အမေရိကန်တွင် တည်ဆောက်ထားသည့် ရေခဲပြင်ဝင်္ကပါကကမ္ဘာ့အကြီးဆုံးရေခဲပြင်ဝင်္ကပါအဖြစ် ဂင်းနစ်စံချိန်တင်

 117

Pika (NP News) - ဖေဖော်ဝါရီ ၁

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် တွင်ကျင်းပခဲ့သော ရေခဲပွဲတော်တွင် (၁၈၁၄၈ ဒသမ ၈၈) စတုရန်းပေ ကျယ်ဝန်းသော ရေခဲပြင်ဝင်္ကပါကို ကမ္ဘာ့အကြီးဆုံးရေခဲပြင်ဝင်္ကပါအဖြစ် ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်း အဖွဲ့က တရားဝင် အသိအမှတ်ပြုခဲ့ကြောင်းသိရသည်။
အဆိုပါရေခဲပွဲတော်၏ဝင်္ကပါတွင် (၈)ပေမြင့်သောနံရံများနှင့် လှည့်ကွက်များစွာပါရှိကြောင်း လည်းသိရသည်။ အဆိုပါ ဂင်းနစ်စံချိန်ကို ယခင်ကိုင် ဆောင်ထားသည့် ဝင်္ကပါမှာ နယူးယောက်ပြည်နယ် ဘက်ဖလိုမြို့တွင်ကျင်းပခဲ့သော ရေခဲပွဲတော်မှ ရေခဲဝင်္ကပါဖြစ်ကြောင်းသိရသည်။ ဘက်ဖလိုမြို့တွင် ကျင်းပခဲ့သော ရေခဲပွဲတော်ရှိ ဝင်္ကပါသည် စတုရန်း ပေ(၁၃၀ဝဝ)ကျယ်ဝန်းပြီး (၂၀၁၀)ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါဝင်္ကပါတွင် တည်ဆောက်မှု များကို ပြီးခဲ့သည့်ဇန်နဝါရီလ (၁)ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မြက်ခင်းပြင်ကို ကာကွယ်ရန်အတွက် ကျောက်စရစ်ခဲ များနှင့် အထပ် သားပြားများကို ကွင်းပြင်အနှံ့ဖြန့်ကြက်ချထားကြောင်း မင်နီဆိုးတားရေခဲပွဲတော် စီစဉ်သူနှင့် တည် ထောင်သူဖြစ်သည့် ရော်ဘီဟာရဲလ်ကပြောကြားခဲ့သည်။ အဆိုပါရေခဲပြင်ဝင်္ကပါကို ရေခဲတစ်တုံးလျှင် အလေးချိန် (၄၂၅)ပေါင်ခန့်ရှိသော ရေခဲတုံး (၃၄၅၂)တုံးဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စတင်တည်ဆောက်ပြီး နောက် ရက်ပိုင်းအတွင်း ပြီးစီးခဲ့သည့် ရေခဲပြင်ဝင်္ကပါကို ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့တာဝန်ရှိသူများက လာရောက်လည် ပတ် ခြင်းမပြုမီ ရေခဲပန်းပုများနှင့် မီးအလှများကို တပ်ဆင်ခဲ့ကြောင်း ရော်ဘီဟာရဲလ်ကပြောကြားခဲ့သည်။ ထို့ပြင် ရာသီဥတုအခြေအနေများအပေါ် မူတည်ပြီး ရေခဲပွဲတော်ကို ဖေဖော်ဝါရီလ(၁၆)ရက် အထိ ကျင်းပသွားရန် မျှော်လင့် ထားကြောင်း ရော်ဘီ ဟာရဲလ်က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
အေမရိကန္တြင္ တည္ေဆာက္ထားသည့္ ေရခဲျပင္ဝကၤပါကကမာၻ႔အႀကီးဆုံးေရခဲျပင္ဝကၤပါအျဖစ္ ဂင္းနစ္စံခ်ိန္တင္
Pika (NP News) - ေဖေဖာ္ဝါရီ ၁

အေမရိကန္ႏိုင္ငံ မင္နီဆိုးတားျပည္နယ္ တြင္က်င္းပခဲ့ေသာ ေရခဲပြဲေတာ္တြင္ (၁၈၁၄၈ ဒသမ ၈၈) စတုရန္းေပ က်ယ္ဝန္းေသာ ေရခဲျပင္ဝကၤပါကို ကမာၻ႔အႀကီးဆုံးေရခဲျပင္ဝကၤပါအျဖစ္ ကမာၻ႔ဂင္းနစ္ စံခ်ိန္မွတ္တမ္း အဖြဲ႕က တရားဝင္ အသိအမွတ္ျပဳခဲ့ေၾကာင္းသိရသည္။
အဆိုပါေရခဲပြဲေတာ္၏ဝကၤပါတြင္ (၈)ေပျမင့္ေသာနံရံမ်ားႏွင့္ လွည့္ကြက္မ်ားစြာပါရွိေၾကာင္း လည္းသိရသည္။ အဆိုပါ ဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ ေဆာင္ထားသည့္ ဝကၤပါမွာ နယူးေယာက္ျပည္နယ္ ဘက္ဖလိုၿမိဳ႕တြင္က်င္းပခဲ့ေသာ ေရခဲပြဲေတာ္မွ ေရခဲဝကၤပါျဖစ္ေၾကာင္းသိရသည္။ ဘက္ဖလိုၿမိဳ႕တြင္ က်င္းပခဲ့ေသာ ေရခဲပြဲေတာ္ရွိ ဝကၤပါသည္ စတုရန္း ေပ(၁၃၀ဝဝ)က်ယ္ဝန္းၿပီး (၂၀၁၀)ခုႏွစ္တြင္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါဝကၤပါတြင္ တည္ေဆာက္မႈ မ်ားကို ၿပီးခဲ့သည့္ဇန္နဝါရီလ (၁)ရက္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ျမက္ခင္းျပင္ကို ကာကြယ္ရန္အတြက္ ေက်ာက္စရစ္ခဲ မ်ားႏွင့္ အထပ္ သားျပားမ်ားကို ကြင္းျပင္အႏွံ႔ျဖန႔္ၾကက္ခ်ထားေၾကာင္း မင္နီဆိုးတားေရခဲပြဲေတာ္ စီစဥ္သူႏွင့္ တည္ ေထာင္သူျဖစ္သည့္ ေရာ္ဘီဟာရဲလ္ကေျပာၾကားခဲ့သည္။ အဆိုပါေရခဲျပင္ဝကၤပါကို ေရခဲတစ္တုံးလွ်င္ အေလးခ်ိန္ (၄၂၅)ေပါင္ခန႔္ရွိေသာ ေရခဲတုံး (၃၄၅၂)တုံးျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ စတင္တည္ေဆာက္ၿပီး ေနာက္ ရက္ပိုင္းအတြင္း ၿပီးစီးခဲ့သည့္ ေရခဲျပင္ဝကၤပါကို ဂင္းနစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕တာဝန္ရွိသူမ်ားက လာေရာက္လည္ ပတ္ ျခင္းမျပဳမီ ေရခဲပန္းပုမ်ားႏွင့္ မီးအလွမ်ားကို တပ္ဆင္ခဲ့ေၾကာင္း ေရာ္ဘီဟာရဲလ္ကေျပာၾကားခဲ့သည္။ ထို႔ျပင္ ရာသီဥတုအေျခအေနမ်ားအေပၚ မူတည္ၿပီး ေရခဲပြဲေတာ္ကို ေဖေဖာ္ဝါရီလ(၁၆)ရက္ အထိ က်င္းပသြားရန္ ေမွ်ာ္လင့္ ထားေၾကာင္း ေရာ္ဘီ ဟာရဲလ္က ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.