ထိုင်းအမျိုးသမီးငယ်များ တိုင်းတစ်ပါးတွင် အတင်းအဓမ္မ “မ မျိူးဥ” ထုတ်ယူခံနေရပြီး တရုတ်နှင့် ထိုင်းအစိုးရတို့က အရေးပေါ် ပူးပေါင်းဆောင်ရွက်ရန် ဘန်ကောက်အမျိုးသမီးအစည်းအရုံး မေတ္တာရပ်ခံ

 435

Htay Oung (NP News) - ဖေဖော်ဝါရီ ၄

ထိုင်းအမျိူးသမီးငယ်လေးများဟာ ဂျော်ဂျီယာနိုင်ငံမှာ အသက်ရှင်လျက် “တရားမဝင် မမျိုးဥထုတ်ယူခံ” ဘ၀ သက်ဆင်းနေရလျက်ရှိကြောင်း၊ အဲဒီလိုလုပ်ဖို့အတွက် လိမ်ညာ ဖျားယောင်းခေါ်ယူပြီး အတင်းအဓမ္မခိုင်းစေသူ တရုတ်လူဆိုးဂိုဏ်းများအား နှိမ်နင်းရေးအတွက် ထိုင်းအစိုးရက တရုတ်အစိုးရထံ အမြန်ဆုံးဆက်သွယ်ပြီး အကူအညီရယူရန် ဘန်ကောက်အခြေစိုက် အမျိုးသမီးများ ဖောင်ဒေးရှင်းက မေတ္တာရပ်ခံလိုက်တယ်လို့ “နေရှင်း” သတင်းစာက ဖေဖော်ဝါရီလ ၃ ရက်မှာရေးသားပါတယ်။

ဥရောပအရှေ့ပိုင်း အာရှတိုက်အနောက်ပိုင်းရှိ ဂျော်ဂျီယာနိုင်ငံ ခြံဝင်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရတဲ့ ထိုင်းအမျိုးသမီးငယ် အယောက် ၁၀၀ ခန့် ရှိမည်ဖြစ်ကြောင်း၊ တရားမဝင် ဂိုဏ်းများအား ရောင်းချရန်အတွက် သူတို့ရဲ့ ဆန္ဒမပါပဲ အတင်းအကြပ် မမျိုးဥ ထုတ်ယူခံနေရကြောင်း၊ တနင်္လာနေ့ ဘန်ကောက်မြို့သတင်းစာ ရှင်းလင်းပွဲမှာ “ပေ့ဗီနာ့ ကလေးနှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး ဖောင်ဒေးရှင်း” ဥက္ကဌဖြစ်သူ “ပေ့ဗီနာ့ ဟောင်ဆတ်ကူး” က ပြောပါတယ်။ ခိုင်းစေခံရသူတွေဟာ ကနဦးတုန်းက “တရားဝင် အငှားကိုယ်ဝန်ဆောင်” လုပ်ပေးရန်သာဖြစ်တယ်လို့ က တိပြုထားခဲ့ကြောင်း၊ အဲ့ဒီလို မဟုတ်ပဲ ဖမ်းဆီးပိတ်လှောင်ပြီး မမျိုးဥထုတ်ယူရန် အတင်းအကြပ် ဖိအားပေး ခံခဲ့ရကြောင်း၊ ငြင်းဆိုသူတွေဟာ သူတို့ လွတ်မြောက်ရေးအတွက် ဘတ်ငွေ ၇၀,၀၀၀ အထိ ပေးဆောင်ရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံသို့ ပြန်ရန်အတွက် ဆွေမျိုးသားချင်းများနဲ့ ဆက်သွယ်ပြီး ပြန်ပေးငွေ ပေးအပ်ခဲ့တဲ့ ထိုင်းအမျိုးသမီးငယ်လေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို သတင်းမီဒီယာများကိုယ်တိုင် လွတ်လပ်စွာ လူတွေ့ မေးမြန်းနိုင်ပါတယ်လို့ အစည်းအရုံးဥက္ကဋ္ဌက ဆိုပါတယ်။

အဲဒီနောက် ဂျော်ဂျီယာနိုင်ငံမှာ ကျန်ရှိနေဆဲ အမျိုးသမီးငယ်လေးများအတွက် အကူအညီတောင်းခံရန် ၂၀၂၄-ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ပေ့ဗီနာ့ ဖောင်ဒေးရှင်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ သားကောင်ဘဝမှ လွတ် မြောက်လာသူ“နာ့” ( အမည်ရင်းမဟုတ်) က သတင်းဂျာနယ်လစ်များ မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်အကိုင် ရှာဖွေနေသူ နာ့ဟာ အမျိုးသမီးများအတွက် ဘတ်ငွေ ၄၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကြား အသားတင် ခံစားခွင့်ရရှိနိုင်ကြောင်း Facebook ကြော်ငြာလွှင့်တင်သူနဲ့ ဆက်သွယ်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့ဟာ ဂျော်ဂျီယာနိုင်ငံ တရားဝင် အငှားကိုယ်ဝန်ဆောင်လုပ်ငန်းရဲ့ ပွဲစားများဖြစ်ကြောင်း၊ နိုင်ငံကူးလက် မှတ်ခနဲ့ ခရီးသွားစရိတ်များအပါအဝင် ကုန်ကျစရိတ်အားလုံးကို ပွဲစားက ကျခံမှာဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုလုံး အတွက် တစ်လခန့် ကြာမြင့်နိုင်တယ်လို့ ကြော်ငြာလွှင့်တင်သူက ရှင်းပြကြောင်း၊ ပတ်စပို့ ရရှိပြီးနောက် ဦး ဆောင် အမျိုးသမီးတစ်ယောက်၊ အခြားအမျိုးသမီး ၁၀-ဦးတို့နဲ့ ထိုင်းနိုင်ငံ ပတ္တရာရှိ “အူတာပါအို အပြည်ပြည် ဆိုင်ရာလေဆိပ်” မှ ထွက်ခွာခဲ့ကြောင်း၊ အားလုံး စုစုပေါင်း ၁၂-ယောက်ဖြစ်ပြီး တစ်ဦးတစ်ယောက်မှ ကြိုတင် သိကျွမ်းခဲ့ဖူးသူများ မဟုတ်ကြောင်း၊ လေဆိပ်ရောက်လျှင် ရောက်ချင်း သူတို့ဟာ သာမန်ခရီးသွားများ့ဖြစ်ကြောင်း သက်သေအဖြစ် လူဝင်မှုကြီးကြပ်ရေးအရာရှိများထံ ပြသရန်အတွက် အဖွဲ့ခေါင်းဆောင်က အမျိုးသမီးတစ်ဦးစီအား အမေရိကန် ဒေါ်လာ ၅၀၀ စီ ပေးအပ်ခဲ့ကြောင်း၊ သူတို့အဖွဲ့ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ ဟိုတယ်တစ်ခုမှာ သုံးညတာ တည်းခိုခဲ့ ပြီး အာမေးနီးယားသို့ ဆက်လက်ထွက်ကြရကြောင်။ သူတို့အလုပ်ဟာ ပျော်ရွှင်ကျေနပ်စရာ ကောင်းကြောင်း လှည့်စားဖို့အတွက် ခရီးသွားနေရာအတော်များများမှာ လှည့်လည် ဓါတ်ပုံအရိုက်ခံကြရကြောင်း၊ ၄ ရက်မြောက်နေ့မှာ အာမေးနီးယားသို့ ရောက်ရှိပြီး ၁၀ နာရီကြာ မီးရထားစီးနင်း၍ ပျော်ဂျီယာနိုင်ငံသို့ ရောက် ရှိကြောင်း၊ ဟိုတယ်တစ်ခုမှာ တစ်ညအိပ်ရပြီးနောက် သူတို့ရဲ့ပတ်စ်ပို့တွေကို အဖွဲ့ခေါင်းဆောင်က သိမ်းယူ လိုက်ကြောင်း၊ နောက်တစ်နေ့ နံနက်တွင် သူတို့ကို အိမ်လေးလုံးပါ ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း ရေးသားထားပါတယ်။

ပထမဆုံးအိမ်မှာ နာ့အတွက် နေရာချထားပေးပြီး ထိုင်းအမျိုးသမီး ၆၀ ခန့်ကို ထိန်းသိမ်းထားကြောင်း၊ အများ စုမှာ ကျန်းမာရေးချို့တဲ့ပုံရပြီး အိမ်ပြန်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုကြသူချည့်ဖြစ်ကြောင်း၊ နောက်တစ်နေ့မှာ နာ့တစ်ယောက်တည်း ဒုတိယအိမ်သို့ ပြောင်းရွှေ့ခဲရ့ပြီး အဲ့ဒီနေရာမှာ အခြား ထိုင်းအမျိုးသမီး ၁၀ ဦးခန့်ကို ထိန်းသိမ်းထားတယ်လို့ သိရကြောင်း၊ အိမ်လေးလုံးမှာ စုစုပေါင်း ထိုင်းအမျိုးသမီး ၁၀၀ ခန့် ပိတ်လှောင်ခံထား ရတယ်လို့ ယုံကြည်ရကြောင်း၊ ခြံဝင်းအတွင်း တရုတ်အမျိုးသားများ မကြာခဏ ဝင်ထွက်နေသည်ရို သတိပြုမိကြောင်း၊ နောက်ပိုင်း ထိန်းသိမ်းခံထားရသူများထံမှ နာ့တစ်ယောက်သိရှိလိုက်ရတာ သူတို့တွေကို အငှားကိုယ်ဝန်ဆောင် ရန် ကတိပေးခေါ်ယူခဲ့ပေမယ့် အဲ့ဒါနဲ့ ပတ်သက်လို့ ဘာစာချုပ်စာတန်းမျှ ဆက်လက်ဆောင်ရွက်ခြင်း မရှိသူ များဖြစ်ကြောင်း၊ အဲ့ဒီအစား မျိုးဥရောင်းချဖို့ ဂိုဏ်းသားများက လစဉ် မမျိုးဥထုတ်ယူခြင်းကို မဖြစ်မနေ လုပ် ဆောင်ခဲ့ရကြောင်း၊ အတင်းအကြပ် မျိုးဥထုတ်ယူရာမှာ ဟော်မုန်းလှုံ့ဆော်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အန္တ ရာယ်မကင်းတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ တရားမဝင် လုပ်ဆောင်မှုများဖြစ်တဲ့ အတွက် သင့်လျော်တဲ့ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းမှု အစီအစဉ်များ မပါဝင်ကြောင်း၊ အမျိုးသမီးများမှာ ကျန်းမာရေးကို အန္တရာယ်ဖြစ်ရတယ်လို့ နာ့က ပြောပါတယ်။

အိမ်ပြန်လိုသူ အမျိုးသမီးတွေဟာ သူတို့ရဲ့ ခရီးသွားလာမှုနဲ့ နေထိုင်စရိတ်များအတွက် ဘတ် ၅၀,၀၀၀ မှ ၇၀,၀၀၀ ကြား ပေးဆောင်ရမယ်လို့ ဆိုကြောင်း နာ့ကို ကိုးကားပြီး ပေ့ဗီနာ့ဖောင်ဒေးရှင်း ဥက္ကဌက ရှင်းပြပါ တယ်။ အမျိုးသမီးအများစုဟာ ဂိုဏ်းကို ပေးဆောင်ရန် ငွေကြေးမတတ်နိုင်တဲ့အတွက် ဆက်နေရန်မှတပါး အခြား ရွေးချယ်စရာ မရှိကြောင်း၊ လစဉ် ဆေးခန်းတစ်ခုမှာင မမျိုးဥထုတ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အလှည့်ကျ ခိုင်းစေခံခံနေရတယ်လို့ ဆိုပါတယ်။ နာ့ကတော့ သူရဲ့ မိသားစုက ဂိုဏ်းခေါင်းဆောင်ရဲ့ ဘဏ်အကောင့်သို့ ရွေးနုတ်ဖိုးငွေကို ထည့်သွင်းပေးပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံသို့ ပြန်နိုင်ခဲ့ပါတယ်။ ခြံမှ မထွက်ခွာမီ ဂိုဏ်းသားများထံ မျိုးဥ ရောင်းချရန် သဘောမတူ၊ လွှတ်ပေးရန် အခကြေးငွေလည်း မပေးနိုင်တဲ့ အခြားအမျိုးသမီး သုံးဦးတို့က ဒီအကြောင်းတွေ ပြောပြဖို့ နာ့ကို အကူအညီ တောင်းခံကြောင်း သိရှိရပါတယ်။ ထိုင်းဘုရင့် နိုင်ငံခြားရေးဌာနခွဲမှူး ရဲမှူးချုပ်ထံ အကူအညီတောင်းခံခဲ့ကြောင်း၊ ထိုင်းရဲမှူးက အင်တာပိုလ်သို့ ဆက်သွယ်ခဲ့ပြီး အဲ့ဒီ အမျိုးသမီးသုံးဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ ဇန်နဝါရီ ၃၀ ရက်မှာ ထိုင်း နိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ကယ်ဆယ်နိုင်ခဲ့တဲ့ အမျိုးသမီးသုံးဦးဟာ ယခုအခါ ဖောင်ဒေးရှင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် ဂျော်ဂျီယာနိုင်ငံမှာ ပိတ်မိနေတဲ့ ထိုင်းအမျိုးသမီး ၁၀၀ ခန့်ကို ပြန်လွှတ်ပေးရေး တရုတ်အာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပေ့ဗီနာ့ ကလေးနှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေး ဖောင်ဒေးရှင်းက ထိုင်းအစိုးရကို တိုက်တွန်းပါတယ်။

zawgyi version
ထိုင္းအမ်ိဳးသမီးငယ္မ်ား တိုင္းတစ္ပါးတြင္ အတင္းအဓမၼ “မ မ်ိဴးဥ” ထုတ္ယူခံေနရၿပီး တ႐ုတ္ႏွင့္ ထိုင္းအစိုးရတို႔က အေရးေပၚ ပူးေပါင္းေဆာင္႐ြက္ရန္ ဘန္ေကာက္အမ်ိဳးသမီးအစည္းအ႐ုံး ေမတၱာရပ္ခံ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၄

ထိုင္းအမ်ိဴးသမီးငယ္ေလးမ်ားဟာ ေဂ်ာ္ဂ်ီယာႏိုင္ငံမွာ အသက္ရွင္လ်က္ “တရားမဝင္ မမ်ိဳးဥထုတ္ယူခံ” ဘ၀ သက္ဆင္းေနရလ်က္ရွိေၾကာင္း၊ အဲဒီလိုလုပ္ဖို႔အတြက္ လိမ္ညာ ဖ်ားေယာင္းေခၚယူၿပီး အတင္းအဓမၼခိုင္းေစသူ တ႐ုတ္လူဆိုးဂိုဏ္းမ်ားအား ႏွိမ္နင္းေရးအတြက္ ထိုင္းအစိုးရက တ႐ုတ္အစိုးရထံ အျမန္ဆုံးဆက္သြယ္ၿပီး အကူအညီရယူရန္ ဘန္ေကာက္အေျခစိုက္ အမ်ိဳးသမီးမ်ား ေဖာင္ေဒးရွင္းက ေမတၱာရပ္ခံလိုက္တယ္လို႔ “ေနရွင္း” သတင္းစာက ေဖေဖာ္ဝါရီလ ၃ ရက္မွာေရးသားပါတယ္။

ဥေရာပအေရွ႕ပိုင္း အာရွတိုက္အေနာက္ပိုင္းရွိ ေဂ်ာ္ဂ်ီယာႏိုင္ငံ ၿခံဝင္းတစ္ခုအတြင္း ပိတ္ေလွာင္ခံထားရတဲ့ ထိုင္းအမ်ိဳးသမီးငယ္ အေယာက္ ၁၀၀ ခန႔္ ရွိမည္ျဖစ္ေၾကာင္း၊ တရားမဝင္ ဂိုဏ္းမ်ားအား ေရာင္းခ်ရန္အတြက္ သူတို႔ရဲ႕ ဆႏၵမပါပဲ အတင္းအၾကပ္ မမ်ိဳးဥ ထုတ္ယူခံေနရေၾကာင္း၊ တနလၤာေန႔ ဘန္ေကာက္ၿမိဳ႕သတင္းစာ ရွင္းလင္းပြဲမွာ “ေပ့ဗီနာ့ ကေလးႏွင့္အမ်ိဳးသမီးမ်ား ကာကြယ္ေစာင့္ေရွာက္ေရး ေဖာင္ေဒးရွင္း” ဥကၠဌျဖစ္သူ “ေပ့ဗီနာ့ ေဟာင္ဆတ္ကူး” က ေျပာပါတယ္။ ခိုင္းေစခံရသူေတြဟာ ကနဦးတုန္းက “တရားဝင္ အငွားကိုယ္ဝန္ေဆာင္” လုပ္ေပးရန္သာျဖစ္တယ္လို႔ က တိျပဳထားခဲ့ေၾကာင္း၊ အဲ့ဒီလို မဟုတ္ပဲ ဖမ္းဆီးပိတ္ေလွာင္ၿပီး မမ်ိဳးဥထုတ္ယူရန္ အတင္းအၾကပ္ ဖိအားေပး ခံခဲ့ရေၾကာင္း၊ ျငင္းဆိုသူေတြဟာ သူတို႔ လြတ္ေျမာက္ေရးအတြက္ ဘတ္ေငြ ၇၀,၀၀၀ အထိ ေပးေဆာင္ရန္ လိုအပ္ေၾကာင္း၊ ထိုင္းႏိုင္ငံသို႔ ျပန္ရန္အတြက္ ေဆြမ်ိဳးသားခ်င္းမ်ားနဲ႔ ဆက္သြယ္ၿပီး ျပန္ေပးေငြ ေပးအပ္ခဲ့တဲ့ ထိုင္းအမ်ိဳးသမီးငယ္ေလးတစ္ဦးရဲ႕ ျဖစ္ရပ္မွန္ကို သတင္းမီဒီယာမ်ားကိုယ္တိုင္ လြတ္လပ္စြာ လူေတြ႕ ေမးျမန္းႏိုင္ပါတယ္လို႔ အစည္းအ႐ုံးဥကၠ႒က ဆိုပါတယ္။

အဲဒီေနာက္ ေဂ်ာ္ဂ်ီယာႏိုင္ငံမွာ က်န္ရွိေနဆဲ အမ်ိဳးသမီးငယ္ေလးမ်ားအတြက္ အကူအညီေတာင္းခံရန္ ၂၀၂၄-ခုႏွစ္ စက္တင္ဘာ ၂၇ ရက္ေန႔မွာ ေပ့ဗီနာ့ ေဖာင္ေဒးရွင္းနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ သားေကာင္ဘဝမွ လြတ္ ေျမာက္လာသူ“နာ့” ( အမည္ရင္းမဟုတ္) က သတင္းဂ်ာနယ္လစ္မ်ား ေမးခြန္းကို ျပန္လည္ေျဖဆိုပါတယ္။ ႏိုင္ငံရပ္ျခားမွာ အလုပ္အကိုင္ ရွာေဖြေနသူ နာ့ဟာ အမ်ိဳးသမီးမ်ားအတြက္ ဘတ္ေငြ ၄၀၀,၀၀၀ မွ ၆၀၀,၀၀၀ ၾကား အသားတင္ ခံစားခြင့္ရရွိႏိုင္ေၾကာင္း Facebook ေၾကာ္ျငာလႊင့္တင္သူနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ ေျပာပါတယ္။ သူတို႔ဟာ ေဂ်ာ္ဂ်ီယာႏိုင္ငံ တရားဝင္ အငွားကိုယ္ဝန္ေဆာင္လုပ္ငန္းရဲ႕ ပြဲစားမ်ားျဖစ္ေၾကာင္း၊ ႏိုင္ငံကူးလက္ မွတ္ခနဲ႔ ခရီးသြားစရိတ္မ်ားအပါအဝင္ ကုန္က်စရိတ္အားလုံးကို ပြဲစားက က်ခံမွာျဖစ္ၿပီး လုပ္ငန္းစဥ္တစ္ခုလုံး အတြက္ တစ္လခန႔္ ၾကာျမင့္ႏိုင္တယ္လို႔ ေၾကာ္ျငာလႊင့္တင္သူက ရွင္းျပေၾကာင္း၊ ပတ္စပို႔ ရရွိၿပီးေနာက္ ဦး ေဆာင္ အမ်ိဳးသမီးတစ္ေယာက္၊ အျခားအမ်ိဳးသမီး ၁၀-ဦးတို႔နဲ႔ ထိုင္းႏိုင္ငံ ပတၱရာရွိ “အူတာပါအို အျပည္ျပည္ ဆိုင္ရာေလဆိပ္” မွ ထြက္ခြာခဲ့ေၾကာင္း၊ အားလုံး စုစုေပါင္း ၁၂-ေယာက္ျဖစ္ၿပီး တစ္ဦးတစ္ေယာက္မွ ႀကိဳတင္ သိကြၽမ္းခဲ့ဖူးသူမ်ား မဟုတ္ေၾကာင္း၊ ေလဆိပ္ေရာက္လွ်င္ ေရာက္ခ်င္း သူတို႔ဟာ သာမန္ခရီးသြားမ်ား့ျဖစ္ေၾကာင္း သက္ေသအျဖစ္ လူဝင္မႈႀကီးၾကပ္ေရးအရာရွိမ်ားထံ ျပသရန္အတြက္ အဖြဲ႕ေခါင္းေဆာင္က အမ်ိဳးသမီးတစ္ဦးစီအား အေမရိကန္ ေဒၚလာ ၅၀၀ စီ ေပးအပ္ခဲ့ေၾကာင္း၊ သူတို႔အဖြဲ႕ဟာ ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕ ဟိုတယ္တစ္ခုမွာ သုံးညတာ တည္းခိုခဲ့ ၿပီး အာေမးနီးယားသို႔ ဆက္လက္ထြက္ၾကရေၾကာင္။ သူတို႔အလုပ္ဟာ ေပ်ာ္႐ႊင္ေက်နပ္စရာ ေကာင္းေၾကာင္း လွည့္စားဖို႔အတြက္ ခရီးသြားေနရာအေတာ္မ်ားမ်ားမွာ လွည့္လည္ ဓါတ္ပုံအ႐ိုက္ခံၾကရေၾကာင္း၊ ၄ ရက္ေျမာက္ေန႔မွာ အာေမးနီးယားသို႔ ေရာက္ရွိၿပီး ၁၀ နာရီၾကာ မီးရထားစီးနင္း၍ ေပ်ာ္ဂ်ီယာႏိုင္ငံသို႔ ေရာက္ ရွိေၾကာင္း၊ ဟိုတယ္တစ္ခုမွာ တစ္ညအိပ္ရၿပီးေနာက္ သူတို႔ရဲ႕ပတ္စ္ပို႔ေတြကို အဖြဲ႕ေခါင္းေဆာင္က သိမ္းယူ လိုက္ေၾကာင္း၊ ေနာက္တစ္ေန႔ နံနက္တြင္ သူတို႔ကို အိမ္ေလးလုံးပါ ၿခံဝင္းတစ္ခုသို႔ ေခၚေဆာင္သြားေၾကာင္း ေရးသားထားပါတယ္။

ပထမဆုံးအိမ္မွာ နာ့အတြက္ ေနရာခ်ထားေပးၿပီး ထိုင္းအမ်ိဳးသမီး ၆၀ ခန႔္ကို ထိန္းသိမ္းထားေၾကာင္း၊ အမ်ား စုမွာ က်န္းမာေရးခ်ိဳ႕တဲ့ပုံရၿပီး အိမ္ျပန္ခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုၾကသူခ်ည့္ျဖစ္ေၾကာင္း၊ ေနာက္တစ္ေန႔မွာ နာ့တစ္ေယာက္တည္း ဒုတိယအိမ္သို႔ ေျပာင္းေ႐ႊ႕ခဲရ႕ၿပီး အဲ့ဒီေနရာမွာ အျခား ထိုင္းအမ်ိဳးသမီး ၁၀ ဦးခန႔္ကို ထိန္းသိမ္းထားတယ္လို႔ သိရေၾကာင္း၊ အိမ္ေလးလုံးမွာ စုစုေပါင္း ထိုင္းအမ်ိဳးသမီး ၁၀၀ ခန႔္ ပိတ္ေလွာင္ခံထား ရတယ္လို႔ ယုံၾကည္ရေၾကာင္း၊ ၿခံဝင္းအတြင္း တ႐ုတ္အမ်ိဳးသားမ်ား မၾကာခဏ ဝင္ထြက္ေနသည္႐ို သတိျပဳမိေၾကာင္း၊ ေနာက္ပိုင္း ထိန္းသိမ္းခံထားရသူမ်ားထံမွ နာ့တစ္ေယာက္သိရွိလိုက္ရတာ သူတို႔ေတြကို အငွားကိုယ္ဝန္ေဆာင္ ရန္ ကတိေပးေခၚယူခဲ့ေပမယ့္ အဲ့ဒါနဲ႔ ပတ္သက္လို႔ ဘာစာခ်ဳပ္စာတန္းမွ် ဆက္လက္ေဆာင္႐ြက္ျခင္း မရွိသူ မ်ားျဖစ္ေၾကာင္း၊ အဲ့ဒီအစား မ်ိဳးဥေရာင္းခ်ဖို႔ ဂိုဏ္းသားမ်ားက လစဥ္ မမ်ိဳးဥထုတ္ယူျခင္းကို မျဖစ္မေန လုပ္ ေဆာင္ခဲ့ရေၾကာင္း၊ အတင္းအၾကပ္ မ်ိဳးဥထုတ္ယူရာမွာ ေဟာ္မုန္းလႈံ႕ေဆာ္ေဆးမ်ား ထိုးႏွံတိုက္ေကြၽးျခင္း၊ က်န္းမာေရးဆိုင္ရာ အႏၲ ရာယ္မကင္းတဲ့ ေဆးဘက္ဆိုင္ရာ လုပ္ငန္းစဥ္မ်ား ပါဝင္ေၾကာင္း၊ တရားမဝင္ လုပ္ေဆာင္မႈမ်ားျဖစ္တဲ့ အတြက္ သင့္ေလ်ာ္တဲ့ ေဆးဘက္ဆိုင္ရာေစာင့္ေရွာက္မႈနဲ႔ ေဘးအႏၲရာယ္ကင္းရွင္းမႈ အစီအစဥ္မ်ား မပါဝင္ေၾကာင္း၊ အမ်ိဳးသမီးမ်ားမွာ က်န္းမာေရးကို အႏၲရာယ္ျဖစ္ရတယ္လို႔ နာ့က ေျပာပါတယ္။

အိမ္ျပန္လိုသူ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ ခရီးသြားလာမႈနဲ႔ ေနထိုင္စရိတ္မ်ားအတြက္ ဘတ္ ၅၀,၀၀၀ မွ ၇၀,၀၀၀ ၾကား ေပးေဆာင္ရမယ္လို႔ ဆိုေၾကာင္း နာ့ကို ကိုးကားၿပီး ေပ့ဗီနာ့ေဖာင္ေဒးရွင္း ဥကၠဌက ရွင္းျပပါ တယ္။ အမ်ိဳးသမီးအမ်ားစုဟာ ဂိုဏ္းကို ေပးေဆာင္ရန္ ေငြေၾကးမတတ္ႏိုင္တဲ့အတြက္ ဆက္ေနရန္မွတပါး အျခား ေ႐ြးခ်ယ္စရာ မရွိေၾကာင္း၊ လစဥ္ ေဆးခန္းတစ္ခုမွာင မမ်ိဳးဥထုတ္ယူျခင္းဆိုင္ရာ လုပ္ငန္းစဥ္မ်ားကို အလွည့္က် ခိုင္းေစခံခံေနရတယ္လို႔ ဆိုပါတယ္။ နာ့ကေတာ့ သူရဲ႕ မိသားစုက ဂိုဏ္းေခါင္းေဆာင္ရဲ႕ ဘဏ္အေကာင့္သို႔ ေ႐ြးႏုတ္ဖိုးေငြကို ထည့္သြင္းေပးၿပီး ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလ ၉ ရက္ေန႔မွာ ထိုင္းႏိုင္ငံသို႔ ျပန္ႏိုင္ခဲ့ပါတယ္။ ၿခံမွ မထြက္ခြာမီ ဂိုဏ္းသားမ်ားထံ မ်ိဳးဥ ေရာင္းခ်ရန္ သေဘာမတူ၊ လႊတ္ေပးရန္ အခေၾကးေငြလည္း မေပးႏိုင္တဲ့ အျခားအမ်ိဳးသမီး သုံးဦးတို႔က ဒီအေၾကာင္းေတြ ေျပာျပဖို႔ နာ့ကို အကူအညီ ေတာင္းခံေၾကာင္း သိရွိရပါတယ္။ ထိုင္းဘုရင့္ ႏိုင္ငံျခားေရးဌာနခြဲမႉး ရဲမႉးခ်ဳပ္ထံ အကူအညီေတာင္းခံခဲ့ေၾကာင္း၊ ထိုင္းရဲမႉးက အင္တာပိုလ္သို႔ ဆက္သြယ္ခဲ့ၿပီး အဲ့ဒီ အမ်ိဳးသမီးသုံးဦးကို ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ သူတို႔ေတြဟာ ဇန္နဝါရီ ၃၀ ရက္မွာ ထိုင္း ႏိုင္ငံသို႔ ေဘးကင္းစြာ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

ကယ္ဆယ္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီးသုံးဦးဟာ ယခုအခါ ေဖာင္ေဒးရွင္းရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ ရွိေနပါတယ္။ ဒါေပမယ့္ ေဂ်ာ္ဂ်ီယာႏိုင္ငံမွာ ပိတ္မိေနတဲ့ ထိုင္းအမ်ိဳးသမီး ၁၀၀ ခန႔္ကို ျပန္လႊတ္ေပးေရး တ႐ုတ္အာဏာပိုင္မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ေပ့ဗီနာ့ ကေလးႏွင့္အမ်ိဳးသမီးမ်ား ကာကြယ္ေစာင့္ေရွာက္ေရး ေဖာင္ေဒးရွင္းက ထိုင္းအစိုးရကို တိုက္တြန္းပါတယ္။

Related news

© 2021. All rights reserved.