စင်ကာပူမှာ လုပ်ဖော်ကိုင်ဖက်ရဲ့လည်ပင်းကို နှိပ်ပေးရင်း ဒဏ်ဖြစ်စေခဲ့တဲ့ အမျိုးသား ဒဏ်ရိုက်ခံရ

 1000

ရောင်နီ(NP News) - ဇန်နဝါရီ ၂၉

စင်ကာပူမှာ လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ လည်ပင်းကို နှိပ်နယ်ပေးရင်း ဒဏ်ဖြစ်စေခဲ့တဲ့ အမျိုးသားတစ်ဦး တနင်္လာနေ့ (ဇန်နဝါရီ ၂၇ ရက်) က စင်ကာပူဒေါ်လာ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၂,၂၃၀) ဒဏ်ရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ငိုင်ကျန်ရယ်အွန်နီ ( အသက် ၃၂ နှစ်)ဟာ အခြားသူကို အန္တရာယ်ဖြစ်စေတဲ့ ပြင်းပြင်း ထန်ထန် နာကျင်စေမှုနဲ့အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ သူဟာ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကြွက်သား ညောင်းညာ ကိုက်ခဲမှုကို ခံစားနေရချိန်မှာ မွေထိုင်းအနှိပ်နည်းနဲ့ ကူညီပေးတာ ဖြစ်ပေမယ့် လည်ပင်းကို လိန်လိုက်သလိုဖြစ်ပြီး ဒဏ်ဖြစ်စေခဲ့ပါတယ်။

ဖြစ်ရပ်ကတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မွေထိုင်း နည်းပြတစ်ဦးလည်းဖြစ်တဲ့ ငိုင်ကျန်ရယ်အွန်နီက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ကြွက်သားနာကျင်ကိုက်ခဲမှု သက်သာစေဖို့ ကူညီပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ငိုင်ဟာ လက်တစ်ဖက်ကို လုပ်ဖော်ကိုင်ဖက်ရဲ့ ဦးခေါင်းပေါ်၊ ကျန်လက်တစ်ဖက်ကို မေးစေ့ပေါ် တင်ပြီး နာရီလက်တံအတိုင်း တစ်ကြိမ်၊ နာရီလက်တံ ဆန့်ကျင်ဘက်ကို တစ်ကြိမ် လိန်ချိုးပြီး အညောင်းပြေအောင် လုပ်ခဲ့ပါတယ်။ အဲဒီနောက် လုပ်ဖော်ကိုင်ဖက်က လည်ပင်းမှာ မအီမသာခံစားခဲ့ရပြီး MRI စကင်န် ဖတ်ရာမှာ disc desication အဆင့်များစွာ ဖြစ်လာတာကို တွေ့ရတာကြောင့် ဆေးရုံပါ တက်ခဲ့ရပါတယ်။

ဒီလို ကိုယ်ရဲ့ပေါ့ဆမှုကြောင့် အခြားလူကို ပြင်းပြင်းထန်ထန် နာကျင်စေမှုအတွက် ပြစ်ဒဏ်မှာ ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် စင်ကာပူဒေါ်လာ ၅,၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူမွာ လုပ္ေဖာ္ကိုင္ဖက္ရဲ႕လည္ပင္းကို ႏွိပ္ေပးရင္း ဒဏ္ျဖစ္ေစခဲ့တဲ့ အမ်ိဳးသား ဒဏ္႐ိုက္ခံရ
ေရာင္နီ(NP News) - ဇန္နဝါရီ ၂၉

စင္ကာပူမွာ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးရဲ႕ လည္ပင္းကို ႏွိပ္နယ္ေပးရင္း ဒဏ္ျဖစ္ေစခဲ့တဲ့ အမ်ိဳးသားတစ္ဦး တနလၤာေန႔ (ဇန္နဝါရီ ၂၇ ရက္) က စင္ကာပူေဒၚလာ ၃၀၀၀ (အေမရိကန္ေဒၚလာ ၂,၂၃၀) ဒဏ္႐ိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ငိုင္က်န္ရယ္အြန္နီ ( အသက္ ၃၂ ႏွစ္)ဟာ အျခားသူကို အႏၲရာယ္ျဖစ္ေစတဲ့ ျပင္းျပင္း ထန္ထန္ နာက်င္ေစမႈနဲ႔အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။ သူဟာ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ႂကြက္သား ေညာင္းညာ ကိုက္ခဲမႈကို ခံစားေနရခ်ိန္မွာ ေမြထိုင္းအႏွိပ္နည္းနဲ႔ ကူညီေပးတာ ျဖစ္ေပမယ့္ လည္ပင္းကို လိန္လိုက္သလိုျဖစ္ၿပီး ဒဏ္ျဖစ္ေစခဲ့ပါတယ္။

ျဖစ္ရပ္ကေတာ့ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေမြထိုင္း နည္းျပတစ္ဦးလည္းျဖစ္တဲ့ ငိုင္က်န္ရယ္အြန္နီက သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ကို ႂကြက္သားနာက်င္ကိုက္ခဲမႈ သက္သာေစဖို႔ ကူညီေပးတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ငိုင္ဟာ လက္တစ္ဖက္ကို လုပ္ေဖာ္ကိုင္ဖက္ရဲ႕ ဦးေခါင္းေပၚ၊ က်န္လက္တစ္ဖက္ကို ေမးေစ့ေပၚ တင္ၿပီး နာရီလက္တံအတိုင္း တစ္ႀကိမ္၊ နာရီလက္တံ ဆန႔္က်င္ဘက္ကို တစ္ႀကိမ္ လိန္ခ်ိဳးၿပီး အေညာင္းေျပေအာင္ လုပ္ခဲ့ပါတယ္။ အဲဒီေနာက္ လုပ္ေဖာ္ကိုင္ဖက္က လည္ပင္းမွာ မအီမသာခံစားခဲ့ရၿပီး MRI စကင္န္ ဖတ္ရာမွာ disc desication အဆင့္မ်ားစြာ ျဖစ္လာတာကို ေတြ႕ရတာေၾကာင့္ ေဆး႐ုံပါ တက္ခဲ့ရပါတယ္။

ဒီလို ကိုယ္ရဲ႕ေပါ့ဆမႈေၾကာင့္ အျခားလူကို ျပင္းျပင္းထန္ထန္ နာက်င္ေစမႈအတြက္ ျပစ္ဒဏ္မွာ ေထာင္ဒဏ္ ၂ ႏွစ္၊ ေငြဒဏ္ စင္ကာပူေဒၚလာ ၅,၀၀၀ အထိ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.