လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံရန် ဖိလစ်ပိုင်သမ္မတ စီစဉ်နေ
54
Pika (NP News) - ဖေဖော်ဝါရီ ၁
လူဝင်မှုကြီးကြပ်ရေးအပါအဝင် အခြားကိစ္စရပ်များကို ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ဇန်နဝါရီလ(၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒသည် အမေရိကန်နိုင်ငံတွင်ရှိသော ဖိလစ်ပိုင်နိုင်ငံသားအများအပြားအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း ဖာဒီနန်မားကို့စ်ဂျူနီယာက ထပ်မံပြောခဲ့သည်။
ဖာဒီနန်မားကို့စ်ဂျူနီယာက “ဒေါ်နယ်ထရမ့်ရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒဟာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲဆိုတာ ကို ကျွန်တော်တို့တွေ့မြင်ရပါလိမ့်မယ်” ဟု ပြောခဲ့သည်။
သို့သော်လည်း ဖာဒီနန်မားကို့စ်ဂျူနီယာသည် ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံမှုအား မည်သည့်အချိန်တွင် လုပ်ဆောင်မလဲ ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန် သမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော ဒေါ်နယ်ထရမ့်သည် တင်းကျပ်သော နယ်စပ်မူဝါဒ၊ တင်းကျပ်သော ဗီဇာ စစ်ဆေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အမေရိကန်နိုင်ရှိ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများကို ဖြိုခွင်းရန် အာရုံစိုက်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမိန့်အများအပြားကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Think Tank Migration Policy Institute ၏ (၂၀၁၉)ခုနှစ် ခန့်မှန်းချက်များအရ အမေရိကန်တွင် အထောက်အထားမဲ့ ဖိလစ်ပိုင်နိုင်ငံသား(၃)သိန်းကျော်ရှိကြောင်း သိရသည်။ US Census Bureau ၏ (၂၀၂၄)ခုနှစ် အစီရင်ခံစာအရ ဖိလစ်ပိုင် နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ(၂)သန်းနီးပါးသည် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေပြောဆိုချက်များ နှင့် ရန်လိုသောလုပ်ရပ်များ ကို ရပ်တန့်ခဲ့မည်ဆိုပါက အမေရိကန်က ဖိလစ်ပိုင်တွင် ဖြန့်ကျက်ချထားသော တိုင်ဖွန်းဒုံးကျည်လောင်ချာစနစ်ကို အမေရိကန်နိုင်ငံသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်တွင် စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ရန်အတွက် အမေရိကန်က တိုင်ဖွန်းဒုံးကျည်လောင်ချာစနစ် ဖြန့်ကျက် ချထားမှုကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားပြီး ပြန်လည်ရုတ်သိမ်းမှုများလုပ်ဆောင်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။
Zawgyi Version:
လူဝင္မႈႀကီးၾကပ္ေရးမူဝါဒကို ေဆြးေႏြးရန္အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ေတြ႕ဆုံရန္ ဖိလစ္ပိုင္သမၼတ စီစဥ္ေန
Pika (NP News) - ေဖေဖာ္ဝါရီ ၁
လူဝင္မႈႀကီးၾကပ္ေရးအပါအဝင္ အျခားကိစၥရပ္မ်ားကို ေဆြးေႏြးရန္အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ ေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း ဖိလစ္ပိုင္သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ဇန္နဝါရီလ(၃၀)ရက္တြင္ ထုတ္ျပန္ခဲ့သည္။ ေဒၚနယ္ထရမ့္၏ လူဝင္မႈႀကီးၾကပ္ေရးမူဝါဒသည္ အေမရိကန္ႏိုင္ငံတြင္ရွိေသာ ဖိလစ္ပိုင္ႏိုင္ငံသားအမ်ားအျပားအေပၚ သက္ေရာက္မႈမ်ားရွိလာႏိုင္ေၾကာင္း ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ထပ္မံေျပာခဲ့သည္။
ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက “ေဒၚနယ္ထရမ့္ရဲ႕လူဝင္မႈႀကီးၾကပ္ေရးမူဝါဒဟာ ဘယ္လိုသက္ေရာက္မႈေတြရွိႏိုင္လဲဆိုတာ ကို ကြၽန္ေတာ္တို႔ေတြ႕ျမင္ရပါလိမ့္မယ္” ဟု ေျပာခဲ့သည္။
သို႔ေသာ္လည္း ဖာဒီနန္မားကို႔စ္ဂ်ဴနီယာသည္ ေဒၚနယ္ထရမ့္ႏွင့္ေတြ႕ဆုံမႈအား မည္သည့္အခ်ိန္တြင္ လုပ္ေဆာင္မလဲ ဆိုသည့္အခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အေမရိကန္ သမၼတအျဖစ္ စတင္တာဝန္ယူခဲ့ေသာ ေဒၚနယ္ထရမ့္သည္ တင္းက်ပ္ေသာ နယ္စပ္မူဝါဒ၊ တင္းက်ပ္ေသာ ဗီဇာ စစ္ေဆးျခင္းဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားႏွင့္ အေမရိကန္ႏိုင္ရွိ အေထာက္အထားမဲ့ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို ၿဖိဳခြင္းရန္ အာ႐ုံစိုက္သည့္ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ အမိန႔္အမ်ားအျပားကို ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။
Think Tank Migration Policy Institute ၏ (၂၀၁၉)ခုႏွစ္ ခန႔္မွန္းခ်က္မ်ားအရ အေမရိကန္တြင္ အေထာက္အထားမဲ့ ဖိလစ္ပိုင္ႏိုင္ငံသား(၃)သိန္းေက်ာ္ရွိေၾကာင္း သိရသည္။ US Census Bureau ၏ (၂၀၂၄)ခုႏွစ္ အစီရင္ခံစာအရ ဖိလစ္ပိုင္ ႏိုင္ငံမွ ေ႐ႊ႕ေျပာင္းေနထိုင္သူ(၂)သန္းနီးပါးသည္ အေမရိကန္ႏိုင္ငံတြင္ ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမေျပာဆိုခ်က္မ်ား ႏွင့္ ရန္လိုေသာလုပ္ရပ္မ်ား ကို ရပ္တန႔္ခဲ့မည္ဆိုပါက အေမရိကန္က ဖိလစ္ပိုင္တြင္ ျဖန႔္က်က္ခ်ထားေသာ တိုင္ဖြန္းဒုံးက်ည္ေလာင္ခ်ာစနစ္ကို အေမရိကန္ႏိုင္ငံသို႔ ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ေျပာၾကားခဲ့သည္။ ဖိလစ္ပိုင္တြင္ စစ္ေရးေလ့က်င့္မႈမ်ားလုပ္ေဆာင္ရန္အတြက္ အေမရိကန္က တိုင္ဖြန္းဒုံးက်ည္ေလာင္ခ်ာစနစ္ ျဖန႔္က်က္ ခ်ထားမႈကို တ႐ုတ္ႏိုင္ငံက ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္ထားၿပီး ျပန္လည္႐ုတ္သိမ္းမႈမ်ားလုပ္ေဆာင္ရန္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ဖူးေၾကာင္း သိရသည္။