NLD အစိုးရလက်ထက်က စာချုပ်တစ်ခုကြောင့် ရန်ကုန်- ပုသိမ်အဝေးပြေးလမ်း ပြင်ဆင်ရခက်ခဲနေ

 5355

ယွန်း (NP News) - ဇန်နဝါရီ ၃၁

NLD အစိုးရလက်ထက်က စာချုပ်တစ်ခုကြောင့် ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းပြင်ဆင်ရခက်ခဲနေကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ လုပ်ငန်းရှင်ကြီးတစ်ဦးက NP News သို့ ပြောသည်။
ရန်ကုန်- ပုသိမ်အဝေးပြေးကားလမ်းမမှာ ရန်ကုန်မှပုသိမ်အထိ တိုက်ရိုက်(၁၁၃ မိုင် ၂ ဖာလုံ) ရှည်လျားပြီး အဆိုပါလမ်း ပိုင်းကိုအဆင့်မြှင့်တင်ရေးအတွက် NLD အစိုးရက ပြီးခဲ့သည့် (၂၀၁၈)ခုနှစ် စက်တင်ဘာလတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ထံမှ (၃)နှစ်စာချုပ်ဖြင့် လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နေ သည်။
ADB ချေးငွေဖြင့် ဂျပန်နိုင်ငံမှပညာရှင်များကိုခေါ်ယူ၍ ဆောင်ရွက်သွားမည်ဟုဆိုကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက TTA (Temporary Transfer Agreement) ဖြင့် လွှဲပြောင်းယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံ တားအထိ အပိုင်းသည် ယာဉ်သွားလာမှုများပြားပြီး အရေးကြီးသောလမ်းပိုင်းဖြစ်သည့်အတွက် (၂၀၁၉)ခုနှစ် အောက်တိုဘာ(၁) ရက်မှစ၍ ကွန်ကရစ်လမ်းအဖြစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သန်း(၂၉၀ဝဝ) ဖြင့် စတင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ ရန်ကုန် တိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့ပေါင်း (၂၆) မြို့ဆက် သွယ်ရေးအတွက် အရေးပါသည့်လမ်းမကြီးဖြစ်ပြီး ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ယခင်ကာလက (၅) နာရီ ခန့်သွားလာရာမှ ယခု ကွန်ကရစ် လမ်းသစ်ပြီးစီးသွားပါက ယာဉ်ပိတ်ဆို့မှုမရှိဘဲ (၃) နာရီကျော်ဖြင့် သွားလာနိုင်တော့မည်ဆိုကာ NLD အစိုးရက ကြွေးကြော် ကြော်ခဲ့ဖူးသည်။
“ ADB ဆက်လုပ်တယ်။ လုပ်ရင်းနဲ့ သုံး နှစ်လည်းပြည့်သွားရော ဂျပန်တွေက အူကြောင် ကြောင်လုပ်နေတယ်။ မလုပ်တော့ဘူးလို့မပြောဘူး။ အူကြောင်ကြောင်လုပ်နေရာကနေပြီးတော့ အဲဒီတုန်း က(၂၀၁၉)မှာ စလုပ်လိုက်တဲ့ အခါကျတော့ (သမ္မတ ဟောင်း) ဦးဝင်းမြင့်ကြီးက ပုသိမ်နားကို ဖြတ်သွား ဖြတ်လာနဲ့ သူတို့ဧရာဝတီတိုင်းကို လုပ်ပြ ချင်တော့ ဘီလျံနှစ်ဆယ်ကျော်၊ ရန်ပုံငွေကနေပြီးတော့ ထပ် ချပေးပြီးတော့ အစိုးရဘတ်ဂျက်နဲ့လုပ်တာ။ ဂျပန် ကိုမစောင့်နိုင်လို့။ ဒါပေမဲ့ ဟိုဘက်ပိုင်းကတော့ ဂျပန်ကိုစောင့်ရင်းစောင့်ရင်းနဲ့ နိုင်ငံရေးကိစ္စတွေဖြစ်လည်း ဖြစ်ရော မနှစ်က (၂၀၂၃)လည်းကျရော၊ ဂျပန်က ဘိုင့်ဘိုင်လုပ်သွားရော။ မလုပ်တော့ဘူးလို့ ပြောတယ်”ဟု အထက်ပါသတင်း ရင်းမြစ်က NP News ကိုပြောသည်။
ထို့နောက် နိုင်ငံရေးအခင်းအကျင်းများဖြစ် ပေါ်လာပြီးနောက်ပိုင်းတွင် အဆိုပါလမ်းပိုင်းပြုပြင် ရေးမှာ ရပ်တန့် နေခဲ့ရခြင်းကြောင့် နစကအစိုးရက လုပ်ငန်းရှင်တစ်ဦးကို ရန်ကုန်-ပုသိမ်လမ်းပိုင်း၏တစ်ဝက်ဖြစ်သည့် မိုင်တိုင်(၅၄) အထိ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
ယခင်က အဆိုပါလမ်းပိုင်ပြုပြင်ရာတွင် တစ်မိုင်လျှင် ကျပ်သန်းပေါင်း(၂၀ဝဝ)ကျော် ကုန်ကျခဲ့ရာ လက်ရှိတွင် ခေတ်ကာလအခြေအနေအရ ကုန်ကျစရိတ်များပြားမှုကြောင့် လက်ရှိအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်ကြားတွင် ညှိနှိုင်း ရန်ခက်ခဲနေသည့် အလားအလာရှိကြောင်း အထက်ပါလုပ်ငန်းရှင်က ဆိုသည်။

Zawgyi Version:
NLD အစိုးရလက္ထက္က စာခ်ဳပ္တစ္ခုေၾကာင့္ ရန္ကုန္- ပုသိမ္အေဝးေျပးလမ္း ျပင္ဆင္ရခက္ခဲေန
ယြန္း (NP News) - ဇန္နဝါရီ ၃၁

NLD အစိုးရလက္ထက္က စာခ်ဳပ္တစ္ခုေၾကာင့္ ရန္ကုန္-ပုသိမ္အေဝးေျပးလမ္းျပင္ဆင္ရခက္ခဲေနေၾကာင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူ လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News သို႔ ေျပာသည္။
ရန္ကုန္- ပုသိမ္အေဝးေျပးကားလမ္းမမွာ ရန္ကုန္မွပုသိမ္အထိ တိုက္႐ိုက္(၁၁၃ မိုင္ ၂ ဖာလုံ) ရွည္လ်ားၿပီး အဆိုပါလမ္း ပိုင္းကိုအဆင့္ျမႇင့္တင္ေရးအတြက္ NLD အစိုးရက ၿပီးခဲ့သည့္ (၂၀၁၈)ခုႏွစ္ စက္တင္ဘာလတြင္ ပုဂၢလိက ကုမၸဏီတစ္ခု ထံမွ (၃)ႏွစ္စာခ်ဳပ္ျဖင့္ လႊဲေျပာင္းရယူခဲ့ျခင္းျဖစ္ကာ လက္ရွိတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရက လမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္းမ်ား ေဆာင္႐ြက္ေန သည္။
ADB ေခ်းေငြျဖင့္ ဂ်ပန္ႏိုင္ငံမွပညာရွင္မ်ားကိုေခၚယူ၍ ေဆာင္႐ြက္သြားမည္ဟုဆိုကာ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက TTA (Temporary Transfer Agreement) ျဖင့္ လႊဲေျပာင္းယူခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္မွ ဗိုလ္ျမတ္ထြန္းတံ တားအထိ အပိုင္းသည္ ယာဥ္သြားလာမႈမ်ားျပားၿပီး အေရးႀကီးေသာလမ္းပိုင္းျဖစ္သည့္အတြက္ (၂၀၁၉)ခုႏွစ္ ေအာက္တိုဘာ(၁) ရက္မွစ၍ ကြန္ကရစ္လမ္းအျဖစ္ ျပည္ေထာင္စုခြင့္ျပဳ ရန္ပုံေငြက်ပ္သန္း(၂၉၀ဝဝ) ျဖင့္ စတင္ေဆာင္ ႐ြက္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္-ပုသိမ္လမ္းမႀကီးမွာ ရန္ကုန္ တိုင္းႏွင့္ ဧရာဝတီတိုင္းရွိ ၿမိဳ႕ေပါင္း (၂၆) ၿမိဳ႕ဆက္ သြယ္ေရးအတြက္ အေရးပါသည့္လမ္းမႀကီးျဖစ္ၿပီး ရန္ကုန္ၿမိဳ႕မွ ပုသိမ္ၿမိဳ႕သို႔ ယခင္ကာလက (၅) နာရီ ခန႔္သြားလာရာမွ ယခု ကြန္ကရစ္ လမ္းသစ္ၿပီးစီးသြားပါက ယာဥ္ပိတ္ဆို႔မႈမရွိဘဲ (၃) နာရီေက်ာ္ျဖင့္ သြားလာႏိုင္ေတာ့မည္ဆိုကာ NLD အစိုးရက ေႂကြးေၾကာ္ ေၾကာ္ခဲ့ဖူးသည္။
“ ADB ဆက္လုပ္တယ္။ လုပ္ရင္းနဲ႔ သုံး ႏွစ္လည္းျပည့္သြားေရာ ဂ်ပန္ေတြက အူေၾကာင္ ေၾကာင္လုပ္ေနတယ္။ မလုပ္ေတာ့ဘူးလို႔မေျပာဘူး။ အူေၾကာင္ေၾကာင္လုပ္ေနရာကေနၿပီးေတာ့ အဲဒီတုန္း က(၂၀၁၉)မွာ စလုပ္လိုက္တဲ့ အခါက်ေတာ့ (သမၼတ ေဟာင္း) ဦးဝင္းျမင့္ႀကီးက ပုသိမ္နားကို ျဖတ္သြား ျဖတ္လာနဲ႔ သူတို႔ဧရာဝတီတိုင္းကို လုပ္ျပ ခ်င္ေတာ့ ဘီလ်ံႏွစ္ဆယ္ေက်ာ္၊ ရန္ပုံေငြကေနၿပီးေတာ့ ထပ္ ခ်ေပးၿပီးေတာ့ အစိုးရဘတ္ဂ်က္နဲ႔လုပ္တာ။ ဂ်ပန္ ကိုမေစာင့္ႏိုင္လို႔။ ဒါေပမဲ့ ဟိုဘက္ပိုင္းကေတာ့ ဂ်ပန္ကိုေစာင့္ရင္းေစာင့္ရင္းနဲ႔ ႏိုင္ငံေရးကိစၥေတြျဖစ္လည္း ျဖစ္ေရာ မႏွစ္က (၂၀၂၃)လည္းက်ေရာ၊ ဂ်ပန္က ဘိုင့္ဘိုင္လုပ္သြားေရာ။ မလုပ္ေတာ့ဘူးလို႔ ေျပာတယ္”ဟု အထက္ပါသတင္း ရင္းျမစ္က NP News ကိုေျပာသည္။
ထို႔ေနာက္ ႏိုင္ငံေရးအခင္းအက်င္းမ်ားျဖစ္ ေပၚလာၿပီးေနာက္ပိုင္းတြင္ အဆိုပါလမ္းပိုင္းျပဳျပင္ ေရးမွာ ရပ္တန႔္ ေနခဲ့ရျခင္းေၾကာင့္ နစကအစိုးရက လုပ္ငန္းရွင္တစ္ဦးကို ရန္ကုန္-ပုသိမ္လမ္းပိုင္း၏တစ္ဝက္ျဖစ္သည့္ မိုင္တိုင္(၅၄) အထိ လုပ္ကိုင္ခြင့္ ျပဳခဲ့ေၾကာင္း သိရသည္။
ယခင္က အဆိုပါလမ္းပိုင္ျပဳျပင္ရာတြင္ တစ္မိုင္လွ်င္ က်ပ္သန္းေပါင္း(၂၀ဝဝ)ေက်ာ္ ကုန္က်ခဲ့ရာ လက္ရွိတြင္ ေခတ္ကာလအေျခအေနအရ ကုန္က်စရိတ္မ်ားျပားမႈေၾကာင့္ လက္ရွိအစိုးရႏွင့္ ပုဂၢလိကလုပ္ငန္းရွင္ၾကားတြင္ ညႇိႏႈိင္း ရန္ခက္ခဲေနသည့္ အလားအလာရွိေၾကာင္း အထက္ပါလုပ္ငန္းရွင္က ဆိုသည္။

Related news

© 2021. All rights reserved.