ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ်ထောက်ပံ့ငွေများကို ရပ်ဆိုင်းပြီးနောက် ဂျော့ဆိုးရော့စ်ရဲ့သားက ကြားဖြတ် အစိုးရခေါင်းဆောင် ယူနွတ်နှင့်တွေ့ဆုံ
821
Htay Oung (NP News) - ဇန်နဝါရီ ၃၁
သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်အပေါ် အမေရိတန်ရဲ့ရန်ပုံငွေထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီး နောက် ဂျော့ဆိုးရော့စ်ရဲ့သားဖြစ်သူက ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်နဲ့ ဒါကာမြို့မှာ လာရောက် တွေ့ဆုံကြောင်း၊ သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုဟာ သုံးလအတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ဖယ်ရှားခံရတဲ့ ရှိတ်ဟာစီနာ အစိုးရနေရာမှာ နိုဘယ်ဆုရှင်က ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်အဖြစ်တာဝန်ယူပြီး ရက်သတ္တပတ် အနည်းငယ် အကြာ အောက်တိုဘာလ နယူးယောက်မြို့မှာလည်း တွေ့ဆုံခဲ့ကြဖူးတယ်လို့ နယူးဒေလီအခြေစိုက် “အိန္ဒိယ တူဒေး” ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်က ရေးသားပါတယ်။
ဗုဒ္ဓဟူးနေ့ ဒါကာမြို့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်များအပေါ် ထောက်ခံကြောင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အလက်ဇန္ဒြား ဆိုးရော့စ်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (OSF) ဥက္ကဋ္ဌ “ဘိုင်နာဂျီ_နောင်ရိုဂျီး” တို့က ပြောဆိုတယ်လို့ သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုများ၊ ကဲ့ထုတ်ခံထားရတဲ့ နိုင်ငံ့ဘဏ္ဍာများကို ခြေရာခံရန်၊ သတင်းမှားများ တိုက်ဖျက်ရန်နဲ့ အခြားအရေးကြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများအကြောင်းကို ဆွေးနွေး ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မီဒီယာရဲ့အဆိုအရ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ ပိုင်ဆိုင်မှုများ ပြန်လည် ရရှိရေး၊ ဆိုက်ဘာလုံခြုံရေးဥပဒေအသစ်များနဲ့ ရိုဟင်ဂျာအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးကိစ္စတို့ဟာ ဆွေးနွေး ရာမှာ အဓိကအကြောင်းအရာများဖြစ်တယ်လို့ သိရှိရပါတယ်။
ယမန်နှစ် အောက်တိုဘာ ၃ ရက် နယူးယောက်မြို သူတို့နှစ်ဦးတွေ့ဆုံရာမှာ အလက်ဇန္ဒြားဆိုးရော့စ်က ယူနွတ်ကို " အဖေ့ မိတ်ဆွေဟောင်းကြီး" လို့ ရင်းနှီးစွာ ခေါ်ဆိုခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အသေးစားငွေကြေးချေးငှားရေးနဲ့ လူမှုရေးလုပ်ငန်းများမှာ လူသိများတဲ့ ယူနွတ်ဟာ (နာမည်ဆိုးနဲ့ ကျော်ကြားတဲ့) ဘီလီယံနာ သူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်နဲ့ ငွေကြေးပိုင်းဆိုင်ရာ အဆက်အသွယ်ရှိတယ်လို့ အိန္ဒိယသတင်းစာက ရေးပါ တယ်။
တရားမျှတမှု၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းများနဲ့ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးကိစ္စများမှာ ရက်ရောစွာ ကူညီ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ရန်ပုံငွေအဖွဲ့ Open Society Foundations (OSF) “ပွင့်လင်းလူ့အဖွဲ့ အစည်းဖောင်ဒေးရှင်း” မှာ အာဖရိက ကင်ညာနိုင်ငံသူ “ဘိုင်နာဂျီ နောင်ရိုဂျီး” က ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဂျော့ဆိုးရော့စ် ထူထောင်တဲ့ အဲဒီဖောင်ဒေးရှင်းမှာ သူ့ရဲ့ သားသမီး ၅ ယောက်အနက်တစ်ဦးဖြစ်သူ အလက်ဇန္ဒြားဆိုးရော့စ်က ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌဖြစ်ပြီး၊ ဆိုးရော့စ်ရင်းနှီးမြှုပ်နှံမှု ကော်မတီမှာလည်း ပါဝင်ပါတယ်။
OSF ဟာ အမေရိကန် ဒီမိုကရက်တစ်ပါတီနဲ့ အလွန်ရင်းနှီးပြီး အဲ့ဒီ အရှိန်အဝါနဲ့ပဲ နိုင်ငံတကာအစိုးရအဖွဲ့များထံ ချဉ်းကပ်လေ့ရှိတယ်လို့ ပြောစမှတ်ရှိပါတယ်။ စင်္ကာပူ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံအတော်များများမှာ OSF ရဲ့ ရုံးခွဲများ တရားဝင် ဖွင့်လှစ်ထားပြီး အလက်ဇန္ဒြားဆိုးရော့စ် (၃၉-နှစ်) ဟာ အမေရိ ကန်သမ္မတဟောင်း ကလင်တန်ရဲ့ဇနီး၊ အိုဘားမားအစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ရဲ့ ထိပ်တန်း လက်ထောက်ပုဂ္ဂိုလ် အိန္ဒိယ-ပါကစ္စတန်နွယ်ဖွား အမေရိကန်သူ ဟူမာ အဘိုင်ဒင် (၄၉-နှစ်) နဲ့ တွဲခုတ်နေသူဖြစ်ကြောင်း လူသိများပါတယ်။
(အမေရိကန် ဒေါ်နယ်ထရမ့်အပါဝင် ရီပတ်ဘလစ်ကင်ခေါင်းဆောင်များနဲ့ ဂျော့ဆိုးရော့စ်ဟာ တဇောင်းစေးနဲ့ မျက်ချေး ဖြစ်ပြီး ၂၀၁၇- ၂၀၂၁ ခုနှစ် ထရမ့်ထောက်ခံသူများက ဂျော့ဆိုးရော့စ်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တရားစွဲဆို ဖို့အထိ ဆောင်ရွက်ခဲ့ကြဖူးပါတယ်။)
ဆိုးရော့စ်သားအဖရဲ့ OSF ဟာ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကတိုက်တို့ရှိ အစိုးရ အဖွဲ့ အပြောင်းအလဲဖြစ်ရတဲ့ကိစ္စများမှာ ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံထားရပါတယ်။ လွန်ခဲ့တဲ့နှစ် သြဂုတ် လ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိတ်ဟာစီနာကို ဖြုတ်ချရာမှာလည်း ဆိုးရော့စ်ရဲ့ OSF ပါဝင်တယ်လို့ အချို့က ငြင်းခုန် နေကြဆဲဖြစ် ပါတယ်။
(၂၀၂၄-ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်မှာ အတိုက်အခံနိုင်ငံရေးပါတီများရဲ့ ကန့်ကွက်ခြင်း၊ လူထု လူတန်းစား အလွှာအချို့ရဲ့ဆန္ဒပြမှုများကြောင့် ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ခဲ့ပါတယ်။ အတိုက်အခံများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတဲ့ ရွေးကောက်ပွဲများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စိန့်မာတင်ကျွန်းမှာ အမေရိကန် စစ်အခြေစိုက်စခန်း ဖွင့်လှစ်ခွင့်ပြုခြင်းဖြင့် ကျော်လွှားနိုင်ကြောင်း သူ့ကိုလူဖြူတစ်ဦးက လာရောက် ကမ်းလှမ်းတယ်လို့ ရှိတ်ဟာစီနာက အဲ့ဒီအချိန် လူသိရှင်ကြားပြောခဲ့ဖူးတယ်)
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား (ကူကီး ချင်းတို့ အများဆုံးနေထိုင်ရာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဟု ခန့်မှန်း ရ) ဒေသအတွင်း ခရစ်ယာန်နိုင်ငံတစ်ခု ပေါ်ပေါက်လာရေးမှာ အမေရိကန်ပါဝင်ပတ်သက်ကြောင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ အဆင်ပြေရေးကို စိန်မာတင်ကျွန်းစစ် စခန်းဖွင့်ခွင့်နဲ့ အလဲအလှယ်လုပ်ဖို့ လာရောက်အပေးအယူလုပ်သူ အမေရိတန်ဆိုတာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောဆိုခြင်း မရှိခဲ့ပါဘူး၊ အိမ်ဖြူတော်ကတော့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းရဲ့ပြောဆိုချက်တွေကို ငြင်းဆို ပါတယ်။
အသက် ၉၄ နှစ်အရွယ် ဟန်ဂေရီ-ဂျူးနွယ်ဖွား ပရဟိတအလှူရှင် အမေရိကန် ရင်းနှီးမြုပ်နှံသူ ဂျော့ဆိုးရော့စ် နဲ့ သူ့ရဲ့ OSF အဖွဲ့အစည်းတို့ဟာ မကြာသေးမီကပင် အိန္ဒိယသတင်းစာများရဲ့ ခေါင်းစီးပိုင်းမှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။ (ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ ရင်းနှီးသူ) “အိန္ဒိယ အက်ဒါနီအုပ်စု” က စီစဉ်နေတဲ့ ရင်းနှီးမြှုပ် နှံှမှုများဟာ အငြင်းပွားဖွယ်ရာ မော်ရေးသျှနိုင်ငံ အခြေခံရန်ပုံငွေများမှဖြစ်ကြောင်း NGO အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ (OCRP) က ဖော်ထုတ်ရေးသားခဲ့ပါတယ်။ နိုင်ငံပေါင်း ၆-နိုင်ငံက သတင်းထောက်များနဲ့ ဖွဲ့စည်းထားတဲ့ “ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုဆိုင်ရာ သတင်းများ ပရောဂျက်” ခေါ် OCRP ကို နောက်ကွယ်က ငွေကြေး ထောက်ပံသူ ဟာ OSF ထူထောင်သူ ဂျော့ဆိုးရော့စ်ဖြစ်တယ်လို့ ဆိုပါတယ်။
မကြာသေးမီကလည်း အိန္ဒိယ ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီဟာ ဆိုးရော့စ်ထံမှ ရန်ပုံငွေရယူထား တဲ့ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်မှုများရှိနေတယ်လို့ မိုဒီရဲ့ “ဘာဂရတ်တီယာ ဂျနာတာ ” BJP ပါတီက စွပ်စွဲ ခဲ့ပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းရဲ့ လှုပ်ရှားမှုတွေဆိုတာ သူတို့နဲ့ မသင့်မြတ်တဲ့ အစိုးရ မူဝါဒ များကို ကန့်လန့်တိုက် ပြီး ပြစ်တင်ဝေဖန်တဲ့ အဖွဲ့အစည်းများကို ပံ့ပိုးပေးနေခြင်း ဖြစ်တယ်လို့ အိန္ဒိယမှာ စွပ်စွဲခံထားရပါတယ်။
#ကြားဖြတ်အစိုးရခေါင်းဆောင်ယူနွတ် #စိန့်မာတင်ကျွန်း_အမေရိကန်စစ်အခြေစိုက်စခန်း #ဘင်္ဂလားဒေ့ရှ် #သမ္မတဒေါ်နယ်ထရမ့် #အလက်ဇန္ဒြားဆိုးရော့စ် #ပွင့်လင်းလူ့အဖွဲ့အစည်း #ဂျော့ဆိုးရော့စ်
(India Today., 30 January 2025” George Soros's son meets Yunus after Trump halts funding to Bangladesh” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်း။)
Zawgyi Version:
ေဒၚနယ္ထရမ့္က ဘဂၤလားေဒ့ရွ္အေပၚေထာက္ပံ့ေငြမ်ားကို ရပ္ဆိုင္းၿပီးေနာက္ ေဂ်ာ့ဆိုးေရာ့စ္ရဲ႕သားက ၾကားျဖတ္ အစိုးရေခါင္းေဆာင္ ယူႏြတ္ႏွင့္ေတြ႕ဆုံ
Htay Oung (NP News) - ဇန္နဝါရီ ၃၁
သမၼတျဖစ္လာသူ ေဒၚနယ္ထရမ့္က ဘဂၤလားေဒ့ရွ္အေပၚ အေမရိတန္ရဲ႕ရန္ပုံေငြေထာက္ပံ့မႈမ်ားကို ရပ္ဆိုင္းလိုက္ၿပီး ေနာက္ ေဂ်ာ့ဆိုးေရာ့စ္ရဲ႕သားျဖစ္သူက ၾကားျဖတ္အစိုးရေခါင္းေဆာင္ မိုဟာမက္ယူႏြတ္နဲ႔ ဒါကာၿမိဳ႕မွာ လာေရာက္ ေတြ႕ဆုံေၾကာင္း၊ သူတို႔ႏွစ္ဦးရဲ႕ေတြ႕ဆုံမႈဟာ သုံးလအတြင္း ဒုတိယအႀကိမ္ျဖစ္ေၾကာင္း၊ ဖယ္ရွားခံရတဲ့ ရွိတ္ဟာစီနာ အစိုးရေနရာမွာ ႏိုဘယ္ဆုရွင္က ၾကားျဖတ္အစိုးရ အႀကံေပးအရာရွိခ်ဳပ္အျဖစ္တာဝန္ယူၿပီး ရက္သတၱပတ္ အနည္းငယ္ အၾကာ ေအာက္တိုဘာလ နယူးေယာက္ၿမိဳ႕မွာလည္း ေတြ႕ဆုံခဲ့ၾကဖူးတယ္လို႔ နယူးေဒလီအေျခစိုက္ “အိႏၵိယ တူေဒး” ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၃ဝ ရက္က ေရးသားပါတယ္။
ဗုဒၶဟူးေန႔ ဒါကာၿမိဳ႕ ေတြ႕ဆုံရာမွာ ဘဂၤလားေဒ့ရွ္ၾကားျဖတ္အစိုးရရဲ႕ျပဳျပင္ေျပာင္းလဲေရးအစီအစဥ္မ်ားအေပၚ ေထာက္ခံေၾကာင္း ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ အလက္ဇျႏၵား ဆိုးေရာ့စ္နဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္း (OSF) ဥကၠ႒ “ဘိုင္နာဂ်ီ_ေနာင္႐ိုဂ်ီး” တို႔က ေျပာဆိုတယ္လို႔ သူ႔ရဲ႕ X လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားပါတယ္။
ဘဂၤလားေဒ့ရွ္ရဲ႕ စီးပြားေရးျပန္လည္တည္ေဆာက္ရန္ ႀကိဳးပမ္းမႈမ်ား၊ ကဲ့ထုတ္ခံထားရတဲ့ ႏိုင္ငံ့ဘ႑ာမ်ားကို ေျခရာခံရန္၊ သတင္းမွားမ်ား တိုက္ဖ်က္ရန္နဲ႔ အျခားအေရးႀကီး စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ားအေၾကာင္းကို ေဆြးေႏြး ၾကတယ္လို႔ ဆိုပါတယ္။
ဘဂၤလားေဒ့ရွ္မီဒီယာရဲ႕အဆိုအရ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈမ်ား၊ သတင္းမီဒီယာလြတ္လပ္ခြင့္၊ ပိုင္ဆိုင္မႈမ်ား ျပန္လည္ ရရွိေရး၊ ဆိုက္ဘာလုံၿခဳံေရးဥပေဒအသစ္မ်ားနဲ႔ ႐ိုဟင္ဂ်ာအက်ပ္အတည္း ကိုင္တြယ္ေျဖရွင္းေရးကိစၥတို႔ဟာ ေဆြးေႏြး ရာမွာ အဓိကအေၾကာင္းအရာမ်ားျဖစ္တယ္လို႔ သိရွိရပါတယ္။
ယမန္ႏွစ္ ေအာက္တိုဘာ ၃ ရက္ နယူးေယာက္ၿမိဳ သူတို႔ႏွစ္ဦးေတြ႕ဆုံရာမွာ အလက္ဇျႏၵားဆိုးေရာ့စ္က ယူႏြတ္ကို " အေဖ့ မိတ္ေဆြေဟာင္းႀကီး" လို႔ ရင္းႏွီးစြာ ေခၚဆိုခဲ့ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ အေသးစားေငြေၾကးေခ်းငွားေရးနဲ႔ လူမႈေရးလုပ္ငန္းမ်ားမွာ လူသိမ်ားတဲ့ ယူႏြတ္ဟာ (နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့) ဘီလီယံနာ သူေ႒းႀကီး ေဂ်ာ့ဆိုးေရာ့စ္နဲ႔ ေငြေၾကးပိုင္းဆိုင္ရာ အဆက္အသြယ္ရွိတယ္လို႔ အိႏၵိယသတင္းစာက ေရးပါ တယ္။
တရားမွ်တမႈ၊ ဒီမိုကေရစီအေလ့အက်င့္ေကာင္းမ်ားနဲ႔ အုပ္ခ်ဳပ္ေရး၊ လူ႔အခြင့္အေရးကိစၥမ်ားမွာ ရက္ေရာစြာ ကူညီ ေထာက္ပံ့ေပးေနတဲ့ ကမာၻ႔အႀကီးဆုံး ပုဂၢလိက ရန္ပုံေငြအဖြဲ႕ Open Society Foundations (OSF) “ပြင့္လင္းလူ႔အဖြဲ႕ အစည္းေဖာင္ေဒးရွင္း” မွာ အာဖရိက ကင္ညာႏိုင္ငံသူ “ဘိုင္နာဂ်ီ ေနာင္႐ိုဂ်ီး” က ဥကၠ႒ ျဖစ္ပါတယ္။ ေဂ်ာ့ဆိုးေရာ့စ္ ထူေထာင္တဲ့ အဲဒီေဖာင္ေဒးရွင္းမွာ သူ႔ရဲ႕ သားသမီး ၅ ေယာက္အနက္တစ္ဦးျဖစ္သူ အလက္ဇျႏၵားဆိုးေရာ့စ္က ဒါ႐ိုက္တာအဖြဲ႕ ဥကၠ႒ျဖစ္ၿပီး၊ ဆိုးေရာ့စ္ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီမွာလည္း ပါဝင္ပါတယ္။
OSF ဟာ အေမရိကန္ ဒီမိုကရက္တစ္ပါတီနဲ႔ အလြန္ရင္းႏွီးၿပီး အဲ့ဒီ အရွိန္အဝါနဲ႔ပဲ ႏိုင္ငံတကာအစိုးရအဖြဲ႕မ်ားထံ ခ်ဥ္းကပ္ေလ့ရွိတယ္လို႔ ေျပာစမွတ္ရွိပါတယ္။ စကၤာပူ ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံအေတာ္မ်ားမ်ားမွာ OSF ရဲ႕ ႐ုံးခြဲမ်ား တရားဝင္ ဖြင့္လွစ္ထားၿပီး အလက္ဇျႏၵားဆိုးေရာ့စ္ (၃၉-ႏွစ္) ဟာ အေမရိ ကန္သမၼတေဟာင္း ကလင္တန္ရဲ႕ဇနီး၊ အိုဘားမားအစိုးရလက္ထက္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဟီလာရီ ကလင္တန္ရဲ႕ ထိပ္တန္း လက္ေထာက္ပုဂၢိဳလ္ အိႏၵိယ-ပါကစၥတန္ႏြယ္ဖြား အေမရိကန္သူ ဟူမာ အဘိုင္ဒင္ (၄၉-ႏွစ္) နဲ႔ တြဲခုတ္ေနသူျဖစ္ေၾကာင္း လူသိမ်ားပါတယ္။
(အေမရိကန္ ေဒၚနယ္ထရမ့္အပါဝင္ ရီပတ္ဘလစ္ကင္ေခါင္းေဆာင္မ်ားနဲ႔ ေဂ်ာ့ဆိုးေရာ့စ္ဟာ တေဇာင္းေစးနဲ႔ မ်က္ေခ်း ျဖစ္ၿပီး ၂၀၁၇- ၂၀၂၁ ခုႏွစ္ ထရမ့္ေထာက္ခံသူမ်ားက ေဂ်ာ့ဆိုးေရာ့စ္ကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC မွာ တရားစြဲဆို ဖို႔အထိ ေဆာင္႐ြက္ခဲ့ၾကဖူးပါတယ္။)
ဆိုးေရာ့စ္သားအဖရဲ႕ OSF ဟာ အေရွ႕ဥေရာပ၊ အေရွ႕အလယ္ပိုင္းနဲ႔ လက္တင္အေမရိကတိုက္တို႔ရွိ အစိုးရ အဖြဲ႕ အေျပာင္းအလဲျဖစ္ရတဲ့ကိစၥမ်ားမွာ ပါဝင္ပတ္သက္ေၾကာင္း စြပ္စြဲခံထားရပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ၾသဂုတ္ လ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ရွိတ္ဟာစီနာကို ျဖဳတ္ခ်ရာမွာလည္း ဆိုးေရာ့စ္ရဲ႕ OSF ပါဝင္တယ္လို႔ အခ်ိဳ႕က ျငင္းခုန္ ေနၾကဆဲျဖစ္ ပါတယ္။
(၂၀၂၄-ခုႏွစ္ ေ႐ြးေကာက္ပြဲမတိုင္မီ ဘဂၤလားေဒ့ရွ္မွာ အတိုက္အခံႏိုင္ငံေရးပါတီမ်ားရဲ႕ ကန႔္ကြက္ျခင္း၊ လူထု လူတန္းစား အလႊာအခ်ိဳ႕ရဲ႕ဆႏၵျပမႈမ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ ႏိုင္ငံေရးအက်ပ္အတည္းျဖစ္ေပၚခဲ့ပါတယ္။ အတိုက္အခံမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း မရွိတဲ့ ေ႐ြးေကာက္ပြဲမ်ား အဆင္ေျပေခ်ာေမြ႕စြာ က်င္းပႏိုင္ေရးအတြက္ စိန႔္မာတင္ကြၽန္းမွာ အေမရိကန္ စစ္အေျခစိုက္စခန္း ဖြင့္လွစ္ခြင့္ျပဳျခင္းျဖင့္ ေက်ာ္လႊားႏိုင္ေၾကာင္း သူ႔ကိုလူျဖဴတစ္ဦးက လာေရာက္ ကမ္းလွမ္းတယ္လို႔ ရွိတ္ဟာစီနာက အဲ့ဒီအခ်ိန္ လူသိရွင္ၾကားေျပာခဲ့ဖူးတယ္)
ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား (ကူကီး ခ်င္းတို႔ အမ်ားဆုံးေနထိုင္ရာ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဟု ခန႔္မွန္း ရ) ေဒသအတြင္း ခရစ္ယာန္ႏိုင္ငံတစ္ခု ေပၚေပါက္လာေရးမွာ အေမရိကန္ပါဝင္ပတ္သက္ေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာက စြပ္စြဲခဲ့ပါတယ္။ ဒါေပမယ့္ ေ႐ြးေကာက္ပြဲ အဆင္ေျပေရးကို စိန္မာတင္ကြၽန္းစစ္ စခန္းဖြင့္ခြင့္နဲ႔ အလဲအလွယ္လုပ္ဖို႔ လာေရာက္အေပးအယူလုပ္သူ အေမရိတန္ဆိုတာ ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းေျပာဆိုျခင္း မရွိခဲ့ပါဘူး၊ အိမ္ျဖဴေတာ္ကေတာ့ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ေျပာဆိုခ်က္ေတြကို ျငင္းဆို ပါတယ္။
အသက္ ၉၄ ႏွစ္အ႐ြယ္ ဟန္ေဂရီ-ဂ်ဴးႏြယ္ဖြား ပရဟိတအလႉရွင္ အေမရိကန္ ရင္းႏွီးျမဳပ္ႏွံသူ ေဂ်ာ့ဆိုးေရာ့စ္ နဲ႔ သူ႔ရဲ႕ OSF အဖြဲ႕အစည္းတို႔ဟာ မၾကာေသးမီကပင္ အိႏၵိယသတင္းစာမ်ားရဲ႕ ေခါင္းစီးပိုင္းမွာ ေဖာ္ျပျခင္း ခံခဲ့ရပါတယ္။ (ဝန္ႀကီးခ်ဳပ္ နာရင္ျဒာ မိုဒီနဲ႔ ရင္းႏွီးသူ) “အိႏၵိယ အက္ဒါနီအုပ္စု” က စီစဥ္ေနတဲ့ ရင္းႏွီးျမႇဳပ္ ႏွံွမႈမ်ားဟာ အျငင္းပြားဖြယ္ရာ ေမာ္ေရးသွ်ႏိုင္ငံ အေျခခံရန္ပုံေငြမ်ားမွျဖစ္ေၾကာင္း NGO အဖြဲ႕အစည္းတစ္ခု ျဖစ္တဲ့ (OCRP) က ေဖာ္ထုတ္ေရးသားခဲ့ပါတယ္။ ႏိုင္ငံေပါင္း ၆-ႏိုင္ငံက သတင္းေထာက္မ်ားနဲ႔ ဖြဲ႕စည္းထားတဲ့ “ရာဇဝတ္မႈ၊ အက်င့္ပ်က္ျခစားမႈဆိုင္ရာ သတင္းမ်ား ပေရာဂ်က္” ေခၚ OCRP ကို ေနာက္ကြယ္က ေငြေၾကး ေထာက္ပံသူ ဟာ OSF ထူေထာင္သူ ေဂ်ာ့ဆိုးေရာ့စ္ျဖစ္တယ္လို႔ ဆိုပါတယ္။
မၾကာေသးမီကလည္း အိႏၵိယ ကြန္ဂရက္ပါတီေခါင္းေဆာင္ ဆိုနီယာဂႏၵီဟာ ဆိုးေရာ့စ္ထံမွ ရန္ပုံေငြရယူထား တဲ့ အဖြဲ႕အစည္းမ်ားနဲ႔ ခ်ိတ္ဆက္မႈမ်ားရွိေနတယ္လို႔ မိုဒီရဲ႕ “ဘာဂရတ္တီယာ ဂ်နာတာ ” BJP ပါတီက စြပ္စြဲ ခဲ့ပါတယ္။ ပြင့္လင္းလူ႔အဖြဲ႕အစည္း ေဖာင္ေဒးရွင္းရဲ႕ လႈပ္ရွားမႈေတြဆိုတာ သူတို႔နဲ႔ မသင့္ျမတ္တဲ့ အစိုးရ မူဝါဒ မ်ားကို ကန႔္လန႔္တိုက္ ၿပီး ျပစ္တင္ေဝဖန္တဲ့ အဖြဲ႕အစည္းမ်ားကို ပံ့ပိုးေပးေနျခင္း ျဖစ္တယ္လို႔ အိႏၵိယမွာ စြပ္စြဲခံထားရပါတယ္။
#ၾကားျဖတ္အစိုးရေခါင္းေဆာင္ယူႏြတ္ #စိန႔္မာတင္ကြၽန္း_အေမရိကန္စစ္အေျခစိုက္စခန္း #ဘဂၤလားေဒ့ရွ္ #သမၼတေဒၚနယ္ထရမ့္ #အလက္ဇျႏၵားဆိုးေရာ့စ္ #ပြင့္လင္းလူ႔အဖြဲ႕အစည္း #ေဂ်ာ့ဆိုးေရာ့စ္
(India Today., 30 January 2025” George Soros's son meets Yunus after Trump halts funding to Bangladesh” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္း။)