အာဆီယံဥက္ကဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ပြီး နစကအကြီးအကဲ အပါအဝင် မြန်မာအရေးတွင်ပါဝင်သူများနှင့်ဆွေးနွေးမည်

 275

(NP News)
အာဆီယံအလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ အိုတာမန် ဟာရှင်သည် လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ နစကအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ အာဆီယံအဖွဲ့ သံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးကအိုတာမန် ဟာရှင် သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ သွားရောက်မည့်ခရီးစဉ်အတွင်း နစကအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်သလို မြန်မာအရေးတွင်ပါဝင်သူများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။နစကသည် လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသည်။ ဟာရှင်သည် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦး ဖြစ်ကြောင်းသိရသည်။ ၎င်းသည်အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ကြား သဘောတူညီထားသော ဘုံသဘောတူညီချက်ငါးချက်အကောင်ထည်ဖော်ရေးကိုအဓိကထား
လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားအစိုးရက အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူပြီးနောက် သိသာတိုးတက်မှုမရှိသေးသော မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်မည်ဟု ပြောဆိုထားသည်။အာဆီယံအလှည့်ကျဥက္ကဌ၏ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြစ်လာရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအစီအစဉ်များကို အဓိကထား
ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ၁၉၇၇ခုနှစ်၊ ၁၉၉၇ခုနှစ်၊ ၂၀၀၅ခုနှစ်နှင့် ၂၀၂၅ခုနှစ်တို့တွင် တာဝန်ယူခဲ့ကြောင်း သိရသည်။ မလေးရှားဝန်ကြီးချုပ် အီဘရာဟင် သည်အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာအရေးကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ နှင့် နီးစပ်မှုရှိသလို ဝါရင့်နိုင်ငံရေးသမားဖြစ်သော ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို အကြံပေးအဖြစ်ခန့်အပ်ထားကြောင်းသိရသည်။မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်က နိုင်ငံရေးပြသနာများဖြစ်ခဲ့ပြီးနောက် အာဆီယံအဖွဲ့သည် မြန်မာအရေးကို ကြားဝင်ဖြေရှင်းရန်ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ မျှော်လင့်သလောက် အောင်မြင်မှုမရဘဲဝေဖန်ခံနေရကြောင်းသိရသည်။ အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူခဲ့သော ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့သည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူချိန်အတွင်း
မြန်မာအရေးကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့မှုမရခဲ့ကြောင်းသိရသည်။

အာဆီယံဥကၠဌ၏အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံသို႔လာေရာက္ၿပီး နစကအႀကီးအကဲ အပါအဝင္ ျမန္မာအေရးတြင္ပါဝင္သူမ်ားႏွင့္ေဆြးေႏြးမည္
(NP News)
အာဆီယံအလွည့္က်ဥကၠဌ၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ျဖစ္သူ အိုတာမန္ ဟာရွင္သည္ လာမည့္သီတင္းပတ္အတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္ကာ နစကအဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္းသိရသည္။ အာဆီယံအဖြဲ႕ သံတမန္အသိုင္းအဝိုင္းႏွင့္နီးစပ္သူတစ္ဦးကအိုတာမန္ ဟာရွင္ သည္ ျမန္မာႏိုင္ငံသို႔ သုံးရက္ၾကာ သြားေရာက္မည့္ခရီးစဥ္အတြင္း နစကအဖြဲ႕အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္သလို ျမန္မာအေရးတြင္ပါဝင္သူမ်ားႏွင့္လည္း ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္း ေျပာသည္။ အာဆီယံအထူးကိုယ္စားလွယ္သည္ ျမန္မာႏိုင္ငံသို႔ ေဖေဖာ္ဝါရီ ၆ ရက္ေန႔မွ ေဖေဖာ္ဝါရီ ၈ ရက္ေန႔အထိ သြားေရာက္မည္ျဖစ္ေၾကာင္းသိရသည္။နစကသည္ လက္နက္ကိုင္အဖြဲ႕မ်ားကို ႏိုင္ငံေရးအရေတြ႕ဆုံေဆြးေႏြးရန္ ဆႏၵရွိေနေၾကာင္း မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုထားသည္။ ဟာရွင္သည္ ဝါရင့္သံတမန္တစ္ဦးျဖစ္ၿပီး မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ေဟာင္းတစ္ဦး ျဖစ္ေၾကာင္းသိရသည္။ ၎သည္အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ျမန္မာႏိုင္ငံႏွင့္ အာဆီယံအဖြဲ႕ၾကား သေဘာတူညီထားေသာ ဘုံသေဘာတူညီခ်က္ငါးခ်က္အေကာင္ထည္ေဖာ္ေရးကိုအဓိကထား
လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။ မေလးရွားအစိုးရက အာဆီယံအလွည့္က်ဥကၠဌအျဖစ္တာဝန္ယူၿပီးေနာက္ သိသာတိုးတက္မႈမရွိေသးေသာ ျမန္မာၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဦးစားေပးလုပ္ေဆာင္မည္ဟု ေျပာဆိုထားသည္။အာဆီယံအလွည့္က်ဥကၠဌ၏ အထူးကိုယ္စားလွယ္သည္ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း အၾကမ္းဖက္မႈမ်ားရပ္တန႔္ေရး၊ အားလုံးပါဝင္ေသာႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲမ်ားျဖစ္လာေရး၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေပးေရးအစီအစဥ္မ်ားကို အဓိကထား
ေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။ မေလးရွားႏိုင္ငံသည္ အာဆီယံအလွည့္က်ဥကၠဌအျဖစ္ ၁၉၇၇ခုႏွစ္၊ ၁၉၉၇ခုႏွစ္၊ ၂၀၀၅ခုႏွစ္ႏွင့္ ၂၀၂၅ခုႏွစ္တို႔တြင္ တာဝန္ယူခဲ့ေၾကာင္း သိရသည္။ မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္ သည္အာဆီယံအလွည့္က်ဥကၠဌအျဖစ္ တာဝန္ယူခ်ိန္အတြင္း ျမန္မာအေရးကို ေျဖရွင္းႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံ ႏွင့္ နီးစပ္မႈရွိသလို ဝါရင့္ႏိုင္ငံေရးသမားျဖစ္ေသာ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကို အႀကံေပးအျဖစ္ခန႔္အပ္ထားေၾကာင္းသိရသည္။ျမန္မာႏိုင္ငံတြင္ ၂၀၂၁ခုႏွစ္က ႏိုင္ငံေရးျပသနာမ်ားျဖစ္ခဲ့ၿပီးေနာက္ အာဆီယံအဖြဲ႕သည္ ျမန္မာအေရးကို ၾကားဝင္ေျဖရွင္းရန္ႀကိဳးပမ္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရဘဲေဝဖန္ခံေနရေၾကာင္းသိရသည္။ အာဆီယံအလွည့္က်ဥကၠဌအျဖစ္တာဝန္ယူခဲ့ေသာ ဘ႐ူးႏိုင္း၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွား၊ လာအိုႏိုင္ငံတို႔သည္ အာဆီယံအလွည့္က်ဥကၠဌအျဖစ္တာဝန္ယူခ်ိန္အတြင္း
ျမန္မာအေရးကိုေျဖရွင္းႏိုင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္ခဲ့မႈမရခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.