NSPNC နှင့် သဘောတူညီခဲ့သည့်အချက်များသည် အနာဂတ်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မည်ဟု ဦးကိုကိုကြီး ဆို

 57

NP News - ဖေဖော်ဝါရီ ၁

ဖက်ဒရယ်ဟူသည့် စကားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရား၀င် ပြင်ဆင်ပြဋ္ဌာန်းရန် NSPNC နှင့် ဆွေးနွေး
သဘောတူဆုံးဖြတ်နိုင်ခဲ့ခြင်းသည် အရေးပါပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ သက်ဆိုင်ရာဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များမှ ရွေးကောက်တင်မြှောက်ခွင့် ရရှိလာမှာဖြစ်ပြီး ပြည်နယ်မရရှိသော လူနည်းစု တိုင်းရင်းသားများအတွက်လည်း မိမိနေထိုင်ရာ ဒေသဆိုင်ရာအဆင့် ခရိုင်အုပ်ချုပ်ရေးမှူများကို ဒေသခံပြည်သူများ၏ ရွေးကောက်တင်မြှောက်မှုဖြင့် ခန့်အပ်နိုင်လာမည်ဖြစ်သောကြောင့် ၎င်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပင်ဖြစ်ကြောင်း NSPNC နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် နိုင်ငံ‌ရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်း‌ဆောင်ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးမှ ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက်သည်ဆိုသည့် အချက်အပြင် သဘောတူခဲ့သည့် အချက်များကို မီဒီယာမှတဆင့်ပြည်သူထံသို့ ထုတ်ပြန်ရန်အတွက် ဝမ်းသာအားရပြန်လာခဲ့သော် လည်း ပြည်ပခြေစိုက်သတင်းဌာနတစ်ခု၏ မဟုတ်မမှန်ဖော်ပြချက်များနှင့် ပတ်သက်၍ ဦးကိုကိုကြီးက "ပြည်သူတွေ အတွက် ဝမ်းသာအားရ သတင်းကောင်းတွေကို သယ်ဆောင်လာတဲ့အချိန်မှာ မမျှော်လင့်ဘဲနဲ့ ပြည်ပသတင်းဌာနတွေက ခေါင်းကြီးတင်လိုက်တဲ့သတင်းဟာ ကျွန်တော်တို့ဆွေးနွေးပွဲရလဒ်တစ်ခုလုံးရဲ့ပုံရိပ်ကိုပျက်သွားစေပါတယ်။ စိတ်မကောင်းစရာပါ။ အလုပ်သဘောဆွေးနွေးတယ်။ ဆွေးနွေးမယ့် သဘောတူညီချက်တွေကိုလည်း ကြိုပြီးတော့ တောင်းခံတယ်။ ဆွေးနွေးရရှိတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးတယ်။ အခုဟာတွေက ကျွန်တော်တို့ရဲ့ သဘောတူညီချက်ထဲမှာ မပါပါဘူး။ နောက်တစ်ခုက အလုပ်အဖွဲ့ကိုယ်စားပြုပြီး ပြောဆိုခြင်းလည်းမရှိပါဘူး။ ဒါက နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ မသက်ဆိုင်သလို NSPNC ရဲ့သဘောတူညီချက်လည်း မဟုတ်ပါဘူး" ဟု ဆက်လက်ပြော သည်။
စစ်မှုထမ်းအရေအတွက် တိုးချဲ့ကောက်ယူရန် ပြောဆိုသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲရဲ့ ကျင့်ဝတ်အရ မည်သူက မည်သည့်အချက်ကို ဆွေးနွေးပါတယ်ဆိုတာ ပြောခွင့်မရှိကြောင်း၊ လုံးဝ မပြောခဲ့သည်ကို အာမခံနိုင်ကြောင်း၊ ၎င်းအနေဖြင့် စစ်မှုထမ်းခြင်းနဲ့ပတ်သက်ပြီး ပြည်သူတွေရင်ဆိုင်နေရသည့် အခက်ခဲများကိုသာ ပြောခဲ့ကြောင်း၊ ယင်းကို လူမှုကွန်ရက်စာမျက်နှာများတွင် ၎င်း၏ဓာတ်ပုံနှင့် တက်လာပြီး ပြောတဲ့အသံတွေက လွဲမှားနေ ကြောင်း၊ မိမိဆွေးနွေးခဲ့သည်မှာ လက်ရှိမြေပြင်ပေါ်တွင် စစ်မှုထမ်းစာရင်းထဲပါလာပြီး ပြန်ရွေးရာတွင် သိန်းရာဂဏန်း အထိ ပေးနေရသည်ဆိုသည့်အချက်ပင်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။
ဆက်လက်ပြီး၎င်းက "နိုင်ငံရေးသတ်တယ်ဆိုတာ ဒီမိုကရေစီကိုသတ်တာပဲ၊ သတ်ရင်သေမလားဆိုတော့ စိတ်ပျော့တဲ့ သူဆိုရင်တော့ ထွက်ပြေးသွားရမယ်၊ သိပ်မခံနိုင်ဘူး၊ ကျွန်တော့ကို နိုင်ငံရေးသတ်လို့ကတော့ မသေဘူး။ နိုင်ငံရေး ဘယ်အချိန်သေမလဲဆိုတော့ ဖောက်ပြန်သွားမှသေမယ်၊ ကိုကိုကြီးဟာ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ လူ့အခွင့် အရေး၊ သွေဖီသွားတာဖောက်ပြန်သွားတာ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် နိုင်ငံရေးကိုအသုံးချသွားမှ နိုင်ငံရေး သေမှာ နိုင်ငံရေးသတ်တယ်ဆိုတာ အဲဒါဒီမိုကရေစီကိုသတ်တာပဲ လူသတ်မှုထက်ပြစ်မှုကြီးတယ် ဒီမိုကရေစီကို မသတ်ပါနဲ့" ဟု ပြောကြားခဲ့သည်။

Zawgyi Version:
NSPNC ႏွင့္ သေဘာတူညီခဲ့သည့္အခ်က္မ်ားသည္ အနာဂတ္တြင္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ ႏိုင္မည္ဟု ဦးကိုကိုႀကီး ဆို
NP News - ေဖေဖာ္ဝါရီ ၁

ဖက္ဒရယ္ဟူသည့္ စကားလုံးကို ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ တရား၀င္ ျပင္ဆင္ျပ႒ာန္းရန္ NSPNC ႏွင့္ ေဆြးေႏြး
သေဘာတူဆုံးျဖတ္ႏိုင္ခဲ့ျခင္းသည္ အေရးပါၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီး၏ သက္ဆိုင္ရာဝန္ႀကီးခ်ဳပ္မ်ားကို သက္ဆိုင္ရာလႊတ္ေတာ္မ်ားမွ ေ႐ြးေကာက္တင္ေျမႇာက္ခြင့္ ရရွိလာမွာျဖစ္ၿပီး ျပည္နယ္မရရွိေသာ လူနည္းစု တိုင္းရင္းသားမ်ားအတြက္လည္း မိမိေနထိုင္ရာ ေဒသဆိုင္ရာအဆင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉမ်ားကို ေဒသခံျပည္သူမ်ား၏ ေ႐ြးေကာက္တင္ေျမႇာက္မႈျဖင့္ ခန္႔အပ္ႏိုင္လာမည္ျဖစ္ေသာေၾကာင့္ ၎သည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ပင္ျဖစ္ေၾကာင္း NSPNC ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည့္ ႏိုင္ငံ‌ေရးပါတီမ်ားအစုအဖြဲ႕၏ အလုပ္အဖြဲ႕ေခါင္း‌ေဆာင္ျပည္သူ႔ပါတီဥကၠဌ ဦးကိုကိုႀကီးမွ ေျပာသည္။
ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံေသာ ျပည္ေထာင္စုအျဖစ္ ဖြဲ႕စည္းတည္ေဆာက္သည္ဆိုသည့္ အခ်က္အျပင္ သေဘာတူခဲ့သည့္ အခ်က္မ်ားကို မီဒီယာမွတဆင့္ျပည္သူထံသို႔ ထုတ္ျပန္ရန္အတြက္ ဝမ္းသာအားရျပန္လာခဲ့ေသာ္ လည္း ျပည္ပေျခစိုက္သတင္းဌာနတစ္ခု၏ မဟုတ္မမွန္ေဖာ္ျပခ်က္မ်ားႏွင့္ ပတ္သက္၍ ဦးကိုကိုႀကီးက "ျပည္သူေတြ အတြက္ ဝမ္းသာအားရ သတင္းေကာင္းေတြကို သယ္ေဆာင္လာတဲ့အခ်ိန္မွာ မေမွ်ာ္လင့္ဘဲနဲ႔ ျပည္ပသတင္းဌာနေတြက ေခါင္းႀကီးတင္လိုက္တဲ့သတင္းဟာ ကြၽန္ေတာ္တို႔ေဆြးေႏြးပြဲရလဒ္တစ္ခုလုံးရဲ႕ပုံရိပ္ကိုပ်က္သြားေစပါတယ္။ စိတ္မေကာင္းစရာပါ။ အလုပ္သေဘာေဆြးေႏြးတယ္။ ေဆြးေႏြးမယ့္ သေဘာတူညီခ်က္ေတြကိုလည္း ႀကိဳၿပီးေတာ့ ေတာင္းခံတယ္။ ေဆြးေႏြးရရွိတဲ့ သေဘာတူညီခ်က္ေတြကို လက္မွတ္ေရးထိုးတယ္။ အခုဟာေတြက ကြၽန္ေတာ္တို႔ရဲ႕ သေဘာတူညီခ်က္ထဲမွာ မပါပါဘူး။ ေနာက္တစ္ခုက အလုပ္အဖြဲ႕ကိုယ္စားျပဳၿပီး ေျပာဆိုျခင္းလည္းမရွိပါဘူး။ ဒါက ႏိုင္ငံေရးပါတီအစုအဖြဲ႕နဲ႔ မသက္ဆိုင္သလို NSPNC ရဲ႕သေဘာတူညီခ်က္လည္း မဟုတ္ပါဘူး" ဟု ဆက္လက္ေျပာ သည္။
စစ္မႈထမ္းအေရအတြက္ တိုးခ်ဲ႕ေကာက္ယူရန္ ေျပာဆိုသည္ ဆိုသည္မွာ မဟုတ္မွန္ေၾကာင္း၊ ေတြ႕ဆုံေဆြးေႏြးပြဲရဲ႕ က်င့္ဝတ္အရ မည္သူက မည္သည့္အခ်က္ကို ေဆြးေႏြးပါတယ္ဆိုတာ ေျပာခြင့္မရွိေၾကာင္း၊ လုံးဝ မေျပာခဲ့သည္ကို အာမခံႏိုင္ေၾကာင္း၊ ၎အေနျဖင့္ စစ္မႈထမ္းျခင္းနဲ႔ပတ္သက္ၿပီး ျပည္သူေတြရင္ဆိုင္ေနရသည့္ အခက္ခဲမ်ားကိုသာ ေျပာခဲ့ေၾကာင္း၊ ယင္းကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ၎၏ဓာတ္ပုံႏွင့္ တက္လာၿပီး ေျပာတဲ့အသံေတြက လြဲမွားေန ေၾကာင္း၊ မိမိေဆြးေႏြးခဲ့သည္မွာ လက္ရွိေျမျပင္ေပၚတြင္ စစ္မႈထမ္းစာရင္းထဲပါလာၿပီး ျပန္ေ႐ြးရာတြင္ သိန္းရာဂဏန္း အထိ ေပးေနရသည္ဆိုသည့္အခ်က္ပင္ျဖစ္ေၾကာင္း ဦးကိုကိုႀကီးက ဆိုသည္။
ဆက္လက္ၿပီး၎က "ႏိုင္ငံေရးသတ္တယ္ဆိုတာ ဒီမိုကေရစီကိုသတ္တာပဲ၊ သတ္ရင္ေသမလားဆိုေတာ့ စိတ္ေပ်ာ့တဲ့ သူဆိုရင္ေတာ့ ထြက္ေျပးသြားရမယ္၊ သိပ္မခံႏိုင္ဘူး၊ ကြၽန္ေတာ့ကို ႏိုင္ငံေရးသတ္လို႔ကေတာ့ မေသဘူး။ ႏိုင္ငံေရး ဘယ္အခ်ိန္ေသမလဲဆိုေတာ့ ေဖာက္ျပန္သြားမွေသမယ္၊ ကိုကိုႀကီးဟာ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေရး၊ လူ႔အခြင့္ အေရး၊ ေသြဖီသြားတာေဖာက္ျပန္သြားတာ ကိုယ္ေရးကိုယ္တာ အက်ိဳးစီးပြားအတြက္ ႏိုင္ငံေရးကိုအသုံးခ်သြားမွ ႏိုင္ငံေရး ေသမွာ ႏိုင္ငံေရးသတ္တယ္ဆိုတာ အဲဒါဒီမိုကေရစီကိုသတ္တာပဲ လူသတ္မႈထက္ျပစ္မႈႀကီးတယ္ ဒီမိုကေရစီကို မသတ္ပါနဲ႔" ဟု ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.