ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁
အမေရိကန်အစိုးရအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး မက္ကဆီကိုနိုင်ငံ နှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသော ကုန်စည်များကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောကြားလိုက်သည်။ ဒေါ်နယ်ထရမ့်က အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသော ရေနံကို အခွန်ကောက်ခံရန် သင့်/မသင့် ကို အပြီးသတ်ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ပြောသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာတွင် ကနေဒါ၊ မက္ကဆီနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှတင်သွင်းသော ကုန်စည်များကို အခွန်တိုးကောက်ခံရန် ဆန္ဒရှိနေခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတက အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေသော ရွှေ့ပြောင်းသွားလာသူများ၊ မူးယစ် မှောင်ခိုကုန်ကူးသူများ၊ ကုန်သွယ်ရေးလိုငွေပြမှုများကြောင့် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ တင်သွင်းသောကုန်စည် များကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ပြောသည်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ မက္ကဆီကို အခွန် ၂၅ ရာခိုင်နှုန်း၊ ကနေဒါကို အခွန် ၂၅ ရာခိုင်နှုန်း သီးခြားစီ ကောက်ခံမယ်။ အဲဒီနိုင်ငံတွေနဲ့ပြုလုပ်နေတဲ့ကုန်သွယ်မှုတွေမှာ ကုန်သွယ်ရေးလိုငွေပြမှုတွေကို ထိန်းနိုင်အောင်ရည်ရွယ် တာပါ" ဟု ပြောသည်။
နယ်စပ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်များမှတင်သွင်းသော ရေနံများကို အခွန်ကောက်ခံရေးက ဈေးနှုန်းအပေါ်တွင် မူတည်နေသည့်အတွက် လက်ရှိအချိန်တွင် အပြီးသတ်ဆုံးဖြတ်ခြင်းမရှိသေးကြောင်း အမေရိကန်သမ္မတအသစ် က ပြောသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "ဒီကိစ္စကို မကြာခင် ဆုံးဖြတ်သွားမယ်" ဟု ပြောသည်။ကနေဒါအစိုးရက ၎င်းတု့ိနိုင်ငံမှတင်သွင်းသော ကုန်စည်များကို အခွန်ကောက်ခံမည်ဆိုလျှင် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ပြောသည်။ အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်မှ ကုန်စည်များကိုအခွန်ကောက်မည်ဆိုလျှင် ကနေဒါနိုင်ငံကလည်း အမေရိကန်နိုင်ငံမှတင်သွင်းသော အမေရိကန်ဒေါ်လာ (၁၀၅)ဘီလျံတန်ဖိုးရှိ ကုန်စည်များကို အခွန်ကောက်ခံမည် ဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။ ထို့အပြင် အမေရိကန်အစိုးရအသစ်သည် အမေရိကန်နိုင်ငံသို့တင်ပို့သော အမေရိကန်ဒေါ်လာ ၃၇ဝ ဘီလျံနီးပါးတန်ဖိုးရှိ တရုတ်ကုန်စည်များကိုလည်း အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံရန် ခြိမ်းခြောက်ထားကြောင်း သိရသည်။ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန် ပထမ သက်တမ်းတုန်းက အမေရိကန် နှင့် တရုတ်နိုင်ငံတို့သည် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲခဲ့ဖူးကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးချိန်ကာလတည်းက အမေရိကန်နိုင်ငံသို့ တင်ပို့နေသော တရုတ်ကုန်စည်များကို အခွန်ကောက်ခံမည်ဖြစ်ကြောင်း သတိပေးပြောခဲ့ဖူးသည်။
Zawgyi Version:
မကၠဆီကိုႏိုင္ငံ ႏွင့္ ကေနဒါႏိုင္ငံတို႔မွ တင္သြင္းေသာကုန္စည္မ်ားကိုအခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံမည္ဟု ေဒၚနယ္ထရမ့္ အတည္ျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁
အေမရိကန္အစိုးရအေနျဖင့္ ေဖေဖာ္ဝါရီ ၁ ရက္မွစတင္ၿပီး မကၠဆီကိုႏိုင္ငံ ႏွင့္ ကေနဒါႏိုင္ငံတို႔မွ တင္သြင္းေသာ ကုန္စည္မ်ားကို အခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာၾကားလိုက္သည္။ ေဒၚနယ္ထရမ့္က အိမ္နီးခ်င္းႏိုင္ငံမ်ားမွ တင္သြင္းေသာ ေရနံကို အခြန္ေကာက္ခံရန္ သင့္/မသင့္ ကို အၿပီးသတ္ဆုံးျဖတ္ထားျခင္းမရွိေသးေၾကာင္း ေျပာသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ကေနဒါ၊ မကၠဆီႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွတင္သြင္းေသာ ကုန္စည္မ်ားကို အခြန္တိုးေကာက္ခံရန္ ဆႏၵရွိေနခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတက အေမရိကန္ႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္ေနေသာ ေ႐ႊ႕ေျပာင္းသြားလာသူမ်ား၊ မူးယစ္ ေမွာင္ခိုကုန္ကူးသူမ်ား၊ ကုန္သြယ္ေရးလိုေငြျပမႈမ်ားေၾကာင့္ ကေနဒါႏွင့္ မကၠဆီကိုႏိုင္ငံတို႔မွ တင္သြင္းေသာကုန္စည္ မ်ားကို အခြန္ ၂၅ ရာခိုင္ႏႈန္းေကာက္ခံမည္ျဖစ္ေၾကာင္း ေျပာသည္။
ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ဟာ မကၠဆီကို အခြန္ ၂၅ ရာခိုင္ႏႈန္း၊ ကေနဒါကို အခြန္ ၂၅ ရာခိုင္ႏႈန္း သီးျခားစီ ေကာက္ခံမယ္။ အဲဒီႏိုင္ငံေတြနဲ႔ျပဳလုပ္ေနတဲ့ကုန္သြယ္မႈေတြမွာ ကုန္သြယ္ေရးလိုေငြျပမႈေတြကို ထိန္းႏိုင္ေအာင္ရည္႐ြယ္ တာပါ" ဟု ေျပာသည္။
နယ္စပ္ခ်င္းထိစပ္ေနေသာ အိမ္နီးခ်င္းႏိုင္မ်ားမွတင္သြင္းေသာ ေရနံမ်ားကို အခြန္ေကာက္ခံေရးက ေဈးႏႈန္းအေပၚတြင္ မူတည္ေနသည့္အတြက္ လက္ရွိအခ်ိန္တြင္ အၿပီးသတ္ဆုံးျဖတ္ျခင္းမရွိေသးေၾကာင္း အေမရိကန္သမၼတအသစ္ က ေျပာသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က "ဒီကိစၥကို မၾကာခင္ ဆုံးျဖတ္သြားမယ္" ဟု ေျပာသည္။ကေနဒါအစိုးရက ၎တု႔ိႏိုင္ငံမွတင္သြင္းေသာ ကုန္စည္မ်ားကို အခြန္ေကာက္ခံမည္ဆိုလွ်င္ လက္တုံ႔ျပန္မည္ျဖစ္ေၾကာင္း ေျပာသည္။ အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္မွ ကုန္စည္မ်ားကိုအခြန္ေကာက္မည္ဆိုလွ်င္ ကေနဒါႏိုင္ငံကလည္း အေမရိကန္ႏိုင္ငံမွတင္သြင္းေသာ အေမရိကန္ေဒၚလာ (၁၀၅)ဘီလ်ံတန္ဖိုးရွိ ကုန္စည္မ်ားကို အခြန္ေကာက္ခံမည္ ျဖစ္ေၾကာင္း ကေနဒါႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာသည္။ ထို႔အျပင္ အေမရိကန္အစိုးရအသစ္သည္ အေမရိကန္ႏိုင္ငံသို႔တင္ပို႔ေသာ အေမရိကန္ေဒၚလာ ၃၇ဝ ဘီလ်ံနီးပါးတန္ဖိုးရွိ တ႐ုတ္ကုန္စည္မ်ားကိုလည္း အခြန္ ၁၀ ရာခိုင္ႏႈန္းေကာက္ခံရန္ ၿခိမ္းေျခာက္ထားေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခ်ိန္ ပထမ သက္တမ္းတုန္းက အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ကုန္သြယ္ေရးစစ္ပြဲဆင္ႏႊဲခဲ့ဖူးေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခ်ိန္ကာလတည္းက အေမရိကန္ႏိုင္ငံသို႔ တင္ပို႔ေနေသာ တ႐ုတ္ကုန္စည္မ်ားကို အခြန္ေကာက္ခံမည္ျဖစ္ေၾကာင္း သတိေပးေျပာခဲ့ဖူးသည္။
Related news
© 2021. All rights reserved.