ချောင်းသာဒေသကို AA ဝင်မလာရေး တပ်မတော်က ခံစစ်အခိုင်အမာပြင်ထားပြီး ဒေသခံများလည်း တဖွဲဖွဲပြန်လည်ဝင်ရောက်လာနေ
994
သန့်ဇင် (NP News) - ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာဒေသကို AA ဝင်မလာရေး တပ်မတော်က ခံစစ်အခိုင်အမာပြင်ထားပြီး ဒေသခံများလည်း တဖွဲဖွဲပြန်လည် ဝင်ရောက်လာနေကြောင်း ဒေသခံများက NP News သို့ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ အထက်ပါဒေသ၏ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသောအပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ငြိမ်နေတယ်။ အေးဆေးပါပဲ။ သာပေါင်းဘက်ပဲ နည်းနည်းဖြစ်တယ်ကြားတယ်။ ကျွန်တော်တို့ဘက်လာရင်တော့ တပ်မတော်က ပစ်ဖို့ခံစစ်တော့ပြင်ထားတယ်။ ရွှေသောင်ယံကော သပေါ့ကန်ကော တပင်မော်ကောအထပ်မှာ အဆင့်ဆင့်ပိတ်ထားတယ်။ ခံစစ်ကိုရှယ်ပြင်ထားတယ်။ ဒီဘက်ကိုဝင်လာစရာအကြောင်းမရှိဘူး။ ချောင်းသာမှာလည်း ပြည်သူ့စစ်တွေကော တပ်မတော်ကော ပြည်သူ့ရဲတွေကော ခံစစ်ကို အခိုင်အမာပြင်ထားတယ်။ ဒီဘက်တော့ ဝင်လာစရာအကြောင်း မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တိုက်ပွဲငြိမ်သက်နေသည့်အတွက် ရွှေသောင်ယံနှင့် ချောင်းသာမြို့နှင့် အနီးတစ်ဝိုက်တို့တွင် နေရပ်စွန့်ခွာခဲ့သည့် ဒေသခံများ ပြန်လည်ဝင်ရောက်နေလျက်ရှိပြီး အခြေခံပညာကျောင်းများလည်း ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။
“ဒီနေ့(ဇန်နဝါရီလ ၃၁ ရက်)မနက် ၁၀ နာရီကျော်သည်နှင့် ယခင်ရက်များကတိမ်းရှောင်သွားသောစစ်ရှောင်များ ကား၊ ဆိုင်ကယ်၊ အိုးဝေများဖြင့်ပြန်လာနေကြသလို Express ကားများဖြင့်လည်းလူအ ပြည့်ပြန်လာလျက်ရှိပါသည်ကို တွေ့မြင်ရပါသည်။ ရွှေသောင်ယံ ကျောင်းများ တွင်လည်း ကျောင်းသား ကျောင်းသူများပြန်တက်နေကြသည်ကိုမြင်တွေ့ရပါတယ်”ဟု ဒေသခံတစ်ဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာထက်တွင်ရေးသားဖော်ပြအသိပေးထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း သာပေါင်းမြို့မရဲစခန်းမှူးတစ်ဦး သေနတ်ဖြင့်ချောင်းမြောင်းပစ်ခတ်ခံခဲ့ရပြီးနောက် သာပေါင်းမြို့နှင့် အနီးတဝိုက်တွင်လည်း တပ်မတော်မှ ခံစစ်အခိုင်အမာပြင်ဆင်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“သာပေါင်းဘက်ကလည်း စခန်းမှူးတစ်ယောက်ကျသွားတယ်။ အဲဒီဘက်မှာ ချောင်းပစ်ခံရတာ ဘာညာလောက်ပဲရှိတယ်။ သာပေါင်းမှာလည်း ခံစစ်တွေအခိုင်အမာပြင်ထားတယ်လေ”ဟု ၎င်းကပြော သည်။
zawgyi version
ေခ်ာင္းသာေဒသကို AA ဝင္မလာေရး တပ္မေတာ္က ခံစစ္အခိုင္အမာျပင္ထားၿပီး ေဒသခံမ်ားလည္း တဖြဲဖြဲျပန္လည္ဝင္ေရာက္လာေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၃၁
ဧရာဝတီတိုင္းေဒသႀကီး၊ ေခ်ာင္းသာေဒသကို AA ဝင္မလာေရး တပ္မေတာ္က ခံစစ္အခိုင္အမာျပင္ထားၿပီး ေဒသခံမ်ားလည္း တဖြဲဖြဲျပန္လည္ ဝင္ေရာက္လာေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။ ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၁ ရက္မွစတင္ကာ အထက္ပါေဒသ၏ ရခိုင္ျပည္နယ္ႏွင့္ ထိစပ္ေနေသာအပိုင္းတြင္ တိုက္ပြဲမ်ား ၿငိမ္သက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ၿငိမ္ေနတယ္။ ေအးေဆးပါပဲ။ သာေပါင္းဘက္ပဲ နည္းနည္းျဖစ္တယ္ၾကားတယ္။ ကြၽန္ေတာ္တို႔ဘက္လာရင္ေတာ့ တပ္မေတာ္က ပစ္ဖို႔ခံစစ္ေတာ့ျပင္ထားတယ္။ ေ႐ႊေသာင္ယံေကာ သေပါ့ကန္ေကာ တပင္ေမာ္ေကာအထပ္မွာ အဆင့္ဆင့္ပိတ္ထားတယ္။ ခံစစ္ကိုရွယ္ျပင္ထားတယ္။ ဒီဘက္ကိုဝင္လာစရာအေၾကာင္းမရွိဘူး။ ေခ်ာင္းသာမွာလည္း ျပည္သူ႔စစ္ေတြေကာ တပ္မေတာ္ေကာ ျပည္သူ႔ရဲေတြေကာ ခံစစ္ကို အခိုင္အမာျပင္ထားတယ္။ ဒီဘက္ေတာ့ ဝင္လာစရာအေၾကာင္း မရွိဘူး”ဟု ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ တိုက္ပြဲၿငိမ္သက္ေနသည့္အတြက္ ေ႐ႊေသာင္ယံႏွင့္ ေခ်ာင္းသာၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တို႔တြင္ ေနရပ္စြန႔္ခြာခဲ့သည့္ ေဒသခံမ်ား ျပန္လည္ဝင္ေရာက္ေနလ်က္ရွိၿပီး အေျခခံပညာေက်ာင္းမ်ားလည္း ျပန္လည္ဖြင့္လွစ္သင္ၾကားေပးေနလ်က္ရွိေၾကာင္း သိရသည္။
“ဒီေန႔(ဇန္နဝါရီလ ၃၁ ရက္)မနက္ ၁၀ နာရီေက်ာ္သည္ႏွင့္ ယခင္ရက္မ်ားကတိမ္းေရွာင္သြားေသာစစ္ေရွာင္မ်ား ကား၊ ဆိုင္ကယ္၊ အိုးေဝမ်ားျဖင့္ျပန္လာေနၾကသလို Express ကားမ်ားျဖင့္လည္းလူအ ျပည့္ျပန္လာလ်က္ရွိပါသည္ကို ေတြ႕ျမင္ရပါသည္။ ေ႐ႊေသာင္ယံ ေက်ာင္းမ်ား တြင္လည္း ေက်ာင္းသား ေက်ာင္းသူမ်ားျပန္တက္ေနၾကသည္ကိုျမင္ေတြ႕ရပါတယ္”ဟု ေဒသခံတစ္ဦးက ၎၏ လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ေရးသားေဖာ္ျပအသိေပးထားသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း သာေပါင္းၿမိဳ႕မရဲစခန္းမႉးတစ္ဦး ေသနတ္ျဖင့္ေခ်ာင္းေျမာင္းပစ္ခတ္ခံခဲ့ရၿပီးေနာက္ သာေပါင္းၿမိဳ႕ႏွင့္ အနီးတဝိုက္တြင္လည္း တပ္မေတာ္မွ ခံစစ္အခိုင္အမာျပင္ဆင္ထားေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
“သာေပါင္းဘက္ကလည္း စခန္းမႉးတစ္ေယာက္က်သြားတယ္။ အဲဒီဘက္မွာ ေခ်ာင္းပစ္ခံရတာ ဘာညာေလာက္ပဲရွိတယ္။ သာေပါင္းမွာလည္း ခံစစ္ေတြအခိုင္အမာျပင္ထားတယ္ေလ”ဟု ၎ကေျပာ သည္။