပီး အိုမင္းမစြမ္းေတာ့တဲ့အခ်ိန္မွာ ယုံၾကည္ရတဲ့ ဆက္ခံသူလူငယ္ကို တပ္ကို လက္လႊဲ ခြဲထြက္ေစၿပီး တပ္မေတာ္၊ အစိုးရတို႔နဲ႔ အပစ္ရပ္ ၿငိမ္း ခ်မ္းစာခ်ဳပ္ခ်ဳပ္ကာ ဘဝရဲ႕ေနဝင္ခ်ိန္ကို အႏၲရာယ္ ကင္းစြာျဖတ္သန္းရင္း ေနဝင္သြားသူေတြခ်ည္းပဲဆိုတာ လက္ေတြ႕ပါပဲ။ ကိုယ္ပိုင္တပ္ဖြဲ႕ ဖြဲ႕ ဘိန္းစိုက္၊ ဘိန္းခ်က္ခြင့္၊ ေဒသထြက္ သံယံဇာတေတြကို တစ္စု တစ္ဖြဲ႕ ကိုယ္က်ိဳးအတြက္ အၾကမ္းဖက္ ကာ အသုံးျပဳ ႏိုင္ခြင့္ကို ရယူေမာင္ပိုင္စီးၿပီး ေဒသျပည္သူေတြအခြင့္အေရး အေၾကာင္းျပတိုက္ခိုက္ကာ ဒီေန႔အထိ သူတို႔ေဒသခံေတြ ငတ္ျပတ္၊ အခြင့္အေရး ဆက္လက္မဲ့ ေနတာကိုမူ ႏိုင္ငံေတာ္နဲ႔အစိုးရရဲ႕ အားနည္းခ်က္ေတြေၾကာင့္သာ ျဖစ္ေၾကာင္းနဲ႔ သူတို႔နဲ႔မဆိုင္သလို မ်က္ႏွာေျပာင္တိုက္ ထိုးခ်ေနတာေတြ ကို အရွက္မဲ့စြာ လုပ္ကိုင္ေနၾကတာပဲျဖစ္ပါတယ္။
၃။ အသြင္ကူးေျပာင္းစတပ္မေတာ္ႏွင့္ လက္နက္ကိုင္မ်ား၏ မ႐ိုးသားခ်က္မ်ား
အရပ္သားအစိုးရႏွစ္ဆက္ (၁၀)ႏွစ္တာကို ျပန္လည္သုံးသပ္ၾကည့္ပါက တပ္မေတာ္ဟာ Academic Institution ကို ပိုအားသန္လာသည့္နည္းတူ တစ္ဖက္မွာလည္း တိုင္းရင္းသားလက္နက္ ကိုင္ေတြရဲ႕လွ်ာဖ်ားက အရပ္သားအစိုးရအုပ္ခ်ဳပ္မႈရရင္ သူတို႔ ၿငိမ္းခ်မ္းေရးကို လက္တြဲမယ္ဆိုတဲ့စကား ကို အယုံၾကည္မ်ားစြာေပးၿပီး လက္နက္ကိုင္နယ္ေျမေတြကို လုံၿခဳံေရး ေထာက္လွမ္းေရးဆိုင္ရာေတြမွာ မ်ားစြာ ေပါ့ေလ်ာ့ခဲ့ၾကပါတယ္။ “ ဝ ” တပ္ဖြဲ႕အပါအဝင္ လက္နက္ကိုင္တပ္ဖြဲ႕ေပါင္းစုံဟာ သူတို႔ေဒသမွ သူတို႔ ယုံၾကည္စိတ္ခ်ရသူေတြရဲ႕ သားသမီးေတြကိုအသုံးခ်ကာ ႏိုင္ငံတကာကို စာသင္ၾကားထြက္ေစ ျခင္း၊ ျပည္တြင္းကိုျပန္လာကာ အဆိုပါ အရပ္သား (၁၀)ႏွစ္ မွာ ျပည္တြင္းစီးပြားေရးအထိ လုပ္ငန္းရွင္ ေတြအျဖစ္ ရွယ္ယာပါဝင္ျခင္းျဖင့္ေသာ္လည္းေကာင္း၊ ကိုယ္ပိုင္ အျဖစ္ေသာ္လည္းေကာင္း သူတို႔ တရား မဝင္ ရရွိထားတဲ့ ေငြမည္းေတြကို ေငြျဖဴလုပ္ရင္း ျပည္တြင္းျပည္ပ ေဈးကြက္၊ ဘဏ္လုပ္ငန္းေတြအထိ ေျခခ်ခြင့္ကို ယူလာၾကပါတယ္။ အရပ္သားအစိုးရေတြကိုမူ ေငြျဖင့္ေသာ္ လည္းေကာင္း၊ က႐ုဏာ သက္ ေစမႈေတြနဲ႔ေသာ္ လည္းေကာင္း ခ်ဥ္းကပ္မႈေတြလည္းရွိခဲ့ၾကပါတယ္။
နည္းတူ ဘိန္း၊ စိတ္ႂကြေဆးျပား၊ သဘာဝ သံယံဇာတ၊ စစ္လက္နက္ အစရွိတဲ့ တရားမဝင္လုပ္ ငန္းေတြကို တိုးခ်ဲ႕လုပ္ကိုင္ရင္း တပ္ဖြဲ႕အသီသီးဟာ စစ္ေရး၊ စည္း႐ုံးေရး၊ ေသြးထိုး၊ ေသြးခြဲ တိုက္ခိုက္ နည္းမ်ိဳးစုံျဖင့္ မ႐ိုးသားမႈမ်ားစြာကို အဲဒီအခ်ိန္မွ ဒီေန႔အထိ ရွိခဲ့/ရွိေနဆဲျဖစ္ၿပီး ဒီေန႔တိုင္းျပည္အေျခ အေနဟာ တိုင္းရင္းသားလက္နက္ကိုင္ဆိုသူေတြက ဆိတ္ ေခါင္းခ်ိတ္ ေခြးသားေရာင္းခဲ့ၾကၿပီး ေရာင္းေနၾကဆဲလည္းျဖစ္ေၾကာင္း သက္ေသျပထင္ရွားေနပါတယ္။
လက္ေတြ႕က်ေသာေမးခြန္းမ်ား
လက္နက္ကိုင္ေခါင္းေဆာင္အမ်ားစုဟာ ျမန္မာႏိုင္ငံသားမဟုတ္ေတာ့ဘဲ တပ္ဖြဲ႕ေထာင္ စိတ္ တိုင္းက် အမိန႔္နဲ႔အုပ္ခ်ဳပ္ၿပီး တိုင္းရင္းသားအေရး၊ လူထုအေရးေခါင္းစဥ္နဲ႔ လြတ္လပ္ေရးရကတည္းက တစ္ေယာက္ဆင္းတစ္ေယာက္တက္ အုပ္ခ်ဳပ္လုပ္ စားရင္း အသက္ေမြးဝမ္းေၾကာင္းျဖစ္ေနတာ ႐ိုးသား ရဲ႕လား။ ေဒသခံေတြေရာ ျပည္မကလူေတြ မဆိုထားနဲ႔။ အဲဒီလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ပင္ အကန႔္ သတ္မဲ့တဲ့ ေတာ္လွန္ေရးေခါင္းစဥ္ေအာက္မွာ ခ်မ္း သာလြတ္ေျမာက္သြားၾကၿပီလား။ လက္နက္ကိုင္ ေခါင္းေဆာင္ေတြဟာ သူတို႔လြတ္ေျမာက္မွာ၊ ေတာ္လွန္ေရး ေအာင္ျမင္မွာ က်ိန္းေသယုံၾကည္ထားရင္ ဘာေၾကာင့္ ျမန္မာႏိုင္ငံသားျဖစ္ခြင့္ကို စြန႔္လႊတ္ၾကသလဲ။ ေခါင္း ေဆာင္မႈကို ေဒသထဲက အလားအလာ အစြမ္းအစရွိ လူငယ္ေတြကို ယုံၾကည္လက္လႊဲႏိုင္တဲ့သတၱိမ်ိဳးေကာ ရွိၾကသလား။
စားေရးသူ၏ လက္ေတြ႕က်ေသာ သုံးသပ္ခ်က္မ်ား
လူတစ္ေယာက္ ေခါင္းေဆာင္တစ္ေယာက္ဟာ ရည္မွန္းခ်က္ရွိရတယ္။ အဲဒီရည္မွန္းခ်က္ကို အ ေကာင္အထည္ေဖာ္ဖို႔ အဆင့္တိုင္းအတြက္ တိက်တဲ့ အခ်ိန္ကန႔္သတ္ခ်က္ေတြရွိရၿပီး ပန္းတိုင္ေရာက္ မယ့္အခ်ိန္ကာလဆိုတာလည္း တိက်စြာရွိရတယ္။ ပန္းတိုင္ေရာက္ဖို႔အတြက္ ျဖတ္သန္းရာလမ္းခရီးတစ္ ေလွ်ာက္မွာလည္း ျဖတ္သန္းမႈသမိုင္းက သန႔္ရွင္းရတယ္။ အမ်ားကိုေဖာ္ျပႏိုင္ေလာက္ေအာင္ တင့္တယ္ ရတယ္။ ၿပီးေတာ့ ပိုဆိုးတာက ပန္းတိုင္နဲ႔ ေအာင္ျမင္မႈဆိုတာ တစ္ခုတည္းလို႔ထင္ရေပမယ့္ တကယ္ ေတာ့ ကြာျခားပါတယ္။ ဥပမာ- ဗိုလ္ခ်ဳပ္တစ္ေယာက္/ႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္/ လုပ္ငန္းပိုင္ရွင္ တစ္ ေယာက္/ အႏုပညာရွင္တစ္ေယာက္ ျဖစ္လာတာ/ ရာထူးရလာတာဟာ ပန္းတိုင္ေရာက္တာ မဟုတ္ဘူး။ ပန္းတိုင္ေရာက္ဖို႔ အခြင့္အလမ္းရတာသာျဖစ္ပါ တယ္။ လုပ္သက္တစ္ေလွ်ာက္မွ ဒီတာဝန္ က အနား ယူတဲ့အထိ ႐ိုးေျဖာင့္မွန္ကန ္ရဲစြမ္းသတၱိရွိခဲ့ၿပီး ေအာင္ျမင္စြာ တာဝန္ကအနားယူႏိုင္ခဲ့မွ ပန္းတိုင္ေရာက္တဲ့ ဗိုလ္ခ်ဳပ္ေကာင္းတစ္ေယာက္လို႔ ဆိုႏိုင္မွာ ျဖစ္ပါတယ္။ အလားတူ ႏိုင္ငံေတာ္သမၼတ ရာထူး သက္တမ္းတစ္ေလွ်ာက္ က႑အစုံမွာ မွတ္ေက်ာက္ေကာင္းမ်ားစြာနဲ႔ ေအာင္ျမင္အနားယူခဲ့ေသာ္ ႏိုင္ငံရဲ႕ သမၼတေကာင္းဆိုတဲ့ ပန္းတိုင္ကိုေရာက္ပါတယ္။ လုပ္ငန္းရွင္ေတြကေတာ့ ေသသည္အထိ သမိုင္းေကာင္းေတြေရးရပါတယ္။ အႏုပညာရွင္ဆိုရင္လည္း ပဲ အကယ္ဒမီေဒသတြင္းမွသည္ ႏိုင္ငံတကာ စသည္ျဖင့္ ပန္းတိုင္မ်ားစြာကိုေရာက္ရွိႏိုင္ရပါတယ္။ ပန္း တိုင္ေရာက္ဖို႔အတြက္ အရည္အခ်င္းရွိသူေတြ ဟာ ပန္းတိုက္ေရာက္ဖို႔ မဟာဗ်ဴဟာကိုပဲ အစဥ္တစိုက္ စဥ္းစားျပဳျပင္အားထုတ္တတ္ပါတယ္။ မိမိပန္း တိုင္ မေရာက္ႏိုင္ျခင္းက တျခားလူမေပးလို႔ဆိုတဲ့ဆင္ေျခ ေပးသူဟာ သူ႔မွာ ပန္းတိုင္ေရာက္ႏိုင္တဲ့ အရည္အခ်င္းမရွိေၾကာင္း ဝန္ခံရာေရာက္ပါတယ္။
တိုင္းရင္းသား တန္းတူအခြင့္အေရး တကယ္မရတာလား
ျပည္မကေပါက္ဖြားသူ မဟုတ္သူမ်ားအခ်င္းခ်င္းကို ႏႈိင္းယွဥ္ျပရမယ္ဆိုပါက ဥပမာ- စိုင္းစိုင္း ခမ္းလႈိင္၊ ေနတိုး၊ ပိုင္တံခြန္၊ လြင္မိုးတို႔ကို ျမန္မာ ျပည္လူဦးေရ သန္းေပါင္းမ်ားစြာကသိသလို ႏိုင္ငံအ ခ်ိဳ႕မွလူမ်ားစြာကလည္းသိပါတယ္။ သူတို႔ ႏိုင္ငံတကာကို ခ်က္ခ်င္းထသြားလို႔ရတယ္။ ႏႈတ္ဆက္မယ့္သူ ရွိတယ္။ ခ်စ္ခင္တဲ့သူေတြလည္းရွိၿပီး ေရာက္ရွိတဲ့အ သက္အ႐ြယ္မွာ လူအားျဖင့္၊ ေငြအားျဖင္၊ ေအာင္ျမင္ မႈအားျဖင့္ ျပည္တြင္း ျပည္ပေပါက္ေရာသူေတြ ျဖစ္ပါတယ္။ တစ္ဖက္မွာ “ ဝ ” ေခါင္းေဆာင္ ဂြမ္ေမာ္၊ အင္ဘန္လွ၊ ထြန္းျမတ္ႏိုင္၊ ညိဳထြန္းေအာင္မွအစ လက္နက္ကိုင္ေပါင္းစုံရဲ႕ေခါင္းေဆာင္ေတြကို ျမန္မာ ျပည္ထဲမွာ သိတဲ့သူအေတာ္ကိုနည္းပါတယ္။ နည္းတူ အဲဒီလူေတြဟာ သက္လတ္ပိုင္းနည္းၿပီး သက္လြန္ ပိုင္းေတြမ်ားပါတယ္။ အခုထိ ျပည္ပႏိုင္ငံေတြကိုလည္း တိုးေပါက္သူေတြမဟုတ္သလို ျမန္မာျပည္ကို လည္း ကိုယ္စား မျပဳ၊ ျပည္တြင္းေရာ ျပည္ပပါ လြတ္လပ္စြာ သြားႏိုင္သူေတြလည္းမဟုတ္ၾကပါဘူး။ ဘယ္အခ်ိန္ထိေတာ္လွန္ေနၿပီး ဘယ္အခ်ိန္ သူတို႔ျပည္နယ္ကို အုပ္ခ်ဳပ္ၿပီး ဘယ္အခ်ိန္မွာ ျပည္နယ္ အတြက္ ေအာင္ျမင္တဲ့ေခါင္းေဆာင္ေတြ ျဖစ္မယ္ဆိုတာကိုလည္း သူတို႔ကိုယ္သူတို႔ပင္ မေရရာႏိုင္ ၾကပါဘူး။ ဒါေၾကာင့္ စိုင္းစိုင္းခမ္းလႈိင္၊ ေနတိုး၊ ပိုင္တံခြန္၊ လြင္မိုး၊ ဦးေအာင္ကိုဝင္း၊ ဦးေဇာ္ေဇာ္တို႔ဟာ ကိုယ္ပိုင္အစြမ္းအစရွိေသာ “ ပန္းတိုင္ေရာက္သူ” ျမန္မာျပည္ရဲ႕ ေဒသအစုံက တိုင္းရင္းသား ညီအစ္ကို ေတြျဖစ္ၾကၿပီး “ ဝ ” ေခါင္းေဆာင္ ဂြမ္ေမာ္၊ အင္ဘန္လွ၊ ထြန္းျမတ္ႏိုင္၊ ညိဳထြန္းေအာင္မွအစ လက္နက္ ကိုင္ေပါင္းစုံရဲ႕ေခါင္းေဆာင္ေတြမွာမူ ရည္႐ြယ္ခ်က္မဲ့ ကိုယ္ပိုင္အစြမ္းအစ ခ်ိဳ႕တဲ့တဲ့ “ ပန္းတိုင္ေပ်ာက္ သူ” ေတြ ျဖစ္ၾကပါတယ္။ စာဖတ္သူတို႔အေနနဲ႔ ေစာဒကတက္စရာအျဖစ္ ဥပမာ- ေအာင္ျမင္သူနည္း နည္းကိုပဲ ေျပာသြားၿပီး တိုင္းရင္းသားေဒသေတြမွာ စာမသင္ရ၊ အခြင့္အေရး မရ၊ အိုးအိမ္မဲ့ တိုင္းရင္း သားေတြ ေသာင္း၊ သိန္းခ်ီရွိတယ္ဆိုတာကိုလည္း နားလည္ပါတယ္။ အလားတူျဖစ္စဥ္မ်ိဳး ျပည္မနဲ႔ ေျမျပန႔္မွာ စာမသင္ရ၊ အခြင့္အေရးမရ၊ အိုးအိမ္မဲ့လူဦးေရ သန္းေပါင္းမ်ားစြာနဲ႔ခ်ီရွိေၾကာင္း နားလည္ ေစခ်င္ပါတယ္။ အဲဒီအရာဟာ လက္နက္ကိုင္ေတြ အမုန္းမႈိင္းတိုက္ထားသလို တိုင္းရင္းသားေဒသေတြမွာ ပဲ ရွိေနတာမဟုတ္ဘဲ တစ္ႏိုင္ငံလုံးမွာရွိေနတဲ့ အားနည္းခ်က္ျဖစ္ပါတယ္။ ေနာက္တစ္ခုက ျမန္မာတစ္ ႏိုင္ငံလုံး နယ္ပယ္အစုံက ေအာင္ျမင္ထင္ရွားေက်ာ္ၾကားသူေတြထဲက စာေရးသူ အထက္မွာေဖာ္ျပထား တဲ့ ျပည္မကမဟုတ္တဲ့ ေအာင္ျမင္ေက်ာ္ၾကားသူေတြကိုဖယ္လိုက္ရင္ ျပည္မက ေအာင္ျမင္သူဆိုတာ လူနည္းစုသာက်န္ရွိပါတယ္။
နည္းတူ အဲဒီသူေတြ ျမန္မာျပည္ရဲ႕ ဘယ္အရပ္ေဒသသြားသြား ျပည္သူ႔ေမတၱာခံစားရမႈကို ၾကည့္ ရင္ ျမန္မာႏိုင္ငံရဲ႕ ပကတိအရွိတရားမွာ တိုင္းရင္းသားေတြကို ခြဲျခားဆက္ဆံမႈမရွိေၾကာင္း၊ ျမန္မာႏိုင္ငံ မွာ ကံ၊ ဉာဏ္၊ ဝီရိယ စိုက္ထုတ္မႈနဲ႔ ႐ိုးသားၿပီး စဥ္ဆက္မျပတ္ႀကိဳးစားသူ ႏိုင္ငံသားတိုင္းဟာ ေအာင္ျမင္ ႏိုင္ေၾကာင္း အမုန္းမဖက္ဘဲေတြးပါက လက္ေတြ႕သာဓက မ်ားစြာရွိပါတယ္။ မိမိတို႔ စည္းစည္းလုံးလုံးနဲ႔ ပကတိ အရွိတရားအမွန္ကိုလက္ခံၿပီး ပညာဉာဏ္၊ ေမတၱာ၊ ခ်စ္ျခင္းတရားေတြနဲ႔ မိမိမွသည္ ေဒသ၊ ေဒသမွသည္ တိုင္းျပည္အထိ တိုးတက္လာေအာင္ တစ္ဦးတစ္ေယာက္ခ်င္းစီမွစၿပီး တစ္ႏိုင္ငံလုံးက ႀကိဳး စားၾကရမွာျဖစ္ပါတယ္။ ေျမခံေျမသားမွ မေကာင္းရင္ အုတ္ျမစ္ေကာင္းခ်ဖို႔ ခက္ပါလိမ့္မယ္။ နည္းတူ ခိုင္မာတဲ့အိမ္ေကာင္းေဆာက္ႏိုင္ဖို႔ ဆက္လက္အလွမ္းေဝးေနမွာလည္း ျဖစ္ပါတယ္။
(မွတ္ခ်က္။ ။ စာေရးသူ သုေတသနျပဳ အခ်က္အလက္ရွာေဖြရာမွာ အကန႔္အသတ္ေတြရွိတဲ့အတြက္ ေအာင္ျမင္သူမ်ားစြာရဲ႕နာမည္ေတြ က်န္ခဲ့ႏိုင္ၿပီး ေဒသနဲ႔လူမကိုက္မႈရွိပါက နားလည္ေပးႏိုင္ပါ ရန္ ေတာင္းပန္အပ္ပါသည္။)