မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း၂၀ ထုတ်ရောင်းပေးမည်

 210

NP News - ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရန်အတွက် လုပ်ငန်းရှင်များထံသို့ အမေရိကန်ဒေါ်လာသန်း ၂၀ ထုတ်ရောင်းပေးမည်ဟု ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ပြည်တွင်းစက်သုံးဆီဈေးများမှာ ရန်ကုန်အထိုင်ဈေးတွင် တည်ငြိမ်လျက်ရှိသော်လည်း နယ်မြို့များတွင် ဈေးတက်နေ ကြောင်း စက်သုံးဆီသုံးစွဲသူများထံမှ သိရသည်။
ယနေ့ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်တွင် ရန်ကုန်မြို့ စက်သုံးဆီပေါက်ဈေးများသည် 92 Ron တစ်လီတာလျှင် (၃၁၃၀)ကျပ်၊ 95 Ron တစ်လီတာလျှင် (၃၂၀၀) ကျပ်၊ HSD (500ppm) ဒီဇယ်တစ်လီတာလျှင် (၂၈၆၅) ကျပ် HSD (50 ppm)၊ ဒီဇယ်တစ်လီတာလျှင် (၃၅၂၅) ကျပ် နှင့် HSD (10ppm) ဒီဇယ်တစ်လီတာလျှင် (၃၅၂၅) ကျပ် ပေါက်ဈေးရှိ ကြောင်း သိရသည်။
စက်သုံးဆီဈေးများမှာ ယခင်လ နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ငွေ ၂ဝ ကျပ်မှ ၈၀ ကျပ် အထိ မြင့်တက်လာ ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာသည်လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်တစ်‌ဒေါ်လာလျှင် ပြင်ပပေါက်ဈေး၄၄၆၀ကျပ်မှ ၄၅၅၀ ကျပ် အတွင်း တည်ရှိနေကြောင်း ဈေးကွက်အတွင်းမသိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြက္ ေဒၚလာသန္း၂၀ ထုတ္ေရာင္းေပးမည္
NP News - ဇန္နဝါရီ ၃၁

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က စက္သုံးဆီတင္သြင္းရန္အတြက္ လုပ္ငန္းရွင္မ်ားထံသို႔ အေမရိကန္ေဒၚလာသန္း ၂၀ ထုတ္ေရာင္းေပးမည္ဟု ဇန္နဝါရီလ ၃၀ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။
ျပည္တြင္းစက္သုံးဆီေဈးမ်ားမွာ ရန္ကုန္အထိုင္ေဈးတြင္ တည္ၿငိမ္လ်က္ရွိေသာ္လည္း နယ္ၿမိဳ႕မ်ားတြင္ ေဈးတက္ေန ေၾကာင္း စက္သုံးဆီသုံးစြဲသူမ်ားထံမွ သိရသည္။
ယေန႔ ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ (၃၀) ရက္တြင္ ရန္ကုန္ၿမိဳ႕ စက္သုံးဆီေပါက္ေဈးမ်ားသည္ 92 Ron တစ္လီတာလွ်င္ (၃၁၃၀)က်ပ္၊ 95 Ron တစ္လီတာလွ်င္ (၃၂၀၀) က်ပ္၊ HSD (500ppm) ဒီဇယ္တစ္လီတာလွ်င္ (၂၈၆၅) က်ပ္ HSD (50 ppm)၊ ဒီဇယ္တစ္လီတာလွ်င္ (၃၅၂၅) က်ပ္ ႏွင့္ HSD (10ppm) ဒီဇယ္တစ္လီတာလွ်င္ (၃၅၂၅) က်ပ္ ေပါက္ေဈးရွိ ေၾကာင္း သိရသည္။
စက္သုံးဆီေဈးမ်ားမွာ ယခင္လ ႏွင့္ ႏႈိင္းယွဥ္ပါက တစ္လီတာလွ်င္ ေငြ ၂ဝ က်ပ္မွ ၈၀ က်ပ္ အထိ ျမင့္တက္လာ ျခင္းျဖစ္ၿပီး အေမရိကန္ေဒၚလာသည္လည္း ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း သိရသည္။
ဇန္နဝါရီ ၃၀ ရက္တြင္ အေမရိကန္တစ္‌ေဒၚလာလွ်င္ ျပင္ပေပါက္ေဈး၄၄၆၀က်ပ္မွ ၄၅၅၀ က်ပ္ အတြင္း တည္ရွိေနေၾကာင္း ေဈးကြက္အတြင္းမသိရသည္။

Related news

© 2021. All rights reserved.