မြန်မာ့ရေထွက်ကုန်များအတွက် ဒေါ်လာ သန်း (၇၀ဝ) ကျော်ရစေရန် လမ်းကြောင်း (၃)ခုပြင်ဆင်ထား
314
ယွန်း (NP News) - ဇန်နဝါရီ ၃၁
ယခုဘဏ္ဍာနှစ်တွင် လမ်းကြောင်း(၃)ခုမှ တင်ပို့နေသည့် မြန်မာ့ရေထွက်ကုန်များမှ အမေရိကန်ဒေါ်လာသန်း (၇၀ဝ)ကျော်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ပစ္စည်းပို့ကုန် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း(၅၂၁)သန်းရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်များအသင်းအနေဖြင့် ယခုဘဏ္ဍာ နှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း(၇၀ဝ)ကျော်ရရှိရန် မျှော် မှန်းထားကြောင်း သိရသည်။
‘‘အသင်းအနေနဲ့ ဒီနှစ်မှာဆိုရင် (၇၃၅)သန်းပို့နိုင်မယ်လို့ နိုင်ငံတော်ကိုတင်ပြထားတယ်။ ရမရတော့ မမှန်းနိုင် သေးဘူး။ အခုချိန်ထိက (၅၂၁)သန်းပဲရသေးတော့ ကျန်တဲ့(၃)လမှာ သန်း(၂၀ဝ)လောက်ကလိုနေတယ်။ တစ်လကို ပျမ်းမျှက (၆၅)သန်းလောက်တော့ရတယ်။ မှန်းချက်ကတော့ နည်းနည်းလေးလျော့မယ်လို့တော့ထင်တယ်။ ဘယ်လို လာဦးမလဲတော့ မသိသေးဘူးပေါ့”ဟု MPEA မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ရေလမ်းကြောင်းအပါအဝင် လမ်းကြောင်း(၃)ခုဖြင့် နိုင်ငံပေါင်း(၄၀) ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ “ပို့တဲ့နေရာမှာတော့ အဓိက အများဆုံးကတော့ သင်္ဘောနဲ့ပို့တယ်၊ နံပါတ်(၂)ကတော့ လေကြောင်းလိုင်းနဲ့လည်းပို့တယ်၊ နယ်စပ် ကနေလည်းပို့တယ် နေရာ(၃)နေရာကနေပို့ပါတယ်။ နယ်စပ်နဲ့ပို့တာကတော့ ကော့သောင်း-ရနောင်းပို့ တယ်၊ မြဝတီဘက်ကနေလည်းပို့တယ်။ လေကြောင်း လိုင်းနဲ့ကတော့ တရုတ်ကိုပို့တာများတယ်။ ငါးရှဉ့်၊ ကဏန်းတို့ပို့တယ်။ နယ်စပ်ကနေပို့တာကတော့ လက်ရှိအချိန်အထိတော့ ပြဿနာမရှိသေးပါဘူး။ ပို့နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် (၂၀၂၃- ၂၀၂၄) ဘဏ္ဍာ နှစ်တွင် ဧပြီလမှ ဒီဇင်ဘာလအထိ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၅၁၈)သန်းရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို အဓိကအားဖြင့် တရုတ်၊ ထိုင်း၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဂျပန်နှင့် ဥရောပ နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ျမန္မာ့ေရထြက္ကုန္မ်ားအတြက္ ေဒၚလာ သန္း (၇၀ဝ) ေက်ာ္ရေစရန္ လမ္းေၾကာင္း (၃)ခုျပင္ဆင္ထား
ယြန္း (NP News) - ဇန္နဝါရီ ၃၁
ယခုဘ႑ာႏွစ္တြင္ လမ္းေၾကာင္း(၃)ခုမွ တင္ပို႔ေနသည့္ ျမန္မာ့ေရထြက္ကုန္မ်ားမွ အေမရိကန္ေဒၚလာသန္း (၇၀ဝ)ေက်ာ္ရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ေရထြက္ပစၥည္းပို႔ကုန္ လုပ္ငန္းရွင္မ်ား အသင္းထံမွ သိရသည္။
(၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္ ဧၿပီလမွ ဒီဇင္ဘာလအထိ ငါး၊ ပုစြန္ႏွင့္ ေရထြက္ကုန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္း(၅၂၁)သန္းရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ေရထြက္ပစၥည္းပို႔ကုန္လုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ယခုဘ႑ာ ႏွစ္တြင္ ေရထြက္ပစၥည္းတင္ပို႔မႈမွ အေမရိကန္ေဒၚလာသန္း(၇၀ဝ)ေက်ာ္ရရွိရန္ ေမွ်ာ္ မွန္းထားေၾကာင္း သိရသည္။
‘‘အသင္းအေနနဲ႔ ဒီႏွစ္မွာဆိုရင္ (၇၃၅)သန္းပို႔ႏိုင္မယ္လို႔ ႏိုင္ငံေတာ္ကိုတင္ျပထားတယ္။ ရမရေတာ့ မမွန္းႏိုင္ ေသးဘူး။ အခုခ်ိန္ထိက (၅၂၁)သန္းပဲရေသးေတာ့ က်န္တဲ့(၃)လမွာ သန္း(၂၀ဝ)ေလာက္ကလိုေနတယ္။ တစ္လကို ပ်မ္းမွ်က (၆၅)သန္းေလာက္ေတာ့ရတယ္။ မွန္းခ်က္ကေတာ့ နည္းနည္းေလးေလ်ာ့မယ္လို႔ေတာ့ထင္တယ္။ ဘယ္လို လာဦးမလဲေတာ့ မသိေသးဘူးေပါ့”ဟု MPEA မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံမွ ေရထြက္ကုန္ပစၥည္းမ်ားကို ေရလမ္းေၾကာင္းအပါအဝင္ လမ္းေၾကာင္း(၃)ခုျဖင့္ ႏိုင္ငံေပါင္း(၄၀) ေက်ာ္သို႔ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။ “ပို႔တဲ့ေနရာမွာေတာ့ အဓိက အမ်ားဆုံးကေတာ့ သေဘၤာနဲ႔ပို႔တယ္၊ နံပါတ္(၂)ကေတာ့ ေလေၾကာင္းလိုင္းနဲ႔လည္းပို႔တယ္၊ နယ္စပ္ ကေနလည္းပို႔တယ္ ေနရာ(၃)ေနရာကေနပို႔ပါတယ္။ နယ္စပ္နဲ႔ပို႔တာကေတာ့ ေကာ့ေသာင္း-ရေနာင္းပို႔ တယ္၊ ျမဝတီဘက္ကေနလည္းပို႔တယ္။ ေလေၾကာင္း လိုင္းနဲ႔ကေတာ့ တ႐ုတ္ကိုပို႔တာမ်ားတယ္။ ငါးရွဥ့္၊ ကဏန္းတို႔ပို႔တယ္။ နယ္စပ္ကေနပို႔တာကေတာ့ လက္ရွိအခ်ိန္အထိေတာ့ ျပႆနာမရွိေသးပါဘူး။ ပို႔ေနပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ (၂၀၂၃- ၂၀၂၄) ဘ႑ာ ႏွစ္တြင္ ဧၿပီလမွ ဒီဇင္ဘာလအထိ ငါး၊ ပုစြန္ႏွင့္ ေရထြက္ကုန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ(၅၁၈)သန္းရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာ့ေရထြက္ကုန္မ်ားကို အဓိကအားျဖင့္ တ႐ုတ္၊ ထိုင္း၊ အိမ္နီးခ်င္းႏိုင္ငံမ်ား အပါအဝင္ ဂ်ပန္ႏွင့္ ဥေရာပ ႏိုင္ငံမ်ားသို႔လည္း တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။