တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် အရေးပေါ်အခြေအနေ ကာလကို (၆)လ သက်တမ်းတိုး

 2055

သုတကျော် (NP News) - ဇန်နဝါရီ ၃၁

အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် အရေးပေါ်အခြေအနေကာလကို (၆)လ သက်တမ်းတိုးရန်အတွက် ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) တွင် ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးကို နံနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် (၆)လတာကာလအတွင်း ဆောင် ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့်စပ်လျဉ်း၍ အစည်းအဝေးတွင် ရှင်း လင်းတင်ပြခဲ့ကြောင်း သိရသည်။ အားလုံးရည်မှန်းထားသည့် အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ (၆)လ သက်တမ်း တိုးမြှင့်ပေးရန် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပြီး နောက်ယာယီသမ္မတ(တာဝန်)တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် (၆)လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

zawgyi version
တည္ၿငိမ္ေအးခ်မ္းမႈ လိုအပ္ေနေသးသည့္အတြက္ အေရးေပၚအေျခအေန ကာလကို (၆)လ သက္တမ္းတိုး
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၃၁

အေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ေစေရး တည္ၿငိမ္ေအးခ်မ္းမႈ လိုအပ္ေနေသးသည့္အတြက္ အေရးေပၚအေျခအေနကာလကို (၆)လ သက္တမ္းတိုးရန္အတြက္ ယေန႔ (ဇန္နဝါရီလ ၃၁ ရက္) တြင္ ျပဳလုပ္ေသာ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝးတြင္ ဆုံးျဖတ္ခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အစည္းအေဝးကို နံနက္ ၁၀ နာရီက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ရာ ယာယီသမၼတ(တာဝန္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ႏိုင္ငံျခား ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ အထူးဖိတ္ၾကားထားသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦးတို႔ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ယာယီသမၼတ(တာဝန္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္တာဝန္မ်ားကို သက္တမ္းတိုးတာဝန္ယူခဲ့သည့္ (၆)လတာကာလအတြင္း ေဆာင္ ႐ြက္ခဲ့မႈမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္ရန္ လိုအပ္သည္မ်ားႏွင့္စပ္လ်ဥ္း၍ အစည္းအေဝးတြင္ ရွင္း လင္းတင္ျပခဲ့ေၾကာင္း သိရသည္။ အားလုံးရည္မွန္းထားသည့္ အေထြေထြ ေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္စြာက်င္းပႏိုင္ေရး ဆက္လက္လုပ္ေဆာင္ရန္ က်န္ရွိေနေသးသည္ကိုေတြ႕ရေၾကာင္း၊ အဓိကအားျဖင့္ လြတ္လပ္ၿပီးတရားမွ်တမႈအျပည့္ျဖင့္ က်င္းပႏိုင္မည့္ အေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ေစေရး တည္ၿငိမ္ေအးခ်မ္းမႈ လိုအပ္ေနေသးသည့္အတြက္ လုပ္ေဆာင္ရန္လိုအပ္ခ်က္မ်ားကို အရွိန္အဟုန္မပ်က္ ဆက္လက္လုပ္ေဆာင္ႏိုင္ရန္ တာဝန္ထမ္းေဆာင္ခြင့္ကို ထပ္မံ၍ (၆)လ သက္တမ္း တိုးျမႇင့္ေပးရန္ ယာယီသမၼတ(တာဝန္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထည့္သြင္း တင္ျပခဲ့ျခင္း ျဖစ္သည္။

တင္ျပခ်က္အေပၚ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ား၊ အထူးဖိတ္ၾကားထားသူမ်ားက ဝိုင္းဝန္းသုံးသပ္ေဆြးေႏြးခဲ့ၾကၿပီး ေနာက္ယာယီသမၼတ(တာဝန္)တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အပါအဝင္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားအားလုံးက ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈)ခုႏွစ္ပုဒ္မ ၄၂၅ ႏွင့္အညီ “ႏိုင္ငံတစ္ဝန္းလုံးအေရးေပၚအေျခအေန ေၾကညာထားသည့္ကာလကို ေနာက္ထပ္ (၆)လ တိုးျမႇင့္သတ္မွတ္ေၾကာင္း” တစ္ညီတစ္ၫြတ္တည္းဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.