ပေါင်နှံထားပြီးသားကို အပေါင်ပစ္စည်းအဖြစ် ထပ်မံပေးကာ MSME ချေးငွေလျှောက် ထားခြင်းများရှိနေ

160

Pearl(NP News)-စက်တင်ဘာ ၂၈
အခြားနေရာတွင် ပေါင်နှံထားပြီးသားများကို အပေါင်ပစ္စည်းအဖြစ်ထပ်မံပေးကာ MSME ချေးငွေလျှောက်ထားမှု များရှိနေကြောင်း MSME ချေးငွေများနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News သို့ပြောသည်။
နိုင်ငံတော်မှ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် MSME ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး အဆိုပါ MSME ချေးငွေများကို ပုဂ္ဂလိကဘဏ် (၁၈) ဘဏ်မှ ဆောင်ရွက်ပေးနေကြောင်း သိရ သည်။ ထိုသို့ စိစစ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်း ကမ်းနှင့်အညီ MSME ချေးငွေများရယူရန် လိုအပ်ကြောင်းလည်း သိရသည်။
“MSME Member Card နဲ့ MSME လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်ဆိုရင် လျှောက်လို့ရတယ်။ အပေါင်ပစ္စည်း တွေ တင်ပေးရတာပေါ့။ သူရဲ့အပေါင်ပစ္စည်းက ဘာဖြစ်တယ်၊ သူရဲ့ စီးပွားရေးလုပ်ငန်းက ဘာဖြစ်တယ်၊ သူဘယ် လောက်ယူမလဲ ဒါနဲ့ပတ်သက်ပြီးတော့ အာမခံ ဘာတင်ပေးမလဲပေါ့။ အာမခံတန်ဖိုးက ဘယ်လောက်ရှိပါတယ်ပေါ့။ လုပ်ငန်းရှင်တစ်ယောက်ကို (၁၀၊ ၅၀၊ ၁၀ဝ) ပေါ့။ (၁၀)ဆိုတာက မိုက်ခရို လေးတွေပေါ့။ (၁၀)သိန်းကနေ ပေးတယ်။ အသေးစားက (၁၀)၊ အငယ်စားက (၅၀)ပေါ့။ အလတ်စားက (၁၀ဝ)ပေါ့ ။ သိန်း (၁၀ဝ၊ ၅၀ဝ၊ ၁၀ဝဝ)ပေါ့။ MSME ချေးငွေ ပေးနေတယ်ဆိုတာ (၂၀၁၄၊ ၁၅)လောက်ကတည်းက ပေးခဲ့ကြတာ။ ပေးတဲ့အပေါ်မှာ နိုင်ငံတော်ဘက်ကပေးတာ၊ ဘဏ်တွေက ပေးတာတွေရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ပေးတာရှိတယ်။ အခု နိုင်ငံတော်ဘက်က ရန်ပုံငွေ ထောင်ပြီး ပေးတာရှိတယ်။ ပေးထားတာတွေကတော့ အများကြီးပဲ” ဟု MSME ချေးငွေများနှင့် ပတ်သက်၍ သိရှိသူတစ်ဦးက NP News သို့ ပြောသည်။ ထို့ပြင် MSME ချေးငွေထုတ်ယူရန် လုပ်ငန်းရှင်အများအပြား လျှောက်ထားကြ သော်လည်း ချေးငွေလျှောက်ထားသူများ၏ (၅၀)ရာခိုင်နှုန်း ကျော်သည် အပေါင်ပစ္စည်းများပေးရာတွင် သတ်မှတ်ချက် များနှင့်မကိုက်ညီမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“အပေါင်ပစ္စည်းပေးနိုင်ခြင်း မပေးနိုင် ခြင်းမှာ အခက်အခဲဖြစ်ကြတယ်။ အပေါင်ပစ္စည်း ပေးပြန်သော်လည်း အပေါင်ပစ္စည်းက တခြားမှာ ပေါင်ပြီးသားတွေဖြစ်နေတယ်။ နောက်တစ်ခါပေးတဲ့ အပေါင်ပစ္စည်းတန်ဖိုးနဲ့ သူလိုချင် တာနဲ့ မကိုက် ညီတာရှိတယ်။ အဲဒီလိုသဘောလေးတွေနဲ့ တချို့ နေရာမှာ ချေးငွေ အခက်အခဲဖြစ်နေကြတာရှိတာပေါ့။ ရာခိုင်နှုန်းနဲ့ပြောရင် (၅၀)ရာခိုင်နှုန်းအထက်ရှိတယ်။ အပေါင်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ အဓိက ဘဏ်တွေပေါ့။ ဘဏ်တွေက သတ်မှတ်ထားတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မကိုက်ညီတာ တော်တော်များ များဖြစ်ကြတယ်။ တချို့က အပေါင်မပေးနိုင်ရင် အာမခံစနစ်နဲ့ ဘယ်လိုပေးမယ်ဆိုပြီး ရှိတယ်လေ။ အာမခံစနစ်နဲ့သွားပြန်တော့လည်း အာမခံစနစ်နဲ့ ပိုက်ဆံပေးရတာရှိတာပေါ့လေ။ အဲဒီခါကျတော့လည်း အတိုးနှုန်းလေးတွေနဲ့ စကားပြောရတာရှိတယ်။ တချို့ကျ အာမခံနဲ့သွားတာကို ကြိုက်တာရှိသလို မကြိုက်တာလည်း ရှိတယ်။ အဲဒီအပေါ်မှာပဲ လျှောက်တဲ့လူတွေက ရခြင်း၊ မရခြင်းဆိုပြီး မျိုးစုံကွဲ လွဲသွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် MSME ချေးငွေအဖြစ် ငွေကျပ် (၁၇၀) ဘီလျံမှ (၁၅၀) ဘီလျံကို MSME ချေးငွေအဖြစ် ထုတ်ချေး ပေးလျက်ရှိပြီး ဘီလျံ (၂၀) ကို MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Zawgyi Version:
ေပါင္ႏွံထားၿပီးသားကို အေပါင္ပစၥည္းအျဖစ္ ထပ္မံေပးကာ MSME ေခ်းေငြေလွ်ာက္ ထားျခင္းမ်ားရွိေန
Pearl(NP News)-စက္တင္ဘာ ၂၈
အျခားေနရာတြင္ ေပါင္ႏွံထားၿပီးသားမ်ားကို အေပါင္ပစၥည္းအျဖစ္ထပ္မံေပးကာ MSME ေခ်းေငြေလွ်ာက္ထားမႈ မ်ားရွိေနေၾကာင္း MSME ေခ်းေငြမ်ားႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ႏိုင္ငံေတာ္မွ အေသးစား၊ အငယ္စားႏွင့္အလတ္စားစီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ MSME ေခ်းေငြမ်ား ထုတ္ေခ်းေပးလ်က္ရွိၿပီး အဆိုပါ MSME ေခ်းေငြမ်ားကို ပုဂၢလိကဘဏ္ (၁၈) ဘဏ္မွ ေဆာင္႐ြက္ေပးေနေၾကာင္း သိရ သည္။ ထိုသို႔ စိစစ္ေဆာင္႐ြက္လ်က္ရွိရာ လုပ္ငန္းရွင္မ်ားအေနျဖင့္ လုပ္ထုံးလုပ္နည္းမ်ား၊ ဘ႑ာေရးစည္းမ်ဥ္း စည္း ကမ္းႏွင့္အညီ MSME ေခ်းေငြမ်ားရယူရန္ လိုအပ္ေၾကာင္းလည္း သိရသည္။
“MSME Member Card နဲ႔ MSME လုပ္ငန္းရွင္တစ္ေယာက္ျဖစ္တယ္ဆိုရင္ ေလွ်ာက္လို႔ရတယ္။ အေပါင္ပစၥည္း ေတြ တင္ေပးရတာေပါ့။ သူရဲ႕အေပါင္ပစၥည္းက ဘာျဖစ္တယ္၊ သူရဲ႕ စီးပြားေရးလုပ္ငန္းက ဘာျဖစ္တယ္၊ သူဘယ္ ေလာက္ယူမလဲ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အာမခံ ဘာတင္ေပးမလဲေပါ့။ အာမခံတန္ဖိုးက ဘယ္ေလာက္ရွိပါတယ္ေပါ့။ လုပ္ငန္းရွင္တစ္ေယာက္ကို (၁၀၊ ၅၀၊ ၁၀ဝ) ေပါ့။ (၁၀)ဆိုတာက မိုက္ခ႐ို ေလးေတြေပါ့။ (၁၀)သိန္းကေန ေပးတယ္။ အေသးစားက (၁၀)၊ အငယ္စားက (၅၀)ေပါ့။ အလတ္စားက (၁၀ဝ)ေပါ့ ။ သိန္း (၁၀ဝ၊ ၅၀ဝ၊ ၁၀ဝဝ)ေပါ့။ MSME ေခ်းေငြ ေပးေနတယ္ဆိုတာ (၂၀၁၄၊ ၁၅)ေလာက္ကတည္းက ေပးခဲ့ၾကတာ။ ေပးတဲ့အေပၚမွာ ႏိုင္ငံေတာ္ဘက္ကေပးတာ၊ ဘဏ္ေတြက ေပးတာေတြရွိတယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကေန ေပးတာရွိတယ္။ အခု ႏိုင္ငံေတာ္ဘက္က ရန္ပုံေငြ ေထာင္ၿပီး ေပးတာရွိတယ္။ ေပးထားတာေတြကေတာ့ အမ်ားႀကီးပဲ” ဟု MSME ေခ်းေငြမ်ားႏွင့္ ပတ္သက္၍ သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။ ထို႔ျပင္ MSME ေခ်းေငြထုတ္ယူရန္ လုပ္ငန္းရွင္အမ်ားအျပား ေလွ်ာက္ထားၾက ေသာ္လည္း ေခ်းေငြေလွ်ာက္ထားသူမ်ား၏ (၅၀)ရာခိုင္ႏႈန္း ေက်ာ္သည္ အေပါင္ပစၥည္းမ်ားေပးရာတြင္ သတ္မွတ္ခ်က္ မ်ားႏွင့္မကိုက္ညီမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။
“အေပါင္ပစၥည္းေပးႏိုင္ျခင္း မေပးႏိုင္ ျခင္းမွာ အခက္အခဲျဖစ္ၾကတယ္။ အေပါင္ပစၥည္း ေပးျပန္ေသာ္လည္း အေပါင္ပစၥည္းက တျခားမွာ ေပါင္ၿပီးသားေတြျဖစ္ေနတယ္။ ေနာက္တစ္ခါေပးတဲ့ အေပါင္ပစၥည္းတန္ဖိုးနဲ႔ သူလိုခ်င္ တာနဲ႔ မကိုက္ ညီတာရွိတယ္။ အဲဒီလိုသေဘာေလးေတြနဲ႔ တခ်ိဳ႕ ေနရာမွာ ေခ်းေငြ အခက္အခဲျဖစ္ေနၾကတာရွိတာေပါ့။ ရာခိုင္ႏႈန္းနဲ႔ေျပာရင္ (၅၀)ရာခိုင္ႏႈန္းအထက္ရွိတယ္။ အေပါင္ပစၥည္းနဲ႔ပတ္သက္ၿပီးေတာ့ အဓိက ဘဏ္ေတြေပါ့။ ဘဏ္ေတြက သတ္မွတ္ထားတာရွိတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး မကိုက္ညီတာ ေတာ္ေတာ္မ်ား မ်ားျဖစ္ၾကတယ္။ တခ်ိဳ႕က အေပါင္မေပးႏိုင္ရင္ အာမခံစနစ္နဲ႔ ဘယ္လိုေပးမယ္ဆိုၿပီး ရွိတယ္ေလ။ အာမခံစနစ္နဲ႔သြားျပန္ေတာ့လည္း အာမခံစနစ္နဲ႔ ပိုက္ဆံေပးရတာရွိတာေပါ့ေလ။ အဲဒီခါက်ေတာ့လည္း အတိုးႏႈန္းေလးေတြနဲ႔ စကားေျပာရတာရွိတယ္။ တခ်ိဳ႕က် အာမခံနဲ႔သြားတာကို ႀကိဳက္တာရွိသလို မႀကိဳက္တာလည္း ရွိတယ္။ အဲဒီအေပၚမွာပဲ ေလွ်ာက္တဲ့လူေတြက ရျခင္း၊ မရျခင္းဆိုၿပီး မ်ိဳးစုံကြဲ လြဲသြားတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ MSME ေခ်းေငြအျဖစ္ ေငြက်ပ္ (၁၇၀) ဘီလ်ံမွ (၁၅၀) ဘီလ်ံကို MSME ေခ်းေငြအျဖစ္ ထုတ္ေခ်း ေပးလ်က္ရွိၿပီး ဘီလ်ံ (၂၀) ကို MSME လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္း မ်ားတြင္ အသုံးျပဳေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ သည္။