Squid Game 3 ကို ဇွန်လ ၂၇ ရက်မှာ Netflix မှ ကြည့်ရှုနိုင်မည်

 204

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂

နာမည်ကျော် တောင်ကိုရီးယားဒရာမာ Squid Game ရဲ့နောက်ဆုံး Season ဖြစ်တဲ့ Season 3 ကို လာမယ့် ဇွန်လ ၂၇ ရက်မှာ Netflix မှ ပြသသွားမယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
Netflix ရဲ့ကြော်ငြာချက်နှင့်အတူ ထုတ်ပြန်လာတဲ့ ပိုစတာအသစ်မှာလည်း လိမ္မော်ရောင် ပန်းခင်းကြမ်းပြင် မှာ မျက်နှာဖုံး ဝတ်ဆင်ထားတဲ့ အစောင့်တစ်ဦးက အသက်မဲ့ပြိုင်ပွဲဝင်တစ်ဦးကို ဒရွတ်တိုက် ဆွဲနေတဲ့ပုံ မြင်တွေ့ရ ပြီး "ခေါင်ရမ်းပန်းလေး ပွင့်တော့မည်" ဂိမ်းရဲ့ စက်ရုပ် ယောင်းဟီးကလည်း တွဲဖက်ယောကျ်ားစက်ရုပ် ယောင်းဆိုး ပါဝင်လာတာတွေ့ရပါတယ်။ ပိုစတာမှာ "Prepare for the final game.” လို့ ရေးသားထားပြီး ဇာတ်လိုက် ဂီဟွန်း ကိုလည်း လိပ်ထိပ်ခတ်ထားတဲ့ပုံနဲ့တွေ့မြင်ရပါတယ်။
သည်းထိတ်ရင်ဖိုအက်ရှင်စီးရီးဖြစ်တဲ့ Squid Game ဟာ ၂၀၂၁ ခုနှစ်က Season 1 နဲ့အတူ Netflix ရဲ့ ကမ္ဘာလုံးဆိုင်ရာတိုက်ရိုက်ကြည့်ရှုမှု အများဆုံး စီးရီးဖြစ်ခဲ့ပါတယ်။ ဒါအပြင် Squid Game Season 2 ကြောင့် လည်း Netflix ဟာ ဇာတ်ကားထွက်ပြီး စတုတ္ထသုံးလပတ်အတွင်း Subscribers ၁၉ သန်း စံချိန်တင် ထပ်တိုးခဲ့ပါ တယ်။ Season 3 မှာတော့ ဂိမ်းတွေကို ရပ်တန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဇာတ်ကောင် ဆောင်းဂီဟွန်းကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Zawgyi Version:
Squid Game 3 ကို ဇြန္လ ၂၇ ရက္မွာ Netflix မွ ၾကည့္ရႈႏိုင္မည္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂

နာမည္ေက်ာ္ ေတာင္ကိုရီးယားဒရာမာ Squid Game ရဲ႕ေနာက္ဆုံး Season ျဖစ္တဲ့ Season 3 ကို လာမယ့္ ဇြန္လ ၂၇ ရက္မွာ Netflix မွ ျပသသြားမယ္လို႔ ဇန္နဝါရီ ၃၀ ရက္မွာ ေၾကညာခဲ့ပါတယ္။
Netflix ရဲ႕ေၾကာ္ျငာခ်က္ႏွင့္အတူ ထုတ္ျပန္လာတဲ့ ပိုစတာအသစ္မွာလည္း လိေမၼာ္ေရာင္ ပန္းခင္းၾကမ္းျပင္ မွာ မ်က္ႏွာဖုံး ဝတ္ဆင္ထားတဲ့ အေစာင့္တစ္ဦးက အသက္မဲ့ၿပိဳင္ပြဲဝင္တစ္ဦးကို ဒ႐ြတ္တိုက္ ဆြဲေနတဲ့ပုံ ျမင္ေတြ႕ရ ၿပီး "ေခါင္ရမ္းပန္းေလး ပြင့္ေတာ့မည္" ဂိမ္းရဲ႕ စက္႐ုပ္ ေယာင္းဟီးကလည္း တြဲဖက္ေယာက်္ားစက္႐ုပ္ ေယာင္းဆိုး ပါဝင္လာတာေတြ႕ရပါတယ္။ ပိုစတာမွာ "Prepare for the final game.” လို႔ ေရးသားထားၿပီး ဇာတ္လိုက္ ဂီဟြန္း ကိုလည္း လိပ္ထိပ္ခတ္ထားတဲ့ပုံနဲ႔ေတြ႕ျမင္ရပါတယ္။
သည္းထိတ္ရင္ဖိုအက္ရွင္စီးရီးျဖစ္တဲ့ Squid Game ဟာ ၂၀၂၁ ခုႏွစ္က Season 1 နဲ႔အတူ Netflix ရဲ႕ ကမာၻလုံးဆိုင္ရာတိုက္႐ိုက္ၾကည့္ရႈမႈ အမ်ားဆုံး စီးရီးျဖစ္ခဲ့ပါတယ္။ ဒါအျပင္ Squid Game Season 2 ေၾကာင့္ လည္း Netflix ဟာ ဇာတ္ကားထြက္ၿပီး စတုတၳသုံးလပတ္အတြင္း Subscribers ၁၉ သန္း စံခ်ိန္တင္ ထပ္တိုးခဲ့ပါ တယ္။ Season 3 မွာေတာ့ ဂိမ္းေတြကို ရပ္တန႔္ပစ္ဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့ ဇာတ္ေကာင္ ေဆာင္းဂီဟြန္းကို ျပန္လည္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.