ရာဂီ နောက်ဆက်တွဲဒဏ်ခံခဲ့ရသည့် အင်းလေးဒေသပြန်လည်ထူထောင်ရန် လိုအပ်ချက်များ ရှိနေသေးပြီး ရေ အခက်အခဲကိုလည်း ကြုံနေရ

 45

ချယ်ရီ (NP News) - ဖေ‌ဖော်ဝါရီ ၁

ရာဂီ မုန်တိုင်း၏ နောက်ဆက်တွဲဒဏ်ခံခဲ့ရသည့် အင်းလေးဒေသ ပြန်လည်ထူထောင်ရန် လိုအပ်ချက်များ ရှိနေသေးပြီး ရေအခက်အခဲကိုလည်း ကြုံနေရကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက NP News သို့ ပြောသည်။
မြန်မာပြည်၌ခရီးသွားလာမှုအများဆုံးနေရာထဲမှ တစ်ခုဖြစ်ခဲ့သော အင်းလေးဒေသသည် (၂၀၂၄)ခုနှစ်၊ စက်တင်ဘာလ တွင်ဖြစ်ပွားခဲ့သော ရာဂီအရှိန်ကြောင့် (၂)လကြာ ရေလွှမ်းမိုးခဲ့ရာ ဒေသခံများ၏ စားဝတ်နေရေးအပြင် ကျန်းမားရေးနှင့် စီးပွားရေးပါ ထိခိုက်နေရကြောင်း သိရသည်။
“အင်းလေးကို ပြန်လည်ပြုပြင်နိုင်ဖို့၊ ပြန်လုပ်နိုင်ဖို့ဆိုရင် ကျွန်တော့်အမြင်ပြောရင် (၆၀ရာခိုင်နှုန်း) လောက်လိုသေး တယ်။ (၄၀ ရာခိုင်နှုန်း)ပဲ အောင်မြင်သေးတယ်ပေါ့နော်။ တကယ်အများကြီး လုပ်ပေးရမှာတွေ အများကြီးကျန်သေး တယ်ပေါ့နော်။ စားဝတ်နေရေးမှာ ကျွန်တော်နားလည်တာကို ပြောတာ အင်းလေးထဲမှာ စားတဲ့ဆန်က ကျွန်တော်တို့ဒီမှာ ဆန်ကွဲ လို့ခေါ်တဲ့ ဆန်ကို စားတာ။ အဲဒါတောင်မှ (၁၂)ပြည်အိတ်တစ်အိတ်ကို ၅သောင်းကျော် သူတို့ပေးပြီး စားရတာ။ သူတို့က အဲဒီဆန်ပဲ စားတယ်။ တခြားဆန်ကို သူတို့က မစားဘူး။ နောက်တစ်ခုက သူတို့မှာက စားရေးသောက်ရေး အတွက်က စိုက်ခင်းရှိတယ်။ နောက်ဆုံး သူတို့အိမ်လေးမှာ ဖန်တီးပြီးတော့ စိုက်ခင်းလေးစိုက်ထားတာ ရှိတယ်။ နောက် ဒီအင်းထဲမှာ ငါးရှာ၊ ဖားရှာတာတွေ အမြဲတမ်း ရှိတယ်။ အမြဲတမ်းရှိတဲ့အတွက် စားဝတ်နေရေးကို ပူပင်သောက ရောက်နေတာမျိုး သူတို့မှာ မရှိဘူး။ အဓိက လိုအပ်တဲ့ သောက်ရေတို့၊ ဆေးဝါးတို့ အဲဒီဟာတွေကတော့ သူတို့အတွက် အမြဲတမ်းလိုအပ်နေတဲ့အရာတွေ။ ကျွန်တော်တို့မြင်တာပြောရမယ်ဆိုရင် ဒေသန္တရကျန်းမာရေးတောင် မရှိဘူး။ ကျွန်တော် အင်းထဲက ရွာတွေတိုင်းမှာကို ကြည့်တယ်။ သဘောတစ်ခုဗျာ အင်းထဲမှာ ရွာတစ်ရွာကို ဒေသန္တရ ကျန်းမာရေးဌာနလေး တစ်ခုလောက်ရှိသင့်တယ်။ ဒါမှ ကျန်းမာရေးစောင့်ရှောက်မှုပေးလို့ရမယ်။ အလှမ်းဝေးတာ မဟုတ်ဘူး။ မရှိတာ။ အခု ကျွန်တော်တို့ရောက်ခဲ့သမျှရွာတွေထဲမှာ ဒေသန္တရကျန်းမာရေးဆိုင်ရာသည် တစ်ခုမှ မတွေ့ဘူး” ဟု မြေပြင်အထိသွားရောက်ကူညီခဲ့သူ အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ထို့ပြင် အင်းလေးရေထဲတွင် ဓာတုဆေးရည်များ ရောနှောနေခြင်းနှင့် ဒေသအတွင်းရှိတချို့ဒေသတွင် မိလ္လာကျင်းများ တူးရန်ခက်ခဲခြင်းကြောင့် သင့်တင့်သလိုလုပ်ဆောင်မှုများ ရှိနေခြင်းကြောင့် အခြေခံလူတန်းစားများအတွက် သောက်သုံးရေလိုအပ်မှုမှာ အဓိကအချက်ဖြင့် ရှိနေကြောင်း ၎င်းကဆိုသည်။
“နဂိုရေကို တိုင်းတုန်းကလည်း PH Level က မတက်ဘူးလေ။ ဘာဖြစ်လို့မတက်တာလဲဆိုတော့ ရေထဲမှာ ဆေးရော နေရင် စက်တွေက မတက်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က စိုက်ခင်းတွေကို ဆေးဖြန်းနေတာ ဖြစ်တဲ့အတွက် အဲဒီရေထဲမှာ ဆေးတစ်ခုခု၊ ဓာတုဗေဒတစ်ခုခုရောစပ်နေတယ်ဆိုရင် စက်တွေကမပြဘူး။ အဲဒါကြောင့်မို့ ကျွန်တော် တို့က မသုံးစေချင်တာ။ အဲဒီရေကို စစ်လိုက်တာနဲ့ စစ်လိုက်လို့ PH ရာခိုင်နှုန်းမပေါ်လာတော့ဘူး။ လုံးဝ မပြတော့ဘူး။ သေချာတယ် ဒီအထဲမှာ ဓာတုဗေဒတစ်ခုခုရောနေတယ်။ နောက် မြေအောက်ထဲကထွက်လာတဲ့ရေကျမှ တိုင်းလိုက် တော့ ပထမက စက်ပျက်နေတယ်လို့ အောင့်မေ့နေတာ။ နောက်ကျမှပြန်ပြီး တူးပြီးရေကို ပြန်စမ်းတော့မှ Level တက်တာ” ဟု ၎င်းက ပြောသည်။
အင်းလေးဒေသသည် ယခင်က တောင်ကျရေကို သောက်ရေအဖြစ် ဖန်တီးသောက်သုံးခဲ့ကြရာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းပြီး သောက်ရေရရှိမှု ကင်းမဲ့ခဲ့မှုကြောင့် လက်ရှိတွင် သောက်သုံးရေတစ်လီတာဘူးကို ခုနစ်ထောင်ကျပ် နီးပါးပေးဝယ်၍ သောက်သုံးနေကြရကြောင်း သိရသည်။
“သောက်ရေကို ဘယ်လိုဝယ်နေရသလဲဆိုရင် အင်းထဲဘက်ကို ရောက်ဖို့အတွက်ကို ရွှေညောင်လောက်ကနေမှာရတယ်။ သူတို့အဲဒီဟာသည် သွားတဲ့လာတဲ့အတွက် ကုန်ကျစရိတ်နဲ့ရေဖိုးနဲ့ဆိုရင် ရေတစ်ဘူးကို ခုနစ်ထောင်နီးပါးလောက် သွားကြတယ်။ အရင်တုန်းကဆို ဘုန်းတော်ကြီးကျောင်းတွေမှာ ကန်တွေလုပ်ထားတယ်။ အခုဟာကျတော့ တောင်ပေါ်ကကျတဲ့ ရေကျတဲ့လမ်းကြောင်းတွေကလည်းပဲ အားလုံးက ပျက်စီးကုန်တယ်။ ပျက်စီးကုန်တဲ့အတွက် ကြောင့် သောက်ရေက လုံးဝမရသလောက်ကို ဖြစ်ကုန်တာပေါ့နော်။ အဲဒီလို မရသလောက်ကို ဖြစ်ကုန်တဲ့အတွက် ကြောင့် ကျွန်တော်တို့က သွားလာလှုပ်ရှားရင်းနဲ့ သိတဲ့အခါမှာ ဘာအခက်ခဲရှိတာလဲလို့ ဒေသခံတွေကို မေးတဲ့အခါမှာ မေးရင်းပြောရင်းကနေပြီးတော့ သူတို့က လက်ရှိမှာအခက်ခဲဆုံးကတော့ သောက်ရေပဲပေါ့။ သောက်ရေဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ကတော့ အာမခံကြီးနဲ့တော့ မလုပ်ဘူး။ ကျွန်တော်တို့လှူနိုင်တန်းနိုင်တဲ့အလှူရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လုပ်ပေးနိုင်တဲ့အတိုင်းအတာတွေကို ကြိုးစားပြီးတော့ လုပ်ပေးတာ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
သောက်ရေသန့်ဘူးများ မဝယ်နိုင်သောသူများအနေဖြင့် ရေကို ကနဦး ကျိုချက်ပြီးနောက် ရေစစ်ဖြင့် ပြန်စစ်ကာ သောက်သုံးနေရသောအခြေအနေမျိုးလည်း ရှိကြောင်း ၎င်းက ပြောသည်။

Zawgyi Version:
ရာဂီ ေနာက္ဆက္တြဲဒဏ္ခံခဲ့ရသည့္ အင္းေလးေဒသျပန္လည္ထူေထာင္ရန္ လိုအပ္ခ်က္မ်ား ရွိေနေသးၿပီး ေရ အခက္ အခဲကိုလည္း ႀကဳံေနရ
ခ်ယ္ရီ (NP News) - ေဖ‌ေဖာ္ဝါရီ ၁

ရာဂီ မုန္တိုင္း၏ ေနာက္ဆက္တြဲဒဏ္ခံခဲ့ရသည့္ အင္းေလးေဒသ ျပန္လည္ထူေထာင္ရန္ လိုအပ္ခ်က္မ်ား ရွိေနေသးၿပီး ေရအခက္အခဲကိုလည္း ႀကဳံေနရေၾကာင္း ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက NP News သို႔ ေျပာသည္။
ျမန္မာျပည္၌ခရီးသြားလာမႈအမ်ားဆုံးေနရာထဲမွ တစ္ခုျဖစ္ခဲ့ေသာ အင္းေလးေဒသသည္ (၂၀၂၄)ခုႏွစ္၊ စက္တင္ဘာလ တြင္ျဖစ္ပြားခဲ့ေသာ ရာဂီအရွိန္ေၾကာင့္ (၂)လၾကာ ေရလႊမ္းမိုးခဲ့ရာ ေဒသခံမ်ား၏ စားဝတ္ေနေရးအျပင္ က်န္းမားေရးႏွင့္ စီးပြားေရးပါ ထိခိုက္ေနရေၾကာင္း သိရသည္။
“အင္းေလးကို ျပန္လည္ျပဳျပင္ႏိုင္ဖို႔၊ ျပန္လုပ္ႏိုင္ဖို႔ဆိုရင္ ကြၽန္ေတာ့္အျမင္ေျပာရင္ (၆၀ရာခိုင္ႏႈန္း) ေလာက္လိုေသး တယ္။ (၄၀ ရာခိုင္ႏႈန္း)ပဲ ေအာင္ျမင္ေသးတယ္ေပါ့ေနာ္။ တကယ္အမ်ားႀကီး လုပ္ေပးရမွာေတြ အမ်ားႀကီးက်န္ေသး တယ္ေပါ့ေနာ္။ စားဝတ္ေနေရးမွာ ကြၽန္ေတာ္နားလည္တာကို ေျပာတာ အင္းေလးထဲမွာ စားတဲ့ဆန္က ကြၽန္ေတာ္တို႔ဒီမွာ ဆန္ကြဲ လို႔ေခၚတဲ့ ဆန္ကို စားတာ။ အဲဒါေတာင္မွ (၁၂)ျပည္အိတ္တစ္အိတ္ကို ၅ေသာင္းေက်ာ္ သူတို႔ေပးၿပီး စားရတာ။ သူတို႔က အဲဒီဆန္ပဲ စားတယ္။ တျခားဆန္ကို သူတို႔က မစားဘူး။ ေနာက္တစ္ခုက သူတို႔မွာက စားေရးေသာက္ေရး အတြက္က စိုက္ခင္းရွိတယ္။ ေနာက္ဆုံး သူတို႔အိမ္ေလးမွာ ဖန္တီးၿပီးေတာ့ စိုက္ခင္းေလးစိုက္ထားတာ ရွိတယ္။ ေနာက္ ဒီအင္းထဲမွာ ငါးရွာ၊ ဖားရွာတာေတြ အၿမဲတမ္း ရွိတယ္။ အၿမဲတမ္းရွိတဲ့အတြက္ စားဝတ္ေနေရးကို ပူပင္ေသာက ေရာက္ေနတာမ်ိဳး သူတို႔မွာ မရွိဘူး။ အဓိက လိုအပ္တဲ့ ေသာက္ေရတို႔၊ ေဆးဝါးတို႔ အဲဒီဟာေတြကေတာ့ သူတို႔အတြက္ အၿမဲတမ္းလိုအပ္ေနတဲ့အရာေတြ။ ကြၽန္ေတာ္တို႔ျမင္တာေျပာရမယ္ဆိုရင္ ေဒသႏၲရက်န္းမာေရးေတာင္ မရွိဘူး။ ကြၽန္ေတာ္ အင္းထဲက ႐ြာေတြတိုင္းမွာကို ၾကည့္တယ္။ သေဘာတစ္ခုဗ်ာ အင္းထဲမွာ ႐ြာတစ္႐ြာကို ေဒသႏၲရ က်န္းမာေရးဌာနေလး တစ္ခုေလာက္ရွိသင့္တယ္။ ဒါမွ က်န္းမာေရးေစာင့္ေရွာက္မႈေပးလို႔ရမယ္။ အလွမ္းေဝးတာ မဟုတ္ဘူး။ မရွိတာ။ အခု ကြၽန္ေတာ္တို႔ေရာက္ခဲ့သမွ်႐ြာေတြထဲမွာ ေဒသႏၲရက်န္းမာေရးဆိုင္ရာသည္ တစ္ခုမွ မေတြ႕ဘူး” ဟု ေျမျပင္အထိသြားေရာက္ကူညီခဲ့သူ အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
ထို႔ျပင္ အင္းေလးေရထဲတြင္ ဓာတုေဆးရည္မ်ား ေရာေႏွာေနျခင္းႏွင့္ ေဒသအတြင္းရွိတခ်ိဳ႕ေဒသတြင္ မိလႅာက်င္းမ်ား တူးရန္ခက္ခဲျခင္းေၾကာင့္ သင့္တင့္သလိုလုပ္ေဆာင္မႈမ်ား ရွိေနျခင္းေၾကာင့္ အေျခခံလူတန္းစားမ်ားအတြက္ ေသာက္သုံးေရလိုအပ္မႈမွာ အဓိကအခ်က္ျဖင့္ ရွိေနေၾကာင္း ၎ကဆိုသည္။
“နဂိုေရကို တိုင္းတုန္းကလည္း PH Level က မတက္ဘူးေလ။ ဘာျဖစ္လို႔မတက္တာလဲဆိုေတာ့ ေရထဲမွာ ေဆးေရာ ေနရင္ စက္ေတြက မတက္ဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔က စိုက္ခင္းေတြကို ေဆးျဖန္းေနတာ ျဖစ္တဲ့အတြက္ အဲဒီေရထဲမွာ ေဆးတစ္ခုခု၊ ဓာတုေဗဒတစ္ခုခုေရာစပ္ေနတယ္ဆိုရင္ စက္ေတြကမျပဘူး။ အဲဒါေၾကာင့္မို႔ ကြၽန္ေတာ္ တို႔က မသုံးေစခ်င္တာ။ အဲဒီေရကို စစ္လိုက္တာနဲ႔ စစ္လိုက္လို႔ PH ရာခိုင္ႏႈန္းမေပၚလာေတာ့ဘူး။ လုံးဝ မျပေတာ့ဘူး။ ေသခ်ာတယ္ ဒီအထဲမွာ ဓာတုေဗဒတစ္ခုခုေရာေနတယ္။ ေနာက္ ေျမေအာက္ထဲကထြက္လာတဲ့ေရက်မွ တိုင္းလိုက္ ေတာ့ ပထမက စက္ပ်က္ေနတယ္လို႔ ေအာင့္ေမ့ေနတာ။ ေနာက္က်မွျပန္ၿပီး တူးၿပီးေရကို ျပန္စမ္းေတာ့မွ Level တက္တာ” ဟု ၎က ေျပာသည္။
အင္းေလးေဒသသည္ ယခင္က ေတာင္က်ေရကို ေသာက္ေရအျဖစ္ ဖန္တီးေသာက္သုံးခဲ့ၾကရာ ရာသီဥတုဒဏ္ေၾကာင့္ ပ်က္စီးယိုယြင္းၿပီး ေသာက္ေရရရွိမႈ ကင္းမဲ့ခဲ့မႈေၾကာင့္ လက္ရွိတြင္ ေသာက္သုံးေရတစ္လီတာဘူးကို ခုနစ္ေထာင္က်ပ္ နီးပါးေပးဝယ္၍ ေသာက္သုံးေနၾကရေၾကာင္း သိရသည္။
“ေသာက္ေရကို ဘယ္လိုဝယ္ေနရသလဲဆိုရင္ အင္းထဲဘက္ကို ေရာက္ဖို႔အတြက္ကို ေ႐ႊေညာင္ေလာက္ကေနမွာရတယ္။ သူတို႔အဲဒီဟာသည္ သြားတဲ့လာတဲ့အတြက္ ကုန္က်စရိတ္နဲ႔ေရဖိုးနဲ႔ဆိုရင္ ေရတစ္ဘူးကို ခုနစ္ေထာင္နီးပါးေလာက္ သြားၾကတယ္။ အရင္တုန္းကဆို ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ ကန္ေတြလုပ္ထားတယ္။ အခုဟာက်ေတာ့ ေတာင္ေပၚကက်တဲ့ ေရက်တဲ့လမ္းေၾကာင္းေတြကလည္းပဲ အားလုံးက ပ်က္စီးကုန္တယ္။ ပ်က္စီးကုန္တဲ့အတြက္ ေၾကာင့္ ေသာက္ေရက လုံးဝမရသေလာက္ကို ျဖစ္ကုန္တာေပါ့ေနာ္။ အဲဒီလို မရသေလာက္ကို ျဖစ္ကုန္တဲ့အတြက္ ေၾကာင့္ ကြၽန္ေတာ္တို႔က သြားလာလႈပ္ရွားရင္းနဲ႔ သိတဲ့အခါမွာ ဘာအခက္ခဲရွိတာလဲလို႔ ေဒသခံေတြကို ေမးတဲ့အခါမွာ ေမးရင္းေျပာရင္းကေနၿပီးေတာ့ သူတို႔က လက္ရွိမွာအခက္ခဲဆုံးကေတာ့ ေသာက္ေရပဲေပါ့။ ေသာက္ေရျဖစ္ေနတဲ့ အတြက္ ကြၽန္ေတာ္တို႔ကေတာ့ အာမခံႀကီးနဲ႔ေတာ့ မလုပ္ဘူး။ ကြၽန္ေတာ္တို႔လႉႏိုင္တန္းႏိုင္တဲ့အလႉရွင္ေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္ၿပီးေတာ့ လုပ္ေပးႏိုင္တဲ့အတိုင္းအတာေတြကို ႀကိဳးစားၿပီးေတာ့ လုပ္ေပးတာ” ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
ေသာက္ေရသန႔္ဘူးမ်ား မဝယ္ႏိုင္ေသာသူမ်ားအေနျဖင့္ ေရကို ကနဦး က်ိဳခ်က္ၿပီးေနာက္ ေရစစ္ျဖင့္ ျပန္စစ္ကာ ေသာက္သုံးေနရေသာအေျခအေနမ်ိဳးလည္း ရွိေၾကာင္း ၎က ေျပာသည္။

Related news

© 2021. All rights reserved.