နေပြည်တော်စည်ပင်မှ လုပ်ငန်းလိုင်စင်ပေါင်း ၄ဝ ကျော်ကို လေလံတင် ရောင်းချမည်

445

NP News - ဇန်နဝါရီ ၃ဝ
နေပြည်တော်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများမှ ငွေကောက်ခံလုပ်ငန်း၊ အပေါင်ဆိုင်များ အပါအဝင် အမှိုက်ကွင်း၌ Recycle ပစ္စည်းများ ကောက်ယူခွင့်များ၏ လုပ်ငန်းလိုင်စင်ပေါင်း ၄၀ ကျော်ကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
၎င်းလုပ်ငန်းများသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော် ဝင်ကြေးဘီးကောက်လိုင်စင်(၄)ခု၊ တန်ပိုကြေးကောက်ခံခွင့်လိုင်စင်(၁)ခု၊ ဘောဂသီရိအဝေးပြေး ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ကြေး နှင့် သန့်စင်ခန်း၊ ရေချိုးခန်းဝင်ကြေး ကောက်ခံခွင့်လိုင်စင် (၁)ခု၊ မြို့နယ် ၈ မြို့နယ်၏ ပုဂ္ဂလိက အပေါင်ဆိုင်လိုင်စင် (၃၈)ခုတို့ဖြစ်ပြီး စုစုပေါင်း လိုင်စင် (၄၄)ခုတို့ကို ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချသွား မှာမည်ဖြစ်သည်။
ထို့အတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပုဗ္ဗသီရိအမှိုက်ကွင်းတွင် Recycle ပစ္စည်းများ ကောက်ယူခွင့်လုပ်ငန်းလိုင်စင်ကိုပါ ဈေးပြိုင် စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းလိုင်စင်များ လေလံတင်ရောင်းချခြင်းကို လာမည့် ဖေဖော်ဝါရီလ ၆ ရက်တွင် နေပြည်တော် စည်ပင် သာယာရေးကော်မတီဈေးများဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သွားမည်ဖြစ်သည်။
ဒစိတ်ပါဝင်စားသူများအနေဖြင့် လေလံလျှောက်လွှာများကို လာမည့် ဖေဖော်ဝါရီ ၄ ရက် နောက်ဆုံးထားကာ တင်သွင်းရ မည်ဖြစ်ကြောင်း၊ လေလံတင်လျှောက်လွှာနှင့် စည်းကမ်းချက်များကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် အခွန်ဌာနများတွင် ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ကြောင်း လည်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္စည္ပင္မွ လုပ္ငန္းလိုင္စင္ေပါင္း ၄ဝ ေက်ာ္ကို ေလလံတင္ ေရာင္းခ်မည္
NP News - ဇန္နဝါရီ ၃ဝ
ေနျပည္ေတာ္ရွိ အေဝးေျပးယာဥ္ရပ္နားစခန္းမ်ားမွ ေငြေကာက္ခံလုပ္ငန္း၊ အေပါင္ဆိုင္မ်ား အပါအဝင္ အမႈိက္ကြင္း၌ Recycle ပစၥည္းမ်ား ေကာက္ယူခြင့္မ်ား၏ လုပ္ငန္းလိုင္စင္ေပါင္း ၄၀ ေက်ာ္ကို ေဈးၿပိဳင္စနစ္ျဖင့္ ေလလံတင္ေရာင္းခ် သြားမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
၎လုပ္ငန္းမ်ားသည္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ အခြန္ဌာန၏ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္အတြက္ ေနျပည္ေတာ္ ဝင္ေၾကးဘီးေကာက္လိုင္စင္(၄)ခု၊ တန္ပိုေၾကးေကာက္ခံခြင့္လိုင္စင္(၁)ခု၊ ေဘာဂသီရိအေဝးေျပး ယာဥ္ရပ္နားစခန္း ယာဥ္ဝင္ေၾကး ႏွင့္ သန႔္စင္ခန္း၊ ေရခ်ိဳးခန္းဝင္ေၾကး ေကာက္ခံခြင့္လိုင္စင္ (၁)ခု၊ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္၏ ပုဂၢလိက အေပါင္ဆိုင္လိုင္စင္ (၃၈)ခုတို႔ျဖစ္ၿပီး စုစုေပါင္း လိုင္စင္ (၄၄)ခုတို႔ကို ေဈးၿပိဳင္ ေလလံစနစ္ျဖင့္ ေရာင္းခ်သြား မွာမည္ျဖစ္သည္။
ထို႔အတူ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရးဌာန၏ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္အတြက္ ပုဗၺသီရိအမႈိက္ကြင္းတြင္ Recycle ပစၥည္းမ်ား ေကာက္ယူခြင့္လုပ္ငန္းလိုင္စင္ကိုပါ ေဈးၿပိဳင္ စနစ္ျဖင့္ ေလလံတင္ေရာင္းခ်ျခင္းကို က်င္းပျပဳလုပ္မွာျဖစ္ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းလိုင္စင္မ်ား ေလလံတင္ေရာင္းခ်ျခင္းကို လာမည့္ ေဖေဖာ္ဝါရီလ ၆ ရက္တြင္ ေနျပည္ေတာ္ စည္ပင္ သာယာေရးေကာ္မတီေဈးမ်ားဌာန အစည္းအေဝးခန္းမတြင္ ျပဳလုပ္သြားမည္ျဖစ္သည္။
ဒစိတ္ပါဝင္စားသူမ်ားအေနျဖင့္ ေလလံေလွ်ာက္လႊာမ်ားကို လာမည့္ ေဖေဖာ္ဝါရီ ၄ ရက္ ေနာက္ဆုံးထားကာ တင္သြင္းရ မည္ျဖစ္ေၾကာင္း၊ ေလလံတင္ေလွ်ာက္လႊာႏွင့္ စည္းကမ္းခ်က္မ်ားကို ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရးဌာနႏွင့္ အခြန္ဌာနမ်ားတြင္ ႐ုံးခ်ိန္အတြင္း ဝယ္ယူေလွ်ာက္ထားႏိုင္ေၾကာင္း လည္း သိရသည္။