ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁
အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးအစိတ်အပိုင်းအဖြစ် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးနေရာဇန်နဝါရီ ၃၁ ရက်မှာ ထိုင်းနိုင်ငံသား ငါးဦး ပြန်လည်လွတ်မြောက်လာခဲ့ ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် ဟားမက်စ် နှင့် အစ္စရေးနိုင်ငံကြား ၁၅ လကြာဖြစ်ပွားနေသော စစ်ပွဲကို အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန်အတွက် ကြားဝင်ဆွေးနွေးခဲ့ရာ လက်ရှိအချိန်တွင် ယာယီအပစ်ခတ်ရပ်စဲရေး ရယူထား နိုင်ပြီး ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးရန် သဘောတူညီထားကြောင်း သိရသည်။
(ICRC) အဖွဲ့သည် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမှုနှင့်ပတ်သက်ပြီး လက်ခံဆောင်ရွက်ပေးမှုများကို ကြားဝင် ဆောင်ရွက်ပေးနေပြီး ဖမ်းဆီးခံထားရသော ထိုင်းနိုင်ငံသားငါးဦး၏ မိသားစုဝင်များ ဝမ်းသာပျော်ရွှင်လွန်းသည့်အတွက် မျက်ရည်များ ကျနေကြောင်း သိရသည်။ အစ္စရေးအစိုးရက ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့သူ ၈ ဦးထဲ တွင် ထိုင်းနိုင်ငံသား ၅ ဦး ပါဝင်ခဲ့ကြောင်း အတည်ပြုထားသည်။
အစ္စရေးနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက ဂါဇာဒေသတွင် ဟားမက်စ်အဖွဲ့ ဖမ်းဆီးခံထားရသူများတွင် ထိုင်းနိုင်ငံသား ၈ ဦး ပါဝင်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ၆ ဦး အသက်ရှင်နေဆဲဖြစ်ကာ ငါးဦးပြန်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ပြောသည်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သော ထိုင်းနိုင်ငံသား ငါးဦးသည် အသက် ၂၈ နှစ် နှင့် ၄၂ နှစ်အရွယ်ရှိနေကြောင်း သိရသည်။
အဆိုပါဟားမက်စ်လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲခံရသောထိုင်းနိုင်ငံသားများသည် အစ္စရေးနယ်စပ်ဒေသရှိ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းတွင် အလုပ်လုပ်နေသူများဖြစ်ကြောင်း သိရသည်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးဖြစ်သူ မာဇွတ်ကလည်း ထိုင်းနိုင်ငံသား ၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း အတည်ပြုထားသည်။ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုများအရ အပြန်အလှန်အနေဖြင့် အစ္စရေးက ဖမ်းဆီးထားသော ပါလက်စတိုင်း အကျဉ်းသား ၁၀၀ ကျော်ကို ဇန်နဝါရီလ ၃၁ ရက်တွင် ပြန်လည်လွှတ်ပေးရမည်ဖြစ်သည်။ ဇန်နဝါရီ ၃၁ ရက်က ပြန်လွှတ်ပေးမှုသည် အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ၄၂ ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲရေး ရယူထား ချိန်အတွင်း ဖမ်းဆီးခံထားရသူများကို သုံးကြိမ်မြောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအရ ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ဖမ်းဆီးထားသူများအနက်မှ အသက်ရှင်ကျန်ရစ်နေသူ ၉၇ ဦးထဲမှ အနည်းဆုံး ၃၃ ဦး ပြန်လွှတ်ပေးရမည်ဖြစ်သလို အစ္စရေးက ဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသား အနည်းဆုံး ၁၅၀၀ ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ဂါဇာစစ္ပြဲယာယီအပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈအရ ဖမ္းဆီးခံထားရေသာ ထိုင္းႏိုင္ငံသား ၅ ဦး ျပန္လြတ္ေျမာက္လာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁
အစၥေရးႏွင့္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနေသာ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးအစိတ္အပိုင္းအျဖစ္ ဖမ္းဆီးထားသူမ်ားကို ျပန္လႊတ္ေပးေနရာဇန္နဝါရီ ၃၁ ရက္မွာ ထိုင္းႏိုင္ငံသား ငါးဦး ျပန္လည္လြတ္ေျမာက္လာခဲ့ ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံသည္ ဟားမက္စ္ ႏွင့္ အစၥေရးႏိုင္ငံၾကား ၁၅ လၾကာျဖစ္ပြားေနေသာ စစ္ပြဲကို အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္အတြက္ ၾကားဝင္ေဆြးေႏြးခဲ့ရာ လက္ရွိအခ်ိန္တြင္ ယာယီအပစ္ခတ္ရပ္စဲေရး ရယူထား ႏိုင္ၿပီး ဖမ္းဆီးထားသူမ်ားကို အျပန္အလွန္ျပန္လႊတ္ေပးရန္ သေဘာတူညီထားေၾကာင္း သိရသည္။
(ICRC) အဖြဲ႕သည္ ဖမ္းဆီးခံထားရသူမ်ား ျပန္လႊတ္ေပးမႈႏွင့္ပတ္သက္ၿပီး လက္ခံေဆာင္႐ြက္ေပးမႈမ်ားကို ၾကားဝင္ ေဆာင္႐ြက္ေပးေနၿပီး ဖမ္းဆီးခံထားရေသာ ထိုင္းႏိုင္ငံသားငါးဦး၏ မိသားစုဝင္မ်ား ဝမ္းသာေပ်ာ္႐ႊင္လြန္းသည့္အတြက္ မ်က္ရည္မ်ား က်ေနေၾကာင္း သိရသည္။ အစၥေရးအစိုးရက ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က ျပန္လႊတ္ေပးခဲ့သူ ၈ ဦးထဲ တြင္ ထိုင္းႏိုင္ငံသား ၅ ဦး ပါဝင္ခဲ့ေၾကာင္း အတည္ျပဳထားသည္။
အစၥေရးႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီးက ဂါဇာေဒသတြင္ ဟားမက္စ္အဖြဲ႕ ဖမ္းဆီးခံထားရသူမ်ားတြင္ ထိုင္းႏိုင္ငံသား ၈ ဦး ပါဝင္ခဲ့ၿပီး ႏွစ္ဦးေသဆုံးကာ ၆ ဦး အသက္ရွင္ေနဆဲျဖစ္ကာ ငါးဦးျပန္လြတ္ေျမာက္လာျခင္းျဖစ္ေၾကာင္း ေျပာသည္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕လက္ထဲမွ ျပန္လည္လြတ္ေျမာက္လာခဲ့ေသာ ထိုင္းႏိုင္ငံသား ငါးဦးသည္ အသက္ ၂၈ ႏွစ္ ႏွင့္ ၄၂ ႏွစ္အ႐ြယ္ရွိေနေၾကာင္း သိရသည္။
အဆိုပါဟားမက္စ္လက္နက္ကိုင္အဖြဲ႕ ျပန္ေပးဆြဲခံရေသာထိုင္းႏိုင္ငံသားမ်ားသည္ အစၥေရးနယ္စပ္ေဒသရွိ စိုက္ပ်ိဳးေရး ႏွင့္ ေမြးျမဴေရးလုပ္ငန္းတြင္ အလုပ္လုပ္ေနသူမ်ားျဖစ္ေၾကာင္း သိရသည္။ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ အႀကီးတန္း တာဝန္ရွိသူတစ္ဦးျဖစ္သူ မာဇြတ္ကလည္း ထိုင္းႏိုင္ငံသား ၅ ဦးကို ျပန္လႊတ္ေပးခဲ့ေၾကာင္း အတည္ျပဳထားသည္။ အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈမ်ားအရ အျပန္အလွန္အေနျဖင့္ အစၥေရးက ဖမ္းဆီးထားေသာ ပါလက္စတိုင္း အက်ဥ္းသား ၁၀၀ ေက်ာ္ကို ဇန္နဝါရီလ ၃၁ ရက္တြင္ ျပန္လည္လႊတ္ေပးရမည္ျဖစ္သည္။ ဇန္နဝါရီ ၃၁ ရက္က ျပန္လႊတ္ေပးမႈသည္ အစၥေရးႏွင့္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ၄၂ ရက္ၾကာ ယာယီအပစ္ခတ္ရပ္စဲေရး ရယူထား ခ်ိန္အတြင္း ဖမ္းဆီးခံထားရသူမ်ားကို သုံးႀကိမ္ေျမာက္ ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္သည္။ ယာယီအပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈအရ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕သည္ ဖမ္းဆီးထားသူမ်ားအနက္မွ အသက္ရွင္က်န္ရစ္ေနသူ ၉၇ ဦးထဲမွ အနည္းဆုံး ၃၃ ဦး ျပန္လႊတ္ေပးရမည္ျဖစ္သလို အစၥေရးက ဖမ္းဆီးထားေသာ ပါလက္စတိုင္းအက်ဥ္းသား အနည္းဆုံး ၁၅၀၀ ျပန္လႊတ္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။
Related news
© 2021. All rights reserved.