ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တွေထဲမှ အရှေ့တောင်အာရှရဲ့မြို့ကြီးများ ပါဝင်

 215

ရောင်နီ (NP News) - ဇန်နဝါရီ ၂၇

ကမ္ဘာ့လေထု စောင့်ကြည့်ရေးအဖွဲ့အစည်း IQAir ရဲ့အဆိုအရ ဇန်နဝါရီ ၂၄ ရက်မှာ အရှေ့တောင်အာရှရဲ့မြို့ကြီး ငါးမြို့ဟာ လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့တွေဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့က ဒုတိယ အညစ်ညမ်းဆုံးမြို့ဖြစ်နေပြီး ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ကတော့ စတုတ္ထနဲ့ ပဉ္စမအဆင့်ထိ အသီးသီးရှိနေတယ်လို့ ဖော်ပြချက်အရ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ အမှိုက်မီးရှို့မှု၊ စက်မှုညစ်ညမ်းမှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်နေပြီး အဆိုပါညစ်ညမ်းမှုကို တားဆီးဖို့ အစိုးရက အများပြည်သူ သယ်ယူပို့ဆောင် ရေးယာဉ်လိုင်းတွေအတွက် အခမဲ့ စီးနင်းခွင့်ပြုပေးထားပါတယ်။ ဒါအပြင် လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းပေါင်း ၃၀၀ ခန့်ကို ပိတ်ထားရတယ်လို့ သိရပါတယ်။ ကားအသုံးပြုမှု လျှော့ချဖို့နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဖုန်အကာအကွယ်တွေ အသုံးပြုဖို့ တောင်းဆိုထားပြီး ကုမ္ပဏီတွေနဲ့ အစိုးရ အေဂျင်စီဝန်ထမ်းတွေကို အိမ်မှ အလုပ်လုပ်ခွင့်ပြုထားဖို့ ထိုင်းဝန်ကြီးချုပ်က ဆိုရှယ်မီဒီယာကနေ တောင်းဆို ထားပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ဟိုချီမင်းမှာလည်း လေထုညစ်ညမ်းမှုအဆင့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ အဆင့်ထက် ၁၁ ဆ ပိုများနေတယ်လို့ IQAir က ဖော်ပြခဲ့ပါတယ်။ အာဏာပိုင်တွေက လေထု ညစ်ညမ်းမှုကြောင့် ကျန်းမာရေးအန္တရာယ်တွေကို သတိပေးချက်ထုတ်ပြန်ထားပြီး ပြည်သူတွေ နှာခေါင်းစည်း စည်းဖို့နဲ့ မျက်လုံးကို လေနဲ့တိုက်ရိုက်မထိတွေ့စေဖို့ တိုက်တွန်းထားပါတယ်။
အလားတူပဲ အရှေ့တောင်အာရှရှိ အစိုးရတွေဟာ လေထုညစ်ညမ်းမှု လျှော့ချဖို့အတွက် ကာဗွန်ခွန်နဲ့ လျှပ်စစ်ကား အသုံးပြုမှု တိုးမြှင့်ခြင်း အပါအဝင် ရေရှည်ဖြေရှင်းနည်းတွေကို ရှာဖွေနေကြပါတယ်။

Zawgyi Version;
ကမာၻ႔အညစ္ညမ္းဆုံးၿမိဳ႕ေတြထဲမွ အေရွ႕ေတာင္အာရွရဲ႕ၿမိဳ႕ႀကီးမ်ား ပါဝင္
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၇

ကမာၻ႔ေလထု ေစာင့္ၾကည့္ေရးအဖြဲ႕အစည္း IQAir ရဲ႕အဆိုအရ ဇန္နဝါရီ ၂၄ ရက္မွာ အေရွ႕ေတာင္အာရွရဲ႕ၿမိဳ႕ႀကီး ငါးၿမိဳ႕ဟာ ေလထုညစ္ညမ္းမႈ အျမင့္ဆုံးၿမိဳ႕ေတြျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ အဲဒီထဲမွာ ဗီယက္နမ္ႏိုင္ငံ၊ ဟိုခ်ီမင္းၿမိဳ႕က ဒုတိယ အညစ္ညမ္းဆုံးၿမိဳ႕ျဖစ္ေနၿပီး ကေမာၻဒီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ဖႏြမ္းပင္နဲ႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တို႔ကေတာ့ စတုတၳနဲ႔ ပၪၥမအဆင့္ထိ အသီးသီးရွိေနတယ္လို႔ ေဖာ္ျပခ်က္အရ ေတြ႕ရပါတယ္။
ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ ဘန္ေကာက္မွာ အမႈိက္မီးရႈိ႕မႈ၊ စက္မႈညစ္ညမ္းမႈနဲ႔ ယာဥ္ေၾကာပိတ္ဆို႔မႈေတြေၾကာင့္ ေလထုညစ္ညမ္းမႈေတြျဖစ္ေပၚေနၿပီး အဆိုပါညစ္ညမ္းမႈကို တားဆီးဖို႔ အစိုးရက အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ ေရးယာဥ္လိုင္းေတြအတြက္ အခမဲ့ စီးနင္းခြင့္ျပဳေပးထားပါတယ္။ ဒါအျပင္ ေလထုညစ္ညမ္းမႈေၾကာင့္ ဘန္ေကာက္ၿမိဳ႕ရွိ စာသင္ေက်ာင္းေပါင္း ၃၀၀ ခန႔္ကို ပိတ္ထားရတယ္လို႔ သိရပါတယ္။ ကားအသုံးျပဳမႈ ေလွ်ာ့ခ်ဖို႔နဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာ ဖုန္အကာအကြယ္ေတြ အသုံးျပဳဖို႔ ေတာင္းဆိုထားၿပီး ကုမၸဏီေတြနဲ႔ အစိုးရ ေအဂ်င္စီဝန္ထမ္းေတြကို အိမ္မွ အလုပ္လုပ္ခြင့္ျပဳထားဖို႔ ထိုင္းဝန္ႀကီးခ်ဳပ္က ဆိုရွယ္မီဒီယာကေန ေတာင္းဆို ထားပါတယ္။

ဗီယက္နမ္ႏိုင္ငံရဲ႕အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ဟိုခ်ီမင္းမွာလည္း ေလထုညစ္ညမ္းမႈအဆင့္ဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕က အႀကံျပဳထားတဲ့ အဆင့္ထက္ ၁၁ ဆ ပိုမ်ားေနတယ္လို႔ IQAir က ေဖာ္ျပခဲ့ပါတယ္။ အာဏာပိုင္ေတြက ေလထု ညစ္ညမ္းမႈေၾကာင့္ က်န္းမာေရးအႏၲရာယ္ေတြကို သတိေပးခ်က္ထုတ္ျပန္ထားၿပီး ျပည္သူေတြ ႏွာေခါင္းစည္း စည္းဖို႔နဲ႔ မ်က္လုံးကို ေလနဲ႔တိုက္႐ိုက္မထိေတြ႕ေစဖို႔ တိုက္တြန္းထားပါတယ္။
အလားတူပဲ အေရွ႕ေတာင္အာရွရွိ အစိုးရေတြဟာ ေလထုညစ္ညမ္းမႈ ေလွ်ာ့ခ်ဖို႔အတြက္ ကာဗြန္ခြန္နဲ႔ လွ်ပ္စစ္ကား အသုံးျပဳမႈ တိုးျမႇင့္ျခင္း အပါအဝင္ ေရရွည္ေျဖရွင္းနည္းေတြကို ရွာေဖြေနၾကပါတယ္။

Related news

© 2021. All rights reserved.