တရုတ်အရေး၊ ရွှေ့ပြောင်းသွားလာသူအရေးများအတွက် အမေရိကန်သမ္မတနဲ့တွေ့ဆုံဆွေးနွေးမယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော
174
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃၁
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာဟာ ရွှေ့ပြောင်းသွားလာသူတွေကိစ္စ အပါအဝင် အခြားကိစ္စတွေကို အမေရိကန်သမ္မတ အသစ်ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတအသစ်ဒေါ်နယ်ထရမ့်ရဲ့ရွှေ့ပြောင်းသွားသွားလာသူတွေကို တားမြစ်ပိတ်ပင်မယ့်အမိန့်ကြောင့် အမေရိကန်နိုင်ငံအတွင်း နေထိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားအများစု ထိခိုက်ဖွယ်ရှိနေပါတယ်။ မာကိုစ့်ဟာ အမေရိကန်သမ္မတအသစ်နဲ့ ဘယ်အချိန်မှာ တွေ့ဆုံဆွေးနွေးမလဲဆိုတဲ့အချက်ကို အတိအကျပြောဆိုခြင်းမျိုးမရှိပေမယ့် ရွှေ့ပြောင်းသွားလာသူတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရရဲ့မူဝါဒတွေ ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်မလဲ ဆိုတာကို မကြာမီတွေ့မြင်ရဖွယ်ရှိနေကြောင်း ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတက အမေရိကန်နိုင်ငံထုတ် တိုင်ဖွန်းဒုံးကျည်ကိုလည်း အမေရိကန်နိုင်ငံအကူညီနဲ့ ဖြန့်ကြတ်ချထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား အငြင်းပွားမှုတွေ၊ တင်းမာမှုတွေဖြစ်ပွားနေချိန်မှာ ဖိလစ်ပိုင်အစိုးရက အမေရိကန်နိုင်ငံအကူညီနဲ့ ဒုံးကျည်တွေကို ဖြန့်ကြတ်ချထားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရက အမေရိကန်နိုင်ငံထုတ် ဒုံးကျည်တွေဖြန့်ကြတ်ချထားမယ်ဆိုရင် ဒေသအတွင်း တင်းမာမှုအရှိန် မြင့်တက်လာဖွယ်ရှိနေကြောင်း မကြာသေးမီက သတိပေးခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတက "အမေရိကန်ထုတ် တိုက်ဖွန်း ဒုံးကျည်နဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့မှတ်ချက်တွေကို နားမလည်ဘူး။ ကျွန်တော်တို့လည်း အဲဒီဒံးကျည်နဲ့ ပတ်သက်ပြီးမှတ်ချက်ပြုပြောလိုခြင်းမရှိဘူး။ ဒါပေမယ့် တရုတ်နိုင်ငံဟာ ကျွန်တော်တို့ပိုင်နက်တွေကို ပိုင်ဆိုင်ဖို့ ကြိုးပမ်းတာ ရပ်တန့်ရမှာဖြစ်သလို ဖိလစ်ပိုင်ငါးဖမ်းသမားတွေကို ထိခိုက်နစ်နာအောင်လုပ်ဆောင်တာမျိုးတွေ မလုပ်သင့်ဘူး။ ဖိလစ်ပိုင်ငါးဖမ်းလှေတွေကို အင်အားသုံးတာမျိုးမဖြစ်စေလိုဘူး" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်းသွားလာသူတွေကို တင်းကြပ်မယ့်စည်းကမ်းအမိန့်များကြောင့် ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြားက လူပေါင်း ၁ ဒသမ ၄ သန်းကျော် ဟာ မိခင်နိုင်ငံကို ပြန်ပို့ခံရဖွယ်ရှိနေပါတယ်။
Zawgyi Version:
တ႐ုတ္အေရး၊ ေ႐ႊ႕ေျပာင္းသြားလာသူအေရးမ်ားအတြက္ အေမရိကန္သမၼတနဲ႔ေတြ႕ဆုံေဆြးေႏြးမယ္လို႔ ဖိလစ္ပိုင္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃၁
ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာဟာ ေ႐ႊ႕ေျပာင္းသြားလာသူေတြကိစၥ အပါအဝင္ အျခားကိစၥေတြကို အေမရိကန္သမၼတ အသစ္ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတအသစ္ေဒၚနယ္ထရမ့္ရဲ႕ေ႐ႊ႕ေျပာင္းသြားသြားလာသူေတြကို တားျမစ္ပိတ္ပင္မယ့္အမိန႔္ေၾကာင့္ အေမရိကန္ႏိုင္ငံအတြင္း ေနထိုင္ေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံသားအမ်ားစု ထိခိုက္ဖြယ္ရွိေနပါတယ္။ မာကိုစ့္ဟာ အေမရိကန္သမၼတအသစ္နဲ႔ ဘယ္အခ်ိန္မွာ ေတြ႕ဆုံေဆြးေႏြးမလဲဆိုတဲ့အခ်က္ကို အတိအက်ေျပာဆိုျခင္းမ်ိဳးမရွိေပမယ့္ ေ႐ႊ႕ေျပာင္းသြားလာသူေတြနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္အစိုးရရဲ႕မူဝါဒေတြ ဘယ္ေလာက္အထိ သက္ေရာက္မႈရွိႏိုင္မလဲ ဆိုတာကို မၾကာမီေတြ႕ျမင္ရဖြယ္ရွိေနေၾကာင္း ေျပာပါတယ္။
ဖိလစ္ပိုင္သမၼတက အေမရိကန္ႏိုင္ငံထုတ္ တိုင္ဖြန္းဒုံးက်ည္ကိုလည္း အေမရိကန္ႏိုင္ငံအကူညီနဲ႔ ျဖန႔္ၾကတ္ခ်ထားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္နဲ႔ တ႐ုတ္ႏိုင္ငံၾကား အျငင္းပြားမႈေတြ၊ တင္းမာမႈေတြျဖစ္ပြားေနခ်ိန္မွာ ဖိလစ္ပိုင္အစိုးရက အေမရိကန္ႏိုင္ငံအကူညီနဲ႔ ဒုံးက်ည္ေတြကို ျဖန႔္ၾကတ္ခ်ထားဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။
တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံထုတ္ ဒုံးက်ည္ေတြျဖန႔္ၾကတ္ခ်ထားမယ္ဆိုရင္ ေဒသအတြင္း တင္းမာမႈအရွိန္ ျမင့္တက္လာဖြယ္ရွိေနေၾကာင္း မၾကာေသးမီက သတိေပးခဲ့ပါတယ္။ ဖိလစ္ပိုင္သမၼတက "အေမရိကန္ထုတ္ တိုက္ဖြန္း ဒုံးက်ည္နဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရရဲ႕မွတ္ခ်က္ေတြကို နားမလည္ဘူး။ ကြၽန္ေတာ္တို႔လည္း အဲဒီဒံးက်ည္နဲ႔ ပတ္သက္ၿပီးမွတ္ခ်က္ျပဳေျပာလိုျခင္းမရွိဘူး။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံဟာ ကြၽန္ေတာ္တို႔ပိုင္နက္ေတြကို ပိုင္ဆိုင္ဖို႔ ႀကိဳးပမ္းတာ ရပ္တန႔္ရမွာျဖစ္သလို ဖိလစ္ပိုင္ငါးဖမ္းသမားေတြကို ထိခိုက္နစ္နာေအာင္လုပ္ေဆာင္တာမ်ိဳးေတြ မလုပ္သင့္ဘူး။ ဖိလစ္ပိုင္ငါးဖမ္းေလွေတြကို အင္အားသုံးတာမ်ိဳးမျဖစ္ေစလိုဘူး" လို႔ ေျပာပါတယ္။
အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ထရမ့္သမၼတအျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ ထုတ္ျပန္ခဲ့တဲ့ ေ႐ႊ႕ေျပာင္းသြားလာသူေတြကို တင္းၾကပ္မယ့္စည္းကမ္းအမိန႔္မ်ားေၾကာင့္ ကမာၻတဝွမ္းရွိ ႏိုင္ငံအမ်ားအျပားက လူေပါင္း ၁ ဒသမ ၄ သန္းေက်ာ္ ဟာ မိခင္ႏိုင္ငံကို ျပန္ပို႔ခံရဖြယ္ရွိေနပါတယ္။