ရန်ကုန်မြို့လယ်တွင် ဒုစရိုက်မှုကျူးလွန်ရန်ကြိုးစားနေသော လူငယ်အမျိုးသားတစ်ဦးကို အချိန်မီဟန့်တား ဖမ်းဆီးနိုင်ခဲ့

 850

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့၊ ကျောက်တံတားမြိုနယ်တွင် ဒုစရိုက်မှုကျူးလွန်ရန်ကြိုးစားနေသော လူငယ်အမျိုးသားတစ်ဦးကို အချိန်မီဟန့်တား ဖမ်းဆီးနိုင်ခဲ့ကြောင်း မြို့ခံတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)၊ ညနေပိုင်း ၅ နာရီဝန်းကျင်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ (အလယ်ဘလောက်) တွင် လူအများရှိနေချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ယောက်တည်း ဘာမှတော့ မပါသွားလိုက်ဘူး။ သူက ဝင်ပြီးတော့ ခိုးဖို့လုပ်တာပေါ့နော်။ ဒီလို အကြီးစား လည်း မဟုတ်ဘူးပေါ့နော်။ ရရစားစား ရတာယူပြီး ထွက်ပြေးမယ့် ပုံစံမျိုးလေးပေါ့။ အိမ်ရှေ့မှာရပ်ပြီးတော့ ဝင်ပြီးတော့လုဖို့ ချောင်းနေတဲ့အချိန်မှာ သူတို့က မိသွားတာတဲ့။ ဖမ်းလည်းဖမ်းပြီးရော CCTV ကနေ ကြည့်လိုက်တော့ သူ့ပုံစံက အဲဒီလိုမျိုးဖြစ်နေတော့ သူ့ကိုဖမ်းပြီးတော့ အမှုဖွင့်ထားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပြစ်မှုကျူးလွန်သူအမျိုးသားမှာ အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိသူဖြစ်ပြီး ၎င်း၏နောက်ကြောင်း ရာဇဝင် နှင့်ပတ်သက်၍ သေချာစွာသိရခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
“တဖြည်းဖြည်းနဲ့ ရဲနေပြီပေါ့။ အကုန်လုံး မနက်ရော၊ ညနေရော စပြီးတော့ လှုပ်ရှားနေပြီပေါ့နော်။ တော်တော်ကို ကြောက်ဖို့ကောင်းနေပြီ။ အရှေ့မှာရပ်ကွက်ရုံးကြီးရှိတာတောင်မှ ဒီကောင်တွေ လုပ်ရဲတာဆိုတော့ ဒီထက်ပိုဆိုးဖို့ပဲ ရှိတာပေါ့။ သူတို့မှာ အကြောက်တရားမရှိတော့ဘူး။ ပြီးရင် ဒီလမ်းကြီးက တအားလူစည်တဲ့ လမ်းကြီးဖြစ်နေတယ်။ ပြီးတော့ သူလုပ်တဲ့အချိန်က ညနေ(၅)နာရီဆိုတော့ ဗလီထဲကနေ ဆင်းတာတွေများတဲ့အချိန်” ဟု ၎င်းက အကြံပြုပြောထားသည်။
ထို့ကြောင့် အဆိုပါပြစ်မှုကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕လယ္တြင္ ဒုစ႐ိုက္မႈက်ဴးလြန္ရန္ႀကိဳးစားေနေသာ လူငယ္အမ်ိဳးသားတစ္ဦးကို အခ်ိန္မီဟန႔္တား ဖမ္းဆီးႏိုင္ခဲ့
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၁

ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳနယ္တြင္ ဒုစ႐ိုက္မႈက်ဴးလြန္ရန္ႀကိဳးစားေနေသာ လူငယ္အမ်ိဳးသားတစ္ဦးကို အခ်ိန္မီဟန႔္တား ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၃၁ ရက္)၊ ညေနပိုင္း ၅ နာရီဝန္းက်င္အခ်ိန္ခန႔္က ေက်ာက္တံတားၿမိဳ႕နယ္၊ လမ္း ၄ဝ (အလယ္ဘေလာက္) တြင္ လူအမ်ားရွိေနခ်ိန္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တစ္ေယာက္တည္း ဘာမွေတာ့ မပါသြားလိုက္ဘူး။ သူက ဝင္ၿပီးေတာ့ ခိုးဖို႔လုပ္တာေပါ့ေနာ္။ ဒီလို အႀကီးစား လည္း မဟုတ္ဘူးေပါ့ေနာ္။ ရရစားစား ရတာယူၿပီး ထြက္ေျပးမယ့္ ပုံစံမ်ိဳးေလးေပါ့။ အိမ္ေရွ႕မွာရပ္ၿပီးေတာ့ ဝင္ၿပီးေတာ့လုဖို႔ ေခ်ာင္းေနတဲ့အခ်ိန္မွာ သူတို႔က မိသြားတာတဲ့။ ဖမ္းလည္းဖမ္းၿပီးေရာ CCTV ကေန ၾကည့္လိုက္ေတာ့ သူ႔ပုံစံက အဲဒီလိုမ်ိဳးျဖစ္ေနေတာ့ သူ႔ကိုဖမ္းၿပီးေတာ့ အမႈဖြင့္ထားတယ္” ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါျပစ္မႈက်ဴးလြန္သူအမ်ိဳးသားမွာ အသက္(၂၀)ႏွစ္ဝန္းက်င္အ႐ြယ္ရွိသူျဖစ္ၿပီး ၎၏ေနာက္ေၾကာင္း ရာဇဝင္ ႏွင့္ပတ္သက္၍ ေသခ်ာစြာသိရျခင္းမရွိေသးေၾကာင္း ၎က ဆိုသည္။
“တျဖည္းျဖည္းနဲ႔ ရဲေနၿပီေပါ့။ အကုန္လုံး မနက္ေရာ၊ ညေနေရာ စၿပီးေတာ့ လႈပ္ရွားေနၿပီေပါ့ေနာ္။ ေတာ္ေတာ္ကို ေၾကာက္ဖို႔ေကာင္းေနၿပီ။ အေရွ႕မွာရပ္ကြက္႐ုံးႀကီးရွိတာေတာင္မွ ဒီေကာင္ေတြ လုပ္ရဲတာဆိုေတာ့ ဒီထက္ပိုဆိုးဖို႔ပဲ ရွိတာေပါ့။ သူတို႔မွာ အေၾကာက္တရားမရွိေတာ့ဘူး။ ၿပီးရင္ ဒီလမ္းႀကီးက တအားလူစည္တဲ့ လမ္းႀကီးျဖစ္ေနတယ္။ ၿပီးေတာ့ သူလုပ္တဲ့အခ်ိန္က ညေန(၅)နာရီဆိုေတာ့ ဗလီထဲကေန ဆင္းတာေတြမ်ားတဲ့အခ်ိန္” ဟု ၎က အႀကံျပဳေျပာထားသည္။
ထို႔ေၾကာင့္ အဆိုပါျပစ္မႈက်ဴးလြန္သူအမ်ိဳးသားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.