ပြည်မြို့တွင် အမျိုးသမီးတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရ

 3940

သန့်ဇင်(NP News) - ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အမျိုးသမီးတစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၂၉ ရက်)၊ နံနက် ၁၀နာရီဝန်း ကျင်အချိန်ခန့်က ပြည်မြို့၊ လေးထပ်ပြင်ဘောလုံးကွင်းအနီး ကျွန်းတောအတွင်းဖြစ်ပွားခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

“ကျွန်တော်တို့ကို အမျိုးသမီးတစ်ဦးဆုံးနေတယ်ဆိုလို့ ခေါ်သွားလို့သွားတဲ့အခါမှာ အမျိုးသမီးက ဆုံးနေပြီပေါ့။ အဲဒါနဲ့သက်ဆိုင်ရာကိုခေါ်ပြီး စစ်ဆေးတဲ့အခါကျတော့ ဂုတ်မှာထိုးသွင်းဒဏ်ရာ(၄)ချက်တော့တွေ့တာပေါ့။ ဓားလားဘာလားတော့ မသေချာဘူး။ ထိုးသွင်း ဒဏ်ရာတော့တွေ့တယ်။ အဲဒီအမျိုးသမီးနားမှာ သူ့အဖော်အမျိုးသမီးတွေလည်းတွေ့တယ်။ အဓမ္မကျင့်ပြီးသတ်ဖြတ်ခံထားရပုံပေါ့”ဟု အထက်ပါပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သတ်ဖြတ်ခံရသည့်အမျိုးသမီးမှာ အသက်(၃၀)ကျော်ဝန်းကျင်အရွယ်ခန့်ရှိပြီး လည်းပင်းနောက်ထိုသွင်းဒဏ်ရာများဖြင့် သေဆုံးနေခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ “အဲဒီကျွန်းတောထဲမှာတော့ အဲဒီအမျိုးသမီးတွေက ရှိကြတယ်။ ဖြစ်တာက မနက်ပိုင်းမှာတည်းကဖြစ်ထားတဲ့ပုံပါ။ ကျွန် တော်တို့ရောက်တော့ သွေးတွေကခြောက်နေပြီ”ဟု ၎င်းကဆက်ပြောသည်။

သေဆုံးသူအမျိုးသမီးကို ပျူနှလုံးသားလူမှုကူညီကယ်ဆယ်ရေးအသင်း(ပြည်)က ပြည်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦး အဓမၼက်င့္သတ္ျဖတ္ခံရ
သန႔္ဇင္(NP News) - ဇန္နဝါရီ ၂၉

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦး အဓမၼက်င့္သတ္ျဖတ္ခံခဲ့ရေၾကာင္း ေဒသခံပရဟိတအသင္းထံမွ သိရသည္။ ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၂၉ ရက္)၊ နံနက္ ၁၀နာရီဝန္း က်င္အခ်ိန္ခန႔္က ျပည္ၿမိဳ႕၊ ေလးထပ္ျပင္ေဘာလုံးကြင္းအနီး ကြၽန္းေတာအတြင္းျဖစ္ပြားခဲ့ျခင္း ျဖစ္‌ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကို အမ်ိဳးသမီးတစ္ဦးဆုံးေနတယ္ဆိုလို႔ ေခၚသြားလို႔သြားတဲ့အခါမွာ အမ်ိဳးသမီးက ဆုံးေနၿပီေပါ့။ အဲဒါနဲ႔သက္ဆိုင္ရာကိုေခၚၿပီး စစ္ေဆးတဲ့အခါက်ေတာ့ ဂုတ္မွာထိုးသြင္းဒဏ္ရာ(၄)ခ်က္ေတာ့ေတြ႕တာေပါ့။ ဓားလားဘာလားေတာ့ မေသခ်ာဘူး။ ထိုးသြင္း ဒဏ္ရာေတာ့ေတြ႕တယ္။ အဲဒီအမ်ိဳးသမီးနားမွာ သူ႔အေဖာ္အမ်ိဳးသမီးေတြလည္းေတြ႕တယ္။ အဓမၼက်င့္ၿပီးသတ္ျဖတ္ခံထားရပုံေပါ့”ဟု အထက္ပါပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

သတ္ျဖတ္ခံရသည့္အမ်ိဳးသမီးမွာ အသက္(၃၀)ေက်ာ္ဝန္းက်င္အ႐ြယ္ခန႔္ရွိၿပီး လည္းပင္းေနာက္ထိုသြင္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ “အဲဒီကြၽန္းေတာထဲမွာေတာ့ အဲဒီအမ်ိဳးသမီးေတြက ရွိၾကတယ္။ ျဖစ္တာက မနက္ပိုင္းမွာတည္းကျဖစ္ထားတဲ့ပုံပါ။ ကြၽန္ ေတာ္တို႔ေရာက္ေတာ့ ေသြးေတြကေျခာက္ေနၿပီ”ဟု ၎ကဆက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီးကို ပ်ဴႏွလုံးသားလူမႈကူညီကယ္ဆယ္ေရးအသင္း(ျပည္)က ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီ ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.