လျှပ်စစ်မီးကိစ္စကြောင့် မီတာဖတ်စာရေး (၁၇) ဦး ထွက်ပြေးတိမ်းရှောင်နေပြီး သက်ဆိုင်ရာက နှုတ်ဆိတ်နေ
5905
ယွန်း (NP News) - ဇန်နဝါရီ ၂၉
လျှပ်စစ်မီးခိုးသုံးမှုဖြစ်စေခဲ့သော မီတာစာရေး (၁၇) ဦးထွက်ပြေးတိမ်းရှောင်နေသဖြင့် မီတာ ယူနစ်မတက်အောင် နည်းမျိုးစုံဖြင့် ခိုးယူသုံးစွဲမှု များကို ကြပ်မတ်ဆောင်ရွက်သင့်ပြီး မီတာစနစ်များ တွင်လည်း ချို့ယွင်းမှုများရှိနေကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ထောက်ပြ ပြောဆိုထားသည်။
တရားမဝင် ဓာတ်အားသုံးစွဲမှုများသည် နှစ်စဉ်တိုးပွားလျက်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲနေသူ အချို့ကလည်း မီတာများကို မသမာသည့် နည်း လမ်းများအသုံးပြု၍ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေ ကြောင်း သိရသည်။ ထို့ပြင် မီတာတပ်ဆင်ထားပြီး မီတာဖတ်သူများဖြင့်ပေါင်းကာ ဓာတ်အားခ အပြည့်အဝ မပေးသူများနှင့် မီတာသုံးစွဲသည့် ယူနစ်မတက် စေရန် နည်းမျိုးစုံဖြင့် ခိုးယူသုံးစွဲနေမှုများလည်းရှိနေကြောင်း သိရသည်။
“အခုအဲဒီကိစ္စတွေက ဖြစ်နေတယ်။ ရန်ကုန်တိုင်းလျှပ်စစ်မှာဆိုရင်လည်း အဲဒါတွေကိုစစ်နေ တယ်။ ဒီကိစ္စတွေက ဟိုးအရင်ထဲကရှိခဲ့တယ်။ မီတာ ဖတ်တဲ့လူနဲ့ မြို့နယ်ကအင်ဂျင်နီယာတွေနဲ့ပေါင်း ပြီးတော့ လုပ်ငန်းတွေ၊ အိမ်ရှင်တွေနဲ့ညှိတယ်။ မီတာမတက်အောင်လုပ်ပေးပါဆိုတာမျိုးတွေပေါ့။ ယူနစ်ဘယ်လောက်ဆို ကျတဲ့ဟာရဲ့သုံးပုံတစ်ပုံတို့ တစ်ဝက်တို့ ညှိလုပ်ကြတာတွေရှိတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် တရားဝင် မီတာဖြင့် မှန်မှန်ကန်ကန်သုံးစွဲနေသော ပြည်သူများအနေ ဖြင့် လျှပ်စစ်မီးကိုချွေတာသုံးနေသည့်တိုင် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲနေမှုများကြောင့် ဓာတ်အား မလုံလောက်မှုဖြစ်ပေါ်ခြင်းများလည်း ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်(၂၀၂၄)ခုနှစ် နှစ်ကုန်ပိုင်း နှင့် ယခု နှစ် (၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းက လှိုင် သာယာမြို့နယ်၌ မီတာဖတ်သည့်နေ့စားဝန်ထမ်း (၁၇) ဦး မီတာကြေးများမသမာမှုပြုလုပ်သည့်အတွက် ထွက်ပြေးခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း NP News ၏ မေးမြန်းစုံစမ်းထားချက်များအရ သိရသည်။
အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံသို့ အ တည်ပြုမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ ထို့ပြင် လက်ရှိ၌ မီတာ များကို Advanced Metering Infrastructure (AMI) စနစ်ဖြင့် အချို့မြို့နယ်များတွင် ပြောင်းလဲ တပ် ဆင်ထားသော်လည်း မီတာခိုးယူမှုများမှာ ယခင် အတိုင်း ဆက်လက်ရှိနေခြင်းကြောင့် အဆိုပါစနစ် တွင်လည်း ချို့ယွင်းမှုများရှိနေကြောင်း ထောက်ပြပြောဆိုမှုများလည်းရှိနေသည်။ ထိုသို့ မီတာခိုးယူ သုံး စွဲမှုများနှင့် မီတာကြေး အပြည့်အဝမရရှိမှုတို့ကြောင့် နိုင်ငံတော်အနေဖြင့် နစ်နာမှုများကိုကုစားနိုင်ရန် အတွက် မီတာဈေးနှုန်းကို တိုးမြှင့်ကောက်ခံလိုက်ခြင်းကြောင့် ပြည်သူများအနေဖြင့်လည်း မီတာဈေး ကြီးမြင့်မှုကို ရင်ဆိုင်လာကြရသည်။
“မှန်မှန်ကန်ကန်ပေးရင်လည်း ဒီထက် ဆောင်ရင်ဆောင်ရမှာပေါ့နော်။ မဆောင်ချင်လို့ခိုးတာပဲ။ အဲဒီတော့ နိုင်ငံတော်ကရှုံးတာလည်း မီတာ ယူနစ်က တစ်နှစ်တစ်နှစ်ကိုမနည်းဘူး။ ရှုံးတဲ့အပေါ် မှာ ရှုံးလို့ဆိုပြီး မီတာဈေးကိုလိုက်တက်လာတဲ့အခါမှာတော့ ပြည်သူတွေအနေနဲ့ခံရတာပေါ့။ တကယ် တော့ မီတာဈေးက နိုင်ငံတကာနဲ့ယှဉ်ရင်တော့ ဈေးပေါနေသေးတယ်။ ဒါပေမဲ့ ဒီကလူတွေက နိုင်ငံတကာ လောက် ဝင်ငွေမရှိတာကိုလည်း ထည့်တွက်ရမယ်။ သေသေချာချာကြပ်မတ်ရင်ပိုကောင်းတာပေါ့”ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆက်လက်ပြောသည်။
ယခင်က နိုင်ငံတော်အနေဖြင့် မီတာခ နှုန်းထားများကို (၁)ယူနစ်လျှင် (၃၅)ကျပ်နှုန်းဖြင့် လည်း ကောင်း၊ ယူနစ်(၁၀ဝ)နှင့်အထက်လျှင် ငွေ ကျပ်(၁၂၀)နှုန်းဖြင့်လည်းကောင်း သတ်မှတ် ကောက်ခံခဲ့ရာ ပြီးခဲ့သည့်နှစ်မှစ၍ (၁)ယူနစ်လျှင် (၅၀)ကျပ်နှုန်းနှင့် ယူနစ်(၁၀ဝ)အထက်လျှင် ငွေကျပ်(၁၅၀)နှုန်း ဖြင့် ပြောင်းလဲကောက်ခံခဲ့သည်။
ထိုသို့ မီတာခနှုန်းထားများကြီးမြင့်လာခြင်းမှာ လုပ်ငန်းရှင်များအတွက် ကြီးမားသည့် ပြဿနာ မဟုတ်သော်လည်း လျှပ်စစ်မီးပိုမိုရရှိနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ပျောက်ဆုံးမီတာယူနစ်များ အပါအဝင် မီတာကြေးမသမာပြုလုပ်နေမှုများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း အကြံပြုမှုများလည်း ရှိနေသည်။
ယခုအခါ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် မီးသုံးစွဲသည့်သူဦးရေမှာ (၁ ဒသမ ၄၄၆)သန်းကျော်ရှိပြီး မီတာစာရေး (အမြဲတမ်း ဝန် ထမ်း) အနေဖြင့် (၃၄၂)ဦးနှင့် နေ့စားမီတာ စာရေး (၆၇၁)ဦး စုစုပေါင်း မီတာစာရေး (၁၀၁၃) ဦးရှိ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေး ထားဖူးသည်။ ပြည်သူများသုံးစွဲနေသည့် ဓာတ်အား တစ်ယူနစ်လျှင် (၆၀)ကျပ်ခန့်ကို နိုင်ငံတော်က စိုက် ထုတ်ကျခံနေရပြီး ယခင်ဘဏ္ဍာနှစ် (၂၀၂၂-၂၀၂၃)၌ ပြည်သူလူထုကို လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရောင်းချပေးရာတွင် ငွေကျပ်ဘီလျံ(၁၀ဝဝ) ခန့် ကျခံခဲ့ရကြောင်း ဝန်ကြီးဌာနထံမှသိရသည်။
zawgyi version
လွ်ပ္စစ္မီးကိစၥေၾကာင့္ မီတာဖတ္စာေရး (၁၇) ဦး ထြက္ေျပးတိမ္းေရွာင္ေနၿပီး သက္ဆိုင္ရာက ႏႈတ္ဆိတ္ေန
ယြန္း (NP News) - ဇန္နဝါရီ ၂၉
လွ်ပ္စစ္မီးခိုးသုံးမႈျဖစ္ေစခဲ့ေသာ မီတာစာေရး (၁၇) ဦးထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ မီတာ ယူနစ္မတက္ေအာင္ နည္းမ်ိဳးစုံျဖင့္ ခိုးယူသုံးစြဲမႈ မ်ားကို ၾကပ္မတ္ေဆာင္႐ြက္သင့္ၿပီး မီတာစနစ္မ်ား တြင္လည္း ခ်ိဳ႕ယြင္းမႈမ်ားရွိေနေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းက ေထာက္ျပ ေျပာဆိုထားသည္။
တရားမဝင္ ဓာတ္အားသုံးစြဲမႈမ်ားသည္ ႏွစ္စဥ္တိုးပြားလ်က္ရွိၿပီး လွ်ပ္စစ္ဓာတ္အားသုံးစြဲေနသူ အခ်ိဳ႕ကလည္း မီတာမ်ားကို မသမာသည့္ နည္း လမ္းမ်ားအသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အားခိုးယူသုံးစြဲေန ေၾကာင္း သိရသည္။ ထို႔ျပင္ မီတာတပ္ဆင္ထားၿပီး မီတာဖတ္သူမ်ားျဖင့္ေပါင္းကာ ဓာတ္အားခ အျပည့္အဝ မေပးသူမ်ားႏွင့္ မီတာသုံးစြဲသည့္ ယူနစ္မတက္ ေစရန္ နည္းမ်ိဳးစုံျဖင့္ ခိုးယူသုံးစြဲေနမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။
“အခုအဲဒီကိစၥေတြက ျဖစ္ေနတယ္။ ရန္ကုန္တိုင္းလွ်ပ္စစ္မွာဆိုရင္လည္း အဲဒါေတြကိုစစ္ေန တယ္။ ဒီကိစၥေတြက ဟိုးအရင္ထဲကရွိခဲ့တယ္။ မီတာ ဖတ္တဲ့လူနဲ႔ ၿမိဳ႕နယ္ကအင္ဂ်င္နီယာေတြနဲ႔ေပါင္း ၿပီးေတာ့ လုပ္ငန္းေတြ၊ အိမ္ရွင္ေတြနဲ႔ညႇိတယ္။ မီတာမတက္ေအာင္လုပ္ေပးပါဆိုတာမ်ိဳးေတြေပါ့။ ယူနစ္ဘယ္ေလာက္ဆို က်တဲ့ဟာရဲ႕သုံးပုံတစ္ပုံတို႔ တစ္ဝက္တို႔ ညႇိလုပ္ၾကတာေတြရွိတယ္” ဟု စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ျဖစ္စဥ္မ်ားေၾကာင့္ တရားဝင္ မီတာျဖင့္ မွန္မွန္ကန္ကန္သုံးစြဲေနေသာ ျပည္သူမ်ားအေန ျဖင့္ လွ်ပ္စစ္မီးကိုေခြၽတာသုံးေနသည့္တိုင္ တရားမဝင္ ဓာတ္အားခိုးယူသုံးစြဲေနမႈမ်ားေၾကာင့္ ဓာတ္အား မလုံေလာက္မႈျဖစ္ေပၚျခင္းမ်ားလည္း ျဖစ္ခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္(၂၀၂၄)ခုႏွစ္ ႏွစ္ကုန္ပိုင္း ႏွင့္ ယခု ႏွစ္ (၂၀၂၅)ခုႏွစ္၊ ဇန္နဝါရီလအေစာပိုင္းက လႈိင္ သာယာၿမိဳ႕နယ္၌ မီတာဖတ္သည့္ေန႔စားဝန္ထမ္း (၁၇) ဦး မီတာေၾကးမ်ားမသမာမႈျပဳလုပ္သည့္အတြက္ ထြက္ေျပးခဲ့ရသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း NP News ၏ ေမးျမန္းစုံစမ္းထားခ်က္မ်ားအရ သိရသည္။
အထက္ပါ ကိစၥႏွင့္ပတ္သက္၍ ရန္ကုန္ လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းထံသို႔ အ တည္ျပဳေမးျမန္းရန္ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္း လက္ခံေျဖဆိုျခင္းမရွိခဲ့ေပ။ ထို႔ျပင္ လက္ရွိ၌ မီတာ မ်ားကို Advanced Metering Infrastructure (AMI) စနစ္ျဖင့္ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ ေျပာင္းလဲ တပ္ ဆင္ထားေသာ္လည္း မီတာခိုးယူမႈမ်ားမွာ ယခင္ အတိုင္း ဆက္လက္ရွိေနျခင္းေၾကာင့္ အဆိုပါစနစ္ တြင္လည္း ခ်ိဳ႕ယြင္းမႈမ်ားရွိေနေၾကာင္း ေထာက္ျပေျပာဆိုမႈမ်ားလည္းရွိေနသည္။ ထိုသို႔ မီတာခိုးယူ သုံး စြဲမႈမ်ားႏွင့္ မီတာေၾကး အျပည့္အဝမရရွိမႈတို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ နစ္နာမႈမ်ားကိုကုစားႏိုင္ရန္ အတြက္ မီတာေဈးႏႈန္းကို တိုးျမႇင့္ေကာက္ခံလိုက္ျခင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္လည္း မီတာေဈး ႀကီးျမင့္မႈကို ရင္ဆိုင္လာၾကရသည္။
“မွန္မွန္ကန္ကန္ေပးရင္လည္း ဒီထက္ ေဆာင္ရင္ေဆာင္ရမွာေပါ့ေနာ္။ မေဆာင္ခ်င္လို႔ခိုးတာပဲ။ အဲဒီေတာ့ ႏိုင္ငံေတာ္ကရႈံးတာလည္း မီတာ ယူနစ္က တစ္ႏွစ္တစ္ႏွစ္ကိုမနည္းဘူး။ ရႈံးတဲ့အေပၚ မွာ ရႈံးလို႔ဆိုၿပီး မီတာေဈးကိုလိုက္တက္လာတဲ့အခါမွာေတာ့ ျပည္သူေတြအေနနဲ႔ခံရတာေပါ့။ တကယ္ ေတာ့ မီတာေဈးက ႏိုင္ငံတကာနဲ႔ယွဥ္ရင္ေတာ့ ေဈးေပါေနေသးတယ္။ ဒါေပမဲ့ ဒီကလူေတြက ႏိုင္ငံတကာ ေလာက္ ဝင္ေငြမရွိတာကိုလည္း ထည့္တြက္ရမယ္။ ေသေသခ်ာခ်ာၾကပ္မတ္ရင္ပိုေကာင္းတာေပါ့”ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။
ယခင္က ႏိုင္ငံေတာ္အေနျဖင့္ မီတာခ ႏႈန္းထားမ်ားကို (၁)ယူနစ္လွ်င္ (၃၅)က်ပ္ႏႈန္းျဖင့္ လည္း ေကာင္း၊ ယူနစ္(၁၀ဝ)ႏွင့္အထက္လွ်င္ ေငြ က်ပ္(၁၂၀)ႏႈန္းျဖင့္လည္းေကာင္း သတ္မွတ္ ေကာက္ခံခဲ့ရာ ၿပီးခဲ့သည့္ႏွစ္မွစ၍ (၁)ယူနစ္လွ်င္ (၅၀)က်ပ္ႏႈန္းႏွင့္ ယူနစ္(၁၀ဝ)အထက္လွ်င္ ေငြက်ပ္(၁၅၀)ႏႈန္း ျဖင့္ ေျပာင္းလဲေကာက္ခံခဲ့သည္။
ထိုသို႔ မီတာခႏႈန္းထားမ်ားႀကီးျမင့္လာျခင္းမွာ လုပ္ငန္းရွင္မ်ားအတြက္ ႀကီးမားသည့္ ျပႆနာ မဟုတ္ေသာ္လည္း လွ်ပ္စစ္မီးပိုမိုရရွိႏိုင္ေရးအတြက္ ႏိုင္ငံေတာ္အေနျဖင့္ ေပ်ာက္ဆုံးမီတာယူနစ္မ်ား အပါအဝင္ မီတာေၾကးမသမာျပဳလုပ္ေနမႈမ်ားကို စနစ္တက် ကိုင္တြယ္ေျဖရွင္းသင့္ေၾကာင္း အႀကံျပဳမႈမ်ားလည္း ရွိေနသည္။
ယခုအခါ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းတြင္ မီးသုံးစြဲသည့္သူဦးေရမွာ (၁ ဒသမ ၄၄၆)သန္းေက်ာ္ရွိၿပီး မီတာစာေရး (အၿမဲတမ္း ဝန္ ထမ္း) အေနျဖင့္ (၃၄၂)ဦးႏွင့္ ေန႔စားမီတာ စာေရး (၆၇၁)ဦး စုစုေပါင္း မီတာစာေရး (၁၀၁၃) ဦးရွိ ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက အသိေပး ထားဖူးသည္။ ျပည္သူမ်ားသုံးစြဲေနသည့္ ဓာတ္အား တစ္ယူနစ္လွ်င္ (၆၀)က်ပ္ခန႔္ကို ႏိုင္ငံေတာ္က စိုက္ ထုတ္က်ခံေနရၿပီး ယခင္ဘ႑ာႏွစ္ (၂၀၂၂-၂၀၂၃)၌ ျပည္သူလူထုကို လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ ျဖန႔္ျဖဴးေရာင္းခ်ေပးရာတြင္ ေငြက်ပ္ဘီလ်ံ(၁၀ဝဝ) ခန႔္ က်ခံခဲ့ရေၾကာင္း ဝန္ႀကီးဌာနထံမွသိရသည္။