ပြည်ပပို့ရန် ရည်မှန်းထားမှုကြောင့် ပေါ်ဆန်းဆန်ကို နှစ်ရာသီစိုက်နိုင်စေရန် ပြုပြင်သင့်ဟုဆို
170
ယွန်း (NP News) - ဇန်နဝါရီ ၃၁
စိုက်ဧက(၁)သန်းခွဲခန့်သာ စိုက်ပျိုးနိုင်သော ပေါ်ဆန်းကို ပြည်ပတင်ပို့နိုင်ရေးအတွက် အထွက်နှုန်းတိုးရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်တွင်းရှိ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။
ပြည်တွင်း၌ နှစ်စဉ်မိုးစပါးစိုက်ဧက (၁၅) သန်းနှင့် နွေစပါး(၂)သန်းခွဲခန့် စိုက်ပျိုးပြီး မိုးစပါးတစ်ရာသီ သာစိုက်ပျိုးနိုင်သည့် ပေါ်ဆန်းဆန်ကို ဧက(၁)သန်းခွဲခန့်သာစိုက်ပျိုးကြောင်း သိရသည်။ ‘‘ပေါ်ဆန်းက တစ်ဧကကို တင်း(၆၀)၊ (၇၀)၊ (၈၀) လောက်ပဲ ထွက်တာ။ ကျန်တဲ့ဆင်းသုခတို့ ၊ အထူးဧည့်မထစပါး တွေကျတော့ တင်း(၉၀)၊ (၁၀ဝ)၊(၁၁၀)ထွက်တယ်။ မြန်မာနိုင်ငံမှာပေါ်ဆန်း စိုက်တာက ဧက(၁)သန်းခွဲ လောက်ရှိတယ်။ မြန်မာနိုင်ငံမှာက မိုးစပါး(၁၅)သန်း စိုက်တာဆိုတော့ (၁၀)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင် နှုန်းလောက်ရှိတယ်။ ပြည်တွင်းကတော့ ကောင်း ကောင်းလောက်တယ်” ဟု အထက်ပါ ဆန်စပါး လုပ် ငန်းရှင်က NP News ကို ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းကို ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် Brand တစ်ခုအနေဖြင့် မြှင့်တင်သွား မည်ဖြစ်ပြီး Geographical indication (GI) မှတ်ပုံ တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန်စီစဉ်နေကြောင်း သိရသည်။
ပြည်တွင်းမှထုတ်လုပ်သည့် ဆန်နှင့်ပဲများမှာ ဈေးကွက်ရရှိပြီးဖြစ်ခြင်းကြောင့် ယခုထက်အရည် အသွေးကောင်း မွန်သည့် ဆန်နှင့်ပဲများ တင်ပို့နိုင်ရေးနှင့် ပေါ်ဆန်းမွှေးဆန်ရောင်းအားမြှင့်တင်ရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကလည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးပြောဆို ထားဖူးသည်။
လက်ရှိတွင် ပေါ်ဆန်းဆန်ကို ပြည်တွင်းစားသုံး မှုမြင့်မားနေသည့်အတွက် ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်မည် ဆိုပါက နှစ်ရာသီစိုက်ပျိုးနိုင်သည့် အဆင့်အထိရောက်ရေး ဆောင်ရွက်ရန်နှင့်အထွက် နှုန်းတိုးရေးကိုလည်း ဦးစားပေး ဆောင်ရွက်ရန် အထက်ပါစီးပွာရေးလုပ်ငန်းရှင်က အကြံပြုပြောကြားသည်။ ‘‘ပေါ်ဆန်းကတော့ ဘက်ပေါင်းစုံကနေ လုပ် နေတယ်။ နိုင်ငံတော်အကြီးအကဲကိုလည်း တင်ပြတယ်။ မြန်မာနိုင်ငံကထွက်တဲ့ ဆန်မွှေးကသူပဲရှိတယ်။ လက်တ လောမှာလုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာလိုအပ်ချက်ကကြီးတော့ ပေါ်ဆန်းက ဆန်ဈေးကြီးတယ်။ ပေါ်ဆန်းက တစ်နှစ်မှာတစ်ရာသီ ပဲစိုက်လို့ရတယ်။ နွေစပါးစိုက်လို့မရဘူး။ နံပါတ်တစ်က နွေစပါးစိုက်လို့ရတဲ့ အနေအထားဖြစ်အောင်မျိုး ကနေစပြီး ပြောင်းရမယ်။ အဲဒါကိုလုပ်နေတယ်။ နောက်တစ်ခုကတော့ များများထွက် အောင်လုပ်ရ မယ်။ ပေါ်ဆန်းက တစ်ဧကကို တင်း(၆၀)၊ (၇၀)၊ (၈၀) လောက်ပဲထွက်တာ။ တင်း (၁၀ဝ) လောက် အထိ ထွက်အောင်လုပ်ရမယ်။ အရည်အသွေးကောင်း အောင်လည်းလုပ်ရမှာပေါ့။ ပြီးရင် GI လိုဟာမျိုးလည်း လုပ်ရမယ်။ ပြီးရင်တော့ မြန်မာ့ဆန်မွှေးဆိုပြီး တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေနဲ့ ဈေးကွက်ဖောက် ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ပေါ်ဆန်းဆန်ကို ဥရောပနိုင်ငံများနှင့် အာဆီယံနိုင်ငံများကို အဓိကဈေးကွက်ဖော်ထုတ် သွားမည်ဖြစ်ပြီး အချိန်ယူပြင်ဆင်နိုင်ရေးကိုလည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ (၂၀၁၁) ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ရွှေဘိုပေါ်ဆန်းကို “ကမ္ဘာ့ အကောင်းဆုံးဆန် (World Best Rice)” အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပဆန် တင်ပို့မှုတွင် ပြည်တွင်း၌စားသုံးခြင်းမရှိသည့် ဧည့်မထ ဆန် အုပ်စုများကိုသာ တင်ပို့နေခြင်းဖြစ်ပြီး ယခုအခါ ပေါ်ဆန်း ဆန်ကိုပါ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက် နေခြင်းဖြစ်သည်။
Zawgyi Version:
ျပည္ပပို႔ရန္ ရည္မွန္းထားမႈေၾကာင့္ ေပၚဆန္းဆန္ကို ႏွစ္ရာသီစိုက္ႏိုင္ေစရန္ ျပဳျပင္သင့္ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၃၁
စိုက္ဧက(၁)သန္းခြဲခန႔္သာ စိုက္ပ်ိဳးႏိုင္ေသာ ေပၚဆန္းကို ျပည္ပတင္ပို႔ႏိုင္ေရးအတြက္ အထြက္ႏႈန္းတိုးေရးကို ဦးစားေပးေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ျပည္တြင္းရွိ ဆန္စပါးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ထားသည္။
ျပည္တြင္း၌ ႏွစ္စဥ္မိုးစပါးစိုက္ဧက (၁၅) သန္းႏွင့္ ေႏြစပါး(၂)သန္းခြဲခန႔္ စိုက္ပ်ိဳးၿပီး မိုးစပါးတစ္ရာသီ သာစိုက္ပ်ိဳးႏိုင္သည့္ ေပၚဆန္းဆန္ကို ဧက(၁)သန္းခြဲခန႔္သာစိုက္ပ်ိဳးေၾကာင္း သိရသည္။ ‘‘ေပၚဆန္းက တစ္ဧကကို တင္း(၆၀)၊ (၇၀)၊ (၈၀) ေလာက္ပဲ ထြက္တာ။ က်န္တဲ့ဆင္းသုခတို႔ ၊ အထူးဧည့္မထစပါး ေတြက်ေတာ့ တင္း(၉၀)၊ (၁၀ဝ)၊(၁၁၀)ထြက္တယ္။ ျမန္မာႏိုင္ငံမွာေပၚဆန္း စိုက္တာက ဧက(၁)သန္းခြဲ ေလာက္ရွိတယ္။ ျမန္မာႏိုင္ငံမွာက မိုးစပါး(၁၅)သန္း စိုက္တာဆိုေတာ့ (၁၀)ရာခိုင္ႏႈန္းကေန (၁၅)ရာခိုင္ ႏႈန္းေလာက္ရွိတယ္။ ျပည္တြင္းကေတာ့ ေကာင္း ေကာင္းေလာက္တယ္” ဟု အထက္ပါ ဆန္စပါး လုပ္ ငန္းရွင္က NP News ကို ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျမန္မာ့ေပၚဆန္းကို ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔ႏိုင္ေရးအတြက္ Brand တစ္ခုအေနျဖင့္ ျမႇင့္တင္သြား မည္ျဖစ္ၿပီး Geographical indication (GI) မွတ္ပုံ တင္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္သြားရန္စီစဥ္ေနေၾကာင္း သိရသည္။
ျပည္တြင္းမွထုတ္လုပ္သည့္ ဆန္ႏွင့္ပဲမ်ားမွာ ေဈးကြက္ရရွိၿပီးျဖစ္ျခင္းေၾကာင့္ ယခုထက္အရည္ အေသြးေကာင္း မြန္သည့္ ဆန္ႏွင့္ပဲမ်ား တင္ပို႔ႏိုင္ေရးႏွင့္ ေပၚဆန္းေမႊးဆန္ေရာင္းအားျမႇင့္တင္ရန္လိုေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ကလည္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အသိေပးေျပာဆို ထားဖူးသည္။
လက္ရွိတြင္ ေပၚဆန္းဆန္ကို ျပည္တြင္းစားသုံး မႈျမင့္မားေနသည့္အတြက္ ျပည္ပတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္မည္ ဆိုပါက ႏွစ္ရာသီစိုက္ပ်ိဳးႏိုင္သည့္ အဆင့္အထိေရာက္ေရး ေဆာင္႐ြက္ရန္ႏွင့္အထြက္ ႏႈန္းတိုးေရးကိုလည္း ဦးစားေပး ေဆာင္႐ြက္ရန္ အထက္ပါစီးပြာေရးလုပ္ငန္းရွင္က အႀကံျပဳေျပာၾကားသည္။ ‘‘ေပၚဆန္းကေတာ့ ဘက္ေပါင္းစုံကေန လုပ္ ေနတယ္။ ႏိုင္ငံေတာ္အႀကီးအကဲကိုလည္း တင္ျပတယ္။ ျမန္မာႏိုင္ငံကထြက္တဲ့ ဆန္ေမႊးကသူပဲရွိတယ္။ လက္တ ေလာမွာလုပ္လို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ ျပည္တြင္းမွာလိုအပ္ခ်က္ကႀကီးေတာ့ ေပၚဆန္းက ဆန္ေဈးႀကီးတယ္။ ေပၚဆန္းက တစ္ႏွစ္မွာတစ္ရာသီ ပဲစိုက္လို႔ရတယ္။ ေႏြစပါးစိုက္လို႔မရဘူး။ နံပါတ္တစ္က ေႏြစပါးစိုက္လို႔ရတဲ့ အေနအထားျဖစ္ေအာင္မ်ိဳး ကေနစၿပီး ေျပာင္းရမယ္။ အဲဒါကိုလုပ္ေနတယ္။ ေနာက္တစ္ခုကေတာ့ မ်ားမ်ားထြက္ ေအာင္လုပ္ရ မယ္။ ေပၚဆန္းက တစ္ဧကကို တင္း(၆၀)၊ (၇၀)၊ (၈၀) ေလာက္ပဲထြက္တာ။ တင္း (၁၀ဝ) ေလာက္ အထိ ထြက္ေအာင္လုပ္ရမယ္။ အရည္အေသြးေကာင္း ေအာင္လည္းလုပ္ရမွာေပါ့။ ၿပီးရင္ GI လိုဟာမ်ိဳးလည္း လုပ္ရမယ္။ ၿပီးရင္ေတာ့ ျမန္မာ့ဆန္ေမႊးဆိုၿပီး တန္ဖိုးျမႇင့္ထုတ္ကုန္တစ္ခုအေနနဲ႔ ေဈးကြက္ေဖာက္ ရမွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ ေပၚဆန္းဆန္ကို ဥေရာပႏိုင္ငံမ်ားႏွင့္ အာဆီယံႏိုင္ငံမ်ားကို အဓိကေဈးကြက္ေဖာ္ထုတ္ သြားမည္ျဖစ္ၿပီး အခ်ိန္ယူျပင္ဆင္ႏိုင္ေရးကိုလည္း ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။ (၂၀၁၁) ခုႏွစ္တြင္ ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕၌ က်င္းပခဲ့ေသာ အျပည္ျပည္ဆိုင္ရာ ဆန္စပါးညီလာခံတြင္ ျမန္မာႏိုင္ငံမွ ထုတ္လုပ္သည့္ ေ႐ႊဘိုေပၚဆန္းကို “ကမာၻ႔ အေကာင္းဆုံးဆန္ (World Best Rice)” အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည္။
ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျပည္ပဆန္ တင္ပို႔မႈတြင္ ျပည္တြင္း၌စားသုံးျခင္းမရွိသည့္ ဧည့္မထ ဆန္ အုပ္စုမ်ားကိုသာ တင္ပို႔ေနျခင္းျဖစ္ၿပီး ယခုအခါ ေပၚဆန္း ဆန္ကိုပါ ျပည္ပတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ ေနျခင္းျဖစ္သည္။