ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားနိုင်ငံသို့သွားရောက်ရန် ထိုင်းတရားရုံး ခွင့်ပြု
122
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁
ထိုင်းတရားရုံးသည် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန် ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ သက်ဆင်သည် လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ အာဆီယံအဖွဲ့နှင့်ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံပေးအဖြစ် ခန့်အပ်ခံထားရကြောင်း သိရသည်။ သက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ခွင့် ပေး/မပေးဆိုသောအချက်နှင့်ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက် ကြားနာပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုင်းတရားရုံးက သက်ဆင်ကို မလေးရှားနိုင်ငံသို့ သုံးရက်ကြာ သွားရောက်ခွင့်ပေးမည်ဖြစ်သော်လည်း ထိုင်းဘတ် (၅) သန်း အာမခံပေးရမည်ဟု ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ပြည်ပြေးအဖြစ် နှစ်ပေါင်းများစွာကြာပြည်ပတွင်နေထိုင်ခဲ့ပြီး ၎င်း၏တည်ထောင်ခဲ့သော ဖြူထိုင်းပါတီအာဏာရချိန်တွင် မိခင်နိုင်ငံသို့ ပြန်လာကာ ကျခံရမည့်ပြစ်ဒဏ်များကို လက်ခံခဲ့ကြောင်း သိရသည်။
တရားရုံးဆုံးဖြတ်ချက်သည် သက်ဆင်နှင့်ပတ်သက်ပြီးထိုင်းဘုရင်နန်းတော်၏ဆုံးဖြတ်ချက်ကို ထိခိုက်မှုရှိမည်မဟုတ် ကြောင်းပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ကလည်း တရားရုံးတွင် မလေးရှားနိုင်ငံသို့ သွားရောက်မည့် သက်ဆင်၏ခရီးစဉ်ကို ထောက်ခံပေးခဲ့ကြောင်းသိရသည်။ ထိုင်းဘုရင့်နန်းတော်သည် သက်ဆင်ကို ပြီးခဲ့သောနှစ် ဇွန်လက သက်ညာခွင့်ပေးထားပြီး သက်ညာခွန် အမိန့်ထဲတွင် တရားရုံးခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံသို့သွားရောက်ခွင့် ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိအချိန်တွင်အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူနေသော မလေးရှားနိုင်ငံဝန်ကြီးချုပ် အီဘရာဟင် သည် သက်ဆင်ကို ပုဂ္ဂိုလ်ရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့ကြောင်းမကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံသို့ သွားရောက်မည့် သက်ဆင်၏ခရီးစဉ်အတွင်း မည့်သည့်ကိစ္စကို ဆွေးနွေးမည်ဆိုသောအချက်ကို အတိအကျမသိသေး ကြောင်း သိရသည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားရာ မြန်မာအရေးကို အဓိကထားဖြေရှင်းရဖွယ်ရှိနေရာ အတွေ့ကြုံရင့်ကျက်သော ထိုင်းဝန်ကြီးချုပ် ဟောင်းကို အကြံပေးအဖြစ်ခန့်အပ်ထားခြင်းဖြစ်သည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် သက်ဆင်တို့တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်အတွင်း မြန်မာအရေးကိုထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
Zawgyi Version:
ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကို မေလးရွားႏိုင္ငံသို႔သြားေရာက္ရန္ ထိုင္းတရား႐ုံး ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁
ထိုင္းတရား႐ုံးသည္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကို မေလးရွားႏိုင္ငံသို႔ သြားေရာက္ရန္ ခြင့္ျပဳေပးလိုက္ေၾကာင္း သိရသည္။ သက္ဆင္သည္ လက္ရွိအခ်ိန္တြင္ အာဆီယံအလွည့္က်ဥကၠဌျဖစ္သူ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္ အန္ဝါ အီဘရာဟင္၏ အာဆီယံအဖြဲ႕ႏွင့္ပတ္သက္ၿပီး ပုဂၢိဳလ္ေရးဆိုင္ရာအႀကံေပးအျဖစ္ ခန႔္အပ္ခံထားရေၾကာင္း သိရသည္။ သက္ဆင္ကို မေလးရွားႏိုင္ငံသို႔ သြားေရာက္ခြင့္ ေပး/မေပးဆိုေသာအခ်က္ႏွင့္ပတ္သက္ၿပီး တရား႐ုံးဆုံးျဖတ္ခ်က္ ၾကားနာပြဲသို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးလည္းတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထိုင္းတရား႐ုံးက သက္ဆင္ကို မေလးရွားႏိုင္ငံသို႔ သုံးရက္ၾကာ သြားေရာက္ခြင့္ေပးမည္ျဖစ္ေသာ္လည္း ထိုင္းဘတ္ (၅) သန္း အာမခံေပးရမည္ဟု ဆုံးျဖတ္ခဲ့ေၾကာင္းသိရသည္။ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္သည္ ျပည္ေျပးအျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာျပည္ပတြင္ေနထိုင္ခဲ့ၿပီး ၎၏တည္ေထာင္ခဲ့ေသာ ျဖဴထိုင္းပါတီအာဏာရခ်ိန္တြင္ မိခင္ႏိုင္ငံသို႔ ျပန္လာကာ က်ခံရမည့္ျပစ္ဒဏ္မ်ားကို လက္ခံခဲ့ေၾကာင္း သိရသည္။
တရား႐ုံးဆုံးျဖတ္ခ်က္သည္ သက္ဆင္ႏွင့္ပတ္သက္ၿပီးထိုင္းဘုရင္နန္းေတာ္၏ဆုံးျဖတ္ခ်က္ကို ထိခိုက္မႈရွိမည္မဟုတ္ ေၾကာင္းေျပာသည္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး မာရစ္ကလည္း တရား႐ုံးတြင္ မေလးရွားႏိုင္ငံသို႔ သြားေရာက္မည့္ သက္ဆင္၏ခရီးစဥ္ကို ေထာက္ခံေပးခဲ့ေၾကာင္းသိရသည္။ ထိုင္းဘုရင့္နန္းေတာ္သည္ သက္ဆင္ကို ၿပီးခဲ့ေသာႏွစ္ ဇြန္လက သက္ညာခြင့္ေပးထားၿပီး သက္ညာခြန္ အမိန႔္ထဲတြင္ တရား႐ုံးခြင့္ျပဳခ်က္မရွိဘဲ ျပည္ပႏိုင္ငံသို႔သြားေရာက္ခြင့္ ေပးမည္မဟုတ္ေၾကာင္း ထုတ္ျပန္ထားေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္အာဆီယံအလွည့္က်ဥကၠဌအျဖစ္တာဝန္ယူေနေသာ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္ အီဘရာဟင္ သည္ သက္ဆင္ကို ပုဂၢိဳလ္ေရးအႀကံေပးအျဖစ္ ခန႔္အပ္ခဲ့ေၾကာင္းမၾကာေသးမီက သတင္းထုတ္ျပန္ခဲ့သည္။ မေလးရွားႏိုင္ငံသို႔ သြားေရာက္မည့္ သက္ဆင္၏ခရီးစဥ္အတြင္း မည့္သည့္ကိစၥကို ေဆြးေႏြးမည္ဆိုေသာအခ်က္ကို အတိအက်မသိေသး ေၾကာင္း သိရသည္။ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္သည္ ၂၀၂၅ ခုႏွစ္တြင္ အာဆီယံအလွည့္က် ဥကၠဌအျဖစ္ တာဝန္ယူထားရာ ျမန္မာအေရးကို အဓိကထားေျဖရွင္းရဖြယ္ရွိေနရာ အေတြ႕ႀကဳံရင့္က်က္ေသာ ထိုင္းဝန္ႀကီးခ်ဳပ္ ေဟာင္းကို အႀကံေပးအျဖစ္ခန႔္အပ္ထားျခင္းျဖစ္သည္။ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္ႏွင့္ သက္ဆင္တို႔ေတြ႕ဆုံေဆြးေႏြးမည့္ အစီအစဥ္အတြင္း ျမန္မာအေရးကိုထည့္သြင္းေဆြးေႏြးဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။