စစ်ကိုင်းနှင့်ရှမ်းမှ သကြားစက်များ ပြန်လည်လည်ပတ်လာသဖြင့် သကြားဈေးကွက် ကျဆင်းလာနိုင်

 914

ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၃၁

ယခုနှစ် ကြံရာသီ၌ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်မြောက်ပိုင်း)မှ သကြားစက်များ အပြည့်အဝလည်ပတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းအတွင်း မောင်းကုန်းသကြားစက်၊ MEC သကြားစက်၊ Ever Green သကြားစက်၊ ရှမ်းမြောက်ဒေသမှ ငွေရည်ပုလဲ သကြားစက်၊ ရှမ်းတောင်ဒေသမှ မြဘုရင်သကြားစက်တို့ အပြည့်အဝလည်ပတ်မည်ဟု အထက်ပါအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘ပြည်တွင်းသကြား အထွက်နှုန်း လျော့ကျစရာမရှိသလို သကြား အထွက်တိုးလာပါမယ်”ဟု အသင်းတာဝန်ရှိသူက ဆက်ပြောသည်။ (၂၀၂၄-၂၀၂၅)ခုနှစ်ထုတ် ပြည်တွင်းသကြားဈေးနှုန်း မှာ တည်ငြိမ်နေပြီး တစ်ပိဿာ (၄၈၀ဝ)မှ (၅၁၀ဝ)ကျပ်အထိ ပေါက်ဈေးရှိသည်။ ယခုနှစ်အတွက် ကြံတစ်တန်ပေါက် ဈေးမှာ (၁၈၀ဝဝဝ)မှ (၂၀ဝဝဝ၀)ကျပ် သတ်မှတ်ပြီး စက်ရုံ များမှတစ်ဆင့် ဝယ်ယူနေကြခြင်းဖြစ်သည်။
လက်ရှိ ပြည်တွင်းသကြားအရောင်းအဝယ်မှာ ကျဆင်းမှုမရှိဘဲတည်ငြိမ်နေပြီး လာမည့် လများအတွင်း သကြား အသစ်များထွက်ရှိလာချိန်တွင် ပြည်တွင်းဈေး အနည်းငယ်ကျဆင်းနိုင်ကြောင်းလည်း ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းထားသည်။
ယခင်နှစ် ကြံရာသီတွင် ပြည်ပကို သကြား တန်ချိန် (၅၀ဝဝဝ - ၆၀ဝဝဝ) ခန့်သာ တင်ပို့နိုင်ခဲ့ပြီး တင်ပို့နိုင်မှု လျော့ကျခဲ့ကြောင်းသိရသည်။
လက်ရှိ နိုင်ငံတကာသကြားပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၅၄၀) ဈေးရှိပြီး ပြည်တွင်းဈေး ထက်လျော့ကျနေကြောင်း သကြားကုန်သည်များထံမှ သိရသည်။

Zawgyi Version:
စစ္ကိုင္းႏွင့္ရွမ္းမွ သၾကားစက္မ်ား ျပန္လည္လည္ပတ္လာသျဖင့္ သၾကားေဈးကြက္ က်ဆင္းလာႏိုင္
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၃၁

ယခုႏွစ္ ႀကံရာသီ၌ စစ္ကိုင္းတိုင္းႏွင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္း)မွ သၾကားစက္မ်ား အျပည့္အဝလည္ပတ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသၾကားႏွင့္ ႀကံထြက္ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
စစ္ကိုင္းတိုင္းအထက္ပိုင္းအတြင္း ေမာင္းကုန္းသၾကားစက္၊ MEC သၾကားစက္၊ Ever Green သၾကားစက္၊ ရွမ္းေျမာက္ေဒသမွ ေငြရည္ပုလဲ သၾကားစက္၊ ရွမ္းေတာင္ေဒသမွ ျမဘုရင္သၾကားစက္တို႔ အျပည့္အဝလည္ပတ္မည္ဟု အထက္ပါအသင္းမွတာဝန္ရွိသူတစ္ဦးက ေျပာသည္။ ‘‘ျပည္တြင္းသၾကား အထြက္ႏႈန္း ေလ်ာ့က်စရာမရွိသလို သၾကား အထြက္တိုးလာပါမယ္”ဟု အသင္းတာဝန္ရွိသူက ဆက္ေျပာသည္။ (၂၀၂၄-၂၀၂၅)ခုႏွစ္ထုတ္ ျပည္တြင္းသၾကားေဈးႏႈန္း မွာ တည္ၿငိမ္ေနၿပီး တစ္ပိႆာ (၄၈၀ဝ)မွ (၅၁၀ဝ)က်ပ္အထိ ေပါက္ေဈးရွိသည္။ ယခုႏွစ္အတြက္ ႀကံတစ္တန္ေပါက္ ေဈးမွာ (၁၈၀ဝဝဝ)မွ (၂၀ဝဝဝ၀)က်ပ္ သတ္မွတ္ၿပီး စက္႐ုံ မ်ားမွတစ္ဆင့္ ဝယ္ယူေနၾကျခင္းျဖစ္သည္။
လက္ရွိ ျပည္တြင္းသၾကားအေရာင္းအဝယ္မွာ က်ဆင္းမႈမရွိဘဲတည္ၿငိမ္ေနၿပီး လာမည့္ လမ်ားအတြင္း သၾကား အသစ္မ်ားထြက္ရွိလာခ်ိန္တြင္ ျပည္တြင္းေဈး အနည္းငယ္က်ဆင္းႏိုင္ေၾကာင္းလည္း ကုန္သည္အသိုင္းအဝိုင္းမွ ခန႔္မွန္းထားသည္။
ယခင္ႏွစ္ ႀကံရာသီတြင္ ျပည္ပကို သၾကား တန္ခ်ိန္ (၅၀ဝဝဝ - ၆၀ဝဝဝ) ခန႔္သာ တင္ပို႔ႏိုင္ခဲ့ၿပီး တင္ပို႔ႏိုင္မႈ ေလ်ာ့က်ခဲ့ေၾကာင္းသိရသည္။
လက္ရွိ ႏိုင္ငံတကာသၾကားေပါက္ေဈးမွာ တစ္တန္လွ်င္ အေမရိကန္ ေဒၚလာ (၅၄၀) ေဈးရွိၿပီး ျပည္တြင္းေဈး ထက္ေလ်ာ့က်ေနေၾကာင္း သၾကားကုန္သည္မ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.